ကောင်းကင်ပြာရဲ့ ဗယ်လင်တိုင်း
ဒီနေ့  ဖေဖော်ဝါ၇ီ ၁၄ ရက်နေ့ ပဲ….
ဘာတဲ့----ချစ်သူများနေ့ တဲ့ လား…..
ကုန်တိုက်တွေမှာ
ရှော့ ပင်းမောလ် တွေမှာ အထူးစပါယ်ရှယ်ပွဲတော်တွေနဲ
့နှင်းဆီပန်းတွေ၊ချောကလက်တွေ အသည်းပုံလက်ဆောင်လေးတွေ လည်း
ရောင်းကောင်းတဲ့အချိန်ပဲ ....နေရာတကာ မှာ လက်ချင်းချိတ်ပြီး
ပျော်ရွှင်ကြည်နူးနေတဲ့  ချစ်သူစုံတွဲလေးတွေက အလျိုအလျို။အမယ် - တချို့က
တီရှပ် ဒီဇိုင်း ဆင်တူလေးတွေနဲ့  ချစ်စရာ ....
အော်--လူငယ်ဆိုတာလဲ
စိတ်လှုပ်ရှားရင်ခုန်ရတာကို ကြိုက်နှစ်သက်ကြတာပဲလေ.....
တကမ္ဘာလုံး
ဗယ်လင်တိုင်းဒေး ဆိုတော့လဲ မြန်မာပြည်က လူငယ်တွေလဲ ဗယ်လင်တိုင်းဒေး ပေါ
့။ ဒီနေ့ မှာ ချစ်သူရည်းစားရှိတဲ့တွေက လက်ဆောင်တွေအပြန်အလှန်ပေးပြီး
ပျော်နေကြလိုက်တာ များ အားကျစရာကောင်းလိုက်တာချစ်သူတွေပျော်ကြတဲ့ 
ချစ်သူများနေ့ လေ....
ဒါဆို
ဒီနေ့ မှာ ချစ်သူရည်းစားရှိတဲ့ သူတွေပဲ ပျော်ရမှာပေါ
့။အကြောင်းကြောင်းကြောင့် ချစ်သူ ရည်းစားမရှိတဲ့ သူတွေ ၊
တကိုယ်တည်းသမားတွေက ၀မ်းနည်း အားငယ်ရမယ့်နေ့လား ၊ကြေကွဲ အထီးကျန်နေရမှာလား
…ဒီင်္လိုတော့မဟုတ်သေးပါဘူး လေ …
…
ဗယ်လင်တိုင်းဒေး
ဆိုတဲ့  ချစ်သူများနေ့ ဖြစ်ပေါ်လာပုံလေးကို ကြားဖူးတာကတော့
ဟိုးရှေးရှေးခေတ်ကစစ်တိုက်ခိုင်းချင်တဲ့ ဘုရင်တပါးက တိုင်းသူပြည်သားတွေ
နောက်ပိုင်းသံယောဇဉ် မတွယ်အောင် အိမ်ထောင်မပြုရ ဆိုတဲ့  အမိန့် ထုတ်ပြီး
ချစ်သူတွေ ကွေကွင်းအောင် လုပ်နေတာကို မကြည့်ရက်တဲ့ စိန့် ဗယ်လင်တိုင်း
ဆိုတဲ့  ဘုန်းတော်ကြီးက ဘုရင့် အမိန့် ကို ဖီဆန်ပြီး ချစ်သူတွေကို
လက်ထပ်ပေးလို့ နောက်ဆုံး အသတ်ခံ သွားရတဲ့အခါ ဒီဘုန်းတော်ကြီး ကို
ဂုဏ်ပြုပြီး သူ အသတ်ခံရတဲ့ နေ့ ကို သူ့ နာမည် အတိုင်းဗယ်လင်တိုင်းဒေး
ဆိုပြီး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသတဲ့။
ဒါဆို
စဉ်းစားကြည့်မိပါတယ်။ဒီ ဗယ်လင်တိုင်းဒေးဆိုတာ ချစ်သူစုံတွဲတွေအပေါ်
ကြင်နာသနားပြီး စေတနာအပြည့်နဲ့  အသက်စွန့်ပြီးဆန္ဒ ဖြည့်ပေးခဲ့တဲ့ 
ဘုန်းတော်ကြီး ဗယ်လင်တိုင်းရဲ့ ဖြူစင်အေးမြတဲ့ မေတ္တာတရားကိုဂုဏ်ပြုတဲ့ နေ
့လေးပဲ ….ဒါဆို ချစ်သူရည်းစားတွေလို ၁၅၀၀ ချစ်နဲ့ ချစ်သူ တွေသာမက
ဖြူစင်ခိုင်မြဲတဲ့  ၅၂၈ မေတ္တာ တွေနဲ့  ချစ်ခင်တွယ်တာကြတဲ့  သူတွေအတွက်လဲ
ချစ်သူများနေ့ လေးပဲပေါ့ ….
