Showing posts with label ရသစာတမ်း. Show all posts
Showing posts with label ရသစာတမ်း. Show all posts
Saturday, February 15, 2014
ကမ္ဘာကြီး အချစ်လိုတယ်.
         ကျမလေ ပြောရရင် --- ချစ်ခြင်းမေတ္တာဖွဲ့ ၀တ္တုတွေ ၊ဇာတ်လမ်းတွေကို စိတ်ဝင်စားပါတယ်။
ကျမ ၀တ္တုရေးရင်လည်း လွမ်းမောဖွယ်ရာ၊ ကြည်နူးဖွယ်ရာ  မေတ္တာဖွဲ့ အချစ်ဝတ္တုလေးတွေ ရေးချင်ပါတယ်။
တချို့ ကဒီလို အချစ်ဝတ္တု ရေးတာကို ဝေဖန် ကဲ့ရဲ့ ချင်ကြတယ်ရှင့် --
အချစ်ဝတ္တုတွေဟာ အလကားအရည်မရ၊အဖတ်မရတွေ၊ ဖတ်သူကို ဘာမှ အကျိုးမပြုဘူး-ဆိုတဲ့
သူတွေကို ကျမက တစ်ခု မေးချင်ပါတယ်။
လောကကြီးမှာ တကယ်ပဲ အချစ်အကြောင်းရေးဖို့ ပြောဖို့  မလိုဘူးလား--လို့ 
ဆရာမင်းကျော်စွာရဲ့ --ကမ္ဘာကျော် မိန့်ခွန်းများ -စာအုပ်ထဲက အဌမမြောက်
အက်ဒွပ် ဘုရင် အကြောင်း ကျမ ဖတ်ရပါတယ်။
သူ့ ကို အချစ် အတွက် ထီးနန်းစွန့်သူ လို့အားလုံးသိကြပါတယ်။
ကဲ့ ရဲ့ အပြစ် တင် တဲ့သူတွေ ရှိသလို  ချီးကျူးအားကျတဲ့ သူတွေလည်းရှိပါတယ်။
သူ့ ကို  လန်ဒန် ဂျော့ဘုရင်ရဲ့  နဲ့ မေရီမိဖုရားတို့က ၁၈၉၄ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။
၁၉၁၁ မှာ ဝေလမင်းသားဖြစ်လာပါတယ်။
အောက်စဖို့  တက္ကသိုလ် မှာ ပညာသင်ကြားပါတယ်။
၁၉၃၆ ဇန်န၀ါရီ လ  ဂျော့ ဘုရင် နတ်ရွာစံတော့ ဘုရင် ဖြစ်လာသူပါ။
အမေရိကန်သူ နှစ်ခုလပ် အမျိုးသမီး မစ္စက်ဆင်ပဆင် နဲ့  ချစ်ကြိုက်ပြီး
လက်ထပ်ရန်ဆန္ဒရှိရာအစိုးရအဖွဲ့ ကသဘောမတူပါ။
နောက်ဆုံး အက်ဒွပ် ဘုရင် ဟာ ဒီဇင်ဘာလ မှာ ထီးနန်းကိုစွန့်လွှတ်ရန် ဆုံးဖြတ်ပြီး
ညီတော်အား နန်းအပ်ကာ တိုင်းပြည်မှ ထွက်ခွာသွားပါတော့တယ်။
၁၉၃၇ ခုနှစ်  ပါရီ မှာ လက်ထပ်လိုက်ကြပါတယ်။
သူ့ ရဲ  နန်းစွန့် ချိန်က ပြောခဲ့တဲ့  မိန့်ခွန်းဟာ ကမ္ဘာကျော်သွားခဲ့ပါတယ်။
♪ ♫ ♫ ကမ္ဘာကြီး အချစ်လိုတယ် ♪ ♫ ♫  
လူတိုင်းအချစ်လိုတယ်♪ ♫ ♫
ကျမလိုသီချင်းလေး ဆို ချင်သလားလို့  ပြန်ပြောပေးနော်--
အဌမမြောက် အက်ဒွပ် ဘုရင်၏နန်းစွန့် မိန့် ခွန်း
ဒီဇင်ဘာ ၁၁ ၊ ၁၉၃၆
" နောက်ဆုံးမှာတော့  ကျွနု်ပ် ဟာ ကျွန်ုပ် ရဲ့ ရင်ထဲက လာတဲ့စကားအနည်းငယ်ကို ပြောဆိုနိုင်ပါပြီ။
ကျွန်ုပ် ဘာမှ ထိမ်ချန်မထားလိုပါဘူး။
ဒါပေမယ့် ခုမှပဲ ဒီစကားတွေကို ပြောနိုင်ပါတော့တယ်။
လွန်ခဲ့တဲ့  နာရီပိုင်းကပဲ ကျွန်ုပ်ဟာ  ဘုရင် အဖြစ်နဲ့  အင်ပါယာ ပြည့်ရှုင် အဖြစ်
ကျွန်ုပ် ရဲ့  နောက်ဆုံးတာဝန်ကို စွန့်လွှတ်လိုက်ပါပြီ။
ညီတော်အပေါ် ကျွန်ုပ် ရဲ့  သစ္စာစောင့်သိမှု ကို ဦးစွာ ပြောကြားရမှာ ဖြစ်ပါတယ်။
ဒါဟာ ကျွန်ုပ် ရဲ့  နှလုံးသားထဲက ပြောကြားခြင်းဖြစ်ပါတယ်။
ကျွန်ုပ်  အား ထီးနန်း စွန့်လွှတ်အောင်  လှု့ံဆော်စေတဲ့ အကြောင်းများကို
ဒါပေမယ့်  သင်တို့အားကျွန်ုပ် နားလည်စေချင်တာက ဒီလိုဆုံးဖြတ်ရာမှာ 
ဝေလနယ်ရဲ့  မင်းသားအဖြစ်နဲ့လည်ေးကာင်း၊
နောင်အခါမှာ ဘုရင်တစ်ပါးအဖြစ်နဲ့လည်းကောင်း
နှစ်ဆယ့် ငါးနှစ်ကြာ အလုပ်အကျွေးပြုခဲ့တဲ့  ကျွန်ုပ်ရဲ့ တိုင်းပြည်နဲ့ 
ဗြိတိသျှ အင်ပါယာကိုမေ့ မထားခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။
ဒါပေမယ့် ဘုရင်တစ်ပါးအနေနဲ့  ကြီးလေးလှတဲ့ တာဝန်များကို
ကျွန်ုပ်ချစ်မြတ်နိုးတဲ့  အမျိုးသမီးရဲ့  ကူညီ ပံ့ ပိုးမှု ၊ထောက်ခံအားပေးမှု မပါဘဲ
ထမ်းဆောင်ဖို့ မဖြစ်နိုင်ကြောင်း တွေ့ ရှိရတယ်လို့  ကျွန်ုပ်ပြောတဲ့ အခါမှာ
ယုံကြည်စေချင်ပါတယ်။
ကျွန်ုပ်ချမှတ်တဲ့  ဆုံးဖြတ်ချက်ဟာ ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်ပြီး
ကျွန်ုပ်တစ်ဦးတည်း ချမှတ်ခဲ့တာဖြစ်တယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ကျွန်ုပ်အတွက် လုံးလုံးလျားလျား ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စမှာ အများဆုံး ပတ်သက်ခဲ့သူဟာ နောက်ဆုံးအချိန်ထိ
တခြားလမ်းကြောင်း တစ်ခုကိုရွေးချယ်ဖို့
ကျွန်ုပ်ကို ကြိုးစားဖျောင်းဖျခဲ့ပါတယ်။
ကျွန်ုပ်ရဲ့ ဘ၀ မှာ အလေးနက်ဆုံးဖြစ်တဲ့  ဒီဆုံးဖြတ်ချက်ကို အားလုံးအတွက်
အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတဲ့  အတွေးတခုတည်းနဲ့  ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကိုချမှတ်ရာမှာ  ကျွန်ုပ်ရဲ့ ညီတော်ဟာ ဒီနိုင်ငံရဲ့ 
ပြည်သူ့ရေးရာတွေမှာ ကြာရှည်လေ့ကျငိ့ထားမှုနဲ့  သူရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့် 
အင်ပါယာရဲ့ဖြစ်တည်မှုနဲ့ တိုးတက်မှုအပေါ်မှာ  အကြားအလပ် အထိအခိုက် မရှိဘဲ
ကျွန်ုပ်ရဲ့ နေရာမှာ အစားထိုးဝင်ေ၇ာက်နိုင်မယ်ဆိုတာ  အသေအချာသိရှိတဲ့ 
အတွက်အခက်အခဲ မရှိလှပါဘူး။
ပြီးတော့ ညီတော်မှာ ပြိုင်ဘက်မရှိတဲ့ ကောင်းကွက်တစ်ခုရှိပါတယ်။
အဲဒီကောင်းကွက်ဟာ သင်တို့အများစု ခံစားနေရပြီး ကျွန်ုပ် မှာမရှိပါဘူး။
အဲဒါကတော့  ဇနီးမယား သားသမီးတွေနဲ့  ပျော်ရွှင်တဲ့ အိမ်ထောင်ဖြစ်ပါတယ်။
ဒီခက်ခဲလှတဲ့ နေ့ရက်တွေအတွင်းမှာ ကျွန်ုပ်ဟာ ကျွန်ုပ်ရဲ့ မိခင်ဖြစ်တဲ့ 
ဘုရင်မကြီးနဲ့ ကျွန်ုပ်ရဲ့ မိသားစု နှစ်သိမ့် မှုကို ခံရပါတယ်။
ဘုရင်မကြီးနဲ့  ၀န်ကြီးအဖွဲ့ ဝင်များ၊ အထူးသဖြင့်  ၀န်ကြီးချုပ် မစ္စတာ ဘော်လ်ဒွင်က
အမြဲတမ်း ကျွန်ုပ်အပေါ် စာနာထောက်ထားမှုအပြည့်နဲ့ ဆက်ဆံပြုမှုခဲ့ကြပါတယ်။
ကျွန်ုပ် နဲ့  သူတို့အကြားမှာလည်းကောင်း ၊ကျွန်ုပ်နဲ့ပါလီမန် အကြားမှာလည်းကောင်း
အခြေခံဥပဒေ ဆိုင်ရာကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲပါဘူး။
ကျွန်ုပ်ဖခင်ဖြစ်သူရဲ့  အခြေခံဥပဒေဆိုင်ရာလေ့ ကျင့်ပျိုးထောင်ပေးမှုကို
ခံထားရသူဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးတွေ ဘယ်တော့မှ ပေါ်ပေါက်လာခွင့် ပြုမှာမဟုတ်ပါဘူး။
ဝေလမင်းသားဘ၀ မှာလည်းကောင်း နောင်အခါ ထီးနန်းကိုစိုးမိုးအုပ်ချုပ်စဉ်ကလည်းကောင်း ၊
ကျွန်ုပ်ဟာဘယ်မှာနေနေ အင်ပါယာအတွင်း ဘယ်ကိုပဲ သွားသွားလူတန်းစားအားလုံးရဲ့
အကြီးမားဆုံးကြင်နာမှုနဲ့  ဆက်ဆံတာကို ခံခဲ့ရပါတယ်။
ဒီအတွက် နင်မတန် ကျေးဇူးတင်ပါတယ်။
ုကျွန်ုပ်ဟာ ပြည်သူ့အရေးကိစ္စအားလုံးမှ နုတ်ထွက်ပြီး
ကျွန်ုပ် ရဲ့ တာဝန်များကို စွန့်လွှတ်လိုက်ပါပြီ။
ကျွန်ုပ်ရဲ ဇာတိနိုင်ငံ ကိုပြန်ရောက်ဖို့  အချိန်အတန်ကြာကောင်းကြာပါမယ်။
စိတ်ဝင်တစား အမြဲတမ်းနားစွင့်နေမှာဖြစ်ပါတယ်။
နောင်အနာဂါတ်မှာ ဘယ်အချိန်မဆို ဘုရင်မင်းမြတ်အတွက် ပုဂ္ဂလိက အနေနဲ့ 
ကျွန်ုပ်ဆောင်ရွက်နိုင်မယ့်  အကြောင်းကိစ္စရှိခဲ့ပါလျှင် ကျွန်ုပ်ပျက်ကွက်မှာမဟုတ်ပါဘူး။
ခုအခါ ကျွန်ုပ်တို့ အားလုံး ဘုရင်မင်းမြတ်အသစ်ကိုရရှိခဲ့ပြီဖြစ်ပါတယ်။
သူ့ရဲ့ ပြည်သူလူထုဖြစ်တဲ့  သင်တို့အားလုံး ပျော်ရွှင်ကြွယ်ဝကြပါစေလို့ 
လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။
ဘုရားသခင်ဟာ ဘုရင် မင်းမြတ်အား စောင့်ရှောက်ကယ်တင်တော်မူပါ။"
Wednesday, June 5, 2013
စောင့်ရှောက်ကြပါ
