Wednesday, July 10, 2013

`` ရက်စက်တယ် ``


Photo: `` ရက်စက်တယ် ``



ကြားဖူးတယ် မဟုတ်လားကွယ်

ဂရိဒဏ္ဍါရီထဲမှာ sisyphus စီစီဖတ်(စ်)ဆိုတဲ့ဘုရင်တစ်ပါးဟာ

် Zeus ဇုနတ်မင်းကြီးကို မခန့် လေးစားလုပ်မိလို့ 

ပစ်ဒဏ် ပေးခံထားရသူပါ.....


ကြီးမားတဲ့ကျောက်တုံးကြီးကို တောင်ပေါ်ကနေ တောင်အောက်လှိမ့် 

တောင်အောက်ကနေ တောင်ပေါ်တွန်းတင် နဲ့  တစ်ချိန်လုံး

သူ ဟာ မောပန်းစွာ မနားတမ်း လုပ်နေရသတဲ့လေ....


ငယ်ငယ်တုန်း က ရင်နင့်အောင် သနားခဲ့ရတဲ့ သူ့ ဘဝ

ခုတော့ ကိုယ်ဟာ ရောက်မှန်းမသိ ရောက်နေရပါပေါ့ လား....



နေ့ နေ့ ညည ရှင်သန်ရင်းနဲ့  သောကတောင်တန်းကြီးပေါ်မှာ

လေးလံအားပြင်းလှတဲ့  ချစ်ခြင်းမေတ္တာအစိုင်အခဲကြီးကို

ကြည်နူးပျော်ရွှင်ရခြင်းတွေ နဲ့ အတူတူ လှိမ့်ဆင်းရင်း

ဝမ်းနည်းနာကျင်ရခြင်းနဲ့  မောပန်းစွာ ပြန်လည်တွန်းတင်ရအောင်

မင်း .... ထာဝရ ဒဏ်ပေးခဲ့တာ

ရက်စက်လှပါတယ် ..... ချစ်သူ
 
ကြားဖူးတယ် မဟုတ်လားကွယ်


ဂရိဒဏ္ဍါရီထဲမှာ sisyphus စီစီဖတ်(စ်)ဆိုတဲ့ဘုရင်တစ်ပါးဟာ

  Zeus ဇုနတ်မင်းကြီးကို မခန့် လေးစားလုပ်မိလို့ 

ပစ်ဒဏ် ပေးခံထားရသူပါ.....


ကြီးမားတဲ့ကျောက်တုံးကြီးကို တောင်ပေါ်ကနေ တောင်အောက်လှိမ့် 

တောင်အောက်ကနေ တောင်ပေါ်တွန်းတင် နဲ့  တစ်ချိန်လုံး

သူ ဟာ မောပန်းစွာ မနားတမ်း လုပ်နေရသတဲ့လေ....


ငယ်ငယ်တုန်း က ရင်နင့်အောင် သနားခဲ့ရတဲ့ သူ့ ဘဝ

ခုတော့ ကိုယ်ဟာ ရောက်မှန်းမသိ ရောက်နေရပါပေါ့ လား....



နေ့ နေ့ ညည ရှင်သန်ရင်းနဲ့  သောကတောင်တန်းကြီးပေါ်မှာ

လေးလံအားပြင်းလှတဲ့  ချစ်ခြင်းမေတ္တာအစိုင်အခဲကြီးကို

ကြည်နူးပျော်ရွှင်ရခြင်းတွေ နဲ့ အတူတူ လှိမ့်ဆင်းရင်း

ဝမ်းနည်းနာကျင်ရခြင်းနဲ့  မောပန်းစွာ ပြန်လည်တွန်းတင်ရအောင်

မင်း .... ထာဝရ ဒဏ်ပေးခဲ့တာ

ရက်စက်လှပါတယ် ..... ချစ်သူ


No comments:

Post a Comment