Wednesday, January 8, 2014

ကိုယ်..သိပါတယ်

 
စကားလုံးတွေထောင်သောင်းမဆိုလည်း

အကြင်နာပိုတတ်တယ်ဆိုတာ

ကိုယ်..သိပါတယ်

ရယ်မောလို့  မလိုက်လျောလည်း

သဘောဖြူတယ်ဆိုတာ

ကိုယ် ... သိပါတယ်

အနားမှာ အရိပ်လိုမရှိပေမယ့် 

တိတ်တိတ်လေး ဂရုစိုက်တတ်တာ

ကိုယ်....သိပါတယ်

အပြောချိုချို နဲ့ မကြွားမော်ပေမယ့် 

ပျော်စေချင်တယ်ဆိုတာ

ကိုယ်..သိပါတယ်

ဒီတော့ကွယ်..

အပိုဆာဒါးတွေမပါ

နုတ်ဖျားကမလာတဲ့ 

ရင်ထဲကမင်းစေတနာနဲ့ မေတ္တာ

ကိုယ်..နှလုံးသားနဲ့ ခံစားမယ်နော်...။

No comments:

Post a Comment