Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, December 30, 2014

မြစ်တစ်စင်း ချစ်ခြင်းနဲ့စီးဆင်းနေတယ်

မြစ်တစ်စင်း ချစ်ခြင်းနဲ့စီးဆင်းနေတယ်
ထူးဆန်းတဲ့ဒီမြစ်ဟာ
အစရှိပေမယ့် ဘယ်မှာဆုံးမလဲဆိုတာ
မြစ်ဘာသာတောင်မသိဘူးတဲ့လေ

မြစ်ဆိုတာ ကွေ့ကောက်တတ်ပေမယ့်
ပေးဆပ်ခြင်းရေအလျင် တသွင်သွင်စီး
ခရီးမပြတ် ဆက်လက်နှင်ခဲ့တယ်

တစ်ခါတစ်လေမှာ
ငွေလရောင်အောက် ငြိမ့်ငြိမ့်ငြောင်းညင်သာ

တစ်ခါတစ်လေမှာ
ဝဲဂယက်ကြမ်းတမ်း လှိုင်းထသရမ်း

တစ်ခါတစ်လေလည်း
သက်မြော့သွေ့ခြောက် ခပ်ဖျောက်ဖျောက်

ကြောက်စရာ့ဒီခရီးမှာ
မြစ်ကတော့ မညီးခဲ့ရှာလေဘူး။

ဒီမြစ် ရဲ့အဆုံးသတ် ဆိုတာ
သာယာလှပတဲ့ ပင်လယ်ပြာဖြစ်မလား

ဒါမှမဟုတ်
ပူပြင်းခြစ်တောက် နေရောင်အောက်မှာ
ခန်းခြောက် ပျောက်ပျက်သွားမလား

စဉ်းစားနေစရာတော့မလိုပါဘူးလေ
ဖြစ်တည်လာမှတော့
စီးဆင်းနိုင်သလောက်စီးဆင်းရမှာ
မြစ်ရဲ့တာဝန်ပါ

မြစ်တစ်စင်း ချစ်ခြင်းနဲ့စီးဆင်းနေတယ်...။

Monday, March 24, 2014

အတ္တပါတဲ့အလွမ်း


အတ္တပါတဲ့အလွမ်းတွေက

နူးညံ့ မှု မရှိ

ပကတိ အရောင်စွန်း

မာန နဲ့ သွန်းထုထားတယ်

ဦးနှောက်ဆိုတာ

နှလုံးသားရဲ့ အပေါ်မှာ

နေရာယူထားလေတော့

ဆင်ခြင်တုံတရားကချု ပ်ထိန်း

ငါ့ အလွမ်းကိုပြန်ရုတ်သိမ်းသွားတယ်..။

Tuesday, March 18, 2014

တစ် အပေါင်း တစ်



ဒီမယ်ရှင့် .. ဒီမယ်
အယူအဆမတူ လေတိုင်း
အံကြိတ်ပြီးတက်ခေါက်မနေပါနဲ့ 
ကျွန်မပြောတာသေချာနားထောင်ပါဦး..။

ဘာတဲ့ ..
ပြောရက်လိုက်တာများ
အရည်မရအဖတ်မရ
ကျွန်မဆိုတဲ့ မိန်းမက
အချစ်ဝတ္တုတွေပဲ ရေးနေသတဲ့..လား။

ဟုတ်တာပေါ့ လေ
ရှင်က လက်စောင်းထက်ထက်နဲ့ 
တိုင်းပြည်အတွက် ဆင်နွှဲ
ကဗျာနဲ့ တိုက်ပွဲဝင်နေသူဆိုတော့
ကျွန်မရေးတဲ့စာတွေကို အရေးမထား
ကလေးကလားလို့ များထင်နေတာလားဟင်။

ဒါပေမယ့်..ရှင်မသိသေးတာပြောပြမယ်
ရေးခဲ့သမျှ အချစ်ဝတ္တုတွေကို
ဆန်းစစ်ပြီး ရှင်ထောက်ပြစမ်းပါ
ကျွန်မရေးနေတာတွေဟာ
အဆိပ်အတောက်မပါ
စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်စားပြုခဲ့တာပါ။

ရှင်က ကဗျာနဲ့ တိုင်းပြည်ကိုပြုပြင်ချင်သလို
ကျွန်မကလည်း
လောကပါလတရားတွေပျောက်ဆုံး
ဆိတ်သုန်းနေတဲ့ ဒီခေတ်ကြီးမှာ
နှလုံးသားတွေနူးညံ့ သိမ်မွေ့ စေဖို့ 
ရသစာပေ ရေးပြနေရတာပါ။

တစ်ခုလောက်မေးပါဦးမယ်
စစ်ပွဲတွေဘာလို့ဖြစ်ခဲ့ လဲ
မသိရင်မှတ်ထားလိုက်ဦး
လူသားတွေရင်ထဲ
ချစ်ခြင်းတရားတွေပျောက်ဆုံး
မောဟအမှောင်ဖုံးလို့ 
အသက်တွေဆုံးရှုံးရတာပါ။

မြတ်စွာဘုရားဟောကြားခဲ့တာ
သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူမရှိတာမို့ 
ပကတိ ခင်မင်ပြီး
ကိုယ်ချင်းစာစိတ်တွေ ကြီးခဲ့မယ်ဆိုရင်
စစ်မက်တွေဝေးကွာပြီး
လောကကြီး သာယာလှပလာမှာပါ။

ချစ်တတ်ရမယ်
ဟုတ်တယ်
အမေအရွယ်ဆို ကိုယ့်အမေလို
နှမအရွယ်ဆို  ကိုယ့်နှမလို
သူ့ သားသမီးဆို  ကိုယ့်သားသမီးလို
သူ့ မိသားစုဆို  ကိုယ့်မိသားစုလို
သူ့ အိုးအိမ်ဆို ကိုယ့်အိုးအိမ်လို
၅၂၈ အချစ်နဲ့  စာနာပြီးလည်း ချစ်တတ်ရမယ်။

ပြီးတော့လေ…
ပူပြင်းလောင်မြိုက်တဲ့ ရမ္မက်နဲ့ 
နူးညံ့ သိမ်မွေ့ တဲ့ အချစ်ကို မကွဲပြား
လွဲမှားနေကြတဲ့ လူငယ်တွေကိုလည်း
၁၅၀၀ အချစ်အကြောင်း
တစေ့တစောင်း ရေးပြရဦးမယ်။

ရှင့် နဖူးမှာချွေးဥတဲ့ အခါ
ကျွန်မရင်ထဲကျဉ်နေအောင်သနားမိတာဟာ..အချစ်

နူးညံ့ တဲ့ရှင့်ခေါ်သံမှာ
သိမ်မွေ့ စွာရင်ခုန်မိတာဟာ..အချစ်

ကျွန်မပါးက သနပ်ခါးလေးမပျက်အောင်
ညင်သာဖွဖွ လေး ရှင်နမ်းရှိုက်တတ်တာဟာ…အချစ်

လက်ဖ၀ါးချင်းဖွဖွ ဆုပ်ကိုင်ရင်း
ဒီ့ထက်ပိုတဲ့  အတွေ့ အထိမရှိ
စိတ်ကူးလေးနဲ့ ရင်ဖိုရတာဟာ..အချစ်

