Friday, June 28, 2013

" မင်း..သိသင့်ပါတယ် "

"  မင်း..သိသင့်ပါတယ် "


ပွင့် မယ်ဆို လည်း  ခပ်ရဲရဲ ပွင့် လိုက်ပါကွယ်

ကိုယ်လိုချင်တာ ပွင့်ချပ်လွှာတွေ ဖြာကျနေတဲ့ 

လှပ တဲ့ ပန်းပွင့် ပါ....

အမူပို သလိုလို   ငြူစူသလိုလို

မခို့ တရို့  မာယာများနေတဲ့ 

ပန်းမဖြစ်တဲ့  အငုံအဖူး မဟုတ်ပါဘူး....


ပြောမယ်ဆိုလည်း ခပ်ရဲရဲ ပြောလိုက်ပါကွယ်

ကိုယ်ကြားချင်တာ ကျောက်စိုင်သားလို 

ပွင့် လင်းပြတ်သားတဲ့  စကားပါ....

ဟိုလိုလို ဒီလိုလို  မြှူချိုချို နဲ့ 

မရေမရာ  စကားတွေ မဟုတ်ပါဘူး....


တွဲမယ်ဆို ဒီလက်ကို ခပ်ရဲရဲ ဆုပ်ကိုင်လိုက်ပါကွယ်

စိတ်ကူးယဉ် အိပ်မက်တွေ ဘေးချိတ်ပြီး

ဆက်လျှောက် ရမယ့်  တစ်ဘ၀စာခရီး

မညည်းမညူ  ပြိုင်တူ လှမ်းကြမယ်လေ .....



ကိုယ်လိုချင်တာ  စိတ်ကူးယဉ်ချစ်သူမဟုတ်

ခပ်ရှုပ်ရှုပ်  လောကဓံတရား 

လားလားမှ မကြောက်ရွံ့  ဘဲ 

အတူတူ ရင်ဆိုင် တိုက်မယ့် 

ရဲဘော်ဘက်လို လက်တွဲဖော်ဆိုတာ

မင်းသိသင့် ပါပြီ ချစ်သူရယ်.....


( ချစ်ကြသူတိုင်း ဘ၀ခရီးကို အတူတူ လျှောက်လှမ်းနိုင်ပါစေ )


ကြာဖြူနွယ်

ပွင့် မယ်ဆို လည်း ခပ်ရဲရဲ ပွင့် လိုက်ပါကွယ်

ကိုယ်လိုချင်တာ ပွင့်ချပ်လွှာတွေ ဖြာကျနေတဲ့ 

လှပ တဲ့  ပန်းပွင့် ပါ....

အမူပို သလိုလို ငြူစူသလိုလို

မခို့ တရို့  မာယာများနေတဲ့ 

ပန်းမဖြစ်တဲ့  အငုံအဖူး မဟုတ်ပါဘူး....


ပြောမယ်ဆိုလည်း ခပ်ရဲရဲ ပြောလိုက်ပါကွယ်

ကိုယ်ကြားချင်တာ ကျောက်စိုင်သားလို

ပွင့် လင်းပြတ်သားတဲ့  စကားပါ....

ဟိုလိုလို ဒီလိုလို မြှူချိုချို နဲ့ 

မရေမရာ စကားတွေ မဟုတ်ပါဘူး....


တွဲမယ်ဆို ဒီလက်ကို ခပ်ရဲရဲ ဆုပ်ကိုင်လိုက်ပါကွယ်

စိတ်ကူးယဉ် အိပ်မက်တွေ ဘေးချိတ်ပြီး

ဆက်လျှောက် ရမယ့်  တစ်ဘ၀စာခရီး

မညည်းမညူ ပြိုင်တူ လှမ်းကြမယ်လေ .....

ကိုယ်လိုချင်တာ စိတ်ကူးယဉ်ချစ်သူမဟုတ်

ခပ်ရှုပ်ရှုပ် လောကဓံတရား

လားလားမှ မကြောက်ရွံ့  ဘဲ

အတူတူ ရင်ဆိုင် တိုက်မယ့်

ရဲဘော်ဘက်လို လက်တွဲဖော်ဆိုတာ

မင်းသိသင့် ပါပြီ ချစ်သူရယ်.....


( ချစ်ကြသူတိုင်း ဘ၀ခရီးကို အတူတူ လျှောက်လှမ်းနိုင်ပါစေ )

ကြာဖြူနွယ်

No comments:

Post a Comment