ချစ်ခြင်းရယ်..နင်သိပ်ဆိုးတာပဲ
ငါ့ ကို ဘာလို့ ပြောင်းလဲပေးနေရတာလဲ
ငါ့ ဝိညာဉ် ငါ့အတွေး ကို ငါမထိန်းချုပ်နိုင်လောက်အောင်
နင့် ရှေ့ မှောက် ကျဆုံးခဲ့ရပေါ့ .....
အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ 
ဘုရားဟော နဲ့  အညီနေခဲ့တဲ့ ငါ ပါဟယ်
ငါ့ စိတ်အတွေး ငါမပိုင်အောင် မလုပ်ပါနဲ့ လား .....
ဘ၀ကို စိတ်ရင်းမှန် နဲ့  ဖြတ်သန်းရင်း
ရိုးဖြောင့့်ခြင်း နဲ့  ပျော်ရွှင်နေတဲ့ ငါ
ဟန်ဆောင် မြိုသိပ်ရတာ ပင်ပန်းလိုက်တာ .....
ပြောချင်ရက်နဲ့  မပြောရတဲ့ စကားတွေ
မေးချင်ရက်နဲ့  မမေးရတဲ့  မေးခွန်းတွေ
သိချင်ရက်နဲ့  မသိရတဲ့  ပဟေဠိ တွေနဲ့ 
အိပ်ပျက်ညတွေ များလာတဲ့အခါ
နာကြင်ကြေကွဲမှု နဲ့  ခပ်နာနာနုတ်ခမ်းကိုကိုက်လို့ 
be patient လို့ ရေရွတ်ယုံမှတပါး တခြားမရှိခဲ့တဲ့ ငါ
နင့် ကို စိတ်နာလိုက်တာ ချစ်ခြင်းရယ် .....
ကြာဖြူနွယ်
No comments:
Post a Comment