Tuesday, June 18, 2013

" ပျော်ပါစေ .. "





တားထားတဲ့ စည်းပေါ် ကျော်ခဲ့ မိသူက ကိုယ်ပါကွယ်

မင်းအရိပ်အယောင် သွေးဆောင်ခဲ့တာမဟုတ်လို့  နေသာသလိုနေပါ

စည်းဖောက်တဲ့ အပြစ်ဒဏ် ခံစားရရင်လည်း ငါ့အပြစ်နဲ့ ငါ အံကြိတ်ခံပါ့မယ်....



မီးကျီရဲရဲ နဲ့ ငရဲပန်း ဆင်မြန်းချင်ခဲ့ တာ ကိုယ်ပါကွယ်

မင်းလက်ဆင့် ကမ်း လှမ်း ခဲ့တာမဟုတ်လို့  နေသာသလိုနေပါ

ဒီရင်ခွင် ကျွမ်းမြိုက်လောင်လည်း ငါ့ ရွေးချယ်မှု နဲ့ ငါ ကျေနပ်နေပါ့မယ်....



ရှုပ်ထွေးတဲ့ ဝင်္ကပါထဲ ခပ်ရဲရဲ တိုးဝင်ခဲ့ သူ က ကိုယ်ပါကွယ်

မင်း ကအတင်း ဇွတ်သွင်း ခဲ့ တာမဟုတ်လို့  နေသာသလိုနေပါ

ပြန်လမ်းပျောက်လို့ စိတ်ဘ၀င်နောက်လည်း ငါ့ ဘာသာမူးနောက်နေပါ့မယ်....


ကျရတဲ့ ဒီမျက်ရည် မင်းခြွေခဲ့ တာမဟုတ်ပါဘူး

နာကျင်ရတဲ့  ဒီရင်လည်း မင်းကျဉ် ခဲ့တာမဟုတ်လေတော့ 

ငါ့ ရင်ထဲ ချစ် မိ ခြင်း အပြစ်မကင်းခဲ့ လေသမျှ

ဖြေသာအောင်ဖြေ နေသာအောင်နေ ပါ့မယ်

ချစ်သူ ရေ .....

မင်း ထာဝရ ပျော်ပါစေ

No comments:

Post a Comment