ကျမ သုံးနေတဲ့ ဂျီမေးလ်အကောင့် aozora 528 ဆိုတာက ဂျပန်လို ပေးထားတဲ့အမည်ပါ။aozora
ဆိုတာ မြန်မာလိုဆိုရင် ပြာလွင်တဲ့ ကောင်းကင်ပြင် (တနည်းအားဖြင့်)
ကောင်းကင်ပြာ လို့ အဓိပ္ပါယ်ရပါတယ်ကောင်းကင်ပြာ ကြီးအောက်မှာ
ထာဝရခိုင်မြဲတည်တံ့ မယ့်  ၅၂၈ မေတ္တာနဲ့  လူသားအားလုံးကို
နွေးထွေးချစ်ခင်စွာ ပြောဆို ဆက်ဆံ ချင်တာ ကျမရဲ့ ရင်ထဲနှလုံးသားက
ဆန္ဒပါ။ဒါကြောင့် ဖြူစင်ခိုင်မြဲတဲ့ ချစ်ခင်ခြင်းတွေအပြည့်နဲ့ 
ချစ်ခင်သူတွေကို ချစ်သူများနေ့ မှာ ဆုတောင်းပေးချင်ပါတယ်။
ပထမဦးစွာ
ကျမရဲ့ အသည်းနှလုံးဖြစ်တဲ့ ဆုံဆည်းရာ ဆိုဒ်လေး မှ ကျမနဲ့  လက်တွဲဖော်
ဆုံဆည်းရာမှ တာဝန်ခံမောင်နှမများအားလုံးနဲ့  ဆုံဆည်းရာလေး ထဲ လာရောက်ကြတဲ
့မန်ဘာဝင်အားလုံး ကျန်းမာချမ်းသာ ပြီး စာပေအသိပညာတွေတိုးပွားပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်။
ကဲ.. ဆက်ပြီးဆုတောင်းတော့မယ်
အင်း … ဆုတောင်းပေးမယ်ဆိုတော့မှ ကျမမှာ ချစ်သူခင်သူတွေကများလှချည်လား
ကြွားတယ်တော့ မထင်နဲ့နော် … ဒီအတိုင်းတော့ဆုတောင်းလို့တော့မရဘူးရှင့်  ကမ္ဘာ့ မြေပုံကြီးတော့ လိုလိမ့်မယ်
ကဲ… အမိမြန်မာပြည်ကစလို့ ကမ္ဘာ လုံးကြီးကို တစ်ပတ်ပတ်လိုက်မယ်....
