Friday, January 4, 2013

ဗိုလ်ချုပ် ရဲ့ ဒီဇိုင်နာ

 လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ 

သမိုင်းဝင် ၀တ်စုံအကြောင်းလေးနဲ့ 

 မနက်ဖြန် ကျရောက်မယ့်  ၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့  ကို  ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်ရှင်



တနင်္ဂနွေနေ့  က  အကယ်ဒမီပွဲကိုတက်ရောက်လာကြတဲ့  အနုပညာရှင်တွေကို TV မှာကြည့်ရတာ
သူ့ ထက်ငါ အပြိုင်အဆိုင် လှလိုက်ကြတာ။

ရောင်စုံပန်းခင်းကြီးထဲရောက်သွားသလို ပါပဲ။သူတို့အနုပညာရှင်တွေ အတွက် အရေးကြီးတဲ့ တန်ဖိုးထားတဲ့
 ဒီပွဲကြီးကိုတက်ရောက်တဲ့ အခါသူတို လဲ လှပ ၀ံ့ကြွား ချင်ကြမှာပဲလေ။



ဒါကြောင့် ဒီလို  ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးမှာ အနုပညာရှင် တွေကို လူပုံအလယ်မှာ တောက်ပ
ဝံ့ကြွားနေအောင် အစွန်းကုန်ကြိုးစားချုပ်လုပ်ပေးထားကြတဲ့ ဒီဇိုင်နာ တွေရဲ့ ပညာစွမ်းကလဲ 
အထင်ကြီးလေးစားစရာကောင်းပါတယ်။


“လူမှာ အ၀တ် တောင်းမှာအကွပ်  ”ဆိုတဲ့  စကားပုံလေးလိုပါပဲ၊ အ၀တ်အစားဆိုတာ ကြွားဝါ ပြိုင်ဆိုင် ဖို့  ၊
  ပေါ်ပြူလာ ဖြစ်ဖို့ ဝတ်စရာမလိုပေမယ့်   ကိုယ့်အတွက် အရေးပါတဲ့ နေရာတွေ 
 သွားတဲ့အခါကိုယ့်ကိုလူအထင်မသေးအောင် ကိုယ်တက်ရောက်တဲ့ ပွဲ နဲ့ လိုက်ဖက်ပြီးကိုယ့်တန်ဖိုး
 ပေါ်လွင်အောင် ကိုယ့် အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့အ၀တ်အစားကိုတော့ ၀တ်ဆင်တတ်မှ
 သင့်တော်ပါလိမ့်မယ်။

ဒီလိုတွေးရင်းနဲ့  ကျမ သတိရသွားမိတဲ့ သူတစ်ယောက်ကတော့ ကျမတို့မြန်မာပြည်ရဲ့ 
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုဒီဇိုင်နာ လုပ်ပြီး အလှဆင်ပေးခဲ့တဲ့ 
သူတစ်ယောက်ကိုပါပဲ။
 
သူကတော့  ဗိုလ်ချုပ်နဲ့ရင်းနှီးခင်မင်ပြီးဗိုလ်ချုပ်ကို စေတနာထားတဲ့ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူး --ပါတဲ့ရှင်။


အချိန်အခါကတော့  ၁၉၄၇ ခုနှစ် ဇန်န၀ါ၇ီ လ ၊မြန်မာ့လွတ်လပ်ရေးအတွက် လက်တကမ်းအလို မြန်မာပြည်ကြီးအတွက်ဗိုလ်အောင်ဆန်း ဆိုတဲ့  သူတစ်ယောက် နေ့ မအား ညမအား 

အားသွန်ခွန်စိုက်ကြိုးပန်းနေတဲ့ အချိန်ပါ။

ဗိုလ်ချုပ် ဟာ ၁၉၄၆ ဒီဇင်ဘာလ၂၄ရက်နေ့ကလွိုင်ကော်မှာ ကယားခေါင်းဆောင်နဲ့စော်ဘွားများအား
 တွေ့ ဆုံပြီးသူ မကြာမီ ဘိလပ်သို့သွားပြီး မြန်မာ့လွတ်လပ်ရေးအတွက်အရေးဆိုတော့မည်ဖြစ်ကြောင်း

  ကယားပြည်သူများကိုလဲမန်မာပြည်မနဲ့အတူ လွတ်လပ်စေလိုကြောင်းစသဖြင့် တိုင်းရင်းသားအားလုံးရဲ့  

