မြင်မြင်ရာ သွေးချင်းချင်းနီရဲနေ၏..
သွေးတွေ..သွေးတွေ
စေးထန်းပျစ်ချွဲ..ညှီစို
့စို့ 
အို..ခန္ဓာကိုယ်မှာ
ဘယ်နေရာမှ မနာဘဲဒီလောက်သွေးတွေအများကြီး
ဘယ်နေရာကစိမ်
့ထွက်နေတာလဲ…။
မဟုတ်သေးဘူးတစ်ခုခုမှားနေပြီ
စမ်းမိတာက
လက်ကလေးတစ်ဖက်
ဟင်…ဒီလက်ကထွက်တဲ
့သွေးတွေပဲ
အို..တစ်ကိုယ်လုံးချင်းချင်းနီနေရတာဒီကလေးဆီက
ထွက်တဲ့ သွေးတွေပါလား
တမာန်..
တမာန်
သေပြီလား
အို…တမာန်
ဘာမှမဖြစ်ရဘူး
သားလေး
သား
xxxxxxxxxxxxxx
“
မြစေတနာဆေးခန်း ”
မြစိမ်းရင်
့ရင့် အောက်ခံတွင် ဖြူဖွေးသန့် စင်သည့်စာလုံးများဖြင့် ရေးထားသည့်
မြင်နေကျဆိုင်းဘုတ်လေးအား
ခြံတံခါးတွန်းဖွင့် တိုင်း မရိုးနိုင်စွာတမာန်ဖတ်မိစမြဲ..
ဖတ်မိတိုင်းလည်း
ရင်ဘတ်တစ်နေရာမှ အောင့်သက်စူးရှစမြဲ…
မြစေတနာ..တဲ
့လား
ဆေးခန်းနာမည်လေးနှင့်လိုက်ဖက်စွာ
မရှိဆင်းရဲသားများနှင့် 
သက်ကြီးရွယ်အိုများဆိုလျှင်ဆေးဖိုးမယူဘဲကုသပေးနေသဖြင်
့တစ်ရပ်ကွက်လုံးချစ်ခင်
ရသည့်
ဒေါက်တာဒေါ်မြမြခက်ပါ။
သို
့ပေမယ့်  အားလုံးကို ပြုံုးုမြမြကြင်နာစွာကြည့်တတ်သည့် မျက်လုံးအစုံက တမာန့် အရိပ်ကို
မြင်သည်နှင်
့ ခက်ထန်မှုန်မှိုင်းသွားတတ်စမြဲပါ။
တလောကလုံးကို
မျှဝေနေတဲ့ စေတနာတွေဟာ သားတို့ အပေါ်မှာမှကွက်ပြီးကျန်နေရသလားတီကြီးရယ်..။
အသံမထွက်ဘဲတီးတိုးရေရွတ်ကာဆေးခန်းနှင်
့တွဲထားသည့်တိုက်ခံအိမ်ကြီး၏ဘေးမှပတ်ကမီးဖိုချောင်
ဘက်သို့ ခပ်သွက်သွက်လှမ်းလာခဲ့ ၏။
“
မေမေ..ဘာဟင်းချက်လဲ..သားဗိုက်ဆာလာပြီ ”
“
ခုပဲကျက်တယ်သားရေ…ချွေးတွေနဲ့ …ရေချိုးလိုက်ဦး..မေမေထမင်းခူးထားလိုက်မယ်”
“
ဟုတ်..ဘာဟင်းလဲမေမေ ”
“
ငါးပတ်မွှေ ”
“
ဟား..အကြိုက်ဆုံးဟင်းပဲ…မြန်မြန်ရေးချိုးပြီးအပြတ်တီးမယ် ”
“
အင်း..ဒီဟင်းကိုသားကြိုက်သလို မမလည်းသိပ်ကြိုက်တာ
သူ
့ကိုကျွေးချင်ပေမယ့် မေမေချက်တာဆိုသူစားမှာမဟုတ်ဘူး
ဆေးခန်းတစ်ဖက်နဲ
့သူ ထမင်းစားမမှန်တာမေမေသိတယ်၊
ဘာမှချက်မစားဘဲကော်ဖီချည်းသောက်နေတာမကောင်းဘူး
ဒါပေမယ့်
..သွားပြောရင်လည်းအော်ထုတ်ခံရမှာ ”
ပြောရင်းမျက်ရည်ဝဲလာသည့်ဒေါ်ပပသက်ကိုငေးကြည့်ရင်း
တမာန် လည်းငိုချင်လာသည်။
တီကြီးရဲ
့စိတ်တွေပြေသွားအောင်သားတို
့ကို ချစ်ခင်လာအောင် သားဘာလုပ်ရမလဲ
သား
လုပ်နိုင်တာမှန်သမျှ သားလုပ်ပါ့မယ်
တီကြီးဘယ်လိုပဲစိမ်းကားပါစေ
သား..တီကြီးကိုချစ်ပါတယ်ဗျာ
Xxxxxxxxxxxxxxxx
တမာန်ငါးနှစ်သားအရွယ်ကတည်းက
ဖေဖေဆိုသည့်ဝေါဟာရခေါ်ဆိုစရာမရှိတော့ပါ။
သင်္ဘောအရာရှိကြီးဖြစ်သည့်
ဖေဖေကပင်လယ်ထဲမှာမုန်တိုင်းမိပြီးသေဆုံးသွား၏။
ဖိုးဖိုးရယ်
မေမေရယ် တမာန်ရယ် သုံးဦးတည်းရှိပြီး ကြေကွဲတိတ်ဆိတ်နေသည့် အိမ်ကြီးထဲမှာကြီးပျင်းလာရင်းတမာန်သည်နံရံတွင်ချိတ်ထားသည်
့ဓါတ်ပုံပိုင်ရှင်ကို မျှော်နေတတ်သည်။
တစ်နှစ်လုံးနေမှ
သီတင်းကျွတ်ချိန်ခါ ဖိုးဖိုးကိုလာကန်တော့သည့်ရက်ပိုင်းလေးသာ
မြင်ရသည့်
တီကြီးကို တမာန် ချစ်ခင်စွာငေးမောနေကျ..။သူ့ ကိုကြည့်သည့် စိမ်းတောက်တောက် မျက်ဝန်းများကိုလည်းတမာန်
တအံ့ တသြငေးမောမိစမြဲ..။
တမာန်နှင်
့မေမေ့ ကိုစကားတစ်ခွန်းမှမပြောခြင်းကိုလည်းထူးဆန်းစွာစိတ်ဝင်စားမိစမြဲ..။
ကျောင်းမှာကလေးများထုံးစံ
ကိုယ့်မိသားစုအကြောင်းပြောကြသည့်အခါ
ငါ
့အဒေါ်က ဆရာဝန်မကြီး..ဟု ကြွားရသည်မှာတော့အရသာရှိလှသည်။
သို
့သော် အတန်းကြီးလာပြီးအသက်လေးရလာသည့်အခါ သူ ခံစားနာကျင်တတ်လာသည်။
“
မေမေ..တီကြီးက သားတို့ ကိုဘာလို့စကားမပြောတာလဲဟင် ”
“အော်..သူ
ကအလုပ်ရှုပ်နေလို့ နေမှာပါသားရယ်..အိမ်ခဏလာတုန်းဖိုးဖိုးကြီးကိုကျန်းမာရေး
ဂရုစိုက်ဖို
့မှာနေရလို့ မအားဘူးလေ ”
“မဟုတ်ပါဘူး..သားတို
့ကို ခေါ်ကိုမခေါ်တာပါ.. မနေ့ ကထမင်းစားဖို့ သားသွားခေါ်တော့လည်း
ဘာမှပြန်မပြောဘဲ
စိုက်ကြည့်နေတာကြောက်စရာကြီး ”
သူ
ပြောတော့မေမေ့ မျက်လုံးအိမ်မှာမျက်ရည်စတွေဝေ့ ဝဲလာသည်။