Photo: `စောင့်ရှောက်ကြပါ ` ဒီနေ့  ကနောင်မင်းသားလုပ်ကြံခံရပုံဆောင်းပါးလေး ပြန်ဖတ်ရင်း ရင်ထဲမှာ နှမြောစိတ် နဲ့အတူ အားမလိုအားမရဖြစ်မိတာလေး ပြောချင်ပါတယ်။ ကနောင်မင်းသားကြီးဆိုတာ အများသိကြတဲ့အတိုင်း ကုန်းဘောင်ခေတ် မှာ ရှာမှာရှားတဲ့ ထက်မြက်ထူးချွန်ပြီး ခေတ်မီတဲ့ ကိုယ်တော်ကြီးပါ….ရဲရဲတောက် သတ္တိသွေးနဲ့  အင်္ဂလိပ်ကို မကြောက်မရွံ့ စိန်ခေါ်ဝံ့ သူပါ။ ရေသတ္တ၀ါတွေသေကြေပျက်စီးမှာစိုးတဲ့  မြန်မာတွေရဲ့ ရှေးရိုးစွဲနေတဲ့ စိတ်ကြောင့်သာ ဆက်မလုပ်ဖြစ်ပေမယ့် ရေမြုပ်ဗုံးတွေတောင်တီထွင် ခဲ့ဖူးပါတယ်။ ကိုယ့်တိုင်းပြည်အတွက် စိတ်ရော ကိုယ်ပါနှစ်ပြီး အလုပ်လုပ်တဲ့ ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့  အသက်တစ်ချောင်း က ကြွေလွင့် ချင်တော့လည်း လွယ်လိုက်တာ…. လွှတ်တော်အစည်းအဝေးလုပ်နေတဲ့  ကနောင်မင်းသားကြီးကို တူတော်မောင်မြင်ကွန်း ကဓါးနဲ့ ဦးခေါင်းတော်ကိုပြတ်အောင် ခုတ်လိုက်တာ ဖတ်ရတော့ကျမရင်ထဲ ဟာခနဲဖြစိမိပါတယ်။ နှမြောတသခြင်းနဲ့အတူ ဒီလောက်တန်ဖိုးကြီးလှတဲ့ကိုယ့်အသက်ကို ဘာလို့ ဒီလို အလွယ်တကူပေး လိုက်ရတာလဲလို့ ဂရုဏာဒေါသောဖြစ်မိပါတယ်။ ဘုန်းတန်ခိုးရှိတဲ့  မင်းကောင်းမင်းမြတ်တွေ ဆိုတာ နမိတ်တော် ပေါ်စမြဲပါ.. လုပ်ကြံခံရမယ့် မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့တက်တဲ့ အချိန်မှာဗောင်းတော်ကျွတ်ကျ သွားလို့  ကြင်ယာတော် လှိုင်ထိပ်ခေါင်တင်က ကောက်ပေးတဲ့ အခါ အရိပ်ထဲမှာ အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်ရပါဘူး..တဲ့  ဒါဟာ ကြီးစွာသောနမိတ် ပါလားလို့  စိုးထိတ်သွားမိတဲ့ လှိုင်ထိပ်ထားက နိမိတ်မကောင်းလို့ မောင်တော်လွှတ်တော်မတက်ပါနဲ့ လို့  လျှောက်ထားပါတယ်။ ဒါပေမယ့် လူတိုင်းကို ကိုယ့်စိတ်လို ထင်နေတဲ့ ရိုးဖြောင့်တဲ့ ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” ဆိုပြီး စိုးရိမ်ကြီးနေတဲ့ လှိုင်ထိပ်ထားကိုတောင် ရယ်မော ပြောဆိုသွားပါတယ်။ အဲ့ ဒီအချိန်က မင်းတုန်းမင်းက ကိန်းခန်းအရ မြို့အပြင်တွင် ထွက်ပြီး လွှတ်တော်စည်းဝေး ကျင်းပနေချိန်ဖြစ်ပါတယ်။ကိုယ်တော်ကြီး က စိတ်အေးလက်အေးနဲ့  ယာယီလွှတ်တော်တဲမှာတိုင်းရေးပြည်ရေးဆွေးနွေးနေ တုန်းမှာပဲ မြင်းကွန်းညီနောင်ဟာ ရန်ဖြစ်သလို ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်း အတွင်း ပြေးဝင်လာပါတယ်။ သူရဲဝန်ဦးရွှေလုံးက မူမမှန်ကြတာ ရိပ်စားမိလို့  ” ရန်သူတော်ဖြစ်ပါသည် ဘုရား ရှောင်တော်မူပါ”လို့ သတိပေးချိန်ဟာ နှောင်းသွားပါပြီ။မြင်ကွန်းမင်းသားက ကနောင်ကိုယ်တော်ကို လိုက်လံခုတ်တဲ့ အခါ ကိုယ်တော်မရှောင်နိုင် ခဲ့ ဘဲ ခေါင်းပြတ်သွားတာပါ။ ဒီလိုကနောင် မင်းသားကြီးဆုံးပါးသွားရတဲ့ အတွက် ကျမတို့ မြန်မာပြည် အနာဂါတ်ကြီး လည်းပြောင်းလဲသွားရတယ်လို့ ထင်ပါတယ်။ ကနောင်မင်းသားကြီးသာလုပ်ကြံမခံရဘဲ နန်းတက်လာနိုင်ရင် တိုင်းပြည် အတွက် အသက်စွန့် ပြီး ထူးထူးချွန်ချွန်ဆောင်ရွက်မှာပါ။ ဆင်ဖြူမရှင်မိဖုရားကြီးတို့ ကင်းဝန်မင်းတို့ ကိုလည်း နိုင်နင်းအောင် ဖိနှိပ်နိုင်လို့  သတ္တိရှိပြီး ထူးချွန်တဲ့ မင်းညီမင်းသားတွေ တပြုံတမကြီးလည်း ဆင်နင်းပြီး အသတ်ခံရမှာမဟုတ်ပါဘူး။လက်နက်ခဲယမ်းတွေတီထွင်ပြီးနယ်ချဲ့ အင်္ဂလိပ်ကို တောင် ပြန်ပြေးအောင်တော်လှန် နိုင်ပြီး မြန်မာပြည် ကြီး ကျွန်ဘ၀ရောက်ချင် မှ ရောက်ပါလိမ့်မယ်…. တန်ဖိုးရှိတဲ့ လူတစ်ယောက်ရဲ့  အသက်တစ်ချောင်းရှင်သန်ခြင်း က များစွာသော အသက်တွေကိုကယ်တင်နိုင်တဲ့အတွက်အသက်ကိုဥာဏ်စောင့်ဆိုသလို စောင့်ရှောက်သင့် လှပါတယ်။ တကယ်လို့ သာ ကနောင်မင်းသားကြီးသာ အိမ်တော်က မထွက်ခင်ပေါ်လာတဲ့  နမိတ်ကို သေချာ သတိထားဆင်ခြင်မယ်ဆိုရင် ..... တကယ်လို့ သာလွှတ်တော်ကိုမသွားဘဲအခြေအနေ စောင့်ကြည့်ခဲ့မယ်ဆိုရင်....... ဒီလုပ်ကြံမှုကြီးဟာ အောင်မြင်မှာမဟုတ်ပါဘူး..လို့  တွေးမိတိုင်းမချင့်မရဲစိတ်နဲ့  ၀မ်းနည်းတသ နှမြောလှပါတယ်။ ဒါက ကုန်းဘောင်ခေတ် က ဆုံးရှုံးမှုကြီးပါ။ နောက်နှစ်တစ်ရာကျော် ကြာ တဲ့ အချိန် …၁၉၄၇ (လွတ်လပ်ရေးရဖို့ တစ်နှစ် အလို) မှာလည်း ကျမတို့  မြန်မာတမျိုးသားလုံးရဲ့  ဖခင်ကြီး ၊အင်္ဂလိပ်အင်ပါယာ ကိုကိုင်လှုပ်ပြီး ဂျပန်ကို ကြောက်ရွ့  ထွက်ပြေးအောင်လုပ်နိုင်တဲ့  ဗိုလ်ချုပ်အောင်ဆန်း လည်း လုပ်ကြံခံရပါတယ်။ လက်နက်ကိုင်လုံခြုံရေးအဖွဲ့  ကြပ်ကြပ်မပ်မပ်မချထားတဲ့ အစည်းအဝေးခန်းမထဲ ကို သေနတ်တွေ ကိုင်ပြီးဝင်လာတဲ့ သူတွေကို ကြောင်ကြည့်နေရပြီး ကိုယ့်ရင်ဘတ်ကို ပစ်တဲ့ သေနတ်ကျည်ဆံ ကို လက်လေးနဲ့ ကာရင်း ဗိုလ်ချုပ်ကျဆုံးသွားရတာ ခု တွေးမိရင် ကျမ ခု မျက်ရည်ဝဲလာပါတယ်။ ခက်ခက်ခဲခဲ နဲ့ ရဲဘော်၃ကျိပ် ဖွဲ့  ၊ ဂျပန်မှာ မသေတရုံနေပြီး စစ်ပညာသင်လာပြီး တိုက်ပွဲတွေ အလီလီဆင်နွှဲ ၊ ဂျပန် လက်ချက် ၊ အင်္ဂလိပ်ဗုံးဒဏ်တွေ ကို ကြံ့ ကြံ့ ခံလာခဲ့တဲ့  ကျမတို့ ဗိုလ်ချုပ် ရဲ့ တန်ဖိုးရှိလှတဲ့ အသက်တစ်ချောင်း ကလည်း ကြွေလွင့် ရတာ လွယ်ကူလိုက်တာ… ဗိုလ်ချုပ်သေဆုံးသွားရတာာ မြန်မာပြည်ရဲ့ အနာဂါတ် သေဆုံးသွားရတာပဲဆိုတာ ခုကျမတို့ ရဲ့  မျိုးဆက်တွေရင်းပြီး သိလာခဲ့ရပါပြီ။ ရင်နာနာနဲ့  ကျမ စိတ်ထဲကနေ ဗိုလ်ချုပ်ကို အကြိမ်ကြိမ် မေးမိပါတယ်။ ဘာလို့  ကိုယ်ရံတော်တပ်ဖွဲ့ တွေ ၊ အစောင့်အကြပ်တွေ နဲ့ ကိုယ့်အသက်ကို မကာကွယ်ခဲ့တာလဲဗိုလ်ချုပ်ရယ် … အားလုံးကို ကိုယ့်လိုထင်ရလား ….ရိုးလှတဲ့ ဖခင်ရယ်… တတိုင်းပြည်လုံးငိုမဆုံး အပူလုံးကြွပြီး ငိုကြွေးနေပေမယ့်  ဗိုလ်ချုပ်အသက် ကို ပြန်မရတော့ပါဘူး။ တကယ်လို့ သာ …..၁၉၄၇ခုနှစ်မှာဗိုလ်ချုပ်မကျဆုံးခဲ့ ရင် တကယ်လို့ သာ … ၁၉၄၈ က လွတ်လပ်ရေး ရပြီး ဗိုလ်ချုပ်သာ မြန်မာပြည်ကို အုပ်ချုပ်ခဲ့မယ်ဆိုရင် လက်ရှိကျမတို့ မြန်မာပြည်ဟာဒီ့ထက်အဆပေါင်းများစွာတိုးတက်ဖွံ့ ဖြိုးပြီး သိက္ခာရှိနေမယ်ထင်ပါတယ်။ ပြောချင်တာကတန်ဖိုးရှိလှတဲ့ အသက်တစ်ချောင်းက သေချာသတိထား စောင့်ရှောက်ထိုက်တယ်မဟုတ်ပါလားရှင်…. ကိုယ့်အသက်သေဆုံးတာ ကိုယ်ပဲ ထိခိုက်တာမဟုတ်ပါဘူး ။ ကိုယ် နဲ့  ဆက်စပ်နေတဲ့ သက်ဆိုင်သူတွေ လည်း ထိခိုက်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင်မှာလည်း အရွယ်မတိုင်ခင် ဆုံးပါးသွားတဲ့ စောင့်ရှောက် သူတွေကြောင့်  ဘ၀အခြေအနေ ပြောင်းသွားတဲ့  ကလေးတွေ ကို တွေ့ မြင်နေရပါတယ်… ကျမ ဆိုအရင်ကသိပ်ပေတာပါ။ နေမကောင်း တာတောင်ဆေးသောက် ချင်မှသောက်တာ..ဒါပေမယ့် ခုနားလည်လာပါပြီ။ ကျမက အဖေ နဲ့ နှစ်ယောက်တည်းနေရတာပါ။အဖေ့အတွက်အကုန် ကျမကတာဝန်ယူနေရတာမို့ ကျမကျန်းမာကြံ့ ခိုင်ဖို့  လိုအပ်ပါတယ်။ တကယ်လို့ သာ ကျမ သေဆုံးသွားမယ်ဆိုရင် ကျမ အဖေ လည်း အိုကြီးအိုမ နဲ့ ဒုက္ခရောက်မှာပဲလို့ ..စဉ်းစားရင်း ကျမ အသက် ကို ကျမစောင့်ရှောက်နေ ပါတယ်။ ဒီလိုပဲ အိမ်ထောင်သည်တွေအနေနဲ့လည်း ကိုယ့်ကို မှီခိုနေတဲ့  သားသမီးလေးတွေ အနာဂါတ်က ကိုယ့်လက်ထဲမှာ ရှိလို့ သတိထားကြပါ။ ထက်မြက်ထူးချွန်တဲ့ လူငယ်လေးတွေအနေနဲ့လည်း.... တိုင်းပြည်ရဲ့ အဖူးအညွန့် လေးတွေဖြစ်လို့ နိုင်ငံတော်အတွက်၊လောကကြီးအတွက်ဘာမှမလုပ်ပေးရသေးခင်မသေဆုံးအောင်ကိုယ့်အသက်ကိုယ်စောင့်ရှောက် ကြပါ။ နောက်ဆုံးပြောချင်တာကတော့…. ကနောင်မင်းသားလို ဗိုလ်ချုပ်အောင်ဆန်းလို မမြင့်မြတ်ပေမယ့် ကျမတို့ အနေနဲ့  လည်းမိသားစုနဲ့လောကကောင်းကျိုးကို တတ်နိုင်သလောက်သယ်ပိုးဖို့  အတွက် အချိန်မတန်ခင်ကိုယ့်အသက်တစ်ချောင်းမဆုံးရှုံးရအောင်စောင့်ရှောက်ကြပါလို့ သတိပေးချင်ပါတယ်။ စေတနာမွန်ဖြင့်  ကြာဖြူနွယ်
ဒီနေ့  ကနောင်မင်းသားလုပ်ကြံခံရပုံဆောင်းပါးလေး ပြန်ဖတ်ရင်း ရင်ထဲမှာ နှမြောစိတ် နဲ့အတူ အားမလိုအားမရဖြစ်မိတာလေး ပြောချင်ပါတယ်။
ကနောင်မင်းသားကြီးဆိုတာ အများသိကြတဲ့အတိုင်း ကုန်းဘောင်ခေတ် မှာရှာမှာရှားတဲ့  ထက်မြက် ထူးချွန် ပြီး   ခေတ်မီတဲ့ ကိုယ်တော်ကြီးပါ….ရဲရဲတောက် သတ္တိသွေးနဲ့  အင်္ဂလိပ်ကို မကြောက်မရွံ့ စိန်ခေါ်ဝံ့ သူပါ။
ရေသတ္တ၀ါတွေသေကြေပျက်စီးမှာစိုးတဲ့  မြန်မာတွေရဲ့ ရှေးရိုးစွဲနေတဲ့ စိတ်ကြောင့်သာ ဆက်မလုပ်ဖြစ်ပေ မယ့် ရေမြုပ်ဗုံးတွေတောင်တီထွင် ခဲ့ဖူးပါတယ်။ ကိုယ့်တိုင်းပြည်အတွက် စိတ်ရော ကိုယ်ပါနှစ်ပြီး အလုပ်လုပ် တဲ့ ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့  အသက်တစ်ချောင်း က ကြွေလွင့် ချင်တော့လည်း လွယ်လိုက်တာ….