ကျွန်မတို့ နှစ်ယောက်အနာဂါတ်အတွက်
ရှင်မျှော်မှန်းအပင်ပန်းခံနေတာဟာ..အချစ်

အနာဂါတ်မှာ အတူနေကြတဲ့ အခါ
ရှင် နဲ့ ချွပ်စွပ်တူမယ့်သားလေး
ကျွန်မရင်မှာပိုက်ထွေးလို့ ပြုစုချင်တာဟာ..အချစ်

တစ်ခါတစ်ခါရန်ဖြစ်
စိတ်ကောက်ပြီးစကားမပြောလည်း
နှလုံသားချင်းနီးနေတာဟာ..အချစ်
ကဲ..ဘယ်လောက်ကြီးကျယ်ခမ်းနားလိုက်သလဲကွယ်

အချစ်မှာ  တည်းခိုခန်းကိုသွားကြတာမပါဘူး။
အချစ်မှာ  ကြမ်းတမ်းရိုင်းစိုင်းတဲ့ ရင်ခုန်သံတွေအကျုံးမ၀င်ဘူး။
အချစ်မှာ  ပူလောင်ပြင်းပြတဲ့ ရမက်တွေမပါဘူး။
အချစ်မှာ  အိမ်ထောင်မပြုသေးဘဲ ဆေးကဒ်တွေစားနေတာမရှိဘူး။
ရွံရှာညစ်ပတ်ဖွယ်တွေ ကို သူတို့ အချစ်လို့ ထင်နေကြတာ
ကျွန်မဘယ်လိုများ လက်ပိုက်ကြည့်နေရက်ပါ့မလဲ။


ပန်းပွင့်လေးနဲ့တူတဲ့ မိန်းမငယ်လေးတွေ
အညှာမလွယ် အကြွေမစောရအောင်
ရင်ထဲကတကယ့် စေတနာထားပြီး
ကျွန်မကလောင်နဲ့  ရေးသမျှဟာ
အပျော်ဖတ်သက်သက်မဟုတ်စေရဘူးရှင့်..။

ဘာလဲ..
ရှင်က အမရာ၊ကန္နရီ ၊မဒီ ၊သမ္ဗူလ
တော်လေး၀၀င် မိန်းမလို
ငါ့စကားနွားရ ပြောသမျှ သည်းခံပြီး
ကျွန်မကိုခေါင်းညိတ်စေချင်လို့ တော့
ဒီခေတ်ကြီးမှာ မရတော့ဘူးလေ..။

ပြောပြီးပါပကော….
ကျွန်မတို့ နှစ်ယောက်ဟာ သူ့ ဘက်ကိုယ့်ဘက်
ဘာမဆို ညှိနှိုင်းတိုင်ပင်ပြီး
လောကဓံကို တစ်သက်လုံးအတူ
တိုက်ပွဲဝင်ကူကြမယ့် ရဲဘော်ဘက်တွေပါလို့ ။

ရှင် နဲ့ ကျွမက ဥပမာပြရရင် ..
ငြိမ်းချမ်းရေးကောင်းကင်ကြီးကိုလွမ်းနေရတဲ့ 
ဖိနပ်ပါးလေးတစ်စုံလို
ရှင်က ညာ ဆို ကျွန်မက ဘယ်
ရှင်က ဘယ် ဆို ကျွန်မက ညာ
နှစ်ဖက်စုံတွဲစီးမှ အတူလှမ်းနိုင်ခရီးပေါက်
ပန်းတိုင်ကို ရောက်တော့မှာပေါ့ …။

ရှင်က စိတ်ဓါတ်ကြံ့ ခိုင်မွန်မြတ်ပြီး
တိုင်းပြည်အတွက် စွန့်စားအနစ်နာခံမယ့်
သူရဲကောင်းတွေ ပေါ်ထွန်းစေချင်သလို
ကျွန်မကလည်း လင်ကောင်းမယား
သားကောင်းမိခင်ဖြစ်လာစေမယ့်
စာရိတ္တခိုင်မာတဲ့ မိန်းကလေးတွေချည်းပဲ
ရှိစေချင်တယ်ဆိုတာ ယုံစမ်းပါ။

တစ် နဲ့ တစ်ပေါင်းရင် နှစ် ဖြစ်
စိတ်ဓါတ်ခွန်အားတွေ သစ်ရမှာ
တစ် ထဲက တစ်ကိုနုတ်ပြီး
သုညကြွင်း အကျည်းတန်အောင်
ဘာလို့များလုပ်ချင်ရတာလဲ။

ကဲ..ရှင့်လက်လေး ကမ်းပေးစမ်းပါ
ကျွန်မရှင်းပြရတာ မောလှပါပြီ
မျက်မှောင်ကြီးကုပ်ပြီးကြည့်မနေပါနဲ့ 
သွားတက်လေးပေါ်အောင်
ရယ်ပြုံးပြလိုက်စမ်းပါကွယ်..။

ရှင်ရေးတဲ့ကဗျာတွေ
ကျွန်မအားပေးဝေဖန်သလို
ကျွန်မရေးတဲ့ အချစ်ဝတ္တုကို
ဒေါသတကြီးအပြစ်မဆိုဘဲ
လိုအပ်တာသာထောက်ပြစမ်းပါ။

ထပ်ပြောမယ်…
ရှင်နဲ့ ကျွန်မကလေ
တစ်  အပေါင်း တစ်
ထာဝရ..နှစ်
ဖြစ်ကြရအောင်နော်…။



ကြာဖြူနွယ်

Friday, March 7, 2014

အသင်လိပ်ပြာ




ပန်းဆိုတာ
မွှေးပျံ့ လန်းဆန်း

လိပ်ပြာနမ်း မှ

ပွင့်လန်းရတာ

တန်ဖိုးရှိတာလား ဟင်...

မျှော်တလင့်လင့် 

ပန်းတစ်ပွင့်ဟာ

လိပ်ပြာကို မျှော်ကိုး

မြတ်နိုးတွယ်တာချစ်

ကြွေရစ်ရပြီဆိုရင်

အသင်လိပ်ပြာငယ်

ငိုမှာလားကွယ်..။

Sunday, March 2, 2014

ဇာတ်လမ်း

ဇာတ်သိမ်းပြီဆိုလည်း
ပတ်စာခွာ ဖျာလိပ် လို့ 

နှလုံးသားကို ချိတ်ပိတ် လိုက်ရုံ

ကြုံရသမျှ ကံကြမ္မာ

ဘာလာလာ ငါ မငြင်းပါဘူး...။

ခုတော့ ဖြင့် ...