ပထမဆုံးအနေနဲ
့ အလုပ်စ၀င်ကတည်းကနေ ခုထိ ကုမ္မဏီဝန်ထမ်းလခစားလုပ်လာတဲ့ ကျမအတွက်
ထမင်းရှင် ဖြစ်တဲ့  အလုပ်ရှင် တွေအားလုံးကိုလည်း ပျော်ရွှင် ကျန်းမာပြီး
စီးပွားရေးတွေ အောင်မြင်တိုးတက် ပါစေ လို့  ဆုတောင်း ပေးလိုက်ပါတယ်။
ပြီးတော့
…. ကျမကိုနွေးထွေးချစ်ချင်စွာနဲ့  မောင်ရင်းနှမလို ဆက်ဆံကြတဲ့ 
လုပ်ငန်းခွင် မှ လုပ်ဖော်ကိုင်ဖက် တွေအားလုံးကိုလဲ ပျော်ရွှ့င်ချမ်းမြေ
့ပြီး လိုအင်ဆန္ဒ ပြည့်ဝပါစေလို့ဆုတောင်းပါတယ်။
ပြီးတော့
….ကျမကအလုပ်ကိစ္စနဲ့မကြာခဏ
ပင်လယ်ရပ်ခြားခရီးထွက်ရတတ်ပါတယ်။အဲဒီအချိန်တွေမှာ တစ်ဦးတည်းကျန်ခဲ့တဲ့ 
ကျမ ရဲ့ ဖခင်အိုကြီးကို ကိုစောင့်ရှောက်ပေးတဲ့ ရပ်ကွက်ထဲ ကသူတွေအားလုံး
ကိုလည်းကျေးဇူးတင်စရာပါ။ သူတို့ အားလုံးကို စိတ်ချမ်းမြေ
့ပျော်ရွှင်နေပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။
ငယ်ငယ်က
ဝန်ထမ်းဖြစ်တဲ့ ဖခင် တာဝန်ကျတဲ့နေရာတွေပါလိုက်ပြောင်းရွှေ့ ရင်း မြန်မာပြည်
အနှံ့ နေထိုင်ဖူးတဲ့ ကျမအတွက်တော့  ချစ်သူခင်သူတွေက
တနိုင်ငံလုံးရှိနေတာ့ လည်း မြန်မာပြည်မြေပုံ ကြီးကြည့်ပြီး အားလုံးကို
မေတ္တာပို့လိုက်ပါတယ်။
မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာချမ်းသာပြီး အောင်မြင် တိုးတက်ကြပါစေ။အသိပညာ၊ကိုယ်ကျင့်တရားတွေ
ပြည့်ဝ ကြပါစေ။ ဆင်ခြင်တုံတရားရှိကြပါစေ။ခုဖြစ်ပေါ်နေတဲ
့ပြည်တွင်းစစ်ကြီးလည်း အမြန်ဆုံးပြီးဆုံးပြီး စစ်ဘေးသင့်  ပြည်သူတွေအားလုံး
ချစ်သူခင်သူများနဲ့အတူ အေးချမ်းပျော်ရွှင်နိုင်ပါစေလို့ ရင်ထဲ အသည်းထဲက
လှိုက်လှိုက်လှဲလှဲဆုတောင်းပါတယ်။
ြ
ပြီးတဲ့အခါ
….မြန်မာပြည်ကြီးကနေနည်းနည်းနေရာရွှေ့ ကြည့်လိုက်တော့ 
ဗုဒ္ဓမြတ်စွာသာသနာထွန်းကားခဲ့ရာ အန္ဒိယ ဒေသ မှာ သာသနာ့အကျိုးအတွက်
အပင်ပန်းခံပြီး သွားရောက်သင်ယူလေ့လာနေတဲ့  သာသနာ့အာဇာနည်တစ်ပါးဖြစ်တဲ
့ဆုံဆည်းရာ ရဲ့  အကြံပေး ဦးဇင်အရှင်စန္ဒကုမာရ သီတင်းသုံးနေပါတယ်။
များပြားလှတဲ
့သာသနာ့တာဝန်တွေကြားက ၀ါသနာပါရာ စာပေအနုပညာကို မစွန့် လွှတ်နိုင်လေတော့
အချိန်ရရင်ရသလောက် စာပေများရေးသားပေးရင်း ဆုံဆည်းရာကိုစောင့်ရှောက်နေတဲ
့ဦးဇင်းလည်း အိန္ဒိယနိုင်ငံမှာ ကျန်းမာပျော်ရွှင်စွာနဲ့  သာသနာပြုနိုင်ပါစေ
၊တရားထူးတရားမြတ်များရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်….
ကဲ.. နောက်တစ်နိုင်ငံ……..
