Wednesday, June 26, 2013

`` မြန်မာအမျိုးသမီးဆိုတာ.... ``



ခုခေတ် ကျမတို့ နိုင်ငံက အမျိုးသမီးများဟာအိမ်ထဲမှာပဲနေကြတာမဟုတ်ဘဲ ယောင်္ကျားသားတွေ နဲ့  ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြရတာပါ။ ရဲရင့် ထက်မြက် ပြီး ကြိုးစားနေတဲ့  မိန်းမသားတွေ လုပ်ငန်းခွင်တိုင်းမှာရှိပါတယ်။

မြန်မာမလေးတွေ အလုပ်ကြိုးစားကြတာ ကို ကျမမိတ်ဆွေ ဂျပန်တစ်ယောက်က မှတ်မှတ်ထင်ထင် ချီးကျူးဖူးပါတယ်။

အရင်လ က ကျမ နဲ့  သူ နောင်ချိုဘက်သွားပြီး စိုက်ခင်းတွေ လိုက်လေ့ လာခဲ့ပါတယ်။
မိုးဝင်စအချိန်မို့  စိုက်ခင်းတွေ မြေထွန် ၊ မျိုးစေ့ ချနေကြပါပြီ။ရွာငယ်လေးတွေမှာဆို အကုန် စိုက်ခင်းထဲဆင်းကြလို့  ရွာထဲမှာလူတောင်မရှိဘဲ တိတ်ဆိတ်နေပါတယ်။

ကျမတို့  ကားနဲ့  စိုက်ခင်းတွေလိုက်ကြည့်ကြတော့ တွေ့ ရတာ မိန်းမတွေ က ပေါက်တူးပေါက်ကြ ၊ ပျိုးနုတ်ကြ နဲ့ လုပ်နေတာ မြင်တော့ သူ သေချာကြည့်ပြီး မြန်မာမ တွေ ရတဲ့ ယောင်္ကျားတွေ ကံကောင်းတယ်တဲ့ ...အချက်အပြုတ်လည်းရတယ် ၊ အလုပ်ဆိုလည်း ယောင်္ကျားနဲ့ တန်းတူ လုပ်နိုင်တယ်တဲ့ ..

သူတို့ ဆီက ဂျပန်မတွေက ခြေဆုံးခေါင်းဆုံး လှပနုရွနေအောင် အလှပြင်ပြီးယောင်္ကျားလုပ်စာ ထိုင်ဖြုန်းကြတာ များတယ်တဲ့ ...မြန်မာမတွေ ကတော့ နေပူထဲမိုးရွာထဲ အကြမ်းခံပြီးလုပ်နိုင်တယ်ဆိုပြီး ချီးကျူးပါတယ်။

နေ့ ခင်း ကျမတို့ ယာတဲ မှာ ခဏနားတော့ ပန်းဂေါ်ဖီ လာခုတ်ပေးတဲ့ ရွာထဲကမိန်းကလေး တစ်ယောက်ကို သူက အားလပ်ရက်ဘာလုပ်လဲ ၊ ဘယ်သွားလဲလို့ မေးပါတယ်။ အဲ့ ဒီ မိန်းကလေး က သူ့ မှာ အားလပ်ရက်ဆိုတာမရှိဘူး ၊ ဘယ်မှလဲမသွားဘူး ၊ လုပ်စရာတွေက တစ်ခုပြီးတစ်ခု ရှိနေတာ ၊ ကိုယ့်စိုက်ခင်းမရှိလည်း သူများစိုက်ခင်း ကူပေးတယ် ။ တစ်ရက်မှမနားဘူးလို့ ပြောလိုက်တော့ သူ တော်တော်ဖြုံသွားတယ်။ သူ့ ဘ၀မှာ အံ့ သြစရာအကောင်းဆုံး စကားပဲတဲ့ ...အားလပ်ရက် သပ်သပ်ရယ်လို့  မထားဘဲ အလုပ်လုပ်နေတဲ့  မြန်မာမတွေရှိတာ သူ သိသွားပါတယ်။