 စည်းလုံးညီညွတ်မှုအင်အားရဲ့ တန်ဖိုးရှိပုံကိုပြည်နယ်ခေါင်းဆောင်ကြီးများလက်ခံသဘောတူလာအောင် စည်း၇ုံးခဲ့ပါတယ်။
 
လွိုင်ကော်မှတဆင့် ဒီဇင်ဘာ ၂၆ တွင် တောင်ကြီးသို့ရောက်လာပြီး ၁၉၄၆ ဒီဇင်ဘာ၂၅ ခရစ်စမတ်နေ့ တွင်
တောင်ကြီးမြို့ လူထုစည်းဝေးပွဲကြီးမှာ စည်းလုံးညီညွတ်ရေးတရားဟောပြောခဲ့ပါသည်။ထို့နောကိ ဒီဇင်ဘာ၂၆ရက်နေ့ နံနက်ညောင်ရွှေမြို့ လူထု စည်းဝေးပွဲကြီးတွင် ညီညွတ်ရေး တရား ဟောပြောပြီးနောက်

 ရှမ်းပြည်မှရန်ကုန်ကိုပြန်ခဲ့ ရာ ထိုအချိန်သည်မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိနိုင်ငံ လန်ဒန်မြို့ တော် 
 တွင် နန်းရင်းဝန် မစ္စတာအက်တလီခေါင်းဆောင်သောလေဘာတီ အစိုးရနှင့် ဆွေးနွေးရန်  

 ဗိုလ်ချုပ်သွားရောက် ဖို့ ခြောက်ရက်မျှသာကျန်တော့တဲ့  အချိန် ကာလဖြစ်ပါသည်။


ဗိုလ်ချုပ်သည် လန်ဒန်တွင် ဆွေးနွေးခြင်းမပြုလုပ်ခင် သူနှင့် ခင်မင်ရင်းနှီးသော အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူး နှင့် ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလိုတဲ့ ဆန္ဒ ဖြစ်ပေါ်မိပါတယ်။
 

လူဆိုတာ အရေးကြုံရင် ကိုယ်ခင်မင်အားကိုးရတဲ့  မိတ်ဆွေကောင်းကိုတောင့်တမိတတ်ကြပါတယ်။
ဗိုလ်ချုပ်အနေနဲ့လဲ တိုင်းပြည်လွတ်လပ်ရေးကြီးအတွက် ကြီးကျယ်ခမ်းနားလှတဲ့  လန်ဒန်ဆိုတဲ့ ရွှေမြို့တော်ကြီးကိုမသွားခင်သူခင်မင်ရင်းနှီးတဲ့ သူ့မိတ်ဆွေကို တိုင်ပင်ချင်စိတ်ပေါ်မိတာပါ။
 
၁၉၄၇ ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် ၇ နာ၇ီ တိတိတွင် ဗိုလ်ချုပ်သည်မင်္ဂလာဒုံလေဆိပ်မှစတင်ထွက်ခွာပြီး
နံနက်  ၁၀နာရီခွဲ  ခန့် တွင်အိန္ဒိယပြည် ကလကတ္တားမြို့ သို့ ဆိုက်ရောက်ပါသည်။
နံနက် ၁၁ နာ၇ီခွဲတွင် ကာလကတ္တားမှပြန်ထွက်ပြီး ညနေ ၄ နာ၇ီ မိနစ်၄၀တွင် နယူးဒေလီမြို့ ဆင်ခြေဖုံး၇ှိ
ဝယ်လင် တန်လေဆိပ်သို့ ရောက်သွားကြပါသည်။

လေယဉ်ပေါ်မှဆင်းဆင်းချင်း လာကြိုနေသူများရဲ့ ရှေ့ဆုံးကတွေ့ ရတာကတော့အိန္ဒိယခေါင်းဆောင်ကြီး
မစ္စတာနေရူးပါပဲ။
သူက ဗိုလ်ချုပ်နှင့်လွပ်လပ်စွာ တိုင်ပင်ဆွေးနွေးချင်လို့ ဟိုတယ်မှာတောင် မတည်းခိုင်းဘဲ သူ့နေအိမ်မှာတည်းခိုစေပြီးသူ့ သမီး အင်ဒရာဂန္ဒီကိုယ်တိုင်ဗိုလ်ချုပ်ကို ဧည့်ခံပြုစုခဲ့ပါသည်။
 