လွှတ်တော်အစည်းအဝေးလုပ်နေတဲ့  ကနောင်မင်းသားကြီးကို တူတော်မောင်မြင်ကွန်း ကဓါးနဲ့  ဦးခေါင်းတော်ကိုပြတ်အောင် ခုတ်လိုက်တာ ဖတ်ရတော့ကျမရင်ထဲ ဟာခနဲဖြစိမိပါတယ်။
နှမြောတသခြင်းနဲ့အတူ ဒီလောက်တန်ဖိုးကြီးလှတဲ့ကိုယ့်အသက်ကို ဘာလို့ ဒီလို အလွယ်တကူပေး လိုက်ရတာ လဲလို့ ဂရုဏာဒေါသောဖြစ်မိပါတယ်။
ဘုန်းတန်ခိုးရှိတဲ့  မင်းကောင်းမင်းမြတ်တွေ ဆိုတာ နမိတ်တော် ပေါ်စမြဲပါ..
လုပ်ကြံခံရမယ့် မနက်မှာ အိမ်တော်မှ အထွက် ဆင်တော်သို့တက်တဲ့ အချိန် မှာဗောင်းတော်ကျွတ်ကျသွား လို့  ကြင်ယာတော် လှိုင်ထိပ်ခေါင်တင်က ကောက်ပေးတဲ့ အခါ အရိပ်ထဲမှာ အိမ်ရှေ့ကိုယ်တော်၏ ဦးခေါင်း ရိပ်ကိုမမြင်ရပါဘူး..တဲ့ 
ဒါဟာ ကြီးစွာသောနမိတ် ပါလားလို့  စိုးထိတ်သွားမိတဲ့ လှိုင်ထိပ်ထားကနမိတ်မကောင်းလို့ မောင်တော် လွှတ်တော်မတက်ပါနဲ့ လို့  လျှောက်ထားပါတယ်။ဒါပေမယ့် လူတိုင်းကို ကိုယ့်စိတ်လို ထင်နေတဲ့ ရိုးဖြောင့် တဲ့  ကနောင်မင်းသားက “ ငါ့ကို ရန်ပြုနိုင်သူ မမွေးသေး” ဆိုပြီး စိုးရိမ်ကြီးနေတဲ့ လှိုင်ထိပ်ထားကိုတောင် ရယ်မော ပြောဆိုသွားပါတယ်။
အဲ့ ဒီအချိန်က မင်းတုန်းမင်းက ကိန်းခန်းအရ မြို့အပြင်တွင် ထွက်ပြီး လွှတ်တော်စည်းဝေး ကျင်းပနေချိန်ဖြစ် ပါတယ်။ကိုယ်တော်ကြီး က စိတ်အေးလက်အေးနဲ့  ယာယီလွှတ်တော်တဲမှာတိုင်းရေးပြည်ရေးဆွေးနွေးနေ တုန်းမှာပဲ မြင်းကွန်းညီနောင်ဟာ ရန်ဖြစ်သလို ဓားချင်းခုတ်ပြီး လွှတ်တော်ဝန်း အတွင်း ပြေးဝင်လာပါတယ်။
သူရဲဝန်ဦးရွှေလုံးက မူမမှန်ကြတာ ရိပ်စားမိလို့  ” ရန်သူတော်ဖြစ်ပါသည် ဘုရား ရှောင်တော်မူပါ”လို့  သတိပေးချိန်ဟာ နှောင်းသွားပါပြီ။မြင်ကွန်းမင်းသားက ကနောင်ကိုယ်တော်ကို လိုက်လံခုတ်တဲ့ အခါ ကိုယ်တော်မရှောင်နိုင် ခဲ့ ဘဲ ခေါင်းပြတ်သွားတာပါ။
ဒီလိုကနောင် မင်းသားကြီးဆုံးပါးသွားရတဲ့ အတွက် ကျမတို့ မြန်မာပြည် အနာဂါတ်ကြီး လည်းပြောင်းလဲသွား ရတယ်လို့ ထင်ပါတယ်။
ကနောင်မင်းသားကြီးသာလုပ်ကြံမခံရဘဲ နန်းတက်လာနိုင်ရင် တိုင်းပြည် အတွက် အသက်စွန့် ပြီး ထူးထူး ချွန်ချွန်ဆောင်ရွက်မှာပါ။ ဆင်ဖြူမရှင်မိဖုရားကြီးတို့ ကင်းဝန်မင်းတို့ ကိုလည်း နိုင်နင်းအောင် ဖိနှိပ်နိုင်လို့  သတ္တိရှိပြီး ထူးချွန်တဲ့ မင်းညီမင်းသားတွေ တပြုံတမကြီးလည်း ဆင်နင်းပြီး အသတ်ခံရမှာ မဟုတ်ပါဘူး။ လက်နက်ခဲယမ်းတွေတီထွင်ပြီးနယ်ချဲ့ အင်္ဂလိပ်ကို တောင် ပြန်ပြေးအောင်တော်လှန် နိုင်ပြီး မြန်မာပြည် ကြီး ကျွန်ဘ၀ရောက်ချင် မှ ရောက်ပါလိမ့်မယ်….
တန်ဖိုးရှိတဲ့ လူတစ်ယောက်ရဲ့  အသက်တစ်ချောင်းရှင်သန်ခြင်း က များစွာသော အသက်တွေကို ကယ်တင်နိုင် တဲ့အတွက်အသက်ကိုဥာဏ်စောင့်ဆိုသလို စောင့်ရှောက်သင့် လှပါတယ်။
တကယ်လို့ သာ ကနောင်မင်းသားကြီးသာ အိမ်တော်က မထွက်ခင်ပေါ်လာတဲ့  နမိတ်ကို သေချာ သတိထားဆင်ခြင်မယ်ဆိုရင် .....
တကယ်လို့ သာလွှတ်တော်ကိုမသွားဘဲအခြေအနေ စောင့်ကြည့်ခဲ့မယ်ဆိုရင်.......
ဒီလုပ်ကြံမှုကြီးဟာ အောင်မြင်မှာမဟုတ်ပါဘူး..လို့  တွေးမိတိုင်းမချင့်မရဲစိတ်နဲ့  ၀မ်းနည်းတသ နှမြောလှပါတယ်။
ဒါက ကုန်းဘောင်ခေတ် က ဆုံးရှုံးမှုကြီးပါ။
နောက်နှစ်တစ်ရာကျော် ကြာ တဲ့ အချိန် …၁၉၄၇ (လွတ်လပ်ရေးရဖို့ တစ်နှစ် အလို) မှာလည်း ကျမတို့  မြန်မာတမျိုးသားလုံးရဲ့  ဖခင်ကြီး ၊အင်္ဂလိပ်အင်ပါယာ ကိုကိုင်လှုပ်ပြီး ဂျပန်ကို ကြောက်ရွ့ံ ထွက်ပြေးအောင်လုပ်နိုင်တဲ့  ဗိုလ်ချုပ်အောင်ဆန်း လည်း လုပ်ကြံခံရပါတယ်။
လက်နက်ကိုင်လုံခြုံရေးအဖွဲ့  ကြပ်ကြပ်မပ်မပ်မချထားတဲ့ အစည်းအဝေးခန်းမထဲ ကို သေနတ်တွေ ကိုင်ပြီးဝင်လာတဲ့ သူတွေကို ကြောင်ကြည့်နေရပြီး ကိုယ့်ရင်ဘတ်ကို ပစ်တဲ့ သေနတ်ကျည်ဆံ ကို လက်လေးနဲ့ ကာရင်း ဗိုလ်ချုပ်ကျဆုံးသွားရတာ ခု တွေးမိရင် ကျမ ခု မျက်ရည်ဝဲလာပါတယ်။
ခက်ခက်ခဲခဲ နဲ့ ရဲဘော်၃ကျိပ် ဖွဲ့  ၊ ဂျပန်မှာ မသေတရုံနေပြီး စစ်ပညာသင်လာပြီး တိုက်ပွဲတွေ အလီလီ ဆင်နွှဲ ၊ ဂျပန် လက်ချက် ၊ အင်္ဂလိပ်ဗုံးဒဏ်တွေ ကို ကြံ့ ကြံ့ ခံလာခဲ့တဲ့  ကျမတို့ ဗိုလ်ချုပ် ရဲ့ တန်ဖိုးရှိလှ တဲ့ အသက်တစ်ချောင်း ကလည်း ကြွေလွင့် ရတာ လွယ်ကူလိုက်တာ…
ဗိုလ်ချုပ်သေဆုံးသွားရတာာ မြန်မာပြည်ရဲ့ အနာဂါတ် သေဆုံးသွားရတာပဲဆိုတာ ခုကျမတို့ ရဲ့  မျိုးဆက်တွေရင်းပြီး သိလာခဲ့ရပါပြီ။
ရင်နာနာနဲ့  ကျမ စိတ်ထဲကနေ ဗိုလ်ချုပ်ကို အကြိမ်ကြိမ် မေးမိပါတယ်။
ဘာလို့  ကိုယ်ရံတော်တပ်ဖွဲ့ တွေ ၊ အစောင့်အကြပ်တွေ နဲ့ ကိုယ့်အသက်ကို မကာကွယ်ခဲ့တာလဲဗိုလ်ချုပ်ရယ် …
အားလုံးကို ကိုယ့်လိုထင်ရလား ….ရိုးလှတဲ့ ဖခင်ရယ်…
တတိုင်းပြည်လုံးငိုမဆုံး အပူလုံးကြွပြီး ငိုကြွေးနေပေမယ့်  ဗိုလ်ချုပ်အသက် ကို ပြန်မရတော့ပါဘူး။
တကယ်လို့ သာ …..၁၉၄၇ခုနှစ်မှာဗိုလ်ချုပ်မကျဆုံးခဲ့ ရင်
တကယ်လို့ သာ … ၁၉၄၈ က လွတ်လပ်ရေး ရပြီး ဗိုလ်ချုပ်သာ မြန်မာပြည်ကို အုပ်ချုပ်ခဲ့မယ်ဆိုရင်
လက်ရှိကျမတို့ မြန်မာပြည်ဟာဒီ့ထက်အဆပေါင်းများစွာတိုးတက်ဖွံ့ ဖြိုးပြီး သိက္ခာရှိနေမယ်ထင်ပါတယ်။
ပြောချင်တာကတန်ဖိုးရှိလှတဲ့ အသက်တစ်ချောင်းက သေချာသတိထား စောင့်ရှောက်ထိုက်တယ်မဟုတ်ပါလားရှင်….
