Thursday, July 4, 2013

" ဒီည ကဗျာရေးပါ....မောင် "

" ဒီည ကဗျာရေးပါ....မောင် "

ထိန်ထိန်သာတဲ့  ဒီလရောင်

မေ့ ကိုယ်ပေါ် လွှမ်းခြုံပေးလို့ 

အေးလှတယ်..မောင်...

ကောင်းကင်လွှာ မေ မော့ကာကြည့်ပြန်တော့

ဝင်းဝင်းပ တဲ့  လမင်းတွင်

မောင့် မျက်နှာချိုမြမြ မြင်ရတယ်လေး....

မျက်နှာချင်း လမင်းတွင် ဆုံကြမယ် မောင်ပြောထား

မေ နားလည် တွယ်တာချစ် လို့  မျှော်လင့် တယ်..မောင်

မယ်တစ်ရွာမောင်တစ်မြို့  နဲ့  လွမ်းဖွယ့်ဒီဖြစ်အင်

ကြုံရလေ ပူပန်နွမ်းလို့  မောင် လွမ်းနေရင်

မေ့ ထံ ကဗျာပါးဖို့ မှာထားမယ်လေး....

မြတ်နိုးသမျှ ရင်ဖွင့်ဆို အပိုတွေမပါကြေး

မောင် ပေးလာမယ့် ရင်ဖွင့် လွှာ

မေ မှန်းမျှော် လွမ်းကာ တ နေရသမို့ 

ဒီည ကဗျာ ရေးပါ..မောင်

(ကဗျာ လို့ ခေါ်မလား ဘာလို့ ခေါ်မလားတော့ မသိပါ.. အတွေးထဲပေါ်လာတာလေးချရေးခြင်းပါ..)

ကြာဖြူနွယ်

Like · ·

No comments:

Post a Comment