Sunday, June 23, 2013

" ချစ်သူသို့ ...တောင်းဆိုခြင်း "





ကိုယ်ဟာ ဓါတ်ခွဲစမ်းသပ်တဲ့ပညာ မကျွမ်းကျင်ပါဘူး ချစ်သူ

ဒါပေမယ့်  မင်း နဲ့ ပတ်သက်လာရင်

မင်းပြောလိုက်တဲ့ စကားလေးတစ်ခွန်း မှာ

မင်းကြည့်လိုက်တဲ့  အကြည့်လေးတစ်ချက်မှာ

မင်း ပြုံးလိုက်တဲ့  အပြုံးလေး တစ်ခု မှာ

ဘာအဓိပ္ပါယ်တွေများ ပါရှိနေမလဲ လို့ 

အသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာ ခံစားတတ်ပါတယ်...


ထိကရုံးပင်လေး ကို မြင်ဖူးတယ်မှတ်လား ချစ်သူ

သူတို့ ဘ၀ က သနားစရာသိပ်ကောင်းပါတယ်

အမှတ်တမဲ့ လက်ကလေးနဲ့  တို့ ထိ လိုက်မိတာနဲ့ 

အိပ်စက်ရပြီး အမှောင်ကမ္ဘာထဲ ရောက်သွားရှာတယ်လေ.....


တို့ နှလုံးသားလေးလည်း ဒီထိကရုံးလေးလိုပါပဲ

ရက်စက်ခြင်းတွေ နဲ့  မင်း ထိတွေ့  လိုက်မယ်ဆိုရင်

စိတ်နှလုံးသားညှိးနွမ်းလို့  အသည်းတွေကျွမ်းပြီး

မှောင်မိုက်တဲ့ ကမ္ဘာထဲ အမြဲနေရတော့မယ့်ဘ၀ပါ.....


ဒါ့ ကြောင့် ... တောင်းဆိုချင်ပါတယ်ချစ်သူ

ဆင်ကြည်စားရာ ဆိတ်မခံသာတာမို့ 

အမှတ်တမဲ့  ပဲ ဖြစ်ဖြစ်

တမင်တကာ ပဲ ဖြစ်ဖြစ်

လှောင်ပြောင်ရယ်မောချင် သလို

ရက်စက်တဲ့ အသုံးအနှုံးနဲ့ 

တို့ စိတ်နှလုံးညှိးချုံးအောင် မလုပ်ပါနဲ့ ကွယ် ....။


( ချစ်သူတိုင်း သာယာနာပျော်ဖွယ်စကားလေးတွေအမြဲဆိုနိုင်ကြပါစေ...)

ကြာဖြူနွယ်

No comments:

Post a Comment