ကိုယ့်အသက်သေဆုံးတာ ကိုယ်ပဲ ထိခိုက်တာမဟုတ်ပါဘူး ။ ကိုယ် နဲ့  ဆက်စပ်နေတဲ့ သက်ဆိုင်သူတွေ လည်း ထိခိုက်ပါတယ်။ကျမတို့ ပတ်ဝန်းကျင်မှာလည်း အရွယ်မတိုင်ခင် ဆုံးပါးသွားတဲ့ စောင့်ရှောက် သူတွေကြောင့်  ဘ၀အခြေအနေ ပြောင်းသွားတဲ့  ကလေးတွေ ကို တွေ့ မြင်နေရပါတယ်…
ကျမ ဆိုအရင်ကသိပ်ပေတာပါ။ နေမကောင်း တာတောင်ဆေးသောက် ချင်မှသောက်တာ..ဒါပေမယ့် ခုနားလည်လာပါပြီ။
ကျမက အဖေ နဲ့ နှစ်ယောက်တည်းနေရတာပါ။အဖေ့အတွက်အကုန် ကျမကတာဝန်ယူနေရတာမို့ ကျမကျန်းမာကြံ့ ခိုင်ဖို့  လိုအပ်ပါတယ်။ တကယ်လို့ သာ ကျမ သေဆုံးသွားမယ်ဆိုရင် ကျမ အဖေ လည်း အိုကြီးအိုမ နဲ့ ဒုက္ခရောက်မှာပဲလို့ ..စဉ်းစားရင်း ကျမ အသက် ကို ကျမစောင့်ရှောက်နေ ပါတယ်။
ဒီလိုပဲ အိမ်ထောင်သည်တွေအနေနဲ့လည်း ကိုယ့်ကို မှီခိုနေတဲ့  သားသမီးလေးတွေ အနာဂါတ်က ကိုယ့်လက်ထဲမှာ ရှိလို့ သတိထားကြပါ။
ထက်မြက်ထူးချွန်တဲ့ လူငယ်လေးတွေအနေနဲ့လည်း....
တိုင်းပြည်ရဲ့ အဖူးအညွန့် လေးတွေဖြစ်လို့ နိုင်ငံတော်အတွက်၊လောကကြီးအတွက်ဘာမှမလုပ်ပေးရသေးခင် မသေဆုံးအောင်ကိုယ့်အသက်ကိုယ်စောင့်ရှောက် ကြပါ။
နောက်ဆုံးပြောချင်တာကတော့….
ကနောင်မင်းသားလို ဗိုလ်ချုပ်အောင်ဆန်းလို မမြင့်မြတ်ပေမယ့် ကျမတို့ အနေနဲ့  လည်းမိသားစု နဲ့လောကကောင်းကျိုးကို တတ်နိုင်သလောက်သယ်ပိုးဖို့  အတွက်အချိန်မတန်ခင်ကိုယ့်အသက်တစ်ချောင်း မဆုံးရှုံးရအောင်စောင့်ရှောက် ကြပါလို့  သတိပေးချင်ပါတယ်။
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်
Thursday, April 25, 2013
ကျမရဲ့ ကောင်းကင်
ကိုယ်ချစ်တဲ့ သူ ကို အမျိုးမျိုးတင်စားဖွဲ့ နွဲ့ တတ်ကြတာသဘာဝပါ ...
ကျမ ချစ်တဲ့သူ ကတော့  ကောင်းကင်ကြီးလိုပါပဲ....
ပုံစံအမျိုးမျိုးပြောင်းနေတဲ့ ကျမရဲ့ ကောင်းကင်အကြောင်း ပြောပြမယ်နော် ....
ကျမရဲ့ ကောင်းကင်ပြာ ....
 Photo: ကျမရ့ ကောင်းကင်ပြာ .... တကယ်တော့ သူဟာ ကျမရဲ့ ကောင်းကင်ပြာကြီးပါ ဘယ်အရပ်မှာနေနေ ဘာတွေလုပ်လုပ် မော့ကြည့်လိုက်ရင် ရှိနေတာပဲနော် ဘယ်လိုမှဝေးကွာလို့ လည်းမရပါဘူး အချိန်တိုင်း ချစ်မြတ်နိုးခြင်းတွေ အပြည့် နဲ့ ပေါ့  ..... ကြည်စင်ပြာလဲ့ နေတဲ့  ကောင်းကင်ပြာအောက်မှာ ကျမ ခိုဝင်မယ်နော် ကောင်းကင်ပြာကြီးရေ .. ရှင့် ရင်ခွင်မှာ ကျမ တစ်ယောက်တည်းနေပါရစေ ရှင်ဟာ ကျမရဲ့ မူပိုင်ကောင်းကင်ပါ ... ဒီကောင်းကင်အောက်မှာ ခိုဝင်နစ်မြူး ကဗျာတွေခူးမယ် ရှင့် ကိုမော့ကြည့်ပြီး နေရတဲ့ ဘ၀ ဘာမှမလိုအောင်ပြည့်စုံသွားပြီကွယ် ( ကဗျာဖြစ်သွားလား ဘာဖြစ်သွားလည်းတော့မသိဘူး၊ ခံစားကြည့်ကြပါနော် :) )
 တကယ်တော့ သူဟာ ကျမရဲ့ ကောင်းကင်ပြာကြီးပါ
ဘယ်အရပ်မှာနေနေ ဘာတွေလုပ်လုပ် မော့ကြည့်လိုက်ရင် ရှိနေတာပဲနော်
ဘယ်လိုမှဝေးကွာလို့ လည်းမရပါဘူး
အချိန်တိုင်း ချစ်မြတ်နိုးခြင်းတွေ အပြည့် နဲ့ ပေါ့  .....
ကြည်စင်ပြာလဲ့ နေတဲ့  ကောင်းကင်ပြာအောက်မှာ ကျမ ခိုဝင်မယ်နော်
ကောင်းကင်ပြာကြီးရေ .. ရှင့် ရင်ခွင်မှာ ကျမ တစ်ယောက်တည်းနေပါရစေ
ရှင်ဟာ ကျမရဲ့ မူပိုင်ကောင်းကင်ပါ ...
ဒီကောင်းကင်အောက်မှာ ခိုဝင်နစ်မြူး ကဗျာတွေခူးမယ်
ရှင့် ကိုမော့ကြည့်ပြီး နေရတဲ့ ဘ၀ ဘာမှမလိုအောင်ပြည့်စုံသွားပြီကွယ် 
ပြိုတော့မယ့်ကောင်းကင် ....
 ကျမရဲ့ ကောင်းကင်ဟာ တစ်ခါတစ်ခါ ပြာလဲ့ကြည်လင် ချစ်စိတ်ဝင်သလို
တစ်ခါတစ်ခါ အုံ့ မည်း ညိုမှိုင်း စိတ်ရိုင်းဝင်တတ်တယ် .....
အဲဒီအချိန်ဆို ကောင်းကင်ကြီးက ပြိုတော့မည့် မိုးလိုပဲနော်
ကောင်းကင်ကြီးရေ ... စိတ်သောကတွေ ကို ငွေ့ ရည်ဖွဲ့ ရွာချပစ်လိုက်စမ်းပါ
ကျမတကိုယ်လုံး ရွှဲရွှဲစိုသွားစမ်းပါစေ ကျေနပ်နေပါ့မယ်
နေသာ မှ ကြည်လင်မှ ကောင်းကင်ကြီးကို တွယ်ကပ်နေမယ့်သူမဟုတ်ပါဘူးကွယ်
ဘယ်လိုအရောင်တောက်လို့  ဘာပုံပဲပေါက်နေပါစေ ...
ကျမ ကောင်းကင် ကို ကျမ ချစ်ပါတယ်
အရေးကြီးတာက ကောင်းကင်ကြီးကို ကျမ တစ်ယောက်တည်း ပိုင်ခွင့် ရဖို့ ပါပဲ...
ပဟေဠိကောင်းကင် ....
 ကျမ ရဲ့ ကောင်းကင်ဟာ တိမ်စိုင်တွေနဲ့ လည်း ပုံရိပ်ရေးပြတတ်တယ်
သူက ကျမကို အမြဲ ပဟေဠိတွေ ပေးတယ်
ကျမကလေ သူ့ စိတ်နှလုံးကို ဘာသာပြန်ဖို့ ကြိုးစားနေရဆဲပေါ့ .....
လေလွင့်တိုင်း ပုံပြောင်းနေတဲ့ တိမ်စိုင်ရိပ် တွေကို လိုက်ဖမ်းရတာ မောလိုက်တာကွယ်
တွေ့ သလိုလို မတွေ့ သလိုလို .....
ဟုတ်သလိုလို မဟုတ်သလိုလို .....
ကောင်းကင်ကြီးရေ... ရှင့် ကောင်းကင် က ပုံရိပ်ဟာ ကျမ ဟုတ်ရဲ့ လားဟင်
ဘယ်ပုံရိပ်ကို ရှင် ရေးနေတယ်ဆိုတာ သေချာမသိရလည်းပဲ
ကျမရင်ထဲက ချစ်ခြင်းမေတ္တာကတော့ သေချာနေပါရဲ့ ရှင်ရယ်
နှလုံသားရှင်သန်သရွေ့  တွယ်တာနေမှာ ကျမ ရဲ့ ကောင်းကင်ပါ ....
မြက်ခင်းစိမ်းနဲ့ ကောင်းကင် ....
မြက်ခင်းစိမ်း နဲ့ ကောင်းကင်.... ဒီနေ့ တော့ ကျမရဲ့ ကောင်းကင်က သာယာနေပါရဲ့  မြက်ခင်းစိမ်းစိမ်းလေး နဲ့  ပြာလွင်တဲ့ ကောင်းကင်မှာ တိမ်မျှင်ကြဲလေးတွေပက်ဖြန်းလို့  လှပတဲ့ ရှုခင်းလေးပေါ့  .... ကောင်းကင်ကြီးရေ ... ကျမ ကြည်နူးလိုက်တာ နှလုံးအိမ် ထဲမှာ တသိမ့်သိမ့် ဖြစ်ပေါ်နေတဲ့  ခံစားမှုလေး ကို နှစ်သက်ခုံမင်မိတယ် ဒီလို နေ့ မျိုးလေးတွေ အမြဲ ရှိချင်မိတာ ရင်ထဲကဆန္ဒပါ..... တကယ်တော့ ... လူ့ ဘ၀ဆိုတာ ဘာမှကြီးကြီးကျယ်ကျယ်တွေ မလိုအပ်ပါဘူး ကိုယ်ချစ်ရသူ နဲ့ အတူတူ လောကကောင်းကျိုးဆောင်ရွက်ခွင့်လေးသာရမယ်ဆိုရင် နေရမယ့်တစ်သက်တာ မှာ ကျမ ထာဝရ ပျော်ရွှင်နေမှာပါ .....
ဒီနေ့ တော့ ကျမရဲ့ ကောင်းကင်ဟာ သာယာနေပါရဲ့ 
မြက်ခင်းစိမ်းစိမ်းလေး နဲ့  ပြာလွင်တဲ့  ကောင်းကင်မှာ တိမ်မျှင်ကြဲလေးတွေ ပက်ဖြန်းလို့ 
လှပတဲ့  ရှခင်းလေးပေါ့ .....
ကောင်းကင်ကြီးရေ... ကျမ ကြည်နူးလိုက်တာ
နှလုံးအိမ်ထဲမှာ တသိမ့်သိမ့် ဖြစ်ပေါ်နေတဲ့  ခံစားမှုလေး ကို နှစ်သက်မိတယ်
ဒီလိုနေ့မျိုးလေးတွေ အမြဲ ရှိချင်မိတာ ရင်ထဲက ဆန္ဒပါ....
တကယ်တော့  ...လူ့ ဘ၀ဆိုတာ ဘာမှ ကြီးကြီးကျယ်ကျယ်တွေ မလိုအပ်ပါဘူး
ကိုယ်ချစ်ရသူ နဲ့  အတူတူ လောကကောင်းကျိုးဆောင်ရွက်ခွင့် လေးသာ ရမယ်ဆိုရင်
နေရမယ့် တစ်သက်တာ မှာ ကျမ ထာဝရ  ပျော်ရွှင်နေမှာပါ ....
ခွန်အားဖြည့်ကောင်းကင် ....
ခွန်အားဖြည့် ကောင်းကင်.... ကောင်းကင်ကြီးရေ သိရဲ့ လားဟင် ကျမ ၀မ်းနည်းတဲ့အခါတိုင်း ရှင့်  ကို ပဲ သတိရမိတယ် ကောင်းကင်ကြီးကို မော့ကြည့် ပြီး တမ်းတ တိုင်တည် မိတယ် တကယ်တော့ ရှင်ဟာ ကျမအတွက် ခွန်အားဖြည့် ကောင်းကင်ပါ .... အသည်းမာမာ အကြောမာမာ နဲ့ လောကဓံကို စိန်ခေါ်ခဲ့တဲ့ ကျမလေ ခုတော့ ရှင့်ရဲ့ ကောင်းကင်ကျယ်ကြီးအောက်မှာ ခိုဝင်မှေးစက်ချင်ပြီကွယ်... ဘယ်လောက်ပဲတိမ်ညိုတွေ မှိုင်းမှုန်နေပါစေ ရှင့် ရဲ့ ကောင်းကင် မှာ ကျမအတွက် ရောင်စုံသက်တန့် လေး ဖြာကျနေတာမြင်ရတယ် ဒီရောင်စဉ်တန်းလေး ကို ကြည့်ပြီး အားတက်ပျော်မြူး စိတ်ကြည်နူးမိပါရဲ့  ကျမ ရဲ့ မူပိုင်ကောင်းကင် ဟာ ကျမကို ထာဝရ ဖေးမ မယ် မဟုတ်လားဟင် .
