Thursday, April 25, 2013

နေပါစေကွယ်....






ကိုယ့်နှလုံးအိမ်ကို ကိုယ့်ဘာသာနာကျင်အောင်ရိုက်ခတ်

ငါ ...လူမိုက်တဲ့လား

နေပါစေကွယ်...တစ်ခါတစ်လေတော့လည်း ဒီလိုနာကျင်တတ်ရမယ်လေ


ရပ်နေတဲ့သူဆက်ရပ်ချင်ပြီး သွားနေတဲ့ သူဆန္ဒက ဆက်သွား

ဒါ ...အင်နားရှား တဲ့လား

နေပါစေကွယ်.... ချစ်ခြင်းမေတ္တာကို တစ်ခန်းကန့်  ဇွတ်ရပ်ပစ်တဲ့ ငါ

သီအိုရီ ကို ဆန့် ကျင်တဲ့ သူပေါ့နော်


နီးတော့မယ့်အရာတစ်ခု ကို ဝေးကွာသွားအောင် ဖျက်ပစ်သတဲ့လား

နေပါစေကွယ် .... စိတ်နှလုံးသားချင်း ဝေးကွာမှုဒဏ်ရာက

ဟောဒီ့ ရင်ဘတ်ထဲမှာ မြုံကာလှိုက်စားနေတော့လည်း

အနာမရင်းခင် ငါ ဖောက်ထုတ်သန့်စင်ပစ်ရမယ်လေ


တစ်ယောက်တည်း မို့  ရယ်သံတွေတော့ ဆိတ်သုန်းသွားမှာပေါ့ 

နေပါစေကွယ်.... အတူတူနေရင်း ကြားနေရမယ့် သက်ပြင်းသံ

ငါ့ နှလုံး သားက မနာခံနိုင်တော့လည်း ဝေးကြပါစို့ ကွယ်


ရယူဖို့ လက်တစ်ကမ်း အလိုမှ စွန့် ပစ်သူတဲ့ လား

နေပါစေကွယ်.... တစ်ခါတစ်လေတော့လည်း

ရယူတာထက် ကျောခိုင်းစွန့်ထွက်လိုက်ရတာ က ပို လေးနက်ပါတယ်



ငါ့ ကို သနားလို့  ပြန်လှည့်လာမလို့ လား

နေပါစေကွယ် .... မင်း လမ်းကိုသာ မင်းဆက်လျှောက်ပါ

မင်းရဲ့ ပုံရိပ် တိတ်တဆိတ်လေး ငေးမောကြည့်ရင်း

ဆူးညှောင့်ခလုတ်ကင်း ပျော်ရွှင်ခြင်းတွေ ဖြစ်လာပါစေလို့ 

ငါ ..ဆုတောင်းခြွေပေးနေမှာပါ ....



ကြာဖြူနွယ်

No comments:

Post a Comment