ထိုင်း
လို့ ခေါ်တဲ့ ယိုးဒယားပြည်ကြီးမှာလေ … ကျမ ခင်မင်လေးစားရတဲ့  ဆရာမောင်သုည
နဲ့  ဆရာမကြီးဒေါ်မေကျော့ရှင်း( ကလေးတို့ ဆရာမ ) တို့ရှိကြပါတယ်။ခုမှ
တည်ထောင်ခါစဖြစ်တဲ့  ကျမရဲ့  ဆုံဆည်းရာဆိုဒ်လေးမှာ လိုအပ်တာတွေ
သွန်သင်ပေးရင်း ချစ်ခင်စွာ အားပေးနေကြတာ မို့  အထူးကျေးဇူးတင်ပါတယ်။
ဆရာ နဲ
့ဆရာမ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ 
သမီးကြာဖြူနွယ်မှချစ်ခင်ရိုသေစွာ ဆုတောင်းပေးလိုက်ပါတယ်ရှင့် …
ထိုင်း ပြီးတော့ စင်္ကပူ
စင်္ကပူမှာလဲ
အလုပ်သွားလုပ်နေတဲ့  ကျမမိတ်ဆွေကိုကျော်ဇော ဆိုတာ သားနဲ
့မိန်းမကိုသိပ်ချစ်ပေမယ့်  မြန်မာပြည်မပြန်နိုင်သေးဘဲ
မိသားစုနောင်ရေးအတွက် ကြိုးစားစုဆောင်းနေတဲ့  သူတစ်ယောက်ပါ။ စင်္ကပူလို
နိုင်ငံမျိုးမှာနေပေမယ့် အပျော်အပါး အသုံးအဖြုန်းလုံးဝမရှိဘဲ ခြွေတာပြီး
ရသမျှ ခြစ်ခြုတ်စုတဲ့ ရှားပါးတဲ့ လူတစ်ယောက်ပါ။ ကျမစင်္ကပူရောက်တုန်းကနေရာ အနှ
ံ့ လိုက်ပြပေးခဲ့တာ လည်းကျေးဇူးတင် ပါတယ်။
“ပိယေဟိ ၀ိပရောဂေါဒုက္ခော ၊အပိယေဟိ သံပရောဂေါ ဒုက္ခော ”--ဆိုတဲ့  ဂါထာလေးအမြဲ ရွတ်ဆိုတတ်တဲ့ ကိုကျော်ဇောရေ...
ဒီနှစ်ချစ်သူများနေ
့မှာ ချစ်တဲ့ ဇနီး၊သားနဲ့ ဝေးကွာနေရပေမယ့်  မဝေးတော့နဲ့နှစ်တွေမှာ
အတူနေထိုင်ပျော်ရွှင်ရပါစေလို့  ဆုတောင်း ပေးလိုက်ပါတယ်နော်။
နောက်စင်္ကပူက
ချစ်သူငယ်ချင်း ပိုးအိကတော့ ချစ်ရတဲ့ ခင်ပွန်းသည်နဲ့  တီတီတာတာပြောတတ်တဲ
့ချစ်စရာ သမီးလေး နဲ့ အတူတူနေရတာကြောင့်သားတစ်ကွဲ မယား တစ်ကွဲ
စီးပွားရှာနေရတဲ့  တခြားစင်္ကပူက မြန်မာတွေနဲ့ စာရင် ကံကောင်းတယ် လို
့ဆိုရပါမယ်။
ဒါပေမယ့်လဲ
ဆွေမျိုးမိဘတွေနဲ့  ဝေးကွာပြီး သူများနိုင်ငံမှာနှစ်ရှည်လများနေနေရတာ ကို
ငြီးငွေ့ စိတ်ပျက်လာပြီတဲ့ -သူ့ သမီးလေးကြီးလာရင် လွန်လပ်မှုလွန်ကဲနေတဲ့ 
စင်္ကပူက မိန်းမပျိုလေးတွေရဲ့ စရိုက်တွေ ကူးမှာစိုးသတဲ့ --မိခင်တစ်ယောက်ရဲ
့စေတနာက သမီးလေး ကိုမြန်မာဆန်တဲ့ ကျောင်းမှာနေပြီး သိမ်မွေ့ ပြီး
သိက္ခာရှိတဲ့  မြန်မာမိန်းကလေးပီပီသသလေးဖြစ်စေ ချင်လို့ သမီးလေးကို မြန်
မာပြည်မှာ ကျောင်း လာထားပါတယ်။ ဒါပေမယ့် သမီးလေး ရှ့ ရေးမို
့သာခွဲနေရပေမယ့် စိတ်မကောင်းဖြစ်နေရသူပါ။
ချစ်တဲ
