Wednesday, June 19, 2013
ကံကြီးရွာ ရဲ့  ဈေးနေ့ လေး
အရင်တစ်ပတ်က ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ် ကံကြီးရွာ ရဲ့  ဈေးနေ့ ရောက်ခဲ့ပါတယ်
  ဈေးနေ့ တစ်နေ့ ပဲ ဒီဈေးထဲမှာ ၀ယ်သူ ရောင်းသူ ရှိပါတယ်..
အဲ့ ဒီနေရာ က ကျမတို့  မနေ့ က ဖြတ်လာတုန်းက ဘာမှ မရှိဘဲခြောက်ကပ်နေတာပါ ။ဒီနေ့ တော့ ဆိုင်ကယ် တွေ ရယ်...တုတ်တုတ် လို့ ခေါ်တဲ့ သုံးဘီးနောက်တွဲတပ် ယဉ်တွေ နဲ့  ဈေးလာဝယ်ကြတာ ဈေးတန်းလေး က စည်စည်ကားကား လေးဖြစ်နေပါတယ်။
 သူတို့ မှာ ကျမတို့ လို အစားအသောက်အမျိုးမျိုးကို ဇိမ်ခံ စားနေချိန် မရှိပါဘူး...ခုလို ဈေးနေ့ တနေ့ မှာ ၀ယ်ထားပြီး တပတ်လုံးစားပါတယ်... ကျမတို့ သာ နေ့ ဈေး ညဈေး နဲ့  ၀ယ် မဆုံးတာ လို့  တွေးမိရင်း  သူတို့ လို ခြိုးခြံမစားနိုင်ဘူးလားလို့ ကိုယ့် ကိုယ် ကို မေးကြည့်တော့ အဖြေက လုံးဝမစားနိုင်ပါဘူး...တဲ့ 
 ဒီဈေးမှာ သူတို့ ရောင်းတဲ့ ဝါ့ ဥ ၊ ငါးကြီးချဉ် တွေ က ရန်ကုန် ဘက် မှာ သိပ်မတွေ့ ပါဘူး..
 ၀ါ့ ဥ  ကို ကြိုပြီး အတုံးပြန် ခဲ ပြီး အလေးချိန်နဲ့ ရောင်းပါတယ်။တို့ ဟူးလိုပဲ လှီးပြီးရောင်းတာပါ။
ကျမ ဧည့်သည် ဂျပန်ကြီး က ဒီ ၀ါ့ ဥ ကို သူတို့ ဂျပန် မှာလည်းစားကြလို့  စိတ်ဝင်စားပါတယ်..
ဈေးမေးတော့ အစိတ်သား မှ ၂၀၀ ကျပ် ပဲ ပေးရလို့  အံ့ သြနေပါတယ်...ဒီဘက်မှာ ၀ါ့ ဥ စိုက်ပြီး ဂျပန် ကို သွင်းလို့ ရရင် မြတ်မယ်လို့ ပြောပါတယ်။
 လောလောဆယ်တော့ ဒီနယ်ဘက်မှာ ၀ါ့ ဥ သိပ်မစိုက်ကြပါဘူး..၀ါ့ ဥ က တောထဲတွေ မှာ လောက်ပဲ ရှိတယ်ပြောပါတယ်။တကယ်လို့ သာ ဂျပန်ကို ဒီဝါ့ ဥ တွေ သွင်းလို့ ရမယ်ဆိုရင် ၀ါ့ဥဈေးလည်းကောင်းလာ မှာပါ..
 ခုလောလောဆယ် သူတို့ အဓိက စိုက် တာ  ကြံ နဲ့    CPပြောင်း   ပါ...ဒီကြံ နဲ့ ပြောင်း က စိုက်ရတာတန်ပါတယ်... ရိတ်သိမ်းပြီးတာနဲ့  ရောင်းလို့ ရပါတယ်။ဒီနယ်မြေ  မှာရှိတဲ့  သကြား စက်တွေက  ကြံစိုက်မယ်ဆိုရင် မျိုးစေ့ ပေးပါတယ်။ရိတ်သိမ်းချိန်  ဆိုရင် သယ်ယူတဲ့ ကားအတွက် ဆီ ဖိုးပေးပါတယ်။
 CPပြောင်း လည်း စိုက်ပြီးတာနဲ့  ပြောင်းဖူး ကို အစေ့ခြွေ ပြီး ပွဲရုံတွေသွင်းရုံပါပဲ..
ပွဲရုံတွေ က ဒီ CPပြောင်းစေ့ တွေကို တရုတ်ပြည်  ပို့ တာပါ...
ခု အချိန် က  ပြောင်းစိုက်ချိန်ပါ..ယာခင်းတွေ မှာ ပြောင်းပင်ပေါက်လေးတွေ တွေ့ နေရပါတယ်။
 ဒီနယ်ဘက်မှာ က ချောင်းတွေမြောင်းတွေ မရှိဘဲ ရေရှားပါတယ်။ရေတွင်းတူးလို့ ရပေမယ့် ဟိုးအောက်အနက်ကြီး တူးရပြီး ရေကြော တွေ့ ဖို့ လည်းခက်ပါတယ်။
No comments:
Post a Comment