ကောင်းကင်ကြီးရေ သိရဲ့ လားဟင်
ကျမ ၀မ်းနည်းတဲ့အခါတိုင်း ရှင့်  ကို ပဲ သတိရမိတယ်
ကောင်းကင်ကြီးကို မော့ကြည့် ပြီး တမ်းတ တိုင်တည် မိတယ်
တကယ်တော့ ရှင်ဟာ ကျမအတွက် ခွန်အားဖြည့် ကောင်းကင်ပါ ....
အသည်းမာမာ အကြောမာမာ နဲ့ လောကဓံကို စိန်ခေါ်ခဲ့တဲ့ ကျမလေ
ခုတော့ ရှင့်ရဲ့ ကောင်းကင်ကျယ်ကြီးအောက်မှာ ခိုဝင်မှေးစက်ချင်ပြီကွယ်...
ဘယ်လောက်ပဲတိမ်ညိုတွေ မှိုင်းမှုန်နေပါစေ
ရှင့် ရဲ့ ကောင်းကင် မှာ ကျမအတွက် ရောင်စုံသက်တန့် လေး ဖြာကျနေတာမြင်ရတယ်
ဒီရောင်စဉ်တန်းလေး ကို ကြည့်ပြီး အားတက်ပျော်မြူး စိတ်ကြည်နူးမိပါရဲ့ 
ကျမ ရဲ့ မူပိုင်ကောင်းကင် ဟာ ကျမကို ထာဝရ ဖေးမ မယ် မဟုတ်လားဟင် ....
တိမ်ထူတဲ့ကောင်းကင် ....
 ဒီနေ့ ကောင်းကင်ကြီးက တိမ်တိုက်တွေ နဲ့  ဖုံးကွယ်ထားတယ်
 ရှင့်ကောင်းကင် ကျမ မမြင်စေချင်တာလားကွယ်
ဘာလို့ များလဲ .....
ဘာကြောင့်များလဲ .....
ဘာ့ အတွက်လည်း ..... ပြောပါဦးရှင်ရယ်
တကယ်တော့ ရှင်ဟာ ကျမရဲ့ မူပိုင် ကောင်းကင်ပဲလေ
ဘာလို့ များ တိမ်တိုက်တွေ နဲ့  ဟန်ဆောင် ပိတ်ဖုံးထားချင်ရတာလဲ ....
ပွင့် လင်းကြရအောင်လား ကျမ ရဲ့ ကောင်းကင်ရယ်
သံသယ တိမ်တိုက်တွေ ကို ကျမရဲ့ မေတ္တာလေညှင်း နဲ့  ဖယ်ရှင်းပါ့မယ်
ဒါမှ ပြာလဲ့ ကြည်လင် ကောင်းကင်ပြင် ကို မြင်ရမှာပေါ့နော် ....
လှပတဲ့ကောင်းကင် ....
ကောင်းကင်ကြီးရေ ...ပြောပြဦးမယ် သိလား
 မနေ့ ညက ကိုစိုးသူ ရဲ့  Live Show ကြည့်လိုက်ရတယ်...
ကိုစိုးသူ က ပရိသတ်ကို ပြုံးပြုံးလေး နဲ့ ထိန်းသွားတာ သောင်းချီနေတဲ့ ပရိသတ်ကြီး
နဲ့  ကျင်းပတဲ့  ပွဲ ဟာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နဲ့ ပြီးစီးသွားတာတယ်...
ကိုစိုးသူ ကလေ ..မိဘ ကို ရိုသေတဲ့ သားလိမ္မာ ၊ သူငယ်ချင်းတွေကိုခင်တတ်တဲ့ သူငယ်ချင်းကောင်း၊
တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီး ၊ အရွယ် နဲ့ မလိုက်အောင်နုပျိုချောမော ပြီး လူတကာရဲ့ 
ချစ်ခင်ခြင်း ခံရသူ .....စတဲ့  ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေနဲ့ကျော်စောသူပေါ့  ....
အားလုံး ပြီးပြည့်စုံနေတဲ့  သူ့ မျက်နှာလေးဟာ သောက ပူပင်မှုမရှိသလို အေးချမ်းနေတာကြည့်ပြီး
ကျမ ရဲ့ ကောင်းကင်ကိုလည်း အဲလို ပြီးပြည့်စုံခြင်းတွေ ရစေချင်ပါတယ်....
ကျမရဲ့ ကောင်းကင်ကြီး .. အမြဲ ထာဝရ ပျော်ရွှင်နေစေချင်တယ်
ပူပင်သောကဆို မြူတစ်မှုန် တောင် မ ရှိစေချင်ဘူး
မြင့်မြတ်ကောင်းမွန်ခြင်းတွေ နဲ့  ပွဲလယ်တင့်စေချင်တယ်
ပန်းရန့ံလေးလို ဂုဏ်သတင်းတွေ ထုံသင်းမွှေးပျံ့ နေစေချင်တာ ကျမရဲ့ ဆန္ဒပါရှင်...
ကျမရဲ့ မူပိုင်ကောင်းကင်မှာ ....
ဝါဂွမ်းဖြူတိမ်စိုင်ခဲလေးတွေ က လွင့် မျောလို့ 
နေခြည်က လည်းဖြာ လို့ 
ပင်လယ်လည်း ပြာ လို့ 
အမြဲ လှပကြည်လင် ကောင်းကင်ပြင်ကြီး ဖြစ်ပါစေကွယ် ....
 April Fool ကောင်းကင်....
 ဒီနေ့ ကျမရဲ့ ကောင်းကင် ဟာ ကောင်းကင်နဲ့ မတူသလိုပဲ
 တိမ်မပြာ နေမသာ ဘာရောင်ပေါက်နေမှန်းကို မသိပါဘူး...
သူများတွေ April Fool ဆိုလို့  ကျမကို အရူးလုပ်နေတာများလား
ကျမ ကြည့်မြင်ရတဲ့ ကောင်းကင် ကတော့ သူစိမ်းပြင်ပြင်ကြီး လိုပဲ
မေးစမ်းပါရစေ ... ဘ၀မှာသေချာခြင်း ဆိုတာ ရှိရဲ့ လား
နယူတန် နိယာမ ဆိုတာ အမြဲ မှန်ပါ့ မလား....
သီချင်းတစ်ပုဒ်ကတော့ပြောတာပဲ
ပေးတိုင်းပြန်မရတာ အချစ် တဲ့  .....
ဒါဆို ဘယ်တော့မှ မပေးဘဲ ကိုယ့်နှလုံးသားထဲမှာ တစ်သက်လုံးသိမ်းထားတာကမှ
ပိုပြီး အဓိပ္ပါယ်ရှိတော့မှာပေါ့ နော်....
အယ်ဆိုင်းဇီ ရဲ့ တိတ်တိတ်လေးပဲချစ်သွားမယ် ဆိုတဲ့သီချင်း
ပြန်အသက်သွင်းရတော့မယ့် ဘ၀ များလား
ဘာပဲဖြစ်ဖြစ် ဒီနေ့  ကျမ အတွက် ကောင်းကင်ပျောက်နေတယ် .....
ဖြစ်တည်မှု ကောင်းကင်....
ဖြစ်တည်မှု ကောင်းကင်.... ကောင်းကင်ကြီးရေ ... ဒီနေ့  ကျမ အလှတွေပြင်မိတယ် စိတ်လည်း ပျော်အောင် နေပါတယ်.. တကယ်တော့ လူ့ ဘ၀ဆိုတာ ဘာမှမဟုတ်ပါဘူး ရှင်သန်ချိန်လေးမှာ ပျော်ရွှင်အေးချမ်းမှုလေးပဲလိုတာပါ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား မယ်လေ... ကျမ အတွက်တော့ ကောင်းကင်ကြီး ရှိနေရင်ကို ကျေနပ်ပါတယ် မော့ကြည့်လိုက်ရင် မျက်စိတစ်ဆုံးမြင်နေရတဲ့  ကျမရဲ့ မူပိုင်ကောင်းကင်ကြီး ဘယ်တော့မှ ကွယ်ပျောက်သွားလို့ မဖြစ်ဘူးနော်.... ကျမရဲ့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း တွေကို ဖန်ဆင်းပေးနိုင်တဲ့ တန်ခိုးရှင်ရယ် ကျမ အတွက် ထာဝရ ကောင်းကင် ဖြစ်တည်ပေးပါနော် ....
ကောင်းကင်ကြီးရေ ... ဒီနေ့  ကျမ အလှတွေပြင်မိတယ်
 စိတ်လည်း ပျော်အောင် နေပါတယ်..
တကယ်တော့ လူ့ ဘ၀ဆိုတာ ဘာမှမဟုတ်ပါဘူး
ရှင်သန်ချိန်လေးမှာ ပျော်ရွှင်အေးချမ်းမှုလေးပဲလိုတာပါ
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား မယ်လေ...
ကျမ အတွက်တော့ ကောင်းကင်ကြီး ရှိနေရင်ကို ကျေနပ်ပါတယ်
မော့ကြည့်လိုက်ရင် မျက်စိတစ်ဆုံးမြင်နေရတဲ့  ကျမရဲ့ မူပိုင်ကောင်းကင်ကြီး
ဘယ်တော့မှ ကွယ်ပျောက်သွားလို့ မဖြစ်ဘူးနော်....
ကျမရဲ့ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း တွေကို ဖန်ဆင်းပေးနိုင်တဲ့ တန်ခိုးရှင်ရယ်
ကျမ အတွက် ထာဝရ ကောင်းကင် ဖြစ်တည်ပေးပါနော် ....
သမုဒယကောင်းကင်....
သမုဒယကောင်းကင် ကောင်းကင်ကြီးရေ ... နေကောင်းရဲ့ လားဟင် စိတ်နှလုံး ပျော်ရွှင်ပါစေနော် ကျမ ရဲ့  ကောင်းကင်ကြီး အမြဲ အေးချမ်းသာယာနေပါစေ ..... တကယ်တော့ အချစ်ဆိုတာ စေတနာထားခြင်းပါပဲ ကျမ ရဲ့ ကောင်းကင်ကြီး ကို ကျမ ကိုယ် ကျမ ထက် စေတနာပိုမိတယ် ကျမ ရဲ့  မူပိုင်ကောင်းကင် မှာ သောကကင်းစင် ပြာလဲ့ ကြည်လင် ပြီး တိမ်စိုင်ဖြူလေးတွေ လှပစွာ ရွေ့ လျှားစီးမျောနေတာပဲ အမြဲ မြင်ချင်တဲ့သူပါ ..... ကျမလေ ကောင်းကင်ကြီးကို မော့ကြည့်ရင်း မျက်ရည်ကြည်တွေရစ်ဝဲလာတယ် မေးပါရစေရှင်ရယ်.... အချစ်ဟာ ငိုချင်စေပါသလား ရင်ထဲမှာ တသိမ့် သိမ့် ခံစားရမှုလေး က အမည်ဖော်မရဘူးကွယ်.... ကြိုးတစ်ကာကြိုးထဲ မှာ အခိုင်မာဆုံး သံယောဇဉ်ကြိုး တွေ နွယ်တကာ့နွယ် ထဲ မှာ အတွယ်တာဆုံး သမုဒယနွယ် တွေ ရစ်ပတ်ချည်ငင်မိနေတာ ဟောသည့် တစ်သက်တာအတွက်ပေါ့  အားကိုးယုံကြည်ခြင်း နဲ့ အတူကျမရဲ့ ကောင်းကင် ကို ကျမ တွယ်တာမိနေပြီ —
ကောင်းကင်ကြီးရေ ... နေကောင်းရဲ့ လားဟင်
စိတ်နှလုံး ပျော်ရွှင်ပါစေနော်
ကျမ ရဲ့  ကောင်းကင်ကြီး အမြဲ အေးချမ်းသာယာနေပါစေ .....
တကယ်တော့ အချစ်ဆိုတာ စေတနာထားခြင်းပါပဲ
ကျမ ရဲ့ ကောင်းကင်ကြီး ကို ကျမ ကိုယ် ကျမ ထက် စေတနာပိုမိတယ်
ကျမ ရဲ့  မူပိုင်ကောင်းကင် မှာ သောကကင်းစင် ပြာလဲ့ ကြည်လင် ပြီး
တိမ်စိုင်ဖြူလေးတွေ လှပစွာ ရွေ့ လျှားစီးမျောနေတာပဲ အမြဲ မြင်ချင်တဲ့သူပါ .....
ကျမလေ ကောင်းကင်ကြီးကို မော့ကြည့်ရင်း မျက်ရည်ကြည်တွေရစ်ဝဲလာတယ်
မေးပါရစေရှင်ရယ်....