့သူငယ်ချင်း ပိုးအိရေ … မင်းတောင့်တသလို
မင်းချစ်တဲ့သူတွေအားလုံစုစုစည်းစည်းနဲ့ မြန်မာပြည်မှာ
အမြန်ဆုံးနေထိုင်နိုင်ပြီးမင်းရဲ့ သမီးလေး လည်း
မြန်မာမိန်းကလေးပီသစွာမြန်မာကျောင်းမှာပျော်ပါစေလို့
ဆုတောင်းပေးလိုက်တယ်နော်။
ပြီးတော့
ကျမသိသလောက် စင်္ကပူမှာရှိကြတဲ့ … ဆုံဆည်းရာမှ တာဝန်ခံညီမလေး eisansan ၊
ကိုလူမွန်ဒဗ္ဗ နဲ့ တကွ ကျန်တဲ့စင်္ကပူရောက်ချစ်သူခင်သူအားလုံးလည်း အဆင်ပြေပြီး
ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့  ဆုတောင်းပါတယ်။
နောက်တော့ … စင်္ကပူနဲ့ ကပ်နေတဲ့ မလေးရှားနိုင်ငံ
ကျမ
အားကိုးရတဲ့ ဆုံဆည်းရာကိုချစ်တဲ့ မောင်လေး ရန်နိုင်လင်း (
အမုန်းမရှိတဲ့မောင် ) ၊ စာပေမောင်နှမတွေ ဖြစ်တဲ့  ဖော်ရွေပြီး
သဘောကောင်းတဲ့ ရွှေမြန်မာဥယျာဉ်ကခိုင်လေး ၊ ကျမ နိုင်းဆိုဒ် စသုံးတတ်ချိန်မှ
ယခုအထိ ကျမ ဂျီကျ ခိုင်းစေသမျှ လုပ်ပေးနေတဲ့  ကျမရဲ့ မောင်လေး
အပြာရောင်ချစ်သူ နဲ့တကွ မလေးမှာရှိကြတဲ့ စာပေမောင်နှမအဖွဲ
့သားတွေအာလုံးကိုလဲ ခင်မင်ရင်းနှီးစွာ နဲ့ ဆုတောင်းပေး
လိုက်ပါတယ်။ရေခြားမြေခြားမှာ အလုပ်အကိုင်တွေလဲအဆင်ပြေပါစေ။စာပေ
ဥယာဉ်ကြီးကိုလဲ ဆက်လက်ရေလောင်းပေါင်းသင်နိုင်ပါစေလို့ ….
ပြီးတော့ ….ဂျပန်
ကျမရဲ့ 
ဒုတိယနိုင်ငံလို့ ပြောရင်ရတဲ့  ကျမအလုပ်ကိစ္စနဲ့ မကြာခဏသွားနေရတဲ
့ဂျပန်နိုင်ငံတ၀ှမ်းမှာရှိကြတဲ့ ကျမကိုချစ်သောခင်သော ၊
ဂရုစိုက်စောင့်ရှောက်သော ဂျပန်မိတ်ဆွေ အားလုံးလည်း ပျော်ရွှင်ကျန်းမာပါစေ၊
တစ်နှစ်ထက်တစ်နှစ်တိုးလာပြီးဂျပန်ပြည်ကြီးကို
ခြိမ်းခြောက်နေတဲ့ သဘာဝဘေးအန္တရယ်တွေဖြစ်တဲ့  မုန်တိုင်းဒဏ်၊
ငလျှင်ဒဏ်၊ဆိုးဝါးလှတဲ့  ဆူနာမီ ဒဏ် စတဲ့ ဘေးဒုက္ခတွေ မကျေ၇ာက်ဘဲ
အေးချမ်းသာယာစွာနေထိုင်စားသောက်နိုင်ကြပါစေလို့  လှိုက်လှဲစွာ
ဆုတောင်းပေးလိုက်ပါတယ်။
စီးပွားရေးကျဆင်းလာပြီး
စက်ရုံတွေ တစ်ခုပြီးတစ်ခု ပြိုလဲနေတဲ့  ဂျပန်ပြည်မှာ ပညာရှာရင်း အစစ အရာ
ရာခြွေတာ စားသောက်ရင်း အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်နေကြတဲ့ ကျမရဲ
့ဂျပန်စာသင်ဖော်သင်ဖက် သူငယ်ချင်းတွေအားလုံးလည်း အဆင်ပြေကြပါစေလို့ 
ချစ်ခင်စွာ ဆုတောင်းပေးလိုက်ပါတယ်နော်။
ပြီးတော့  ကမ္ဘာ့အနောက်ဘက်ဆက်သွားတဲ့အခါ …..