“အားလုံးဟာမေမေ
့အပြစ်တွေပါသားရယ်..ဒါပေမယ့်  ငါ့သားလေးပါ ဒီလိုဆက်ဆံခံရတာမေမေသိပ်ဝမ်းနည်းတယ် ”
“မေမေကတီကြီးကိုဘာလုပ်ခဲ့လို
့လဲ..သားသိချင်တယ်”
“ခုပြောပြရင်သားနားလည်မှာမဟုတ်သေးဘူး…အတန်းကြီးလာမှမေမေသေချာရှင်းပြမယ်…
လောလောဆယ်ဖိုးဖိုးကြီးလည်းကျန်းမာရေးသိပ်မကောင်းဘူး…
ဆေးဆိုင်တစ်ဖက် အိမ်အလုပ်တွေတစ်ဖက်နဲ့ မေမေသိပ်ပင်ပန်းနေတယ်
သားကလိမ်လိမ်မာမာနေနော်၊စာလည်းကြိုးစား
”
“ဟုတ်ကဲ
့ပါမေမေ ”
မေ
မေ့ စကားကိုနားထောင်ချင်ရုံသက်သက်မဟုတ်ဘဲ တီကြီးကိုအားကျသည့်တမာန် က
စာကြိုးစားချင်စိတ်ရှိပါသည်။
အတန်းတိုင်း ပထမရနေသည့်သားလေးကို အဖိုးနှင့် အမေ က ချီးကျူးဝမ်းသာပေးပေမယ့် တမာန်သည်
တီကြီးဆီမှ အသိအမှတ်ပြုမှုတစ်စုံတစ်ရာကိုလည်း
မျှော်လင်
့မိသည်။
သို
့သော်တစ်နှစ်တစ်ခါမြင်ရသည့်မျက်ဝန်းများမှာအစိမ်းရောင်ကပျောက်မသွားပေ..။
လိမ္မာပြီးစာတော်သည့်
တမာန်သည် အဒေါ်ချစ်တာခံရသည့်တခြားသူငယ်ချင်းများကိုမြင်ရတိုင်း ၀မ်းနည်းနာကျင်ရသည်။
ဘာလို
့လဲ…
သူများမိသားစုတွေလို
တမာန်တို့ ဘာလို့ ချစ်ချစ်ခင်ခင်မနေရတာလဲ
သူများအဒေါ်တွေလို
တီကြီးက ဘာလို့ တမာန့် ကိုမချစ်တာလဲ..
အမြဲမေးနေမိသည့်
ရင်ထဲမှ ပဟေဋ္ဌိတစ်ခု ကိုတမန်ကိုးတက်သည့်အချိန်မှာတော့ မေမေ က ပြောပြပါလေ၏။
xxxxxxxxxxx
ဆေးကျောင်းသူလေးမြမြခက်၏ပါးနှစ်ဖက်သည်
ရှက်သွေးဖြင့် ပန်းနုသွေးစိုလက်နေ၏
။ဘေးမှ ညီမ ပပသက်က သာ စကားတွေရွှန်းရွှန်းဝေအောင်ပြောနေပေမယ့်
မြမြခက်ကတော့ နှုတ်တွင် အာစေးမိထားသူလိုပင်…။
ခေါင်းငုံ
့ကာမျက်လွှာချထားပေမယ့်  ညိုမောင်းပြီး ယောင်္ကျားပီသသည့်ကိုကျော်စွာ၏သွင်ပြင်က
မျက်ဝန်းအိမ်ထဲစွဲထင်နေပါ၏။
“မမ
ကိုကြီးပြန်တော့မယ်တဲ့ ..နုတ်ဆက်နေတယ် ”
“
အော်..ဟုတ်..ဟုတ်ကဲ့ ပါရှင့် ”
တစ်ချိန်လုံး
ထိုင်နေသည့် ကိုကျော်စွာကို မြမြခက်ပြောလိုက်သည့်စကားကသည်တစ်ခွန်းတည်းပင်..။
ပပသက်ကတော့
အမကိုကြည့်ကာဟားတိုက်လေသည်။
“
တို့ မမကတော့စံပဲဟေ့ … ကိုယ်နဲ့ စေ့ စပ်ထားတဲ့ သူကိုဒီလိုဆက်ဆံရသလား”
“ဟဲ
့.. သူနဲ့ ကိုယ်က သိပ်ရင်းနှီးသေးတာ မှမဟုတ်တာ..နောက်ပြီးပြောစရာကလည်းရှာမတွေ့ ဘူး
”
“အော်..မမရယ်..ပြောချင်ရင်ပြောစရာအကြောင်းအရာတွေများမှများ
ပပနဲ
့ပြောကြတာတွေ့ တယ်မှတ်လား..ရေပက်တောင်မ၀င်ဘူး ”
သွက်လက်မြူးကြွစွာပြောနေသည့်
ပပ ကိုအားကျငေးမောကြည့်ရင်းမြသက်ပြင်းသာသာချလိုက်မိသည်။
တကယ်ဆို
မြတို့ ဆေးကျောင်းဆိုတာတခြားတက္ကသိုလ်တွေလိုမဟုတ်ဘဲဆေးပညာ
အကြောင်းတွေနှိုက်နှိုက်ချွတ်ချွတ်သင်နေရလိုမိန်းကလေးနဲ
့ယောင်္ကျားလေးမခွဲခြားဘဲ
တရင်းတနှီးဆက်ဆံကြတာပါ။
မြ
မှာဆိုမိန်းကလေးသူငယ်ချင်းထက် ယောင်္ကျားလေးသူငယ်ချင်းကပိုများသေး။
ဒါပေမယ့်လေ..တူကိုမတူပါ။
မြတို
့မှာမိခင်ကြီးမရှိတော့ပြီမို့ အမေ့တာဝန်ယူကာဖေဖေကသဘောတကျရွေးချယ်ပြီး
စေ့ စပ်ပေးခဲ့
သည့်ကိုကျော်စွာကိုမြင်သည်နှင့် ရင်တွေခုန်လာကာဘာမှပြောမရဆိုမရဖြစ်သွားတတ်သည့်
ကိုယ့်ကိုယ်ကိုလည်းအားမရပါ။
မြ ဘာလို့ များသည်လိုဖြစ်ရတာပါလိမ့်…။
မြလေ
သူ့ ကိုမြင်တိုင်းရင်ခုန်ရလွန်းလို့  ဘာမှပြောမထွက်တာပါ။
ဒါပေမယ့်
ဖေဖေနဲ့ ညီမလေးပပ တို့ အမြင်မှာတော့ မြက ကိုကျော်စွာကိုအေးတိအေးစက်ဆက်ဆံသတဲ့ …။
ကိုကျော်စွာလာတိုင်း
မြအစား အားနာပြီး ပပ က ရွှန်းရွှန်းဝေအောင်ပြောပေးနေရသတဲ့ ..။
ဆေးကျောင်းနောက်ဆုံးနှစ်မို
့ များပြားလှတဲ့ စာတွေကြားခေါင်းမဖော်နိုင်သည့်မြက
ကိုကျော်စွာအပြင်ထွက်ဖို
့လာခေါ်တိုင်းမလိုက်နိုင်ဘဲ ပပ သာကားပေါ်ပါသွားတာတတ်ကို လည်းဖေဖေကသဘောမကျပါ။
“မောင်ကျော်စွာကို
ဘာလို့ ပပ နဲ့ လွှတ်ထားတာလည်းသမီး၊ အဖေ တစ်ယောက်အနေနဲ့ 
ဒီစကားတွေပြောရတာမကောင်းပေမယ်
့ သမီးလုပ်နေတာမဟုတ်သေးဘူး”
“သမီးဒီစာမေးပွဲပြီးတာနဲ