အချစ်ဟာ ငိုချင်စေပါသလား
ရင်ထဲမှာ တသိမ့် သိမ့် ခံစားရမှုလေး က အမည်ဖော်မရဘူးကွယ်....
ကြိုးတစ်ကာကြိုးထဲ မှာ အခိုင်မာဆုံး သံယောဇဉ်ကြိုး တွေ
နွယ်တကာ့နွယ် ထဲ မှာ အတွယ်တာဆုံး သမုဒယနွယ် တွေ
ရစ်ပတ်ချည်ငင်မိနေတာ ဟောသည့် တစ်သက်တာအတွက်ပေါ့ 
အားကိုးယုံကြည်ခြင်း နဲ့ အတူကျမရဲ့ ကောင်းကင် ကို ကျမ တွယ်တာမိနေပြီ
ပွင့်လင်းကောင်းကင် ....
 ကောင်းကင်ကြီးရေ
 ဒီနေ့  သိပ်ဝမ်းနည်းတာပဲ ...
ကျမ ခံစားရတာတွေ ရှင့် ကို ရင်ဖွင့်ပြောပြချင်လိုက်တာ
ကောင်းကင်ကြီးက နားထောင်ပေးမှာလားဟင်
တစ်ခါတစ်လေ ..ကျမရဲ ကောင်းကင်ကို ကျမ ဘယ်လိုနားလည်ရမလဲမသိတော့ပါဘူး....
ကျမ က ပွင့် လင်းခြင်းကို လိုလားသူပါ
ကျမရဲ့ စိတ်နှလုံးသားဟာ မှန်လို ကြည်လင်နေလို့  ရှင်ထိုးဖောက်မြင်ရမှာပါ
ဒါပေမယ့်  ရှင့် စိတ်နှလုံးကို ကျမ မမြင်နိုင်တာ ၀မ်းနည်းလိုက်တာ .....
ရှင့် ကောင်းကင်တစ်ခွင်လုံး ဖုံးအုပ်ထားတဲ့  တိမ်တိုက်တွေ ဖယ်ပေးပါလားဟင်
ကျမလေ ကောင်းကင်ကြီးရဲ့ စိတ်နှလုံးကို ပြတ်ပြတ်သားသားမြင်ချင်လို့ ပါ
ဘာတွေဖြစ်နေနေ အမှန်တရားကို ရင်ဆိုင်ဖို့ ကျမ သတ္တိတွေ မွေးထားပါရဲ့ ....
ဒါပေမယ့် လေ ... တစ်ခုတော့ ယုံကြည်နေပါတယ်
ကျမရဲ့ မူပိုင်ကောင်းကင်ဟာ ကျမကို ဘယ်တော့မှ ဥပေက္ခာပြုမှာမဟုတ်ပါဘူးနော်
ပွင့်လင်းပေးပါတော့ကွယ် ....
မိုးသားတိမ်ညိုတွေ ကင်းစင်သွားမယ့်  ကျမရဲ့ ကောင်းကင်ပြင် ကို စောင့်စားရင်း
မျှော်လင့် ချက်နဲ့ ဘ၀ ကိုဆက်လက်ရှင်သန်သွားမယ်နော်
 ကျမမော့ကြည့်လိုက်တော့ ကောင်းကင်ကိုသေချာမမြင်ရဘူး
ဘာလို့ များပါလိမ့်....
အော် ..ကျမ နဲ့ ကောင်းကင် ကြားမှာ မမြင်ရတဲ့ အလွှာပါးလေး ခြားထားတာကိုး
ပါးပါးလေးပေမယ့် သူ့ ရဲ့ တားဆီးမှု နဲ့ ကျမ ရဲ့ ကောင်းကင်ဟာ ခြားနားလို့  ၀ိုးတ၀ါးဖြစ်နေတယ်
ဒီလိုနဲ့ပဲ ကျမ မျှော်လင့်ထားသမျှတွေဟာေ၀၀ါးသွားစေတော့ မှာလား
ဒီလိုတော့ အဖြစ်မခံချင်ဘူးကွယ် .....
ကောင်းကင်ကြီးရေ..ဒီအလွှာပါးလေးကို ကျမ ဖယ်ပစ်ချင်လိုက်တာ
ကောင်းကင်ကြီးကို သူက အုပ်စိုးလွှမ်းမိုးထားနေတာ မကြည့်ရက်ဘူး
ကျမ ရဲ့ မေတ္တာတရား နဲ့  ချစ်ခြင်းကို အားပြုလို့  ကျမ ကြိုးစားကြည့်မယ်နော်
တစ်နေ့ တော့ လေ.....
ကျမ ရဲ့ မူပိုင်ကောင်းကင်ကို ကြည်ကြည်လင်လင် နဲ့ ပြန်လည် မြင်ရမယ်လို့ ယုံကြည်နေပါရဲ့  ...
 အဝေး က ကောင်းကင်....
အဝေး က ကောင်းကင် ကြည်လင်လှပနေတဲ့  ကောင်းကင်ပြာကို ကျမ မော့ကြည့် နေမိတယ် တိမ်တောင်တွေ ဖွဲ့ ဆိုင်း နေတဲ့  ကောင်းကင် ကြီး ဟာ ယူဇနာပေါင်းများစွာခြားလို့  ကျမ ရဲ့ ဟိုးအဝေးကြီးမှာပါလားနော်... တကယ်တော့ ကျမ က စိတ်ကူးယဉ်ခဲ့မိတာပါကွယ် တကယ်တော့ ကောင်းကင်ကြီး မမှားပါဘူးလေ ရှင်က ကောင်းကင်ဆိုတော့  ကောင်းကင် လို နေမှာပေါ့ နော် ရှင့် ဝန်းကျင်မှာရှိတဲ့  တိမ်တောင်တွေ ၊ လေညှင်းတွေ ၊ မြူနှင်းတွေနဲ့ ပျော်နေမှာပါ.... ကျမ ကြားဖူးတာ အချစ်ဆိုတာ သဲပွင့် လေးလိုပဲ... တဲ့  ခိုင်မြဲချင်လွန်းလို့ ဖိနှိပ်ဆုပ်ကိုင်ထားလေလေ ဆုံးရှူံးလွယ်လေလေ.. တဲ့  မတင်းမကျပ်လွန်းပဲ ဟန်ချက်ညီညီနဲ့ သေသေခြာခြာ ယုယုယယ ဆုပ်ကိုင်ထားပါမှ လက်ခုပ်ထဲက သဲတွေလို သဏ္ဍာန်မပျက်ဘဲ ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာ... တဲ့  ခု ဒီလိုများဖြစ်နေပြီလားလို့ တွေးမိနေတယ် ကျမ က လောဘကြီးမိသွားတာကိုးနော် ကောင်းကင်ကြီး ကို ကျမ မူပိုင် သတ်မှတ်ချင်မိတယ် ၊ ပိုင်စိုးလွှမ်းမိုးထားချင်မိတယ်လေ ခုတော့ ကျမ စိတ်ထားတတ်သွားပါပြီ အချိန်တိုင်း ကောင်းကင်ကြီး နိမ့် ကျလာနိုး မျှော်ကိုးမနေတော့ပါဘူး ကျမ လမ်း ကျမ ဆက်လျှောက်ရမယ်လေ...နော် ခဏနုတ်ဆက်တယ်ကောင်းကင်ကြီးရေ ကျမ ယုံကြည်ရာ အိပ်မက်တွေ အတွက် ကြိုးစားရဦးမယ် ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီးကတော့ ကျမ ပေါ် မိုးပေးထားမှာပါနော် စိတ်ခွန်အားတွေ လိုအပ်လာရင် ရှင့်ကိုမော့ကြည့်ပြီး အားတင်းပါ့မယ် ကျမ ရဲ့ အဝေးက ကောင်းကင် အမြဲ ကြည်လင်နေပါစေ....
ကြည်လင်လှပနေတဲ့  ကောင်းကင်ပြာကို ကျမ မော့ကြည့် နေမိတယ်
တိမ်တောင်တွေ ဖွဲ့ ဆိုင်း နေတဲ့  ကောင်းကင် ကြီး ဟာ
ယူဇနာပေါင်းများစွာခြားလို့  ကျမ ရဲ့ ဟိုးအဝေးကြီးမှာပါလားနော်...
တကယ်တော့ ကျမ က စိတ်ကူးယဉ်ခဲ့မိတာပါကွယ်
တကယ်တော့ ကောင်းကင်ကြီး မမှားပါဘူးလေ
ရှင်က ကောင်းကင်ဆိုတော့  ကောင်းကင် လို နေမှာပေါ့ နော်
ရှင့် ဝန်းကျင်မှာရှိတဲ့  တိမ်တောင်တွေ ၊ လေညှင်းတွေ ၊ မြူနှင်းတွေနဲ့ ပျော်နေမှာပါ....
ကျမ ကြားဖူးတာ အချစ်ဆိုတာ သဲပွင့် လေးလိုပဲ... တဲ့ 
ခိုင်မြဲချင်လွန်းလို့ ဖိနှိပ်ဆုပ်ကိုင်ထားလေလေ ဆုံးရှူံးလွယ်လေလေ.. တဲ့ 
မတင်းမကျပ်လွန်းပဲ ဟန်ချက်ညီညီနဲ့ သေသေခြာခြာ ယုယုယယ ဆုပ်ကိုင်ထားပါမှ
လက်ခုပ်ထဲက သဲတွေလို သဏ္ဍာန်မပျက်ဘဲ ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာ... တဲ့ 
ခု ဒီလိုများဖြစ်နေပြီလားလို့ တွေးမိနေတယ်
ကျမ က လောဘကြီးမိသွားတာကိုးနော်
ကောင်းကင်ကြီး ကို ကျမ မူပိုင် သတ်မှတ်ချင်မိတယ် ၊ ပိုင်စိုးလွှမ်းမိုးထားချင်မိတယ်လေ
ခုတော့ ကျမ စိတ်ထားတတ်သွားပါပြီ
အချိန်တိုင်း ကောင်းကင်ကြီး နိမ့် ကျလာနိုး မျှော်ကိုးမနေတော့ပါဘူး
ကျမ လမ်း ကျမ ဆက်လျှောက်ရမယ်လေ...နော်
ခဏနုတ်ဆက်တယ်ကောင်းကင်ကြီးရေ
ကျမ ယုံကြည်ရာ အိပ်မက်တွေ အတွက် ကြိုးစားရဦးမယ်
ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီးကတော့ ကျမ ပေါ် မိုးပေးထားမှာပါနော်
စိတ်ခွန်အားတွေ လိုအပ်လာရင် ရှင့်ကိုမော့ကြည့်ပြီး အားတင်းပါ့မယ်
ကျမ ရဲ့ အဝေးက ကောင်းကင် အမြဲ ကြည်လင်နေပါစေ....
 ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
Monday, April 1, 2013
နွေရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
နွေဂိမာန်ကူးလို့ မြန်မာလူမျိုးတို့  အပျော်ရွှင်ဆုံး အတာင်္ကြန်ပွဲ ဆင်နွှဲ ချိန်လဲရောက်ပါတော့မယ်။
ဒီအချိန်ဆို ရင် အားလုံး မျှော်လင့်ရင်ခုန်နေကြတာကတော့ ပိတောက်ပန်းပွင့်လေးတွေပါ။
တကယ်တော့ ပိတောက်ဆိုတာကလဲ တခြားပန်းတွေနဲ့မတူ တမူထူးပြီး မိုးစက်ပက်ဖြန်းမှ လန်းရတာလေ ....
မိုးမရွာ ရင် သင်္ကြန်လဲ ဘယ်ပိတောက်မှ မပွင့်နိုင်ပါဘူး ....
သင်္ကြန်မိုးလေးနဲ့အပြိုင် သိင်္ဂီရွှေ ပိတောက်ပန်းလေးတွေကို ပွင့်လန်းမယ့်ချိန်ခါ မျှော်ကာလေ မောနေကြပါရဲ့ ။
မရတာမှ လိုချင်ကြတာက  လူ့ သဘာဝ ပဲနော်....