US မှာ ကျမခင်မင်ရတဲ
့အကိုကြီးကိုလူဗိုလ် ၊ ကိုမင်းတာရာ တို့ ရှိပါတယ်။ဆုံဆည်းရာ ကို
ချစ်ခင်သံယောဇဉ်ရှိပြီး စာတွေကဗျာတွေ တင်ပေးနေကြတဲ့ ၊လိုအပ်တာထောက်ပံ
့ကူညီနေတဲ့ ကျမရဲ့  အကိုကြီးများလည်း ကျန်းမာရွှင်လန်းစွာနဲ့  အမြန်
ပြည်တော်ပြန်လာနိုင်ကြပါစေလို့ ညီမ ကြာဖြူနွယ်မှ
ဆုတောင်းပေးလိုက်ပါတယ်နော်....
နောက် ..အင်္ဂလန်
အင်္ဂလန်မှာ
ကျမခင်တဲ့ မိုးတိမ်ရဲ့ ချစ်သူ ဆုံဆည်းရာ မန်ဘာဝင် မမ ရှိပါတယ်။ကရင်မလေး
မမ က ဖော်ရွေသဘောကောင်းပြီး ပွင့် လင်းပါတယ်။ကျမရေးတဲ့ စာတွေကို
အားပေးဖတ်ရှူနေတဲ့  ကျမ ရဲ့  ပရိသတ်တစ်ယောက်ပေါ့ …
အင်္ဂလန်မှနေပြီး
နေ့  နဲ့ ည လွဲနေတဲ့ြ့မန်မာပြည်က ချစ်သူနဲ့ အွန်လိုင်းမှာ
အချိန်ညှိပြီးတွေ့ ဆုံစကားပြောနေရတဲ့  မမလည်း အမြန်ဆုံး
မြန်မာပြည်ကိုပြန်လာနိုင်ပြီးချစ်တဲ့ မိုးတိမ် နဲ့ အတူ ပျော်ရွှင်ချမ်းမြေ
့စွာနဲ့  ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ချစ်သူများနေ့ မှာ
ဆုတောင်းပေးလိုက်ပါတယ်နော် …
နောက်တစ်ခါ ……ဒူဘိုင်း
မိသားစု
စီးပွားရေးကျပ်တည်းလာလို့  ချစ်သူကို ခွဲခွာပြီး ဒူဘိုင်းမှာ
အလုပ်သွားလုပ်နေတဲ့  ၊သဘောကောင်းတဲ့  ကျမရဲ့ ဝမ်းကွဲညီမလေး မီးမီး
အတွက်လည်း အလုပ်အကိုင်တွေအဆင်ပြေပါစေ၊ချစ်တဲ့သူနဲ့ အမြန်နီးနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်။
ခုနောက်ဆုံး
ဆုတောင်းပေးချင်တာကတော့  လှိုင်းလေထန်ပြီး မာယာများ လှ တဲ့  ကြောက်စရာ
ပင်လယ်ထဲက သဘောင်္ပေါ်မှာ အလုပ်လုပ်ရတဲ့  ကျမရဲ့ ချစ်လှစွာသော
မောင်အငယ်ဆုံးလေး ကိုရဲပါ။ကျမထက်ဆယ်နှစ် ငယ်တဲ့  ကျမမောင်လေး ကို
အမေမရှိတော့တဲ့အချိန်ကစပြီး မိခင်တစ်ယောက်လို မေတ္တာမျိုးနဲ့ ကျမချစ်ခင်
စောင့်ရှောက်ခဲ့တာပါ။
သူ
ပထမဆုံးသင်္ဘောတက်တုန်းက ကျမ မှာစိုးရိမ်လိုက်ရတာ။အန္တရယ်ကင်းကင်းနဲ