့ကိုကျော်စွာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံမှာပါဖေဖေ
ခုလောလောဆယ်တော့
သမီးစာကလွဲရင်ကျန်တာမစဉ်းစားအားသေးလို့ ပါ”
“သမီးမြ
ကို ဖေဖေသေချာထပ်မေးမယ်၊မောင်ကျော်စွာကိုသမီးလက်မခံနိုင်လို့ လား”
“အို..မဟုတ်ပါဘူးဖေဖေ
၊သမီး..သမီးသူ့ ကိုလက်ခံနိုင်ပါတယ်”
ပြာပြာသလဲဖြေလိုက်သည့်မြကိုကြည့်ပြီးဖေဖေကရိပ်မိသွားသည်။
ဒါဆို
သမီးစာမေးပွဲပြီးတာနဲ့  မင်္ဂလာပွဲလုပ်ဖို့ ဖေဖေစီစဉ်တော့မယ်၊မောင်ကျော်စွာကလည်း
ဒီတစ်ခေါက်
သင်္ဘောပြန်မတက်ခင် လက်ထပ်သွားချင်သတဲ့  ”
“ဟုတ်ကဲ
့ပါဖေဖေ”
ဖေဖေ
့ကို ရှက်ရွံ့နေသည့်ကြားမှ သူနှင့် မင်္ဂလာပွဲကျင်းပရတော့မည်ကို
မြ
ကြည်နူးရင်ဖိုနေမိသည်။
သည်လိုနှင်
့…
ရင်ခုန်မျှော်လင်
့စွာစာမေးပွဲကိုကျော်ဖြတ်ခဲ့သည့်မြကိုမယုံနိုင်စရာအကြောင်းအရာကြီးကစောင့်ကြိုနေသည်။
မြစာမေးပွဲဖြေနေစဉ်အတွင်း
မင်္ဂလာဖိတ်စာစုံစမ်းဖို့  ခန်းဝင်ပစ္စည်းတွေကြိုကြည့်ထားဖို
့.. စသောအကြောင်းအရာများစွာဖြင့်  အတူတူတွဲသွားနေသည့် ကိုကျော်စွာနှင့် ပပတို့  က မထွေးနိုင်မအန်နိုင်ဖြစ်လာလေ၏။
“ဘာ..ပပ
..နင်ဘာပြောလိုက်တာလဲ”
“ပပကိုသတ်ချင်လည်းသတ်လိုက်ပါတော့ဖေဖေ၊ကိုကျော်စွာနဲ
့ပပတို့  တကယ်ချစ်သွားကြတာပါ ”
“ဘာ..အမိုက်မ
..ကြိုက်စရာရှားလို့ ကိုယ့်အမနဲ့ ယူမယ့်သူကိုမှကြိုက်ရလား
မရဘူး၊
နင်ရအောင်ဖြတ် ၊ မြမြ နဲ့ ပဲပေးစားမယ် ၊ အားလုံးလည်းပြောဆိုပြီးနေပြီ”
“မလုပ်ပါနဲ
ဖေဖေ … မမနဲ့ ကိုကျော်စွာယူလို့ မဖြစ်တော့ဘူး၊
ပပမှာလေ…ပပမှာ
…..”
ဆက်ပြောသည့်စကားများကိုမြမကြားနိုင်တော့ပါ။
လုပ်ရက်လိုက်ကြတာ…
ဖေဖေသည်
ပပ စကားကိုကြားပြီးသည်နှင့် ကိုကျော်စွာကိုသတ်မည် တကဲကဲကြိမ်းဝါးကာ
အိမ်အလာမခံတော့ပေ..။
နောက်ဆုံးတော့ပပသည်ကိုကျော်စွာနှင်
့လိုက်ပြေးသွားပါလေ၏။ဒေါသတကြီးနှင့် ပေါက်ကွဲအော်ဟစ်နေသောဖခင်ကြီးကို ဖြေသိမ့်ပေးရင်း
မြရင်ထဲမှာလည်းရှက်ရွံ့ နာကျင်ရသည်။
တစ်ပတ်ကျော်လာသည့်အခါ
ကိုကျော်စွာတို့ ဘက်မှ ရပ်ကွက်လူကြီးများခေါ်လာပြီး လာရောက်တောင်းပန်ကာသမီးပြန်အပ်လေတော့ဖေဖေ
့ခမျာမလွှဲသာမရှောင်သာ လက်ခံလိုက်ရလေသည်။
မြမြသည်လည်းကြေကွဲချင်ချင်ဖြစ်နေသည့်
ကိုယ့်အသည်းကို ကိုယ်ပြန်ဆက်ရင်း ရင်သွေးလွယ်ထားရပြီဖြစ်သည့် ညီမလေးကို ခွင့် လွှတ်နားလည်ပေးလိုက်ပါတော့သည်။
Xxxxxxxxxx
“ဟင်..မေမေ
ပြောပြတဲ့အတိုင်းဆို တီကြီး နဲ့ မေမေတို့ ပြန်တည့် သွားတယ်မှတ်လား”
“ဟုတ်တယ်သား..မမ
ကခွင့်လွှတ်ပေးခဲ့ပါတယ် ၊ သားဖေဖေ ကမျက်နှာပူလို့ အိမ်ခွဲနေမယ်
ပြောတာတောင်
သင်္ဘောတက်သွားရင်မေမေတစ်ယောက်တည်းကျန်ခဲ့မှာစိုးလို့ 
အိမ်မှာပဲအတူတူနေခိုင်းတယ်
၊ မေမေ့ ကိုယ်ဝန်ကိုလည်း စောင့်ရှောက်ပေးခဲ့တယ်
သားလေးမွေးတော့
မင်းဖေဖေကပြန်မလာသေးဘူး ၊ မေမေ့ ဘေးမှာနေ့ မအိပ်ညမအိပ်
ပြုစုပေးခဲ့တာ
မမ ပါ..သားနာမည်တမာန်ဆိုတာလည်း မမပဲပေးခဲ့တာ…တိတ်ဆိတ်ခြောက်ကပ်နေတဲ့ 
အိမ်ကြီးကို
ပျော်ရွှင်စည်ကားခြင်းတွေ သယ်ဆောင်လာတဲ့ တမာန်တော်လေးတဲ့ ”
“
ဒါဆို..တီကြီးက သားကိုချစ်ခဲ့တာပေါ့ နော်..ဟုတ်လား ”
တမာန်
့အသံကစိတ်လှုပ်ရှားခြင်းကြောင့်တုန်ယင်နေသည်။
သူအထင်ကြီးအားကျသည့်
တီကြီးက သူ့ ကိုနာမည်မှည့်ပေးခဲ့သတဲ့ ..
မွေးကင်းစတုန်းကသူ
့ကို ချစ်ခဲ့သတဲ့ …။
ဒါဆို..အခြေအနေတွေဟာ
ဘာလိုများသည်လောက်တောင်
ပြောင်းလဲသွားပါလိမ့်..။
မေမေကတော့
သူ့ ခေါင်းလေးကိုညင်သာစွာပွတ်သပ်ပေးရင်းဆက်ပြောပြနေပါသည်။
Xxxxxxxxxxxx
သားလေးကို
တစ်ဖက်ကချီရင်း ပပလက်ကိုဆွဲကာခြံထဲဝင်လာသည့် ကိုကျော်စွာတို့ ကို မြင်သည်နှင့်  မြမြခက်
ကပြေးထွက်လာသည်။
“ကြာလိုက်ကြတာ..တစ်နေကုန်ပါပဲလား.နေကပူပူနဲ
့ကလေးတော့ပင်ပန်းတော့မှာပဲ”
“မပင်ပန်းပါဘူးမြမြရယ်..သွားတဲ
့နေရာတွေက အဲကွန်းရှိပြီးအေးစိမ့်နေတာပါ”
“အိုဘာဖြစ်ဖြစ်ကလေးပင်ပန်းမှာပဲ..ပေးပေး..