ဗိုလ်ချုပ်သည် ဇန်န၀ါရီ ၂ရက်နေ့ ညမှ ဇန်န၀ါရီ ၆ရက်နေ့ အထိ ထို အိန္ဒိယခေါင်းဆောင်ကြီးနှင့် 
 နိုင်ငံရေးပြသနာများကိုကျယ်ပြန့် စွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။


ထိုတောအတွင်းဇန်န၀ါရီ ၄ ရက်နေ့ ညနေ တွင် မစ္စတာနေရူးသည် သူမှာကြားလိုသောအချက်များကို

 ပြောဆိုပြီးနောက် ဗိုလ်ချုပ် အားမေးခွန်းတစ်ခုမေးပါသည်။

“ဒါ့ထက်အောင်ဆန်း ၊မင်း အင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ”


ထိုအခါ ဗိုလ်ချုပ်က ဘာမှပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တပတ်နွမ်းကို ပြန်ငုံ့ ကြည့်ရင်း ပြုံးနေပါသည်။

သြော်--ဗိုလ်ချုပ်၊ဗိုလ်ချုပ်--တိုင်းပြည်လွပ်လပ်ရေးရဖို့အရေးကလွဲရင် ကိုယ့်အရေးအတွက်တောင် ဘာမှမစဉ်းစားပုံများ ဒီလောက်ကြီးကျယ်ခမ်းနားလှတဲ့  လန်ဒန်ရွှေမြို့ တော်ကြီးကို

 ကာကီယူနီဖောင်း အနွမ်းလေးနဲ့ သွားမတဲ့ ။

ကိုယ်ဝတ်ထားတဲ့ အက်ျီ ဘယ်လောက်ဟောင်းနေလဲဆိုတာတောင်ဂရုစိုက်မယ့်သူလဲမဟုတ်ပါဘူးလေ-

ဒီတော့မှမစ္စတာနေရူးလဲ ဗိုလ်ချုပ်ဟာ ဒီကာကီယူနီဖောင်း အဟောင်းလေးနဲ့ အင်္ဂလန်ဆက်သွားမှာ သဘောပေါကိသွားပြီးအံ့သြသွားပါသတဲ့ ။
 
“ဟာ--မင်းရဲ့ ဒီအ၀တ်အစားမျိုးနဲ့  အလွန်အေးတဲ့ လန်ဒန်မြို့ ဆောင်းရာသီမှာ ဘယ်ဝတ်လို့ဖြစ်မလဲကွယ့် ၊
ပြီးတော့ ဟိုကျရင် မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖတ်ချင်ဖိတ်မှာ၊

အဆောင်အယောင်ပကာသနအလွန်ကြိုက်တဲ့ ဗြိတ်သျှလူမျိုးတွေရဲ့အလယ်မှာ 
မင်းကအ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင်ခက်နေပါဦးမယ်၊

မဖြစ်ပါဘူး၊ကြည့်လုပ်ပေးလိုက်ဦးမှပဲ”

ပြောပြောဆိုဆို မစ္စတာနေရူးဟာ သူ့အတွင်းဝန်တစ်ဦးကိုချက်ချင်းခေါ်ပြီး ဗိုလ်ချုပိအောင်ဆန်းနှင့်  တပည့်ဖြစ်သူအတွက်ပါသင့်တော်တဲ့ ဝတ်စုံများချုပ်ရန် ညွှန်ကြားလိုက်ပါသည်။

ထိုညတွင်းချင်းပင် အပ်ချုပ်ပညာသည်များရောက်လာပြီး စနစ်တကျကိုယ်တိုင်းများယူသွားကြပြီးနောက်
၂၄နာ၇ီ  အတွင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းတို့အတွက် သက္ကလပ်ဖြင့် ချုပ်ထားသော စစ်ဝတ်စုံ၊
၇ှပ်အင်္ကျီ၊ နက်ကတိုင်လည်စည်း၊ ကက်ဦးထုပ်မှ အစ အားလုံးဝတ်စုံပြည့် ဆင်မြန်းပေးလိုက်ပါတော့သည်။


ထို့ကြောင့်ဗိုလ်ချုပ်သည် နယူးဒေလီမှခ၇ီးဆက်တဲ့အခါ ပုံပန်းကျနသပ်ရပ်သောသက္ကလပ်
စစ်ယူနီဖောင်းဖြင့်  ခံ့ညားစွာလန်ဒန်ကို ခရီးဆက်ခဲ့ နိုင်ပါသည်။
 

