Friday, January 18, 2013

ကာရန်မညီသော ...








ခုထိတော့ အဖူးအငုံဘ၀ပါကွယ်
စစ်မှန်တဲ့ မေတ္တာဖြန်း ပွင့်လန်းဖို့ ကို မျှော်နေဆဲပေါ့ ...

ရင်ခုန်သံ မြန် ရုံလောက် နဲ့ 
အချစ် လို့  မသတ်မှတ်နိုင်သေးတဲ့ ငါ့ ကို
မာယာများတယ်လို့  မစွပ်စွဲပါနဲ့ လား ...

နုတ်ဖျားသကာ ချစ်စကားဆိုရုံလောက်ပဲ
ရည်ရွယ်ထားတာ မဟုတ်ခဲ့လေတော့
သေတစ်ပန် သက်တစ်ဆုံး လက်တွဲသွားဖို့ အရေး
ငါ တွေးတောနေရတာပါ...

ဘ၀ခရီးလမ်း အတူလျှောက်လှမ်းဖို့ ဆိုတာ
တီတီတာတာ ကြင်နာစကား ဆိုပြရုံနဲ့  ပြီးပြည့်စုံပါ့မလား
ငါ့ ကို အငြင်းမပွား သေချာစဉ်းစားပါ...

တကယ်တော့ ချစ်ခြင်းမေတ္တာ ဆိုတာ
 ခင်မင်တွယ်တာခြင်း၊ စာနာနားလည်ခြင်း၊
ဖေးမကူညီ ခြင်း ၊ မျှဝေခံစားခြင်း တွေ အားလုံးကို
အချိုးညီညီ ရောစပ်ပြီး ကာရန်လိုက်အောင်
သီကျူးထားတဲ့ ကဗျာလေးတစ်ပုဒ် ဖြစ်လေတော့ 
ချစ်ခြင်းကို အားပြု တို့ သံယောဇဉ်တွေစု လို့ 
ကာရန်ညီအောင် ညှိကြရအောင်နော် ။
 

(ချစ်သူတိုင်း ကာရန်ညီကြပါစေ)

ကြာဖြူနွယ်








No comments:

Post a Comment