မြမြကိုပေး
တမာန်လေးရေ..တီကြီးဆီလာ..သားလေးနဲ
့တနေကုန်ခွဲနေရတာလွမ်းလိုက်တာကွယ်”
ပြောပြောဆိုဆို
လက်လှမ်းနေသည့် မြမြရင်ခွင်ထဲသို့ ကလေးကိုညင်သာစွာထည့်ရင်း
ပြုံးနေသည့်
ကိုကျော်စွာကိုကြည့်ကာ ပပ ရင်ထဲ ပူလောင်လာသည်။
ကိုကြီးဟာ
မမကို သနားတာရော အားနာတာပါ ပေါင်းစပ်ကာ လိုက်လိုက်လျောလျောပြောဆို
တတ်တာနားလည်ပေမယ်
့ ပပသ၀န်တိုမိပါပြီ။
မမဘက်ကရော..ဘယ်လို
နေမလဲ
တကယ်ဆို
မမဟာ ကိုကြီးကိုစိတ်ဝင်စားခဲ့တာပပအသိပဲလေ..။
ပပနဲ
့သာချစ်မသွားခဲ့ဘူးဆိုရင် ဒီအချိန် ကိုကြီးနဲ့ မမတို့ လက်ထပ်ပြီးပြီ။
တမာန်လေးဟာလည်း
သူတို့ နှစ်ယောက်ရဲ့ သားလေးဖြစ်နေမှာ…
ဒီလိုစိတ်ကူးယဉ်ပြီးများမမက
သားလေးကိုကြင်နာယုယနေတာလား
ကိုကြီးစိတ်ထဲမှာရော
မမအပေါ်သံယောဇဉ်တွယ်နေတုန်းလား
အို…ကိုကြီး
က ပပကိုချစ်ခဲ့တာပါ..မမကိုမချစ်ရဘူး
ဆံတစ်ပင်တင်းချစ်ခြင်း
များဖြင့်  ပပသည်ဆင်ခြင်တုံတရားများပျောက်ဆုံးကာ
သိသိသာသာပင်
သ၀န်တိုရိပ်များပြမိလာသဖြင့် ဖေဖေကဆူပါလေတော့သည်။
“ပပ..နင်ဘယ်လိုဖြစ်နေတာလဲ..
ကိုယ့်အမ ကို ပြောတာဆိုတာငါမကြိုက်ဘူးနော်”
“ပပက
ဘာလုပ်နေလို့ လဲ..ဖေဖေတို့ က ပပဆိုပြောချင်နေတာပဲ”
ဖခင်ကြီးအပြင်
လင်ယောင်္ကျားကပါပြောလာပြန်တော့ပပစိတ်တိုရသည်။
“မနက်က
ပပပြောလိုက်တာ မြမြ ရှက်သွားတယ်နဲ့တူတယ်
ပပမနိုးသေးလို
့ ကိုကြီးကို ကော်ဖီဖျော်တိုက်တာ ပပ ကမလုပ်ပေးစေချင်သလို
ပြောလိုက်တာမကောင်းဘူး..
ဘာလို
့ကိုယ့်အမကိုအနှောင့်မလွတ်အသွားမလွတ်စကားတွေပြောရတာလဲကွယ်
ခုချိန်မှာ
မြမြ နဲ့ ကိုယ်လည်းအမျိုးတော်နေပြီပဲ”
“အို..ကိုကြီးကပါ
မမဘက်ပါနေတာလား…သံယောဇဉ်မကုန်သေးဘူးလား”
“တော်တော့ပပ..အဖေ
ကြားသွားရင်ရှက်စရာကြီး..မင်းတော့ငါလုပ်မိတော့မယ်”
ကိုကြီးက
မမကိုအားနာလေ ပပက မကျေနပ်လေလေပင်..
တစ်ညမှာတော့
TV မှာ ပပကြိုက်သည့်ဇာတ်ကားလာနေသည်မို့  အိပ်ယာထဲမှ
သားလေးအော်သံကြားပေမယ့်
ရုတ်တရက်မထနိုင်ခင် မြမြက သုတ်ခနဲအိပ်ခန်းထဲ
ဝင်သွားသည်။
ထိုအခါ ကိုကြီးကပါ ပပကို တစ်ချက်ကြည့်ပြီး အိပ်ခန်းထဲလိုက်ဝင်သွား
သည်
့အခါ ပပ စိတ်ထဲထင့် ခနဲ ဖြစ်သွားသည်။
ဇာတ်ကားကိုဆက်ကြည့်ကာစောင့်နေပေမယ်
့သူတို့ နှစ်ယောက်က တော်တော်နှင့် ထွက်မလာပေ..
ပပ
မနေနိုင်တော့ဘဲ အိပ်ခန်းထဲလိုက်ဝင်သွားသည့်အခါမှာတော့..
သားက
သူ့ ကုတင်လေးမှာ ပြန်အိပ်နေပြီး မမကကိုကြီးရင်ခွင်ထဲမှာ…။
ပပသည်ဘာမှမစဉ်းစားနိုင်တော့ဘဲ
ကိုကြီးနှင့် မမကို ရိုင်စိုင်းသည့်စကားလုံးများဖြင့် 
စွပ်စွဲကာအော်ဟစ်သောင်းကျန်းနေမိသည်မှာ
ဖေဖေလာဆွဲသည့်အထိပင်..။
တစ်ကယ်တော့
ဆေးရုံမှာနေ့ မအိပ်ညမအိပ် တာဝန်ကျနေသည့်မမက
သားလေးရှူးပေါက်ထားသည့်အနှီးကိုလဲပေးပြီးပြန်အသိပ်မှာ
မူးပြီးလဲကျမလို
ဖြစ်သွားသည့်အချိန်
ကိုကြီးကဆီးပွေ့ လိုက်ခြင်းပါတဲ့ ….။
အဖြစ်မှန်ကိုသိလိုက်ရချိန်မှာ
လွန်ခဲ့လေပြီ..
အရင်ကတည်းက
ပပ ၏ ခနိုးခနဲ့ အနှောင့်မလွတ် အသွားမလွတ်စကားများကို မြိုသိပ်သည်းခံလာရသည့် မမ က သည်တစ်ခါမှာတော့
ပပကိုစိတ်နာသွားပါပြီ။
ထိုညက
စကားတစ်ခွန်းမှမပြောဘဲ ပပကိုစိုက်ကြည့်နေသည့် မမမျက်လုံးများ၏စိမ်းလဲ့တောက်ပြောင်နေပုံကိုမြင်ရသည်မှာကြောက်စရာ..။
မမရေ..ပပ
မှားသွားပြီနော်
ကိုကြီးကိုချစ်တဲ့စိတ်နဲ
့သ၀န်တိုလွန်းလို့ ဖြစ်သွားတာပါ
ပပကိုခွင်
့လွှတ်ပါနော်
Xxxxxxxxxxxxx
“
ဟာဗျာ..မေမေသိပ်လွန်တာပဲ..တီကြီးစိတ်နာမယ်ဆိုလည်းနာစရာ”
“ဟုတ်တယ်..သား
၊မေမေလွန်သွားမှန်းသိလို့ ပြန်တောင်းပန်ပါတယ်၊
ဒါပေမယ့်
မမကခွင့်မလွှတ်တော့ဘူး၊ နယ်ဆေးရုံကိုပြောင်းသွားပြီး
အိမ်ကိုလုံးဝပြန်မလာတော့ဘူး။သားဖေဖေဆုံးသွားပြီးတဲ့နောက်သားဖိုးဖိုးကလည်း ပင်စင်ယူလိုက်ပြီးမေမေကလည်းဘာမှမလုပ်တတ်တော့
ရှိတာလေးတွေထိုင်စားနေရတယ်။ အဲ့ ဒီအချိန်တွေမှာ မမက ဖေဖေ့ ကိုသီတင်းကျွတ်ကန်တော့ရုံပဲပြန်လာပြီးတို
့သားအမိကို ရှိတယ်လို့ တောင်မထင်တော့ဘူး”
သူမှတ်မိပါသည်။
ဖိုးဖိုးကိုကန်တော့ရန်တီကြီးပြန်လာတိုင်းခိုးကြည့်ကာသူ့ ကိုများခေါ်မလားလို့ စောင့်နေမိပေမယ် တစ်ချက်မှမကြည့်တာမို့ ဝမ်းနည်းခဲ
့ရ၏။
“သားခြောက်တန်းနှစ်မှာ
ဖိုးဖိုးဆုံးခါနီးမှတီကြီးပြန်လာတာနော်မေမေ ”
“ဟုတ်တယ်..မမက
မေမေတို့ ကိုစကားမပြောပေမယ့် အမကြီးဝတ္တရားကျေခဲ့ပါတယ်။
သားဖိုးဖိုးဆုံးတော့မေမေနဲ
့သားတို့ ချည်းပဲကျန်ပြီးဘာမှမလုပ်စားတတ်မှန်းသိလို့ 
အစိုးရအလုပ်ကထွက်ပြီးအိမ်မှာပဲဆေးခန်းဖွင့်လိုက်တယ်
၊ မေမေ့ကိုလည်းဆေးဆိုင်
တည်ပေးခဲ့တယ်..ခုထိ
ဒီဆေးဆိုင်က၀င်ငွေနဲ့ သားလေးကိုကျောင်းထားလာတာ ခုကိုးတန်းတောင်ရောက်လာပြီလေ ၊ မမက မေမေတို
့ကျေးဇူးရှင်ပါကွယ်..”
