Tuesday, July 16, 2013

" မင်္ဂလာပါ...မောင် "



Photo: " မင်္ဂလာပါ...မောင် "


နိုးထခါစ နံနက်ခင်း အလင်းဖြာကျရင်

နှလုံးအိမ်ထဲ မှာ သတိတရ နဲ့ 

တမ်းတမိတာ..မောင် ပေါ့ ကွယ်


ဟိုးအဝေးမှာ တာဝန်တွေကြား

ပင်ပန်းကာ သူ နွမ်းနေမလား

သနားစိတ်က အလိုလိုဝင်

ပျိုမေခင် ရဲ့  နံနက်ခင်းဟာ

မောင့် ကို လွမ်းခြင်း နဲ့  စတင်ပါရဲ့ ကွယ်.....


တယုတယ ညင်ညင်သာ

ကြင်နာစွာ ပြုစုပေးချင်ပေမယ့်

အခွင့်မရှိ အလှမ်းကွာ

တမ်းတကာ ဆွေးရုံကလွဲ

ဘာမှလည်း မတတ်နိုင်ပါဘူး..မောင်ရယ်


ဒီတော့လေ ကြင်နာအပြုံးနဲ့ 

မောင့် ရုပ်သွင် အာရုံမှန်း

လှမ်းကာလေ စိတ်အတွေးနဲ့ 

နွေးထွေးစွာ နုတ်ခွန်းဆက်လိုက်ပါရဲ့ 

ဒီတစ်နေ့ တာ ပျော်ရွှင်မြူးလို့ 

မောင်..ကြည်နူးပါစေ....



ခံစားနားလည်နိုင်ပါစေ

ကြာဖြူနွယ်


နိုးထခါစ နံနက်ခင်း အလင်းဖြာကျရင်

နှလုံးအိမ်ထဲ မှာ သတိတရ နဲ့ 

တမ်းတမိတာ..မောင် ပေါ့ ကွယ်



ဟိုးအဝေးမှာ တာဝန်တွေကြား

ပင်ပန်းကာ သူ နွမ်းနေမလား

သနားစိတ်က အလိုလိုဝင်

ပျိုမေခင် ရဲ့  နံနက်ခင်းဟာ

မောင့် ကို လွမ်းခြင်း နဲ့  စတင်ပါရဲ့ ကွယ်.....



တယုတယ ညင်ညင်သာ

ကြင်နာစွာ ပြုစုပေးချင်ပေမယ့်

အခွင့်မရှိ အလှမ်းကွာ

တမ်းတကာ ဆွေးရုံကလွဲ

ဘာမှလည်း မတတ်နိုင်ပါဘူး..မောင်ရယ်



ဒီတော့လေ ကြင်နာအပြုံးနဲ့ 

မောင့် ရုပ်သွင် အာရုံမှန်း

လှမ်းကာလေ စိတ်အတွေးနဲ့ 

နွေးထွေးစွာ နုတ်ခွန်းဆက်လိုက်ပါရဲ့ 

ဒီတစ်နေ့ တာ ပျော်ရွှင်မြူးလို့ 

မောင်..ကြည်နူးပါစေ....



ခံစားနားလည်နိုင်ပါစေ

ကြာဖြူနွယ်

No comments:

Post a Comment