ဒါနဲ့ ညနေစောင်းပြန်လာကြတော့ ကံကြီးရွာအစွန် က စိုက်ခင်းထဲမှာ အလုပ်လုပ်နေတဲ့  သီလရှင်လေးတွေ ကိုမြင်ရပြန်ပါတယ်။ ကံကြီးရွာမှာ သီလရှင်တိုက်ရှိပြီး မိဘမဲ့ ကလေးတွေကို သီလရှင် ၀တ်ပေးပြီးခုလိုပဲ ကျောင်းပိုင်စိုက်ခင်း မှာ သီလရှင်တွေကိုယ်တိုင် ထွန်ယက်စိုက်ပျိုး ရပါတယ်တဲ့ ...ဘုရားဝတ်တက်ချိန်တက် ၊ လောကုတ္တရာစာသင်ချိန်သင်ရသလို ကိုယ့်စားဝတ်နေရေး အတွက်လည်း ကိုယ့်ဘာသာစိုက်ပျိုးစားကြပါတယ်တဲ့ ..လို့  အဲ့ ဒီဂျပန် ကို ကျမပြောပြတော့ သူ တို့ ဆီ မှာ မရှိတဲ့ ကိစ္စမို့ အထူးအဆန်းဖြစ်နေပါတယ်။

ကျမတော့သိပ်သဘောကျပါတယ်... မိဘမဲ့ ပြီး ခိုကိုးရာမရှိတဲ့ မိန်းမငယ်လေးတွေ အတွက် အင်မတန် အကျိုးရှိစေတဲ့အလုပ်လို့ မြင်ပါတယ်.။ဒီလို နိုင်ငံတော်လည်းမသိ ၊ ဘယ်အဖွဲ့ အစည်းအကူအညီမှ မလိုဘဲ မိဘမဲ့ ကလေးတွေ ကိုကယ်တင်စောင့်ရှောက်နိုင်အောင်လုပ်ကိုင်စီစဉ်ပေး တဲ့  ကျောင်းတိုက် ကသီလရှင်ဆရာလေး ကိုလည်း ချီးကျူးမိပါတယ်။

ဘယ်အရပ်မှာနေနေ ၊ ဘယ်အခြေအနေ မှာ ဖြစ်ဖြစ် ကောင်းမှု လုပ်ချင်တဲ့ သူဟာ လုပ်နေတာပါပဲ။

နောက်ပြီးတွေးမိတာက ဒီလိုမျိုး မိန်းကလေးတွေ အားမာန်အပြည့် လုပ်ကိုင်နေကြတာကျတော့ ဘယ်မီဒီယာမှ မသိ၊ ဘယ်ဖေ့စ်ဘုတ်ပေါ်မှ မတင်ကြပါလား..

တနေ့  တနေ့ တွေ့ နေရတဲ့  ဖေ့စ်ဘုတ်ပေါ် က မြန်မာမိန်းကလေးတွေ ကို ကဲ့ ရဲ့ ရှုံ့ ချ အထင်သေးတဲ့သတင်းတွေ ၊ တင်ထားတဲ့ မတော်တရော်ပုံတွေ မြင်ရ ဖတ်ရတာကျမ စိတ်မချမ်းသာပါဘူး...

အင်တာနက် ဖေ့ဘုတ် ကွန်ယက် က သိပ်ကျယ်ပြန့် ပါတယ်…သတင်းတခုဆို ချက်ချင်း တကမ္ဘာလုံးဆီရောက်သွားတာမို့ .. ငါးခုံမတကောင်ကြောင့် တလှေလုံးပုပ်ဆိုသလို လက်တဆုပ်စာလောက်ပဲရှိတဲ့  အကျင့် ပျက်မြန်မာမိန်းကလေးတွေကြောင့်  တနိုင်ငံလုံး က မြန်မာ မိန်းကလေးတွေ ကို နိုင်ငံခြားသားတွေ အထင်သေးသွားမှာကျမသိပ်စိုးရိမ်ပါတယ်….

ဒါကြောင့်  မြန်မာမလေးတွေ ယဉ်ေ ကျးလိမ္မာ ပြီး သိ က္ခာရှိတဲ့ အကြောင်းတွေ ၊ မိဘ ကိုရိုသေ လုပ်ကျွေးတတ်တာလေးတွေ ၊ အမျိုး သိ က္ခာ စောင့်ထိန်းနေတဲ့ သတင်းတွေ များသိရရင် လက်တို့ ကြပါ တကမ္ဘာလုံးသိအောင် တင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်…

စေတနာမွန်ဖြင့် 

ကြာဖြူနွယ်

No comments:

Post a Comment