အားလုံးက ပိတောက်ကိုမျှော်နေချိန်မှာ  ငုဝါပန်းလေးခိုင်လေးတွေကတော့ ၀င်းတောက်ထိန်ကြည်စွာနဲ့  ဖူးပွင့် ဝေဆာပြီး
နွေကိုအလှဆင်နေကြပါတယ်။
ငုပန်းလေးတွေရဲ့ ဘက်ကနေ ခံစားကြည့်ကာ မေးလိုက်မိလိုက်ပါတယ်-
သူ့ ခမျာ ဒီလောက် တာဝန်ကျေကျေ သစ္စာရှိရှိ နွေရောက်တိုင်း အချိန်မှန်ပွင့်ပေးနေတာတောင်ပိတောက်ကို မျှော်နေကြတာ
စိတ်မနာဘူးလား--လို့ 
ဒီတော့  .... ငုဝါပန်းလေးကဖြေတယ်
တို့ဟာ လောကကြီးကို အလှဆင်ဖို့ ပန်းပွင့်လေးဖြစ်လာတာပါ။
အားလုံးကအသိအမှတ်ပြုမှ ပွင့်မယ်ဆိုတဲ့ မာန်မာန မရှိပါဘူး-- တဲ့
ပူလောက်ခြောက်သွေ့ တဲ့ နွေ ကို လှပတင့်တယ်အောင် အစွမ်းရှိသလောက် အလှဆင်မှာပဲ၊ဘယ်တော့ဖြစ်ဖြစ်  နွေရောက်ရင် သူတို့ ပွင့်ပေးမှာပဲ--တဲ့လေ
တို့  ကတော့  ဒီလိုမဟုတ်ဘူး ငုဝါလေးရယ်
အတ္တ၊ မာန တွေနဲ့  ပူလောင် ခဲ့ဖူးတယ်။
ကိုယ်ကကြိုးစားပြီး ကောင်းတာလုပ်ပြရင် အသိအမှတ် ပြုခံချင်တယ်-
အသိအမှတ် မပြုရင် လုပ်နေတာ ရပ်ပစ်လိုက်ချင်တယ်
ကိုယ်က ဂရစိုက်ရဲ့သားနဲ့  ကိုယ့်ကို ဥပက္ခော ပြုရင် နာကျည်းတတ်တယ်
ကိုယ့်အပေါ်မကောင်းရင် တစ်သက်လုံးမခေါ်နိုင် မပြောနိုင် စိတ်နာ မုန်းတီးတတ်တယ်
ကိုယ်ပေးသလောက် ပြန်ရမှ ကြိုက်တတ်တာကွယ့် .....
ခုတော့ မင်းပြောတဲ့ ပန်းစကားလေးနားထောင်ရင်း တို့ လေ တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်ဆုံးမပဲ့ပြင်ရင်း
စိတ်ထားတတ်အောင်ကြိုးစားပါတော့မယ် ။
ကိုယ်ကသာ စေတနာအရင်းခံနဲ့  ကောင်းဖို့  လုပ်တာမှန်ရင် ဘယ်သူအသိအမှတ်ပြုပြု ၊
မပြုပြုပေါ့ နော် ....
ကိုယ့်လိပ်ပြာကိုယ်သိ ၊ ကိုယ့် စိတ်စေတနာ ကိုယ်လေးစားပြီး ကိုယ်ယုံကြည်ရာလမ်းကိုရဲရဲ ဆက်လျှောက်ပါတော့မယ်။
ဘာပဲဖြစ်ဖြစ်လေ ....  ကမ္ဘာတည်သရွေ့  နွေ ရောက်တိုင်း  ငုဝါပန်းလေးတွေကတော့  ပွင့်နေဦးမှာပါပဲ ။
အားလုံးလည်း ငုဝါပန်းလေးလို စိတ်ထားနိုင်ကြပါစေ ...
ကြာဖြူနွယ်
Thursday, February 14, 2013
ကောင်းကင်ပြာရဲ့ ဗယ်လင်တိုင်း
ဒီနေ့  ဖေဖော်ဝါ၇ီ ၁၄ ရက်နေ့ ပဲ….
ဘာတဲ့----ချစ်သူများနေ့ တဲ့ လား…..
 ကုန်တိုက်တွေမှာ ရှော့ ပင်းမောလ် တွေမှာ  အထူးစပါယ်ရှယ်ပွဲတော်တွေနဲ့ နှင်းဆီပန်းတွေ၊ချောကလက်တွေ အသည်းပုံလက်ဆောင်လေးတွေ လည်း ရောင်းကောင်းတဲ့အချိန်ပဲ ....နေရာတကာ မှာ လက်ချင်းချိတ်ပြီး ပျော်ရွှင်ကြည်နူးနေတဲ့  ချစ်သူစုံတွဲလေးတွေက အလျိုအလျို။အမယ် - တချို့က တီရှပ် ဒီဇိုင်း ဆင်တူလေးတွေနဲ့  ချစ်စရာ ....
အော်--လူငယ်ဆိုတာလဲ စိတ်လှုပ်ရှားရင်ခုန်ရတာကို ကြိုက်နှစ်သက်ကြတာပဲလေ.....
တကမ္ဘာလုံး ဗယ်လင်တိုင်းဒေး  ဆိုတော့လဲ  မြန်မာပြည်က လူငယ်တွေလဲ ဗယ်လင်တိုင်းဒေး ပေါ့ ။ ဒီနေ့ မှာ ချစ်သူရည်းစားရှိတဲ့တွေက လက်ဆောင်တွေအပြန်အလှန်ပေးပြီး ပျော်နေကြလိုက်တာ များ အားကျစရာကောင်းလိုက်တာချစ်သူတွေပျော်ကြတဲ့  ချစ်သူများနေ့ လေ....
ဒါဆို ဒီနေ့ မှာ ချစ်သူရည်းစားရှိတဲ့ သူတွေပဲ ပျော်ရမှာပေါ့ ။အကြောင်းကြောင်းကြောင့် ချစ်သူ ရည်းစားမရှိတဲ့ သူတွေ ၊ တကိုယ်တည်းသမားတွေက ၀မ်းနည်း အားငယ်ရမယ့်နေ့လား ၊ကြေကွဲ အထီးကျန်နေရမှာလား …ဒီင်္လိုတော့မဟုတ်သေးပါဘူး လေ …
…
ဗယ်လင်တိုင်းဒေး ဆိုတဲ့  ချစ်သူများနေ့ ဖြစ်ပေါ်လာပုံလေးကို ကြားဖူးတာကတော့ ဟိုးရှေးရှေးခေတ်ကစစ်တိုက်ခိုင်းချင်တဲ့ ဘုရင်တပါးက တိုင်းသူပြည်သားတွေ နောက်ပိုင်းသံယောဇဉ် မတွယ်အောင် အိမ်ထောင်မပြုရ ဆိုတဲ့  အမိန့် ထုတ်ပြီး ချစ်သူတွေ ကွေကွင်းအောင် လုပ်နေတာကို မကြည့်ရက်တဲ့ စိန့် ဗယ်လင်တိုင်း ဆိုတဲ့  ဘုန်းတော်ကြီးက ဘုရင့် အမိန့် ကို ဖီဆန်ပြီး ချစ်သူတွေကို လက်ထပ်ပေးလို့ နောက်ဆုံး အသတ်ခံ သွားရတဲ့အခါ ဒီဘုန်းတော်ကြီး ကို ဂုဏ်ပြုပြီး သူ အသတ်ခံရတဲ့ နေ့ ကို သူ့ နာမည် အတိုင်းဗယ်လင်တိုင်းဒေး ဆိုပြီး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသတဲ့။
ဒါဆို စဉ်းစားကြည့်မိပါတယ်။ဒီ ဗယ်လင်တိုင်းဒေးဆိုတာ ချစ်သူစုံတွဲတွေအပေါ် ကြင်နာသနားပြီး စေတနာအပြည့်နဲ့  အသက်စွန့်ပြီးဆန္ဒ ဖြည့်ပေးခဲ့တဲ့  ဘုန်းတော်ကြီး ဗယ်လင်တိုင်းရဲ့ ဖြူစင်အေးမြတဲ့ မေတ္တာတရားကိုဂုဏ်ပြုတဲ့ နေ့ လေးပဲ ….ဒါဆို ချစ်သူရည်းစားတွေလို ၁၅၀၀ ချစ်နဲ့ ချစ်သူ တွေသာမက ဖြူစင်ခိုင်မြဲတဲ့  ၅၂၈ မေတ္တာ တွေနဲ့  ချစ်ခင်တွယ်တာကြတဲ့  သူတွေအတွက်လဲ ချစ်သူများနေ့ လေးပဲပေါ့ ….
ပထမဦးစွာ ကျမရဲ့ အသည်းနှလုံးဖြစ်တဲ့ ဆုံဆည်းရာ ဆိုဒ်လေး မှ ကျမနဲ့  လက်တွဲဖော် ဆုံဆည်းရာမှ တာဝန်ခံမောင်နှမများအားလုံးနဲ့   ဆုံဆည်းရာလေး ထဲ လာရောက်ကြတဲ့ မန်ဘာဝင်အားလုံး ကျန်းမာချမ်းသာ ပြီး စာပေအသိပညာတွေတိုးပွားပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
ကဲ.. ဆက်ပြီးဆုတောင်းတော့မယ်
အင်း … ဆုတောင်းပေးမယ်ဆိုတော့မှ ကျမမှာ ချစ်သူခင်သူတွေကများလှချည်လား
ကြွားတယ်တော့ မထင်နဲ့နော် … ဒီအတိုင်းတော့ဆုတောင်းလို့တော့မရဘူးရှင့်  ကမ္ဘာ့ မြေပုံကြီးတော့ လိုလိမ့်မယ်
ကဲ… အမိမြန်မာပြည်ကစလို့ ကမ္ဘာ လုံးကြီးကို တစ်ပတ်ပတ်လိုက်မယ်....
ပထမဆုံးအနေနဲ့  အလုပ်စ၀င်ကတည်းကနေ ခုထိ ကုမ္မဏီဝန်ထမ်းလခစားလုပ်လာတဲ့ ကျမအတွက်  ထမင်းရှင် ဖြစ်တဲ့  အလုပ်ရှင်  တွေအားလုံးကိုလည်း ပျော်ရွှင် ကျန်းမာပြီး စီးပွားရေးတွေ အောင်မြင်တိုးတက် ပါစေ လို့ ဆုတောင်း  ပေးလိုက်ပါတယ်။
ပြီးတော့ …. ကျမကိုနွေးထွေးချစ်ချင်စွာနဲ့  မောင်ရင်းနှမလို ဆက်ဆံကြတဲ့  လုပ်ငန်းခွင် မှ လုပ်ဖော်ကိုင်ဖက် တွေအားလုံးကိုလဲ ပျော်ရွှ့င်ချမ်းမြေ့ ပြီး လိုအင်ဆန္ဒ ပြည့်ဝပါစေလို့ဆုတောင်းပါတယ်။
 ပြီးတော့ ….ကျမကအလုပ်ကိစ္စနဲ့မကြာခဏ ပင်လယ်ရပ်ခြားခရီးထွက်ရတတ်ပါတယ်။အဲဒီအချိန်တွေမှာ တစ်ဦးတည်းကျန်ခဲ့တဲ့  ကျမ ရဲ့ ဖခင်အိုကြီးကို ကိုစောင့်ရှောက်ပေးတဲ့ ရပ်ကွက်ထဲ ကသူတွေအားလုံး ကိုလည်းကျေးဇူးတင်စရာပါ။ သူတို့ အားလုံးကို စိတ်ချမ်းမြေ့ ပျော်ရွှင်နေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ငယ်ငယ်က ၀န်ထမ်းဖြစ်တဲ့ ဖခင် တာဝန်ကျတဲ့နေရာတွေပါလိုက်ပြောင်းရွှေ့ ရင်း မြန်မာပြည် အနှံ့ နေထိုင်ဖူးတဲ့ ကျမအတွက်တော့  ချစ်သူခင်သူတွေက တနိုင်ငံလုံးရှိနေတာ့ လည်း   မြန်မာပြည်မြေပုံ ကြီးကြည့်ပြီး အားလုံးကို  မေတ္တာပို့လိုက်ပါတယ်။
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာပြီး အောင်မြင် တိုးတက်ကြပါစေ။အသိပညာ၊ကိုယ်ကျင့်တရားတွေ ပြည့်ဝ ကြပါစေ။ ဆင်ခြင်တုံတရားရှိကြပါစေ။ခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြီးလည်း အမြန်ဆုံးပြီးဆုံးပြီး စစ်ဘေးသင့်  ပြည်သူတွေအားလုံး ချစ်သူခင်သူများနဲ့အတူ အေးချမ်းပျော်ရွှင်နိုင်ပါစေလို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ်။
ြ
ပြီးတဲ့အခါ ….မြန်မာပြည်ကြီးကနေနည်းနည်းနေရာရွှေ့ ကြည့်လိုက်တော့  ဗုဒ္ဓမြတ်စွာသာသနာထွန်းကားခဲ့ရာ အန္ဒိယ ဒေသ မှာ သာသနာ့အကျိုးအတွက် အပင်ပန်းခံပြီး သွားရောက်သင်ယူလေ့လာနေတဲ့  သာသနာ့အာဇာနည်တစ်ပါးဖြစ်တဲ့ ဆုံဆည်းရာ ရဲ့  အကြံပေး ဦးဇင်အရှင်စန္ဒကုမာရ သီတင်းသုံးနေပါတယ်။
များပြားလှတဲ့ သာသနာ့တာဝန်တွေကြားက ၀ါသနာပါရာ စာပေအနုပညာကို မစွန့် လွှတ်နိုင်လေတော့ အချိန်ရရင်ရသလောက် စာပေများရေးသားပေးရင်း ဆုံဆည်းရာကိုစောင့်ရှောက်နေတဲ့ ဦးဇင်းလည်း အိန္ဒိယနိုင်ငံမှာ ကျန်းမာပျော်ရွှင်စွာနဲ့   သာသနာပြုနိုင်ပါစေ ၊တရားထူးတရားမြတ်များရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်….
 ကဲ.. နောက်တစ်နိုင်ငံ……..