ဒီလိုပုံ ဒီလိုစခန်းမှာ

ဇာတ်လမ်းက အီလည်လည်

ဖွယ်တယ်တယ် ပေါ့ ရွှတ်သရမ်းလို့ 

လွမ်းရမှာတောင် မျက်ရည်နှမြောတယ် ...။

Sunday, February 23, 2014

သစ္စာ




မင်းကိုမှ မပြောရဘူးဆိုရင်

တွယ်တာခြင်း စကားတွေမဆို

ကိုယ့် ရင်ထဲ ပြန်မြိုချပါ့မယ်..။

မင်းကိုမှ မချွဲနွဲ့ ရဘူးဆိုရင်

တည်ငြိမ်ရင့်ကျက်တဲ့အသွင်

အများမြင်အောင် ဆင်ထားပါ့မယ်...။



မင်းကိုမှ မတိုင်ပင်ရဘူးဆိုရင်

အတ္တာဟိအတ္တနော နာထော

မြတ်စွာဘုရားဟောကြားခဲ့ တာ

ကိုယ့်ဘာသာ နာနာရွတ်ပါ့မယ်...။



မင်းလက်ကိုမှ မတွဲရရင်

ကိုယ်လျှောက်မယ့်လမ်း

ဘယ်လောက် ပန်းနေပါစေ

တစ်ယောက်တည်းသာ လှမ်းပါ့မယ်..။



ချစ်သူ ...

အစားထိုးတယ်ဆိုတဲ့  စကား

နှလုံးသား မှာ ခါးသက်

လက်မခံနိုင်တာ

ကိုယ့်သစ္စာ...။

Saturday, February 15, 2014

အလွမ်းတွေနဲ့ ....





ကိုယ်ဟာ .....

အလွမ်းတွေနဲ့ နေသားကျပြီးသားပါကွယ်

မြင်နေရလည်းလွမ်း

မမြင်ရပြန်လည်းလွမ်း

တမ်းတခြင်းသာ ကိုယ့်ရဲ့ အဖော်ပါ

လမင်းကြီးကို မော့ကြည့်ရင်း

ငိုညည်းမိတဲ့အချိန်တိုင်းမှာ

ရင်ထဲတစ်နေရာ တဆစ်ဆစ်နဲ့ နာကျင်ရလည်း

မင်းအပြစ်မှ မဟုတ်တာပဲလေ

ကိုယ့်ဘာသာထွန်းညှိတဲ့  သမုဒယမီး

အလျှံတညီးညီးနဲ့ တောက်လောင်ပစေ

နေသာသလို နေလိုက်ပါ

ပြောခဲ့သလိုပါပဲ...

ကိုယ်ဟာအလွမ်းတွေနဲ့ နေသားကျမြဲလေ....။

Wednesday, January 8, 2014

မောင်...ပျော်တယ်မှတ်လားဟင်

 တစ်ယောက်တည်းလည်း

လျှောက်ရဲပါတယ်ကွယ်

ဒါပေမယ့် မင်းသာပါရင်

သွားရမယ့် ဒီခရီး

ကိုယ်မငြီးတော့ဘူးပေါ့ 

ဟိုးအဝေး မိုးကုတ်စက်ဝိုင်းလား

မနားတမ်း မင်းလက်ကိုဆွဲ

ရဲရဲကြီး သွားကြရအောင်

မောင်...ပျော်တယ်မှတ်လားဟင် ..။

ကိုယ်..သိပါတယ်

 
စကားလုံးတွေထောင်သောင်းမဆိုလည်း

အကြင်နာပိုတတ်တယ်ဆိုတာ

ကိုယ်..သိပါတယ်

ရယ်မောလို့  မလိုက်လျောလည်း

သဘောဖြူတယ်ဆိုတာ

ကိုယ် ... သိပါတယ်

အနားမှာ အရိပ်လိုမရှိပေမယ့် 

တိတ်တိတ်လေး ဂရုစိုက်တတ်တာ

ကိုယ်....သိပါတယ်

အပြောချိုချို နဲ့ မကြွားမော်ပေမယ့် 

ပျော်စေချင်တယ်ဆိုတာ

ကိုယ်..သိပါတယ်

ဒီတော့ကွယ်..

အပိုဆာဒါးတွေမပါ

နုတ်ဖျားကမလာတဲ့ 

ရင်ထဲကမင်းစေတနာနဲ့ မေတ္တာ

ကိုယ်..နှလုံးသားနဲ့ ခံစားမယ်နော်...။

" မွှေးမြနေပါ့မယ် "




ဒီစံပါယ် လွယ်လွယ်နဲ့ ပွင့် ခဲ့တယ်ထင်ရင်တော့

အမှားကြီး မှားမှာပေါ့ ကွယ်....


သမုဒယရင်လွှာ မေတ္တာကိုပျိုး ချစ်မိုးရွာစွေ

မွှေးပျံ့ စေကြောင်း စေတနာပိုပို အကြင်နာပိုပို နဲ့ 

ခြွေစေလိုတာ မင်းတစ်ယောက်ထဲကိုပါကွယ် ....



တဖွဲဖွဲ မစဲဘဲ ကြွေကျနေလို့  တန်ဖိုးမဲ့တယ်ထင်

မကောက်ချင် မပန်ဆင်လည်း

အသာအယာရှောင်ကွင်း

နင်းတော့မခြေပါနဲ့ လေ .....



မင်း မကြည်ဖြူ မယူဘူးဆိုရင်လည်း

ဖြူလွတဲ့ ဒီစံပါယ် တခြားသူအတွက်မရည်ရွယ်တာမို့ 

နွမ်းကြွေလွင့် ခြောက် ပန်းခြောက်ဖြစ်ပစေ

ကိုယ့်ဘာသာ မွှေးမြနေပါ့မယ်...။

Friday, October 18, 2013

“သူပေးမယ့် …ကြာ ”

“သူပေးမယ့် …ကြာ ”



ပင်ယံထက် မှာ ၀င့်ကြွားလို့ လန်းရွှင်

တော်ဝင်တဲ့ ပန်းငွေသဇင် ကို

ဘယ်သူတွေဘယ်လို နှစ်သက်လည်း

တစ်ခက်တစ်လက် မှ မမက်ခဲ့ တာ အမှန်ပါ….


ရဲရဲဝင့် မာန်ဟုန် ပြင်းထန်

ဆူးအသွယ်သွယ် ၀န်းလို့ ရံ ပြီး

ငှားငှားစွင့် စွင့်  တင့်တယ်နေတဲ့ 

ပန်းဘုရင် နှင်းဆီ ကိုလည်း

တစ်ပွင့်တစ်လွှာ မှ မလိုချင်ခဲ့တာအမှန်ပါ…


မွှေးသောပန်း လှသောပန်း

ဘယ်လိုတွေ လန်းဆန်းနေကြပေမယ့်

ကိုယ့်အသည်းမှာ ဘယ်ပန်းမှ

စွဲလမ်းတယ်ရယ်လို့ တော့ မရှိခဲ့တာအမှန်ပါ ….


တစ်ကယ်တော့လေ…

သူ့ နှလုံသား ရေပြင်ထက်မှာ

မေတ္တာနဲ့  ကိုယ့်အတွက်ရည်စူး

ပျိုးဖူးတယ်ဆိုတဲ့  ကြာဖြူတစ်ပွင့်

ဝင့် လာမယ့်အရေး ရင်ခုန်တွေးလို့ 

ကိုယ်မျှော်လင့် နေ တာ

သူပေးမယ့် ကြာ ... ။

ပင်ယံထက် မှာ ၀င့်ကြွားလို့ လန်းရွှင်
တော်ဝင်တဲ့ ပန်းငွေသဇင် ကို
ဘယ်သူတွေဘယ်လို နှစ်သက်လည်း
တစ်ခက်တစ်လက် မှ မမက်ခဲ့ တာ အမှန်ပါ….