အကြောင်းစုံ
သိလိုက်ရသည့်တမာန့်ရင်ထဲမှာတော့ နွေးထွေးနေသလိုလိုပင်..
သူမွေးခါစတုန်းက တီကြီးက သည်းသည်းလှုပ်ချစ်ခဲ့သတဲ
့
မေမေ
့ထက်တောင်သူ့ ကိုဂရုစိုက်ခဲ့တဲ့ အဲ့ ဒီအချိန်ကတီကြီးအချစ်တွေကို
ပြန်ရဖို
့သားဘာလုပ်မရလဲတီကြီးရယ်..
သားဘာလုပ်ပေးရင်တီကြီးကျေနပ်နိုင်မလဲ
ဟုတ်ပြီ..သားဆရာဝန်ဖြစ်ရင်ကောသဘောကျမလား
သားလည်းတီကြီးလို
လူနာတွေကိုစေတနာအပြည့်နဲ့ ကုပေးချင်တယ်
တီကြီးခြေရာနင်းလာတဲ
့တူလေးဆိုရင်တော့ချစ်မှာပါနော်
သားဆရာဝန်လုပ်မယ်
ဆယ်တန်းမှာဆေးတက္ကသိုလ်ဝင်အောင်ကြိုးစားမယ်
ကိုးတန်းကျောင်းသားလေးတမာန်သည်
ဆေးကျောင်းတက်ရန်အိပ်မက်များဖြင့် 
စာကိုမနားမနေကျက်မှတ်ပါလေတော့သည်။
Xxxxxxxxxxxxxxxxxx
ချွေးစီးများပြန်ကာ
ဆတ်ခနဲလန့် နိုးသွားပြီးပြန်အိပ်မရတော့သည်မို့  မြ ကုတင်ပေါ်မှဆင်းကာ
အခန်းပြတင်းပေါက်ကိုဖွင်
့ရင်းလေညှင်းခံလိုက်သည်။
အပြင်မှာလရောင်ပြပြနှင်
့အေးချမ်းလိုက်တာ…
ပုစဉ်းရင်ကွဲသံလေးတွေကြားမှာ
နားထဲခပ်သဲ့ သဲ့ ဝင်လာတာက စာကျက်သံ..။
ဟင်..ဘယ်အချိန်ရှိနေပြီလဲ..ခုထိစာကျက်တုန်းလား
မြသည်မနေနိုင်ဘဲ
စာကြည့်မီးဖွင့်ကာ နာရီကိုလှမ်းကြည့်လိုက်တော့ ၂ နာရီထိုးပြီးခါစ..
ဒီအချိန်ထိစာကျက်နေတာမနက်ကျောင်းသွားတက်ရင်အိပ်ရေးမ၀ဘဲမူးဝေနေမှာပေါ
့။
ဒီနှစ်ဆယ်တန်းအရေးကြီးတယ်၊သင်တာတွေသေချာမှတ်ရမှာ။
သူ
့အမေ ဘာလုပ်နေပါလိမ့်..
ကျောင်းပိတ်ရက်မှညဥ့်နက်အထိစာကျက်ခိုင်းတာမဟုတ်ဘူး
သတိမထားမိဘဲဖြတ်ခနဲပေါ်လာသည်
့စိုးရိမ်စိတ်ကြောင့် ပြတင်းပေါက်မှ
အသာကဲကာတမာန်
့အခန်းရှိရာကိုလှမ်းကြည့်လိုက်မိပြီးမှ ကိုယ်ရှိန်ပြန်သတ်လိုက်သည်။
အို…သူတို
့ နဲ့ ငါ ကင်းကင်းပြတ်ပြတ်နေလာတာကြာပြီ
ခုမှ
ဘာလို့ စိုးရိမ်ပေးနေတာလဲ၊ ငါ့ သံယောဇဉ် နဲ့ တန်တဲ့ သူတွေမဟုတ်ဘူး
ထားမိတဲ
့စေတနာနဲ့ သံယောဇဉ်တရားတွေကြောင့် သူ့ အမေက ငါ့ သိက္ခာကိုစော်ကားပြီးပြီ။
ဒင်းကလေးလည်း
သူ့ အမေလိုပဲလာမှာ..နေပစေ ဖြစ်ချင်ရာဖြစ်ဟယ်။
စိတ်ကိုပြန်တင်းရင်းပြတင်းပေါက်ပိတ်ကာ
အိပ်ယာထဲပြန်လှဲလိုက်ပေမယ့်  အိပ်လို့ မရတော့ပေ။
ခုတလောမြသိပ်နေမကောင်းချင်ပါ။
အထွေအထူးရောဂါမဟုတ်ဘဲ
သွေးဆုံးခါနီးမိန်းမတစ်ယောက်တွင်ဖြစ်တတ်သည့်
လက္ခဏာများဆိုတာ
ဆရာဝန်ဖြစ်သည့်မြသိပေမယ့်  စိတ်အားငယ်မိသလိုလိုပင်။
ထမင်းစားချင်စိတ်လည်း
မရှိဘဲ ကော်ဖီနှင့် ပေါင်မုန့် သာစားဖြစ်သည့်နေ့ တွေကများလာသည်။
နောက်ပြီး..ကျောင်းစာများနှင့်သာအချိန်ကုန်ခဲ့သည့်မြက ဆေးကျောင်းသူဘ၀ကတည်းက ဖေဖေနှင့် 
ပပချက်တာစားလာခဲ့သည်မို့  ကိုယ့်ဘာသာချက်စားရတာအဆင်မပြေပါ။
ချိုင့်ဆွဲစားပြန်တော့လည်းလချီလာလျှင်
ဆိုင်ဟင်းနံ့ မခံနိုင်တော့ဘဲစားမရတော့ပေ။
ထိုအချိန်မျိုးဆိုလျှင်
ပပချက်သည့်စပါးလင်နံ့ သင်းသည့်ငါးပတ်မွှေနံ့ လေးက
သားရည်ယိုစရာပါ။ပပကလည်း
အစတုန်းကတော့ဘာချက်ချက်ဦးဦးဖျားဖျားသူ့ ကို
လာပို
့တတ်သည်။ ဒါပေမယ့် လာပေးသမျှမတို့ မထိဘဲဒီအတိုင်းထားတတ်တာနှစ်ကြာလာတော့
ပပလက်လျှော
့သွားကာ ချက်ပြုတ်မပေးတော့ပါ။
ပပစေတနာကိုနားလည်သော်လည်း
မြ ဘယ်လိုမှစိတ်မပြေနိုင်ပါ။
ဖေဖေနှင်
့ကိုကျော်စွာရှေ့ မှာ လက်ညှိးငေါက်ငေါက်ထိုးကာ ပပပြောဆိုနေပုံက
နှစ်ပေါင်းများစွာကြာလာပေမယ်
့မြမျက်ဝန်းအိမ်ထဲမှာ အမြဲစွဲထင်နေလေ၏။
နာသည်။
ခါးသီးစူးရှနေအောင်နာပါသည်။
ကိုယ့်အိမ်ထောင်ဖက်ကိုလုယူသွားတာကိုလည်းမြမြခွင်
့လွှတ်ခဲ့သည်။
သူတို
့ရင်သွေးလေးကိုလည်းသားပမာချစ်ခင်ယုယခဲ့သည်။