အိမ်ပြန်ရောက်လာအောင် ဆုတောင်းမေတ္တာပို့ လိုက်ရတာ ပြန်လာတော့ သူက
အိမ်ထောင်ကျသွားလို့  သပ်သပ်နေပါတယ်။ကျမကသာ တနင်္ဂနွေ အပတ်တိုင်း ငါ
့မောင်လေးများလာမလားလို့  ဟင်းလေးတွေဖွယ်ဖွယ်ရာရာချက်ပြီးမျှော်တတ်ပေမယ့် 
သူကတော့ သူ့ ရဲ့ ကမ္ဘာသစ်လေးမှာပျော်နေသူပါ။
ဒီလကုန်
သူ သဘောင်္ာပြန်တက်ခါနီးမှပဲ သူ့ ဇနီးက ရင်သွေးလေးလွယ်ထားရလို့  မိန်းမကို
ဂရုစိုက်နေရလို့  ကျမတို့ ဆီ မလာနိုင်ဘဲ အဖေနေကောင်းလား ၊
မမကြီးနေကောင်းလားလို့  တခါတရံလောက်မှ ဖုန်းပဲဆက်ပြီးမေးတတ်သူပါ။ရေ ဆိုတာ
မြင့်ရာ မှ နိမ့်ရာ ကိုသာ စီးဆင်းကြတာပုံမှန်ဖြစ်ရိုးဖြစ်စဉ် မို့ ကျမ
ကျေနပ်ပါတယ်။
ဒါကြောင်
့လည်း ရင်ထဲကဖြူစင်နက်ရှိုင်းလှတဲ့မေတ္တာတရားတွေ နဲ့ 
ဆုတောင်းပေးနေပါတယ်။မကြာခင် ကျမရဲ့ တူလေးလား တူမလေးလား ဖြစ်လာမယ့်
ရင်သွေးလေးကို လွယ်ထားရတဲ့ ကျမရဲ့ ယောင်းမလေးလည်း ကျန်းမာပါစေ၊
သဘာဝဘေးအန္တာရယ်တွေထူပြောလှတဲ့ ပင်လယ်ထဲကို တဖန်လုပ်ငန်းခွင်ပြန်ဝင်ရမယ့်  မောင်လေး လည်း ဘေးရန်ကင်းရှင်းပါစေ၊
မောင်လေးအလုပ်လုပ်ရမယ်
့ သင်္ဘောကြီး မုန်တိုင်းဒဏ် ၊ ပင်လယ်ဓမြ လို ရန်တွေ မှလည်း ကင်းလွတ်ပါစေ။
မောင်လေးနဲ့တကွသင်္ဘောပေါ်မှာ လုပ်ကိုင်ကြရမယ့်  သူတွေအကုန်လုံး
အလုပ်တာဝန်ပြီးဆုံးတဲ့အခါ ချစ်သူခင်သူတွေရှိတဲ့  မြန်မာပြည်ကြီးကို
ချောချောမောမောပြန်ရောက်ပါစေ။
မောင်လေးလည်း
သားရတနာ ၊သမီးရတနာများ ထွန်းကားပြီး အိမ်ထောင်ဦးစီးပီသစွာ နဲ
့သာယာပျော်ရွှင်တဲ့မိသားစုဘ၀လေး ကိုတည်ဆောက်နိုင်ပါစေလို့ မမကြီး က
အေးမြသန့် စင်တဲ့  မေတ္တာတရားတွေနဲ့  ချစ်သူများနေ့ မှာ
ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
ချစ်သူများနေ့ မှာ ချစ်သူခင်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ
ကြာဖြူနွယ်
No comments:
Post a Comment