ရဲရဲဝင့် မာန်ဟုန် ပြင်းထန်
ဆူးအသွယ်သွယ် ၀န်းလို့ ရံ ပြီး
ငှားငှားစွင့် စွင့်  တင့်တယ်နေတဲ့ 
ပန်းဘုရင် နှင်းဆီ ကိုလည်း
တစ်ပွင့်တစ်လွှာ မလိုချင်ခဲ့တာအမှန်ပါ…

မွှေးသောပန်း လှသောပန်း
ဘယ်လိုတွေ လန်းဆန်းနေကြပေမယ့်
ကိုယ့်အသည်းမှာ ဘယ်ပန်းမှ
စွဲလမ်းတယ်ရယ်လို့ တော့ မရှိခဲ့တာအမှန်ပါ ….

တစ်ကယ်တော့လေ…
သူ့ နှလုံသား ရေပြင်ထက်မှာ
မေတ္တာနဲ့  ကိုယ့်အတွက်ရည်စူး
ပျိုးဖူးတယ်ဆိုတဲ့  ကြာဖြူတစ်ပွင့်
ပွင့် လာမယ့်အရေး ရင်ခုန်တွေးလို့ 
ကိုယ်မျှော်လင့် နေ တာ
သူပေးမယ့် … ကြာ….။


Friday, September 6, 2013

ပြောပြချင်ပါတယ်

 
ပြောပြချင်ပါတယ်
ကိုယ်ဟာ ဘယ်တုန်းကမှ ဘုရင်မ မဖြစ်ချင်ခဲ့ပါဘူးကွယ်

မောင်တော်ဘုရားလို့ အားကိုးတကြီး မှီနွဲ့ ခေါ်ရင်း

သလွန်တော်ညောင်စောင်း မှာ တူယှဉ်တွဲပျော်ပါး

မိဖုရား ပဲ ဖြစ်ချင်တဲ့ သူပါ .....


ဒါပေမယ့်ပေါ့ လေ

မှီခိုအားထားလို့  အကြင်နာပွားရမယ့်သူဟာ

ကိုယ့် ကို ဦးဆောင် လို့ လမ်းပြပြီး

ဖေးမလို့ တွဲခေါ်

ဒါမှ လက်တွဲဖော် မဟုတ်လားဟင်.....


ကိုယ်ဆုပ်ကိုင်မယ့် လက်ဖ၀ါးဟာ

ကိုယ့် ကို အင်အားတွေပေးမယ့်  အနွေးဓါတ် နဲ့ 

အေးစက်မနေဖို့ တော့ လိုတယ်ဆိုတာ

ဘာလို့ များ မသိဘဲ မျက်နှာလွှဲ ရတာလဲကွယ်....


ကိုယ်လိုချင်တာ လှောင်ပြောင်ခနဲ့ တတ်သူမဟုတ်ဘူး

ကိုယ်လိုချင်တာ ပြုံးထေ့ ထေ့ နဲ့  သွေးအေးတတ်သူမဟုတ်ဘူး

ကိုယ်လိုချင်တာ လဲကျမှာ ကို ကြည့်နေရက်သူမဟုတ်ဘူး

ကိုယ်လိုချင်တာ သူစိမ်းဆန်စွာ ပြိုင်ဆိုင်တတ်သူမဟုတ်ဘူး

ကိုယ်လိုချင်တာ အတ္တ နဲ့ မာန ကိုရှေ့ တန်းတင်တတ်တဲ့သူမဟုတ်ဘူး


မုဒိတာနှလုံးသားနဲ့  သဘောထားကြီးသူ ဟာ

မင်း မဟုတ်ခဲ့တဲ့ အခါ

ကိုယ့် ရဲ့  နှလုံးသား နန်းပလ္လင် မှာ

တင်မြှောက်စရာ ဘယ်သူ မှ မရှိ လို့ 

ဘုရင်မ လုပ်နေရသူပါ ....
 

Thursday, August 22, 2013

" တမ်းချင်း "

အမေ့  ကိုတမ်းတမိသမျှတွေ စုသိမ်းထားမယ့် Note ပါ ....





" တမ်းချင်း ( ၁ ) "


သမီး သိပ်စိတ်ညစ်တာပဲ...အမေ

လောကကြီးမှာ အသက်ရှင်ရတာပင်ပန်းလိုက်တာ

ရိုးသားပွင့် လင်းမှု နဲ့  အတူ လိပ်ပြာသန့် သန့် နေထိုင်ရင်း

အမြဲတမ်း အပြစ်ကင်းစွာနဲ့  ဘ၀ကိုဖြတ်သန်းလို့ 

ပျော်ပျော်ရွှင်ရွှင် နဲ့  နေချင်တဲ့သမီး ကို

လောကဓံ က ကြည့်မရဘူးနဲ့ တူပါရဲ့  ...အမေရယ်


အမေ ရှိစဉ် က ခြင်္သေ့ လို ရဲရင့်မှုတွေနဲ့ 

မိသားစု အတွက်များဆို ကြိုးစားရုန်းကန်ရင်း

ကြုံသမျှဆင်းရဲ ကို လားလားမှ မဖြုံ မတုန်မလှုပ် ဘဲ

အမေ့ ရှေ့ ကတောင် ဦးဆောင်ခဲ့တဲ့သမီးကို

ခင်ပွန်းထက်တောင် အားကိုးခဲ့တယ်မှတ်လား ...အမေ


ဒါပေမယ့် .... ခုတော့ သမီး မောနေပြီ အမေ

အသက်ကြီးလာရင် အသည်းငယ်တတ်လား

သူရဲဘောကြောင် ယောင်တောင်တောင် ဖြစ်တတ်လား

ပြတ်သားတဲ့  အဖြေ သမီး မသိတော့ပါဘူး ..အမေရယ်

သေချာတာကတော့ အရင်လို ခွန်အားမရှိတော့ဘဲ

ခံနိုင်ရည်နည်းလာတာတော့ အမှန်ပါပဲလေ...