လန်ဒန်တွင်  ဗိုလ်ချုပ်သည် ဗြိတိသျှ နန်းရင်းဝန်နှင့်တကွ အစိုးရအဖွဲ့ ဝင်များနှင့်ဆွေးနွေးခဲ့ ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဗိုလ်ချုပ်ကိုယ်ပေါ်တွင် ခံ့ညားစွာနေရာယူထားတာက မစ္စတာနေရူးရဲ့မေတ္တာ လက်ဆောင်သက္ကလပ် စစ်ယူနီဖောင်းပဲဖြစ်ပါတယ်။
 

ထိုဝတ်စုံဟာ ဗိုလ်ချုပ်နဲ့ အင်မတန်ပဲလိုက်ဖက်ကြည့်ကောင်းလှပါတယ်။
ပြင်းထန်တဲ့ စိတ်ဓါတ်၊အားမာန်တွေနဲ့ လှုပ်ရှားနေတဲ့ ခိုင်မာပြတ်သားတဲ့ ဗိုလိချုပ်နဲ့ အရမ်းကိုလိုက်ဖက်တဲ့
ဝတ်စုံပါပဲ။ခုတော့ဒီဝတ်စုံနဲ့ လန်ဒန်မှာ ဗြိတိသျှတွေနဲ့ ယှဉ်ဘောင်တန်းပြီး ပြောဆိုဆွေးနွေးနေတဲ့  ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံတွေဟာလဲသမိုင်းဝင် ပုံတွေဖြစ်ခဲ့ပါပြီ။


ကျမကလေးဘ၀တုန်းက ဗိုလ်ချုပ်ကို ဓါတ်ပုံတွေထဲမှာစမြင်ဖူးကတည်းက  ဒီသက္ကလပ် စစ် ၀တ်စုံနဲ့ ပုံက
ကြည့်အကောင်းဆုံး ပဲလို့ ထင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လို့ ဆိုလိုက်တာနဲ့ မျက်စိထဲမှာ သက္ကလပ်စစ်ဝတ်စုံနဲ့  ဗိုလ်ချုပ်ပုံကိုပဲ မျက်စိထဲပြေးမြင်ယောင်မိပါတယ်။

တကယ်လို့  ဗိုလ်ချုပ်ဟာ အိန္ဒိယကိုမ၀င်ခဲ့ရင် ၊ မိတ်ဆွေမစ္စတာနေရူးကိုသတိတရ နဲ့ အရေးမထားခဲ့ရင်
ဒီလို ခံ့ညားတဲ့ ဝတ်စုံနဲ့ ဝံ့ကြွားနေတဲ့  ဗိုလ်ချုပ်ရဲ့  သမိုင်းဝင်ပုံတွေကို မြင်တွေုရမှာမဟုတ်ပါဘူး။

ဒါဟာ ဗိုလ်ချုပ်ရဲ့ မိတ်ဆွေစစ်ကို အလေးထားတိုင်ပင်ခဲ့တဲ့ စိတ်ရင်းစေတနာက အကျိုးပေးခဲ့တယ်လို့ ထင်ပါတယ်။

ဒီလို ကောင်းမွန်မှန်ကန်တဲ့  မိတ်ဆွေစစ် ရဖို့အတွက် မိမိဘက်ကလဲရိုးသားပွင့်လင်းမှု၇ှိပြီး
စိတ်ရင်းနဲ့ ဆက်ဆံရပါမယ်။စေတနာမှန်ရင် အကျိုပေးစမြဲပါ။
 

ဗိုလ်ချုပ်ရဲ့ တိုင်းပြည်ကိုစေတနာထားချစ်ခင်စိတ်ကပဲ ဗိုလ်ချုပ်ကို လူပုံအလယ်မှာ တင့်တယ်စေခဲ့ တယ် လို့ ယူဆမိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ ကျမကတော့ ကျမတို့ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် ဓါတ်ပုံတွေ လှပခန့် ညားပြီး ကြည်ညိုချင်စရာကောင်းအောင်ဗိုလ်ချုပ်ကို သက္ကလပ်စစ်ဝတ်စုံ ချုပ်လုပ်ဆင်မြန်းပေးခဲ့တဲ့ 

ဗိုလ်ချုပ်ရဲ့  ဒီဇိုင်နာ ဖြစ်တဲ့  အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူးကို
ကျေးဇူးတင်နေမိပါတော့တယ်။
   
 (ကိုးကား-- တက္ကသိုလ်နေ၀င်း ရေးသော ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း )


No comments:

Post a Comment