Tuesday, January 22, 2013

ပုခုံးတစ်ဖက်




ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်ဖို့  အတွက်
မင်းရဲ့  ပုခုံးတစ်ဖက် လိုတယ်ချစ်သူ
အရာရာ မပြည့်စုံမှုတွေ နဲ့  ရုန်းကန်ကြိုးစား
အဆင်မပြေမှုတွေ ဘယ်လောက်များလဲ
မောပန်းလာတဲ့အခါ မင်းရဲ့ ပုခုံးလေးမှီပြီး
အားအင်တွေ ဖြည့်တင်းပါရစေနော် ...
                                
လောကဓံ ရဲ့ ရိုက်ချက်တွေ ခံနိုင်ဖို့ အတွက်
မင်းရဲ့ ပုခုံးတစ်ဖက် လိုတယ် ချစ်သူ
ကဲ့ ရဲ့ ပြစ်တင် အချစ်မ၀င်သမျှ
ပြောတတ်ကြတဲ့  လေလှိုင်းလက်နက်
ဘယ်လောက်ပဲ ရက်စက်နေလည်း
မတုန်မလှုပ် နဲ့  မင်းရဲ့ ပုခုံးလေးမှီ ရင်း
ကြံ့ ကြံ့ ခံ ရင်ဆိုင်ပါရစေနော်...
ဘ၀ခရီးလမ်းကိုအဆုံးထိ လျှောက်လှမ်းဖို့ အတွက်
မင်းရဲ့ ပုခုံးတစ်ဖက် လိုတယ်ချစ်သူ
ငိုအတူ ရယ်အတူ ပျော်လည်းတူတူ ပေါ့နော်
ရဲဘော်ဖက်လို ဘ၀တိုက်ပွဲ အတူနွှဲရင်း
ဒဏ်ရာဒဏ်ချက် ဘယ်လို ရက်စက်လည်း
မင်းရဲ့ ပုခုံးလေးမှီရင်း အပန်းဖြေပါရစေနော်။
 (ချစ်သူတိုင်း ပျော်ကြပါစေ )
ကြာဖြူနွယ်

No comments:

Post a Comment