လောကကြီးထဲ အမေ နေ ခဲ့သလောက်နဲ့ နှိုင်းမယ်ဆိုရင်

သမီးရဲ့ ဘ၀သက်တမ်း ဟာ သုံး ပုံ နှစ်ပုံ ကျိုးလာပေမယ့်

ခုထိမရင့် ကျက်ဘဲ လူတွေကိုလည်း နားမလည်

ဘယ်ခရီးကိုဘယ်ထီး ရွေးဆောင်းပြီး

ဘယ်လမ်းကို ဘယ်ပန်းပန်ရမယ် မသိဘဲ

ကိုယ့်စိတ်လိုအမြဲထင် လို့  အမြင်တွေ လွဲချော်ခဲ့တာလည်း

ခဏ ခဏ ပါပဲ ...... အမေရယ်


အမေ ရှိစဉ်တုန်းက သမီးလေ သိပ်အားရှိခဲ့ပါတယ်

လုပ်ချင်တာ ဖြစ်ချင်တာတွေ များလွန်းတဲ့ 

သမီးဆန္ဒ နဲ့  လုပ်ရပ်ဟာ အမှန်တရားပဲ

ရဲရဲကြီးအမေထောက်ခံ ယုံကြည်အားပေးလို့ 

သမီးအတ္တတွေ ကို အရောင်တင်ပေးခဲ့ တော့

သွေးနထင် ရောက်ခဲ့မိတာပေါ့ ...အမေရယ်


ဟောဒီ လောကကြီးထဲ သမီးအပေါ်မှာ

အမေ့ လောက် မေတ္တာထားတတ်တာ

အမေ့ လောက် အကောင်းမြင်တတ်တာ

အမေ့ လောက်အားကိုးယုံကြည်ပေးတတ်တာ

ဘယ်မှာမှ ရှာမရဘူး ဆိုတာ သိလာရတဲ့ သမီး

ခုတော့ မှန်းဆ လွမ်းရယုံကလွဲပြီး

ဘာမှလည်း မတတ်နိုင်တော့ပါဘူး..အမေ


ပျော်နေရင်သတိမရ ငိုရမှအလွမ်းဝင်

အမေ့ကို တမ်းတချင်နေတဲ့  သမီးမိုက်ကို

ရောက်ရာဘုံဘ၀ ကနေ ခွင့် လွှတ်နားလည်ပေးပါ

မပျော်လည်း နေ ပျော်လည်းနေ ဒါလူ့ ဘ၀ပါပဲ..အမေရယ်

ဒါကြောင့်မို့ လေ ...

မောပန်းလည်း မတတ်နိုင် လိုချင်တဲ့ပန်းတိုင် ကို

လှမ်းကိုင်နိုင်ဖို့  ဆက်လျှောက်ရမယ့်သမီး

အမေ့ ကို တ ပြီး ညည်းရုံလေးတော့ ညည်းချင်သေးလို့ 

ခွန်အားတွေ ပေးပါ..... အမေ





" တမ်းချင်း ( ၂ ) "


သက္ကရာဇ်ဆယ်စု တွေ တစ်ခုပြီးတစ်ခု ဖြတ်သွားလည်း

မရင့် ကျက်နိုင်ဘဲ သမီးက အရင်အတိုင်းပါ အမေ...


ဘ၀မှာ ဘယ်အချိန် အနည်ထိုင်တတ်ကြသလဲ

သူများတွေ ရဲ့  နေထိုင်မှု လိုက်ပြီး ကြည့်ရှုမိတော့ 

သူတို့  နဲ့  သမီး အသီးသီးမတူတာတွေ မှ အများကြီးပါလားအမေရယ်....


ငယ်စဉ်ခါ ပညာရှာလို့  ကြီးလာတော့ ဥစ္စာရှာတယ်

ပညာစုံသွားရင် ကြင်ယာဆိုတာ နဲ့ တွဲပြီး

သီးချိန်တန်သီး လို့  ပွင့်ချိန်တန်ပွင့်  မှ

ဘ၀ ကအနေတင့် တယ်လို့ ဆိုကြတယ် မှတ်လား ... အမေ


အရွယ်ရောက်ပေမယ့် အိမ်ထောင်မပြုသေးတဲ့သမီးကို

အားမလိုအားမရ ငါမြေးလေးချီချင်လှပြီဟဲ့  လို့ ပြောရင်း

အမေသာ ခွဲခွာလို့  ဘ၀ပြောင်းသွားပေမယ့်

သမီးကတော့ ကိုယ့် လမ်းကိုယ်ဖောက်ရင်း

ကိုယ့်လမ်းပေါ်ကိုယ်လျှောက်က်နိုင်အောင်

ကြိုးစားရုန်းကန်နေရဆဲပါ....


တစ်တောင်ပေါ်တစ်တောင်ဆင့် လို့ 

တောင်အမြင့် ပတ်ခြံရံ..ဆိုတဲ့ ဆရာမငွေတာရီသီချင်းနဲ့ 

တင်းထားရတဲ့  အားမာန်တွေ ဟာ

တစ်ခါတစ်လေတော့ လျော့ လျော့သွားတယ်အမေရယ်...


လိုယူချင်စိတ်နည်းတဲ့ သူတော်ကောင်းတွေရဲ့ နေထိုင်နည်း

သမီး နဲ့ တော့ ဆန့် ကျင်ဘက်ဖြစ်နေပါရဲ့...


တိုတောင်းလှတဲ့လူ့ ဘ၀ မှာ ကံပစ်ချရာမနေချင်

လိုချင်တဲ့  နေထိုင်မှု နဲ့  အသက်မွေးရဖို့ 

ဝါသနာပါရာတွေ လုပ်ရင်း ဘ၀ကိုဖြတ်သန်းချင်တဲ့ သမီး

ခုတော့ ညည်းနေရသေးတာပဲ.... အမေ


တစ်တောင်ပြီးလို့ တစ်တောင်ကျော်နေတာ

ပျော်လွန်းလို့ တော့ မဟုတ်ဘူးပေါ့ 

သမီးလည်း လူထဲကလူတစ်ယောက်မို့ 

သက်တောင့်သက်တာ နေသာသလိုလေးနဲ့ 

ဘ၀ ရေစုန်ပေါ် မော် တဲ့  အခါ မော် ချင်ပေမယ့်လည်း

မဖြစ်သေးပါဘူး...အမေရယ်


အသွေးထဲ အသားထဲ စိမ့်ဝင်စွဲနေတဲ့ 

နှလုံးသား မှ ၀ါသနာသန္ဓေ စာပေဆိုတဲ့ အမြုတေကို

အရာရာထက် ပိုခုံမင်တဲ့ ... သမီး

ကျန်တဲ့ အရာတွေ ဘယ်လိုကောင်းမွန်လည်း

ခယောင်းလမ်း ပဲ လျှောက်ချင်တာမို့ 

ခုထိတော့ ဆက်ကြိုးစားရဦးမှာပဲ..အမေရယ် .... ။



တမ်းချင်း ( ၃ )


လမ်းမပျောက်ဖို့  လမ်းဖောက်ရတာ မောနေပြီ အမေရယ်

ဆူးခက်နွယ်ပင် ပိတ်အောင်း ခိုတန်းလို့ 

သမီးလျှောက်ချင်တဲ့  လမ်း က သူများတွေနဲ့ ကွာခြား

ဘာလို့ များ ဒီလောက်တောင် ရှည်လျှားနေရပါလိမ့် ......


တစ်ချို့ တစ်ချို့ တွေ များ လေ

သိပ်အားကျဖို့ ကောင်းတာပဲ ... အမေ

လိုချင်တာတွေ လွယ်လွယ်နဲ့  ရကြတဲ့ ဘဝ

သမီး ကတော့ ကုသိုလ်ကံ မလှသူပါ....