ဒါကိုတောင်
မကျေနပ်နိုင်ဘဲ လင်စိတ်မွှန်ကာ အမတစ်ယောက်လုံးကို
ရစရာမရှိအောင်ချိုးဖဲ
့ပြောဆိုခဲ့ သည့် ပပ ကို သည်တစ်သက်လုံးဝမကျေနိုင်ပါ။
အတိတ်ကိုပြန်စဉ်းစားရင်း
မြကို အမြဲငေးမောကြည့်တတ်သည့်အားငယ်ရိပ်လွှမ်းနေသည့်
တမာန့်မျက်ဝန်းလေးများကိုမြင်ယောင်မိတော့ရင်ထဲဆစ်ခနဲနာသွားသလိုပင်။
ဒါပေမယ့်..မြ
စိတ်ကိုတင်းထားသည်
။
ဒင်းကို
အကြင်နာပိုမိလို့ ..ငါအပြောခံရလေခြင်း..ဟုတွေးကာ ပျော်ရွှင်ခြင်းအစား
စိတ်ပျက်နာကြည်းစရာများသာယူဆောင်လာသည့်တမာန်ကိုလည်းမြစိမ်းကားခဲ့လေ၏။
နေတတ်အောင်နေခဲ့ပါသည်။
မြ၏မိသားစုပေါ်ထားသည့်ချစ်ခင်မှုများကို
လူနာများအပေါ်လွှဲယူပုံအောကာ
တစ်သက်လုံးဆေးကုသခြင်းဖြင်
့အချိန်ကုန်ခဲ့ပါသည်။
ကိုကျော်စွာစောစီးစွာဆုံးပါးသွားသည်ကိုစိတ်မကောင်းဖြစ်မိပေမယ့်
ပပကိုဂရုဏာမသက်တော့ပါ။ လင်စိတ်မွှန်ပြီးအမကိုပြောဆိုချင်သည့်မိန်းမခုတော့အထိနာပြီဟုပင်
ရေရွတ်ပြောဆိုမိခဲ့သည်။
သို
့သော်ဖေဖေဆုံးသွားသည့်အချိန်မှာတော့တမလွန်မှဖခင်ကြီး မပူပန်ရလေအောင် အမကြီးတစ်ယောက်၏၀တ္တရားကိုမြကျေပွန်ခဲ့ပါသည်။
အစိုးရအလုပ်ကိုနုတ်ထွက်ကာ
သည်သားအမိနှင့် သည်အိမ်မှာပဲ အတူနေကာဆေးခန်းဖွင့်ပြီးဘ၀ကိုမြုပ်နှံခဲ့သည်မှာခုဆိုတမန်ပင်ဆယ်တန်းကျောင်းသားဖြစ်လာပါပြီ။
ဆေးခန်းလာတဲ့သူတိုင်း
ချီးကျူးပြောဆိုတတ်လို့ တမာန်စာတော်တာ ၊လိမ္မာယဉ်ကျေးတာ
မြသိရသည်။
ဒီနှစ်ဆယ်တန်းလည်း သူအောင်မှာပါ။သူ့ အမေ အားကိုးရတဲ့ သားဖြစ်လာမှာပေါ့ …။
အို …တော်ပြီ..သူတို
့သားအမိအကြောင်းမတွေးတော့ဘူး။
အိပ်မယ်..ရအောင်ပြန်အိပ်တော့မယ်။
Xxxxxxxxxxxxx
“
တီကြီး..နေမကောင်းဘူးလား..သားဘာလုပ်ပေးရမလဲ ”
အခန်းဝ
မှ အသံကြောင့် ခေါင်းထောင်ကြည့်လိုက်ပေမယ့် မြ အိပ်ယာပေါ်မှာမထနိုင်ပေ။
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲကာအိပ်ယာထဲလှဲနေရပြီး
ဆေးခန်းလည်းပိတ်ထားရသည်။လူမမာကြီးလိုမနေ ချင်သဖြင့် ပြုစုရင်းလာအိပ်ပေးမည်ဟုပြောနေသည့်ဆေးခန်းအကူနာ့စ်မလေးကိုလည်းပြန်လွှတ်လိုက်သည်။
ခုညနေစောင်းလာမှ
လူကမဟန်နိုင်တော့ပေ။တစ်နေကုန်ဘာမှမစားရသေးသည်မို့ 
ဝမ်းထဲဟာနေကာ
ရင်တွေလည်းတုန်နေ၏။
မြ
ထူးသံကိုနားစွင့်ပြီးခဏရပ်နေရာမှ တမာန်က လှစ်ခနဲပြန်ပျောက်သွားသည်။
လာခေါ်နေတုန်းကပြန်မထူးမိပေမယ်
့ခုလိုအခန်းဝရပ်ပြီးပြန်သွားတော့လည်း
မြစိတ်ထဲမကျေနပ်ပြန်..။
အလကားကောင်လေး..အပေါ်ယံလာမေးပြီး
ချက်ချင်းပြန်ပျောက်သွားတာပဲ..။သူ
့ ကိုမခေါ်တဲ့  ငါ့ကိုတကယ်စေတနာရှိမှာလည်းမဟုတ်ပါဘူး။
စိတ်ထဲတီးတိုးအပြစ်တင်ရင်းအိပ်ယာပေါ်ပြန်လှဲကာမှေးခနဲအိပ်ပျော်သွားသည်။
“
တီကြီး..ဆန်ပြုတ်လေးထသောက်ပါဦး ”
ကြားရသည့်အသံကြောင်
့ မျက်စိဖွင့်ကြည့်လိုက်တော့ကုတင်ဘေးကစားပွဲပေါ်မှာ အငွေ့ တထောင်းထောင်း ထနေသည့်ပန်းကန်ကိုတင်ရင်းမှုတ်ပေးနေသည့်တမာန်..။
ခုနပျောက်သွားတာသူ
့အမေကို ဆန်ပြုတ်သွားပြုတ်ခိုင်းတာနေမှာပေါ့ ..။
ဒီအချိန်ဆေးဆိုင်လူကျချိန်ပါ။
ပပ ချက်ချင်းဘယ်လိုများပြုတ်လိုက်ပါလိမ့်။
မကြည့်သာကြည့်သာမျက်စိဝေ့၀ဲကြည့်လိုက်တော့
ဆန်ပြုတ်လေးကသောက်ချင်စရာ။
အနံ
့ကလည်းမွှေးပျံ့ ပြီး မြ နှာခေါင်းရှေ့ ဝေ့၀ဲလာတော့ ဆာလောင်နေသည့် ဗိုက်ကဆန္ဒပြလာသည်။ဒါပေမယ့်
တမာန်ရှိနေသည်မို့ ချက်ချင်းကြီးယူမသောက်ချင်ပေ။
“တီကြီးအကြိုက်ငါးရံ
့ဆန်ပြုတ်လေးပါ.. ပူတုန်းသောက်လိုက်ပါဦး ”
အမယ်..သူကဆရာလာလုပ်နေသေးတယ်..
