Sunday, July 21, 2013

` စိမ်းရက်လေအား `

Photo: `  စိမ်းရက်လေအား `

တစ်ခါသတိရတိုင်း ပန်းလေးတစ်ပွင့် စုထားမယ်ဆိုရင်

ပန်းမြင့်မိုရ် တောင် မောင်တွေ့ ရမှာပါ ....

တစ်ခါတမ်းတတိုင်း ရေစက်လေးတစ်စက် စုထားမယ်ဆိုရင်

အလွမ်းသမုဒ္ဒရာဘောင် မောင် မြင်ရမှာပါ....

တစ်ခါမြိုသိပ်ပြီး မပြောလိုက်ရတဲ့  စကားတစ်ခွန်း သာ သဲမှုန်တစ်ပွင့်ဆိုရင်

ဆာာဟာရ ထက် ကြီးတဲ့ ကန္တာရ မောင် သြချရမှာပါ....

မမြင်ရပေမယ့် ရင်ထဲမှာ ပွင့်အာနေတဲ့ 

သမုဒယဆိုတဲ့  ပန်း အစဉ်လန်းပါတယ် ..မောင်

တသွင်သွင်စီးကာဆင်းတဲ့ မေတ္တာရေအလျှင်ကြော

အတူမျောကာ ကူးခပ်ချင်ပေမယ့်

မသိယောင် တမင်ဆောင် လို့ 

တစ်ကယ်ပါ မျက်နှာလွှဲကာသွားတယ်

မောင်..စိမ်းရက်လေအား.....။

No comments:

Post a Comment