ပန်းခင်းပြီးသားလမ်းဆိုတာ သမီးအတွက်

အိပ်မက်တောင် မမက်ဝံ့ တဲ့  အရာပါ

သာသာယာယာ နေဖို့  အတွက် ဘာတွေဆက်ပြီး

ပေးဆပ်ရဦးမှာလဲ မသိပါဘူးအမေရယ် ....


မောပန်းလို့ နွမ်းလာရင် ခဏထိုင်ညည်း

ပြီးရင်တော့ ခရီးဆက်ရဦးမှာပေါ့ လေ

လမ်းတစ်ဝက်နဲ့  ရပ်တန့် ပစ်ဖို့ ဆိုတာ

တစ်ခါ မှ သမီးမတွေးမိတဲ့ အရာပါ....


စိတ်မပူပါနဲ့ အမေ....

တစ်နေ့ နေ့ တော့ လိုချင်တဲ့ ပန်းတိုင်ဆီ

လှမ်းကိုင်နိုင်ဖို့  လျှောက်သွားရမယ့်လမ်း

သမီး... တန်းတန်း ကြီး မြင်ရတော့မှာပါ....


အများတကာသွားသလို မဖြောင့် ဘဲ

ကောက်ကွေ့ နေတဲ့ သမီးရဲ့ လမ်းဆိုတာ

ကံဇာတ်ဆရာအလိုကျ မို့ 

ငိုပြတော့လည်း ဘာထူးလာမှာလည်းအမေရယ် ...


သွားရတာ မနီးလှတဲ့  ဒီခရီးမှာ

တစ်ခါတစ်လေမောပန်းရင်း ချွေးဒီးဒီးစီးကျလည်း

တစ်ခါတစ်လေ အေးမြတဲ့ စမ်းရေအေးလည်း

သောက်ရတတ်ပါတယ်.... အမေ


ဇွဲ လုံ့ လ ဥာဏ်ပညာ နဲ့ 

ကံတရား ပေါင်းစု လို့  အကြောင်းပြုလိုက်ရင်

အကျိုးတရားကောင်းဆိုတာ ပေါ်ပေါက်လို့ 

သူ့ အလိုလိုရောက်လာတော့မှာပါ....


ဒါကြောင့်  မငိုတော့ ပါဘူး အမေ

စေလိုရာစေ ခဲ့ တဲ့ ခရီးမှာ ပန်းတိုင်ကို နီးလာကာမှ

အားလျှော့ လို့  ပြိုယိုင်လဲရင် အသည်းနာစရာမို့ 

သမီးလေ....

ဇွဲမာန်ကိုထပ်တာတိုးလို့  ကြိုးလျှောက်ရဦးမယ်..အမေရယ် ....။

Thursday, July 25, 2013

ချိုမြိန်သော အရှုံး "



အနိုင်ယူစရာ မလိုပါဘူးကွယ်
အစကတည်းက ရှုံးပြီးသားပါ
ဟိုးကမ္ဘာဦးအစ အာဒမ် ဧ၀ ကတည်းက
ယနေ့ ထက်တိုင် မပျက်ပြယ်နိုင်တဲ့ အမှန်တရား
တခြားအရာတွေ ဘယ်လိုပြောင်းနေလည်း
မပြောင်းမလဲ အသည်းနှလုံးရှိသူတွေတိုင်းမှာ
ပိုချစ်တဲ့ သူဟာ ရှုံးစမြဲပါ....

စေတနာပို ကြည်ဖြူပါတယ်
မင်းအတွက်ဆို ကိုယ့်ကိုယ်ကိုထက်ပို
ဘာလိုချင်လို့  ဘာဖြစ်ချင်မလဲ
အမြဲစဉ်းစားပေးလို့  ဆန္ဒတွေပြည့်ပါစေကြောင်း
ဆုတောင်းရင်း နဲ့  ပါရမီဖြည့်ချင်မိတဲ့ ကိုယ်
ပိုတယ်လို့  မထင်ပါနဲ့ ကွယ်....

ကြည်လင်ရွှင်ပျ ပြုံးမြမြ နဲ့ မင်းပျော်နေရင်
ပန်းလေးတွေတွေပွင့် ဖူး ငှက်တေးသံ လန်းဆန်းမြူး လို့ 
တလောကလုံးအရာရာ သာယာနေသလို
ထင်မှတ်ခံစား  မေတ္တာများ
စွာနဲ့ မို့                                                                                                       ပေးဆပ်ရတဲ့  အရှုံးတရားဟာ
မနာမကျင် အစဉ်ခ်ျိုမြနေတယ်ဆိုတာ
မင်း.... သိစေချင်ပါတယ်....။



ခံစားနားလည်နိုင်ပါစေ

ကြာဖြူနွယ်

Tuesday, July 16, 2013

" မင်္ဂလာပါ...မောင် "



Photo: " မင်္ဂလာပါ...မောင် "


နိုးထခါစ နံနက်ခင်း အလင်းဖြာကျရင်

နှလုံးအိမ်ထဲ မှာ သတိတရ နဲ့ 

တမ်းတမိတာ..မောင် ပေါ့ ကွယ်


ဟိုးအဝေးမှာ တာဝန်တွေကြား

ပင်ပန်းကာ သူ နွမ်းနေမလား

သနားစိတ်က အလိုလိုဝင်

ပျိုမေခင် ရဲ့  နံနက်ခင်းဟာ

မောင့် ကို လွမ်းခြင်း နဲ့  စတင်ပါရဲ့ ကွယ်.....


တယုတယ ညင်ညင်သာ

ကြင်နာစွာ ပြုစုပေးချင်ပေမယ့်

အခွင့်မရှိ အလှမ်းကွာ

တမ်းတကာ ဆွေးရုံကလွဲ

ဘာမှလည်း မတတ်နိုင်ပါဘူး..မောင်ရယ်


ဒီတော့လေ ကြင်နာအပြုံးနဲ့ 

မောင့် ရုပ်သွင် အာရုံမှန်း

လှမ်းကာလေ စိတ်အတွေးနဲ့ 

နွေးထွေးစွာ နုတ်ခွန်းဆက်လိုက်ပါရဲ့ 

ဒီတစ်နေ့ တာ ပျော်ရွှင်မြူးလို့ 

မောင်..ကြည်နူးပါစေ....



ခံစားနားလည်နိုင်ပါစေ

ကြာဖြူနွယ်


နိုးထခါစ နံနက်ခင်း အလင်းဖြာကျရင်

နှလုံးအိမ်ထဲ မှာ သတိတရ နဲ့ 

တမ်းတမိတာ..မောင် ပေါ့ ကွယ်



ဟိုးအဝေးမှာ တာဝန်တွေကြား

ပင်ပန်းကာ သူ နွမ်းနေမလား

သနားစိတ်က အလိုလိုဝင်

ပျိုမေခင် ရဲ့  နံနက်ခင်းဟာ

မောင့် ကို လွမ်းခြင်း နဲ့  စတင်ပါရဲ့ ကွယ်.....