ခုချိန်မှာမြမငြင်းနိုင်တော့သည်မို
့ခပ်တင်းတင်းမျက်နှာဖြင့် ပင်
“
ထားခဲ့ ..မင်းသွားတော့ ”
မြအဖြေကိုကြားသည်နှင်
့ဆန်ပြုတ်သောက်မှာကိုသေချာသိသွားပြီး
မျက်နှာလေးပြုံးရွှင်ကာတမာန်ထွက်သွားတော့မြ
ငေးကြည့်နေမိသည်။
ကြည့်စမ်း…ဒီကောင်လေးထွားလာလိုက်တာ…ဘာပဲဖြစ်ဖြစ်ငါ့ကိုတော့သူဂရုစိုက်ရှာသား။
သူ
အတင်းပြုတ်ခိုင်းလို့ ပပပြုတ်ပေးတာနေမယ်။
ဆန်ပြုတ်လေးကတကယ်လည်းအရသာရှိလှသည်။
ညဘက်
မြအခန်းထဲဝင်ကာဆန်ပြုတ်ပန်းကန်လာသိမ်းသူက ပပပါ။
ဆန်ပြုတ်ကုန်အောင်သောက်ထားသည့်ပန်းကန်ကိုယူရင်းမြကိုလှမ်းမေးသည်။
“
မမဘာစားချင်သေးလဲ…ပပလုပ်ပေးမယ်လေ ”
ပပအသံကြားရပြန်တော့
ခုနညွတ်နူးနေသည့်စိတ်တို့ ပြန်လည်မာကျောသွားကာ
ဘာမှပြန်မဖြေဘဲ
ပပကိုကျောခိုင်းပြီး စောင်ခြုံကာအိပ်နေလိုက်သည်။
ခုမှ
ငါ့ ကိုလာမချော့ နဲ့ ပပ
နင်လုပ်ခဲ့တာတွေကိုဒီဆန်ပြုတ်တပန်းကန်နဲ
့ငါမချေနိုင်ဘူး
သူ
့စိတ်ထဲမှကျိန်းဝါးရင်းမျက်လုံးမှိတ်ထားပေမယ့် ပပလှုပ်ရှားသံမကြားရပါ။
မသွားသေးဘဲရပ်နေတာထင်ပါရဲ
့..မသိချင်ယောင်ဆောင်ကာငြိမ်နေစဉ်
ပပဆီမှ
ရှိုက်သံတိုးတိုးထွက်လာသည်။
“
ပပကို ခုထိခွင့် မလွှတ်နိုင်သေးဘူးလားမမရယ်၊
သားလေးကလည်းမမကိုသိပ်ချစ်တာပါ။
ပပတို
့ကို စိတ်မပြေသေးလည်းနေပါ။ မမခုလိုနေမကောင်းဖြစ်တဲ့ အချိန်မှာ
ကျေးဇူးရှင်ဖြစ်တဲ
့မမကိုပြုစုပါရစေနော် ”
ငိုရှိုက်သံဖြင်
့ပြောပြီးအခန်းထဲမှ ပပထွက်သွားသည်။
ရင်ဘတ်ပေါ်လွှမ်းခြုံထားသည့်စောင်ပေါ်သို
့ကျလာသည်ကမျက်ရည်တစ်စက်…။
ပါးပြင်ကိုစမ်းမိတော့
စိုစွတ်သည့်အထိအတွေ့ ..။
အို..ငါငိုမိနေတာလား..ဘာလို
့များငိုရတာလဲ
မငိုဘူး..စိတ်ကိုတင်းထား..
မငိုဘူး..မငိုရဘူး
Xxxxxxxxxxxxx
မိုးမလင်းခင်ကတည်းက
မြ စိတ်စောကာအိပ်မရတော့ပေ။
ဒီနေ
့ ဆယ်တန်းအောင်စာရင်းတွေထွက်မယ့် နေ့ ..။
အိမ်ကကောင်လေးမျှော်လင်
့ရင်ခုန်နေသည့်နေ့ ရောက်လာပါပေါ့ လား။
သူဆယ်တန်းဖြေသည့်ရက်များမှာ
မြလည်း စိတ်လှုပ်ရှားရင်ခုန်ခဲ့ရ၏။
တစ်ဘာသာဖြေပြီးပြန်လာတိုင်း
မြကိုဖြေနိုင်ကြောင်းဝမ်းသာအားရလာပြောရှာသည့်
တမာန်
့ကို ဘာမှပြန်မပြောဖြစ်ပေမယ့်  မြလည်းစိတ်ချမ်းသာရသည်။
ဘာသာစုံဖြေပြီးချိန်မှာတော့
ဆေးအမှတ်မီပြီဟု ယုံကြည်စိတ်ချစွာ အော်ဟစ်ပျော်မြူးနေသူလေးက အောင်စာရင်းထွက်ခါနီး မှ
တုန်လှုပ်လာပြန်သည်။
သူ
့အမေကို တတွတ်တွတ်ပြောနေသံတွေကြားနေရသည်။
“
မေမေ..ဒီနှစ်ဆေးကျောင်းအမှတ်တွေမြင့် မယ်ကြားတယ်၊သားမီပါ့မလား”
“သြော်..သားဘဲဘာသာစုံဖြေနိုင်တယ်ဆို
၊ မီမှာပါ၊စိတ်မပူနဲ့ ”
“မမီရင်ဘယ်လိုလုပ်မလဲမေမေရ
၊သားဆေးကျောင်းတက်ရမှဖြစ်မယ်၊
သားဆရာဝန်ဖြစ်ချင်တယ်
၊ သားတီကြီးလို ဆရာဝန်လုပ်မှာ”
အမယ်..ဒင်းလေးက
မြလို ဆရာဝန်လုပ်ချင်သတဲ့ ..။
သူပြောတာတွေနားထောင်ရင်း
မြနှလုံးသားထဲမှာ စိမ့်စမ်းရေလေးစီးဆင်းသွားသလို
ခံစားနေရတာလည်းထူးဆန်းလိုက်တာ..။
မြသူ
့ကို မချစ်ဘဲနေခဲ့တာပါ။အကြင်နာတစ်စက်ကလေးမှမပေးခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ ပေါ့ ။
ဒီလောက်အေးစက်စိမ်းကားပြတ်တောက်ပြခဲ့ပေမယ့်
သူကလေးက မြကိုချစ်ခင်ဆဲပင်။
ဘယ်လောက်ဟန်ဆောင်ထားပစေ
မြ ရင်ထဲမှာလည်း သူကလေးနှင့်ပတ်သက်လာလျှင်
စိတ်ခံစားမှုအမျိုးမျိုးနှင်
့ တုန်ယင်လှုပ်ရှားမိမြဲပါ။
မြကြားခဲ့ဖူးတာ…သွေးဟာရေထက်ပျစ်သတဲ
့…
ခုလည်း
မြ ဟာ ဘယ်လောက်စိမ်းကားခဲ့ပေမယ့်  တမာန်ရဲ့ အိပ်မက်စိတ်ကူးလေးဖြစ်လာဖို့ အရေး အဆုံးအဖြတ်ပေးတော့မယ်
့သည်လိုနေ့ မှာတော့ ဟန်မဆောင်နိုင်တော့ပေ။
ဒီကလေးထွက်သွားတာကြာနေပြီ၊ပြန်မလာသေးပါလား..။
သူ
့အမေကလည်းနေနိုင်လိုက်တာ…
ဘာမဆိုင်ညာမဆိုင်
ဆေးဆိုင်ထိုင်ရောင်းနေသည့် ပပကိုအပြစ်တင်လိုက်ရင်း
အောင်စာရင်းကပ်ထားသည့်ကျောင်းဘက်ဆီသို
့မြထွက်လာခဲ့သည်။
လမ်းတစ်လျှောက်မှာတော့အောင်စာရင်းကြည့်ပြီးပြန်လာသည့်ကလေးများဖြင်
့
ဆူညံစည်ကားနေပါ၏။
“
အောင်ပြီဟေ့ ..အောင်ပြီ ၊ ငါ့အဖေ၀ယ်ပေးမယ့်ဟန်းဆက်ရပြီကွ”
“ဟာသွားပါပြီကွာ..ငါတော့ဂွမ်းပြီ
၊ မားသားကြီးတော့ပွမ်တော့မယ်”
“ဒီနှစ်အောင်ချက်တော်တော်နည်းတယ်
၊ ဒီထွက်တာလည်းနည်းတယ်နော်”
အလို..ဒီထွက်တာနည်းတယ်တဲ
့၊ တမာန်လိုချင်တဲ့အမှတ်ရပါ့မလား
ဆေးမှတ်မီပါ့မလား
ဒီကလေးခမျာသနားပါတယ်
ဆရာဝန်ဖြစ်ချင်တာ
ငါ့ ကိုမျက်နှာရချင်တာလည်းပါတယ်။
ဟော..ဟိုးမှာ
တမာန်ပဲ..အောင်စာရင်းကြည့်ပြီးပြီလားပဲ
အို..မျက်နှာကြည့်ရတာသိပ်မရွှင်ဘူး
၊ဒီဘယ်နှလုံးထွက်လဲပဲ
မဖြစ်ပါဘူး..ငါအမြန်သွားကြည့်မှပဲ..အရေးထဲကားတွေကလည်းလမ်းကူးလို
့တောင်
မရပါလား..ကားတွေကြည့်ရင်းခေါင်းတောင်မူးလာပြီ..။
ဒီတစ်စီးပြီးရင်တော့ဖြတ်ကူးလိုက်တော့မယ်..
