ပင်ယံထက် မှာ
ဝင့်ကြွားလို့ လန်းရွှင်
တော်ဝင်တဲ
့ပန်းငွေသဇင် ကို
ဘယ်သူတွေဘယ်လို
နှစ်သက်လည်း
တစ်ခက်တစ်လက် မှ မမက်ခဲ့ တာ အမှန်ပါ….
ရဲရဲဝင့်
မာန်ဟုန် ပြင်းထန်
ဆူးအသွယ်သွယ်
ဝန်းလို့ ရံ ပြီး
ငှားငှားစွင်
့စွင့်  တင့်တယ်နေတဲ့ 
ပန်းဘုရင် နှင်းဆီ ကိုလည်း
တစ်ပွင့်တစ်လွှာ မလိုချင်ခဲ့တာအမှန်ပါ…
မွှေးသောပန်း
လှသောပန်း
ဘယ်လိုတွေ လန်းဆန်းနေကြပေမယ့်
ကိုယ့်အသည်းမှာ ဘယ်ပန်းမှ
စွဲလမ်းတယ်ရယ်လို့ တော့ မရှိခဲ့တာအမှန်ပါ ….
တစ်ကယ်တော့လေ…
သူ့ နှလုံသား ရေပြင်ထက်မှာ
မေတ္တာနဲ့  ကိုယ့်အတွက်ရည်စူး
ပျိုးဖူးတယ်ဆိုတဲ့  ကြာဖြူတစ်ပွင့်
ပွင်
့လာမယ့်အရေး ရင်ခုန်တွေးလို့ 
ကိုယ်မျှော်လင်
့နေ တာ
သူပေးမယ့် … ကြာ….။
No comments:
Post a Comment