တယုတယ ညင်ညင်သာ

ကြင်နာစွာ ပြုစုပေးချင်ပေမယ့်

အခွင့်မရှိ အလှမ်းကွာ

တမ်းတကာ ဆွေးရုံကလွဲ

ဘာမှလည်း မတတ်နိုင်ပါဘူး..မောင်ရယ်



ဒီတော့လေ ကြင်နာအပြုံးနဲ့ 

မောင့် ရုပ်သွင် အာရုံမှန်း

လှမ်းကာလေ စိတ်အတွေးနဲ့ 

နွေးထွေးစွာ နုတ်ခွန်းဆက်လိုက်ပါရဲ့ 

ဒီတစ်နေ့ တာ ပျော်ရွှင်မြူးလို့ 

မောင်..ကြည်နူးပါစေ....



ခံစားနားလည်နိုင်ပါစေ

ကြာဖြူနွယ်

Wednesday, July 10, 2013

`` ရက်စက်တယ် ``


Photo: `` ရက်စက်တယ် ``



ကြားဖူးတယ် မဟုတ်လားကွယ်

ဂရိဒဏ္ဍါရီထဲမှာ sisyphus စီစီဖတ်(စ်)ဆိုတဲ့ဘုရင်တစ်ပါးဟာ

် Zeus ဇုနတ်မင်းကြီးကို မခန့် လေးစားလုပ်မိလို့ 

ပစ်ဒဏ် ပေးခံထားရသူပါ.....


ကြီးမားတဲ့ကျောက်တုံးကြီးကို တောင်ပေါ်ကနေ တောင်အောက်လှိမ့် 

တောင်အောက်ကနေ တောင်ပေါ်တွန်းတင် နဲ့  တစ်ချိန်လုံး

သူ ဟာ မောပန်းစွာ မနားတမ်း လုပ်နေရသတဲ့လေ....


ငယ်ငယ်တုန်း က ရင်နင့်အောင် သနားခဲ့ရတဲ့ သူ့ ဘဝ

ခုတော့ ကိုယ်ဟာ ရောက်မှန်းမသိ ရောက်နေရပါပေါ့ လား....



နေ့ နေ့ ညည ရှင်သန်ရင်းနဲ့  သောကတောင်တန်းကြီးပေါ်မှာ

လေးလံအားပြင်းလှတဲ့  ချစ်ခြင်းမေတ္တာအစိုင်အခဲကြီးကို

ကြည်နူးပျော်ရွှင်ရခြင်းတွေ နဲ့ အတူတူ လှိမ့်ဆင်းရင်း

ဝမ်းနည်းနာကျင်ရခြင်းနဲ့  မောပန်းစွာ ပြန်လည်တွန်းတင်ရအောင်

မင်း .... ထာဝရ ဒဏ်ပေးခဲ့တာ

ရက်စက်လှပါတယ် ..... ချစ်သူ
 
ကြားဖူးတယ် မဟုတ်လားကွယ်


ဂရိဒဏ္ဍါရီထဲမှာ sisyphus စီစီဖတ်(စ်)ဆိုတဲ့ဘုရင်တစ်ပါးဟာ

  Zeus ဇုနတ်မင်းကြီးကို မခန့် လေးစားလုပ်မိလို့ 

ပစ်ဒဏ် ပေးခံထားရသူပါ.....


ကြီးမားတဲ့ကျောက်တုံးကြီးကို တောင်ပေါ်ကနေ တောင်အောက်လှိမ့် 

တောင်အောက်ကနေ တောင်ပေါ်တွန်းတင် နဲ့  တစ်ချိန်လုံး

သူ ဟာ မောပန်းစွာ မနားတမ်း လုပ်နေရသတဲ့လေ....


ငယ်ငယ်တုန်း က ရင်နင့်အောင် သနားခဲ့ရတဲ့ သူ့ ဘဝ

ခုတော့ ကိုယ်ဟာ ရောက်မှန်းမသိ ရောက်နေရပါပေါ့ လား....



နေ့ နေ့ ညည ရှင်သန်ရင်းနဲ့  သောကတောင်တန်းကြီးပေါ်မှာ

လေးလံအားပြင်းလှတဲ့  ချစ်ခြင်းမေတ္တာအစိုင်အခဲကြီးကို

ကြည်နူးပျော်ရွှင်ရခြင်းတွေ နဲ့ အတူတူ လှိမ့်ဆင်းရင်း

ဝမ်းနည်းနာကျင်ရခြင်းနဲ့  မောပန်းစွာ ပြန်လည်တွန်းတင်ရအောင်

မင်း .... ထာဝရ ဒဏ်ပေးခဲ့တာ

ရက်စက်လှပါတယ် ..... ချစ်သူ


" ကျေးဇူးပဲ...ချစ်သူ "




တကယ်တော့ကိုယ်ဟာ....

လောကကြီးအကြောင်း ဘာမှမသိခဲ့ သူပါကွယ်

ပြုံးနေရင်စိတ်ဖြူပြီး ဆူပူရင် စိတ်မည်းမှာပဲလို့ 

အရိုးခံအတိုင်း တွေးတတ်ပါတယ်...


ချိုချိုသာသာမပြောတတ်တဲ့ မင်းကို အမြဲအလိုမကျဘဲ

သူများတွေ ကြင်ကြင်နာနာ သာယာနေတာတွေ့ ရင်

အမြဲတမ်း ကြေကွဲခဲ့ရပါတယ်....


နုတ်ဖျားက သာယာစကား အစဉ်ကြားမှ

ချစ်တာမဟုတ်ပါဘူးလို့  မင်းပြောတာကို

မယုံကြည်ဘဲ တလွဲအတွေး နဲ့ 

အေးစက်လွန်းတယ်လို့  အမြဲစွပ်စွဲခဲ့ဖူးပါတယ်....


ခုတော့ ... သိပြီ

ကယုကယင် ချော့မြူငင်ပြီး

ချိုချိုသာသာ ဆိုပါလေတိုင်း

အချစ်စစ်မဟုတ် မမြဲတဲ့သရုပ်ပါလားလို့ 

မာယာများသူတွေအကြောင်း

ကောင်းကောင်းသိလိုက်ရတဲ့အခါ ......



နုတ်ဖျားက အပိုတွေ မဆိုဘဲ

ရင်ထဲက မေတ္တာအပြည့် နဲ့ 

ကိုယ့်ကို အလိုလိုက်တတ်တဲ့ 

မင်းရဲ့ ရင်ထဲက စစ်မှန်တဲ့ချစ်ခြင်းအတွက်

ကျေးဇူးပါ.....ချစ်သူ

Thursday, July 4, 2013

" ဒီည ကဗျာရေးပါ....မောင် "


" ဒီည ကဗျာရေးပါ....မောင် "



ထိန်ထိန်သာတဲ့  ဒီလရောင်

မေ့ ကိုယ်ပေါ် လွှမ်းခြုံပေးလို့ 

အေးလှတယ်..မောင်...


ကောင်းကင်လွှာ မေ မော့ကာကြည့်ပြန်တော့

ဝင်းဝင်းပ တဲ့  လမင်းတွင်

မောင့် မျက်နှာချိုမြမြ မြင်ရတယ်လေး....



