Saturday, February 15, 2014

အလွမ်းတွေနဲ့ ....





ကိုယ်ဟာ .....

အလွမ်းတွေနဲ့ နေသားကျပြီးသားပါကွယ်

မြင်နေရလည်းလွမ်း

မမြင်ရပြန်လည်းလွမ်း

တမ်းတခြင်းသာ ကိုယ့်ရဲ့ အဖော်ပါ

လမင်းကြီးကို မော့ကြည့်ရင်း

ငိုညည်းမိတဲ့အချိန်တိုင်းမှာ

ရင်ထဲတစ်နေရာ တဆစ်ဆစ်နဲ့ နာကျင်ရလည်း

မင်းအပြစ်မှ မဟုတ်တာပဲလေ

ကိုယ့်ဘာသာထွန်းညှိတဲ့  သမုဒယမီး

အလျှံတညီးညီးနဲ့ တောက်လောင်ပစေ

နေသာသလို နေလိုက်ပါ

ပြောခဲ့သလိုပါပဲ...

ကိုယ်ဟာအလွမ်းတွေနဲ့ နေသားကျမြဲလေ....။

No comments:

Post a Comment