ဟော…တမာန်ငါ
့ကိုတွေ့ သွားပြီးလမ်းကူးလာပြီ .ငါမြန်မြန်ကူးသွားမှပါ
ဟိုကားကငါရှောင်တဲ့ဘက်ကိုလာနေပါလား
ဟယ်..တိုက်တော့မှာပဲ…
တိုက်တော့မယ်
အမလေးလုပ်ကြပါဦး
အား
xxxxxxxxxxxx
ရက်ဆက်ပြီးငိုထားသဖြင့်မြ
မျက်ဝန်းများမို့ အစ်ယောင်အမ်းနေလေပြီ။
လမ်းကူးရင်းကားတိုက်မလိုဖြစ်သွားခိုက်မှာ
သူ့ နားပြေးလာပြီးပွေ့ ဖက်ကာပစ်လှဲလိုက်သည့်
တမာန့်ကြောင်
့ မြ ဘာမှမထိခိုက်ခဲ့ပေမယ့်  တမာန်ကတော့ ကားနှင့် ဆောင့်မိသွားကာ
ပေတရာလမ်းပေါ်အရှိန်နှင်
့ပစ်ကျပြီးညာဘက်လက်သွင်သွင်ကျိုးသွားလေ၏။
အချိန်မီ
ဆေးရုံရောက်ကာကုသနိုင်ခဲ့ပေမယ့်  မြကြောင့်ဖြစ်ရသည်မို့ ဖြေမဆည်နိုင်တော့ပေ။
ခုတော့
ကျောက်ပတ်တီးလေးနှင့်တမာန်က ပြုံးရယ်နေပါပြီ။
တမာန်စကားပြောနိုင်လာလာချင်း
မြအမောတကောမေးခဲ့မိသည်ကိုလည်း
ဝမ်းသာအားရဖြေခဲ
့ပြီးပါပြီ။
“
သား ဖိုးဒီပါတယ်တီကြီး ၊ ကျန်တဲ့ ဘာသာလည်းအမှတ်ကောင်းမှာပါ၊
ဆေးမှတ်မီမှာလုံးဝသေချာသွားပြီ
”
တမာန်
့အဖြေကြားမှမြစိတ်အေးရသည်။
တမာန်ကတော့
သူ့ ကိုတယုတယပြောဆိုလုပ်ကိုင်ပေးနေသည့်အဒေါ့်မျက်နှာကိုတစိမ့်စမ့် ကြည့် ကာကြည်နူးနေသည်။ဒဏ်ရာတွေကြားမှပင်
မြကိုကယ်လိုက်ရတာကျေနပ်အားရနေသည့်တမာန့်  မျက်နှာက မြ အသည်းတွေကိုဆွဲခြေနေသလိုပင်။
ကိုယ့်ကြောင့်သူ
့ သားဒဏ်ရာရသွားပေမယ့်ဘာမှအပြစ်တင်စကားမပြောသည့်ပပကို လည်းမြစိတ်ပြေသွားပါပြီ။
ခုလိုဆိုတော့လည်း
မြ တို့ မိသားစုလေးက ပျော်စရာပင်…။
အရိုးအကြောဆရာဝန်ကြီးလာကြည့်သည့်အချိန်မှာတော့
မြစိုးရိမ်တကြီးမေးမိသည်။
“ဆရာ
၊ သားလေးလက်ကအရင်လိုပြန်ကောင်းလာပါ့ မလား ၊ ညာလက်ဆိုတော့
စာရေးလို
့မရတော့မှာစိုးလို့ ပါ.. ”
“ကောင်းသွားမှာပါ..ဘာမှမစိုးရိမ်ပါနဲ
့..လက်ချောင်းလေးတွေသိပ်မထိခိုက်ပါဘူး၊
စိတ်ချ
စာရေးနိုင်ပါတယ် ”
“
တော်ပါသေးရဲ့ ”
ဆရာဝန်ကြီးထွက်သွားတော့
တမာန်က မြ ကို ကြည့်ရင်းပြောလာသည်။
“
တီကြီး ကခုလိုဆိုတော့လည်းသားကိုသိပ်ဂရုစိုက်တာပဲနော် ”
“
သြော်..သားရယ် ၊ ဘယ်လိုပဲဟန်ဆောင်ထားပေမယ့် အစကတည်းကသားကို မေတ္တာမပျက်ခဲ့ပါဘူး”
“တကယ်လားတီကြီး
၊ ဒါဆို သားကိုဟိုးငယ်ငယ်လေးကတည်းကမမုန်းဘူးပေါ့ နော်”
တောက်ပသည့်မျက်ဝန်းလေးများဖြင့်မေးလာသူလေးကိုသနားရလွန်းသဖြင်
့ မြရင်တွေကွဲတော့မှာပဲ…။
မြဟာ
မောဟတွေပိတ်မှောင်ဖုံးပြီး တစ်ဦးတည်းသောကိုယ့်သွေးသားလေးကို လစ်လျူရှု
စိမ်းကားခဲ့သည့်အချိန်များကို
နှမြောတသနောင်တရမိပါပြီ။
သားရေ..တီကြီးနောင်တက
အချိန်မနှောင်းသေးဘူးထင်ပါရဲ့ ကွယ်
နောင်ဆို
တီကြီးခြေရာနင်းပြီးဆေးကျောင်းတက်မယ့်သားလေးကို
ဘေးနားကလိုတာဖြည့်ဆည်းရင်းပြုစုပျိုးထောင်ပေးပါ့မယ်။
သားအမေနဲ
့လည်း ချစ်ချစ်ခင်ခင်ပြန်နေပါတော့မယ်။
တီကြီးကိုယ်ပေါ်ကိုစီးကျလာဖူးတဲ
့သားရဲ့ သွေးတွေဘယ်လောက်စေးပျစ်တယ်ဆိုတာ
တီကြီးသိခဲ့ပါပြီသားရယ်…။
ကြာဖြူနွယ်
No comments:
Post a Comment