မျက်နှာချင်း လမင်းတွင် ဆုံကြမယ် မောင်ပြောထား

မေ နားလည် တွယ်တာချစ် လို့  မျှော်လင့် တယ်..မောင်


မယ်တစ်ရွာမောင်တစ်မြို့  နဲ့  လွမ်းဖွယ့်ဒီဖြစ်အင်

ကြုံရလေ ပူပန်နွမ်းလို့  မောင် လွမ်းနေရင်

မေ့ ထံ ကဗျာပါးဖို့ မှာထားမယ်လေး....


မြတ်နိုးသမျှ ရင်ဖွင့်ဆို အပိုတွေမပါကြေး

မောင် ပေးလာမယ့် ရင်ဖွင့် လွှာ

မေ မှန်းမျှော် လွမ်းကာ တ နေရသမို့ 

ဒီည ကဗျာ ရေးပါ..မောင်



(ကဗျာ လို့ ခေါ်မလား ဘာလို့ ခေါ်မလားတော့ မသိပါ.. အတွေးထဲပေါ်လာတာလေးချရေးခြင်းပါ..)

ကြာဖြူနွယ်



ထိန်ထိန်သာတဲ့  ဒီလရောင်

မေ့ ကိုယ်ပေါ် လွှမ်းခြုံပေးလို့ 

အေးလှတယ်..မောင်...


ကောင်းကင်လွှာ မေ မော့ကာကြည့်ပြန်တော့

ဝင်းဝင်းပ တဲ့  လမင်းတွင်

မောင့် မျက်နှာချိုမြမြ မြင်ရတယ်လေး....



မျက်နှာချင်း လမင်းတွင် ဆုံကြမယ် မောင်ပြောထား

မေ နားလည် တွယ်တာချစ် လို့  မျှော်လင့် တယ်..မောင်


မယ်တစ်ရွာမောင်တစ်မြို့  နဲ့  လွမ်းဖွယ့်ဒီဖြစ်အင်

ကြုံရလေ ပူပန်နွမ်းလို့  မောင် လွမ်းနေရင်

မေ့ ထံ ကဗျာပါးဖို့ မှာထားမယ်လေး....


မြတ်နိုးသမျှ ရင်ဖွင့်ဆို အပိုတွေမပါကြေး

မောင် ပေးလာမယ့် ရင်ဖွင့် လွှာ

မေ မှန်းမျှော် လွမ်းကာ တ နေရသမို့ 

ဒီည ကဗျာ ရေးပါ..မောင်



(ကဗျာ လို့ ခေါ်မလား ဘာလို့ ခေါ်မလားတော့ မသိပါ.. အတွေးထဲပေါ်လာတာလေးချရေးခြင်းပါ..)

ကြာဖြူနွယ်
Like · ·

Friday, June 28, 2013

" မင်း..သိသင့်ပါတယ် "

"  မင်း..သိသင့်ပါတယ် "


ပွင့် မယ်ဆို လည်း  ခပ်ရဲရဲ ပွင့် လိုက်ပါကွယ်

ကိုယ်လိုချင်တာ ပွင့်ချပ်လွှာတွေ ဖြာကျနေတဲ့ 

လှပ တဲ့ ပန်းပွင့် ပါ....

အမူပို သလိုလို   ငြူစူသလိုလို

မခို့ တရို့  မာယာများနေတဲ့ 

ပန်းမဖြစ်တဲ့  အငုံအဖူး မဟုတ်ပါဘူး....


ပြောမယ်ဆိုလည်း ခပ်ရဲရဲ ပြောလိုက်ပါကွယ်

ကိုယ်ကြားချင်တာ ကျောက်စိုင်သားလို 

ပွင့် လင်းပြတ်သားတဲ့  စကားပါ....

ဟိုလိုလို ဒီလိုလို  မြှူချိုချို နဲ့ 

မရေမရာ  စကားတွေ မဟုတ်ပါဘူး....


တွဲမယ်ဆို ဒီလက်ကို ခပ်ရဲရဲ ဆုပ်ကိုင်လိုက်ပါကွယ်

စိတ်ကူးယဉ် အိပ်မက်တွေ ဘေးချိတ်ပြီး

ဆက်လျှောက် ရမယ့်  တစ်ဘ၀စာခရီး

မညည်းမညူ  ပြိုင်တူ လှမ်းကြမယ်လေ .....



ကိုယ်လိုချင်တာ  စိတ်ကူးယဉ်ချစ်သူမဟုတ်

ခပ်ရှုပ်ရှုပ်  လောကဓံတရား 

လားလားမှ မကြောက်ရွံ့  ဘဲ 

အတူတူ ရင်ဆိုင် တိုက်မယ့် 

ရဲဘော်ဘက်လို လက်တွဲဖော်ဆိုတာ

မင်းသိသင့် ပါပြီ ချစ်သူရယ်.....


( ချစ်ကြသူတိုင်း ဘ၀ခရီးကို အတူတူ လျှောက်လှမ်းနိုင်ပါစေ )


ကြာဖြူနွယ်

ပွင့် မယ်ဆို လည်း ခပ်ရဲရဲ ပွင့် လိုက်ပါကွယ်

ကိုယ်လိုချင်တာ ပွင့်ချပ်လွှာတွေ ဖြာကျနေတဲ့ 

လှပ တဲ့  ပန်းပွင့် ပါ....

အမူပို သလိုလို ငြူစူသလိုလို

မခို့ တရို့  မာယာများနေတဲ့ 

ပန်းမဖြစ်တဲ့  အငုံအဖူး မဟုတ်ပါဘူး....


ပြောမယ်ဆိုလည်း ခပ်ရဲရဲ ပြောလိုက်ပါကွယ်

ကိုယ်ကြားချင်တာ ကျောက်စိုင်သားလို

ပွင့် လင်းပြတ်သားတဲ့  စကားပါ....

ဟိုလိုလို ဒီလိုလို မြှူချိုချို နဲ့ 

မရေမရာ စကားတွေ မဟုတ်ပါဘူး....


တွဲမယ်ဆို ဒီလက်ကို ခပ်ရဲရဲ ဆုပ်ကိုင်လိုက်ပါကွယ်

စိတ်ကူးယဉ် အိပ်မက်တွေ ဘေးချိတ်ပြီး

ဆက်လျှောက် ရမယ့်  တစ်ဘ၀စာခရီး

မညည်းမညူ ပြိုင်တူ လှမ်းကြမယ်လေ .....

ကိုယ်လိုချင်တာ စိတ်ကူးယဉ်ချစ်သူမဟုတ်

ခပ်ရှုပ်ရှုပ် လောကဓံတရား

လားလားမှ မကြောက်ရွံ့  ဘဲ

အတူတူ ရင်ဆိုင် တိုက်မယ့်

ရဲဘော်ဘက်လို လက်တွဲဖော်ဆိုတာ

မင်းသိသင့် ပါပြီ ချစ်သူရယ်.....


( ချစ်ကြသူတိုင်း ဘ၀ခရီးကို အတူတူ လျှောက်လှမ်းနိုင်ပါစေ )

ကြာဖြူနွယ်