ထိုင်း လို့ ခေါ်တဲ့ ယိုးဒယားပြည်ကြီးမှာလေ … ကျမ  ခင်မင်လေးစားရတဲ့  ဆရာမောင်သုည နဲ့  ဆရာမကြီးဒေါ်မေကျော့ရှင်း( ကလေးတို့ ဆရာမ ) တို့ရှိကြပါတယ်။ခုမှ တည်ထောင်ခါစဖြစ်တဲ့  ကျမရဲ့  ဆုံဆည်းရာဆိုဒ်လေးမှာ လိုအပ်တာတွေ သွန်သင်ပေးရင်း ချစ်ခင်စွာ အားပေးနေကြတာ မို့  အထူးကျေးဇူးတင်ပါတယ်။
ဆရာ နဲ့ ဆရာမ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ပျော်ရွှင်ချမ်းမြေ့ ပါစေလို့  သမီးကြာဖြူနွယ်မှချစ်ခင်ရိုသေစွာ ဆုတောင်းပေးလိုက်ပါတယ်ရှင့် …
ထိုင်း ပြီးတော့ စင်္ကပူ
စင်္ကပူမှာလဲ အလုပ်သွားလုပ်နေတဲ့  ကျမမိတ်ဆွေကိုကျော်ဇော ဆိုတာ သားနဲ့ မိန်းမကိုသိပ်ချစ်ပေမယ့်  မြန်မာပြည်မပြန်နိုင်သေးဘဲ  မိသားစုနောင်ရေးအတွက် ကြိုးစားစုဆောင်းနေတဲ့  သူတစ်ယောက်ပါ။ စင်္ကပူလို နိုင်ငံမျိုးမှာနေပေမယ့် အပျော်အပါး အသုံးအဖြုန်းလုံးဝမရှိဘဲ   ခြွေတာပြီး ရသမျှ ခြစ်ခြုတ်စုတဲ့ ရှားပါးတဲ့ လူတစ်ယောက်ပါ။ ကျမစင်္ကပူရောက်တုန်းကနေရာ အနှံ့ လိုက်ပြပေးခဲ့တာ လည်းကျေးဇူးတင် ပါတယ်။
“ပိယေဟိ ၀ိပရောဂေါဒုက္ခော ၊အပိယေဟိ သံပရောဂေါ ဒုက္ခော  ”--ဆိုတဲ့  ဂါထာလေးအမြဲ ရွတ်ဆိုတတ်တဲ့ ကိုကျော်ဇောရေ...
ဒီနှစ်ချစ်သူများနေ့ မှာ ချစ်တဲ့ ဇနီး၊သားနဲ့ ဝေးကွာနေရပေမယ့်  မဝေးတော့နဲ့နှစ်တွေမှာ အတူနေထိုင်ပျော်ရွှင်ရပါစေလို့  ဆုတောင်း ပေးလိုက်ပါတယ်နော်။
နောက်စင်္ကပူက ချစ်သူငယ်ချင်း ပိုးအိကတော့ ချစ်ရတဲ့ ခင်ပွန်းသည်နဲ့  တီတီတာတာပြောတတ်တဲ့ ချစ်စရာ သမီးလေး နဲ့ အတူတူနေရတာကြောင့်သားတစ်ကွဲ မယား တစ်ကွဲ  စီးပွားရှာနေရတဲ့  တခြားစင်္ကပူက မြန်မာတွေနဲ့ စာရင် ကံကောင်းတယ် လို့ ဆိုရပါမယ်။
ချစ်တဲ့ သူငယ်ချင်း ပိုးအိရေ … မင်းတောင့်တသလို မင်းချစ်တဲ့သူတွေအားလုံစုစုစည်းစည်းနဲ့ မြန်မာပြည်မှာ အမြန်ဆုံးနေထိုင်နိုင်ပြီးမင်းရဲ့ သမီးလေး လည်း မြန်မာမိန်းကလေးပီသစွာမြန်မာကျောင်းမှာပျော်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
ပြီးတော့ ကျမသိသလောက် စင်္ကပူမှာရှိကြတဲ့ …  ဆုံဆည်းရာမှ တာဝန်ခံညီမလေး eisansan ၊ ကိုလူမွန်ဒဗ္ဗ နဲ့ တကွ ကျန်တဲ့စင်္ကပူရောက်ချစ်သူခင်သူအားလုံးလည်း အဆင်ပြေပြီး ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့  ဆုတောင်းပါတယ်။
နောက်တော့ … စင်္ကပူနဲ့ ကပ်နေတဲ့ မလေးရှားနိုင်ငံ
ကျမ အားကိုးရတဲ့ ဆုံဆည်းရာကိုချစ်တဲ့ မောင်လေး ရန်နိုင်လင်း ( အမုန်းမရှိတဲ့မောင် ) ၊ စာပေမောင်နှမတွေ ဖြစ်တဲ့  ဖော်ရွေပြီး သဘောကောင်းတဲ့ ရွှေမြန်မာဥယျာဉ်ကခိုင်လေး ၊ ကျမ နိုင်းဆိုဒ် စသုံးတတ်ချိန်မှ ယခုအထိ  ကျမ ဂျီကျ ခိုင်းစေသမျှ လုပ်ပေးနေတဲ့  ကျမရဲ့ မောင်လေး အပြာရောင်ချစ်သူ နဲ့တကွ  မလေးမှာရှိကြတဲ့ စာပေမောင်နှမအဖွဲ့ သားတွေအာလုံးကိုလဲ ခင်မင်ရင်းနှီးစွာ နဲ့ ဆုတောင်းပေး လိုက်ပါတယ်။ရေခြားမြေခြားမှာ အလုပ်အကိုင်တွေလဲအဆင်ပြေပါစေ။စာပေ ဥယာဉ်ကြီးကိုလဲ ဆက်လက်ရေလောင်းပေါင်းသင်နိုင်ပါစေလို့ ….
ပြီးတော့ ….ဂျပန်
တစ်နှစ်ထက်တစ်နှစ်တိုးလာပြီးဂျပန်ပြည်ကြီးကို ခြိမ်းခြောက်နေတဲ့ သဘာဝဘေးအန္တရယ်တွေဖြစ်တဲ့   မုန်တိုင်းဒဏ်၊ ငလျှင်ဒဏ်၊ဆိုးဝါးလှတဲ့  ဆူနာမီ ဒဏ် စတဲ့ ဘေးဒုက္ခတွေ မကျေ၇ာက်ဘဲ အေးချမ်းသာယာစွာနေထိုင်စားသောက်နိုင်ကြပါစေလို့  လှိုက်လှဲစွာ ဆုတောင်းပေးလိုက်ပါတယ်။
စီးပွားရေးကျဆင်းလာပြီး စက်ရုံတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေတဲ့  ဂျပန်ပြည်မှာ ပညာရှာရင်း အစစ အရာ ရာခြွေတာ စားသောက်ရင်း အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နေကြတဲ့ ကျမရဲ့ ဂျပန်စာသင်ဖော်သင်ဖက် သူငယ်ချင်းတွေအားလုံးလည်း အဆင်ပြေကြပါစေလို့  ချစ်ခင်စွာ ဆုတောင်းပေးလိုက်ပါတယ်နော်။
ပြီးတော့   ကမ္ဘာ့အနောက်ဘက်ဆက်သွားတဲ့အခါ …..
US မှာ  ကျမခင်မင်ရတဲ့ အကိုကြီးကိုလူဗိုလ် ၊ ကိုမင်းတာရာ တို့ ရှိပါတယ်။ဆုံဆည်းရာ ကို ချစ်ခင်သံယောဇဉ်ရှိပြီး စာတွေကဗျာတွေ တင်ပေးနေကြတဲ့ ၊လိုအပ်တာထောက်ပံ့ ကူညီနေတဲ့ ကျမရဲ့  အကိုကြီးများလည်း ကျန်းမာရွှင်လန်းစွာနဲ့  အမြန် ပြည်တော်ပြန်လာနိုင်ကြပါစေလို့ ညီမ ကြာဖြူနွယ်မှ ဆုတောင်းပေးလိုက်ပါတယ်နော်....
နောက် ..အင်္ဂလန်
အင်္ဂလန်မှာ  ကျမခင်တဲ့ မိုးတိမ်ရဲ့ ချစ်သူ   ဆုံဆည်းရာ မန်ဘာဝင် မမ ရှိပါတယ်။ကရင်မလေး မမ က  ဖော်ရွေသဘောကောင်းပြီး ပွင့် လင်းပါတယ်။ကျမရေးတဲ့ စာတွေကို အားပေးဖတ်ရှူနေတဲ့  ကျမ ရဲ့  ပရိသတ်တစ်ယောက်ပေါ့ …
အင်္ဂလန်မှနေပြီး နေ့  နဲ့ ည လွဲနေတဲ့ြ့မန်မာပြည်က ချစ်သူနဲ့ အွန်လိုင်းမှာ အချိန်ညှိပြီးတွေ့ ဆုံစကားပြောနေရတဲ့  မမလည်း အမြန်ဆုံး မြန်မာပြည်ကိုပြန်လာနိုင်ပြီးချစ်တဲ့ မိုးတိမ် နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ စွာနဲ့  ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ချစ်သူများနေ့ မှာ ဆုတောင်းပေးလိုက်ပါတယ်နော် …
နောက်တစ်ခါ ……ဒူဘိုင်း
 မိသားစု စီးပွားရေးကျပ်တည်းလာလို့  ချစ်သူကို ခွဲခွာပြီး ဒူဘိုင်းမှာ အလုပ်သွားလုပ်နေတဲ့  ၊သဘောကောင်းတဲ့  ကျမရဲ့ ဝမ်းကွဲညီမလေး မီးမီး အတွက်လည်း အလုပ်အကိုင်တွေအဆင်ပြေပါစေ၊ချစ်တဲ့သူနဲ့ အမြန်နီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ခုနောက်ဆုံး  ဆုတောင်းပေးချင်တာကတော့  လှိုင်းလေထန်ပြီး မာယာများ လှ တဲ့  ကြောက်စရာ ပင်လယ်ထဲက သဘောင်္ပေါ်မှာ အလုပ်လုပ်ရတဲ့  ကျမရဲ့ ချစ်လှစွာသော မောင်အငယ်ဆုံးလေး ကိုရဲပါ။ကျမထက်ဆယ်နှစ် ငယ်တဲ့  ကျမမောင်လေး ကို အမေမရှိတော့တဲ့အချိန်ကစပြီး  မိခင်တစ်ယောက်လို မေတ္တာမျိုးနဲ့ ကျမချစ်ခင် စောင့်ရှောက်ခဲ့တာပါ။
သူ ပထမဆုံးသင်္ဘောတက်တုန်းက ကျမ မှာစိုးရိမ်လိုက်ရတာ။အန္တရယ်ကင်းကင်းနဲ အိမ်ပြန်ရောက်လာအောင် ဆုတောင်းမေတ္တာပို့ လိုက်ရတာ    ပြန်လာတော့ သူက အိမ်ထောင်ကျသွားလို့  သပ်သပ်နေပါတယ်။ကျမကသာ တနင်္ဂနွေ အပတ်တိုင်း ငါ့ မောင်လေးများလာမလားလို့  ဟင်းလေးတွေဖွယ်ဖွယ်ရာရာချက်ပြီးမျှော်တတ်ပေမယ့်  သူကတော့ သူ့ ရဲ့ ကမ္ဘာသစ်လေးမှာပျော်နေသူပါ။
ဒါကြောင့် လည်း ရင်ထဲကဖြူစင်နက်ရှိုင်းလှတဲ့မေတ္တာတရားတွေ နဲ့  ဆုတောင်းပေးနေပါတယ်။မကြာခင် ကျမရဲ့ တူလေးလား တူမလေးလား  ဖြစ်လာမယ့် ရင်သွေးလေးကို လွယ်ထားရတဲ့ ကျမရဲ့ ယောင်းမလေးလည်း ကျန်းမာပါစေ၊
သဘာဝဘေးအန္တာရယ်တွေထူပြောလှတဲ့ ပင်လယ်ထဲကို တဖန်လုပ်ငန်းခွင်ပြန်ဝင်ရမယ့်  မောင်လေး လည်း ဘေးရန်ကင်းရှင်းပါစေ၊
မောင်လေးအလုပ်လုပ်ရမယ့်  သင်္ဘောကြီး  မုန်တိုင်းဒဏ် ၊ ပင်လယ်ဓမြ လို ရန်တွေ မှလည်း  ကင်းလွတ်ပါစေ။ မောင်လေးနဲ့တကွသင်္ဘောပေါ်မှာ လုပ်ကိုင်ကြရမယ့်  သူတွေအကုန်လုံး အလုပ်တာဝန်ပြီးဆုံးတဲ့အခါ ချစ်သူခင်သူတွေရှိတဲ့  မြန်မာပြည်ကြီးကို ချောချောမောမောပြန်ရောက်ပါစေ။
မောင်လေးလည်း သားရတနာ ၊သမီးရတနာများ ထွန်းကားပြီး အိမ်ထောင်ဦးစီးပီသစွာ နဲ့ သာယာပျော်ရွှင်တဲ့မိသားစုဘ၀လေး ကိုတည်ဆောက်နိုင်ပါစေလို့ မမကြီး က အေးမြသန့် စင်တဲ့  မေတ္တာတရားတွေနဲ့  ချစ်သူများနေ့ မှာ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
ချစ်သူများနေ့ မှာ ချစ်သူခင်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ
ကြာဖြူနွယ်