Sunday, February 23, 2014

သစ္စာ




မင်းကိုမှ မပြောရဘူးဆိုရင်

တွယ်တာခြင်း စကားတွေမဆို

ကိုယ့် ရင်ထဲ ပြန်မြိုချပါ့မယ်..။

မင်းကိုမှ မချွဲနွဲ့ ရဘူးဆိုရင်

တည်ငြိမ်ရင့်ကျက်တဲ့အသွင်

အများမြင်အောင် ဆင်ထားပါ့မယ်...။



မင်းကိုမှ မတိုင်ပင်ရဘူးဆိုရင်

အတ္တာဟိအတ္တနော နာထော

မြတ်စွာဘုရားဟောကြားခဲ့ တာ

ကိုယ့်ဘာသာ နာနာရွတ်ပါ့မယ်...။



မင်းလက်ကိုမှ မတွဲရရင်

ကိုယ်လျှောက်မယ့်လမ်း

ဘယ်လောက် ပန်းနေပါစေ

တစ်ယောက်တည်းသာ လှမ်းပါ့မယ်..။



ချစ်သူ ...

အစားထိုးတယ်ဆိုတဲ့  စကား

နှလုံးသား မှာ ခါးသက်

လက်မခံနိုင်တာ

ကိုယ့်သစ္စာ...။

No comments:

Post a Comment