Wednesday, January 8, 2014

" မွှေးမြနေပါ့မယ် "




ဒီစံပါယ် လွယ်လွယ်နဲ့ ပွင့် ခဲ့တယ်ထင်ရင်တော့

အမှားကြီး မှားမှာပေါ့ ကွယ်....


သမုဒယရင်လွှာ မေတ္တာကိုပျိုး ချစ်မိုးရွာစွေ

မွှေးပျံ့ စေကြောင်း စေတနာပိုပို အကြင်နာပိုပို နဲ့ 

ခြွေစေလိုတာ မင်းတစ်ယောက်ထဲကိုပါကွယ် ....



တဖွဲဖွဲ မစဲဘဲ ကြွေကျနေလို့  တန်ဖိုးမဲ့တယ်ထင်

မကောက်ချင် မပန်ဆင်လည်း

အသာအယာရှောင်ကွင်း

နင်းတော့မခြေပါနဲ့ လေ .....



မင်း မကြည်ဖြူ မယူဘူးဆိုရင်လည်း

ဖြူလွတဲ့ ဒီစံပါယ် တခြားသူအတွက်မရည်ရွယ်တာမို့ 

နွမ်းကြွေလွင့် ခြောက် ပန်းခြောက်ဖြစ်ပစေ

ကိုယ့်ဘာသာ မွှေးမြနေပါ့မယ်...။

No comments:

Post a Comment