Wednesday, October 24, 2012

ဘာမှမလိုပါဘူးကွယ်

ဘာမှမလိုပါဘူးကွယ်

နေ့ သစ် လေး ရဲ့ အစ
 
နံနက်ခင်း နေခြည်နွေးနဲ့အတူ

မင်္ဂလာနံနက်ခင်းပါလို့ ---

နုတ်ဆက်ခွင့် လေး ပဲ ရချင်တာပါ။


ဘာမှ  မလိုပါဘူးကွယ်

ကိုယ် ပျော်ရွှင်နေတဲ့ အခါ  

ဝမ်းသာကြည်နူး အပြုံးဖူးကို

ကြည်နူးစွာ နဲ့  မျှဝေခွင့် လေးပဲ ရချင်တာပါ။


ဘာမှမလိုပါဘူးကွယ်

စိတ်တွေညစ်ညူး
 
မပျော်ဘူးလို့   တမ်းတတိုင်တည်

ရင်ဖွင့်ပြောဆို   သူ့ မှီ ခိုပြီး

ဖြေသိမ့် ပေးမှုလေး ပဲ ရချင်တာပါ။



ဘာမှမလိုပါဘူးကွယ်

ကိုယ့် ရပ်တည်မှု
ကိုယ့်ရဲ့ ဝါသနာ

ကိုယ့်စိတ်စေရာ

ကိုယ့် ရင်တွင်းကဗျာ  ကို

သူ့ နှလုံးအိမ် မှာ

စွဲထင်ကျန်ခွင့် လေး ပဲ ရချင်တာပါ။


 ဘာမှမလိုပါဘူးကွယ်

ကြယ်စင်လင်းတဲ့ ညခင်းလေးမှာ

မအိပ်စက်ခင် စိတ်ကြည်ရွှင်စွာ

အိပ်မက်လှလှ မက်ပါစေလို့ 

နုတ်ဆက်ခွင့်လေး ပဲ ရချင်တာပါ။



ခံစားနားလည်နိုင်ပါစေ

ကြာဖြူနွယ်

No comments:

Post a Comment