မှိန်ဖျော့ ဖျော့ 
မီးရောင်အောက် က စားပွဲ ၀ိုင်း မှာ မိန်းမ သုံးယောက် ထိုင်နေကြတယ်။
ညိမ့်ညောင်းတဲ့ 
အနောက်တိုင်းတေးသွားလေး ဖွင့် ထားတဲ့  စားသောက်ဆိုင် ထဲက ဒီအခန်းလေး ထဲမှာခုန
လေးတင်အထိ သူတို့  ရဲ့ ရယ်မောနောက်ပြောင်သံတွေ ၊ စားသောက် နေသံတွေ နဲ့ 
ဆူညံ စည်ကားနေရာကရုတ်တရက် တိတ်ဆိတ် သွားလိုက်တာ မှ အပ်ကျသံ တောင်ကြားရမတတ်ပါပဲ…. ။
ပျော်ရွှင် တောက်ပ နေတဲ
့သူတို့ ရဲ့ မျက်ဝန်းအိမ်တွေ ဟာ မှုန်မှိုင်းသွားပြီး ပြောရမယ့်  အကြောင်းအရာ ကို
ဖွင့် ဟ ဖို့  နုတ်ခမ်း လေးတွေ ကတဆတ်ဆတ်တုန်ယင်နေကြပါတယ်...။
အချစ်ဆုံး သူငယ်ချင်းတွေ
ဖြစ်ခဲ့ကြတဲ့  ဒေါ်လီ ၊ အမရာ နဲ့  သလင်း တို့ ဟာ အလယ်တန်း ကျောင်းသူ
ဘ၀ ကတည်းက ကျောင်းမှာအတွဲညီပြီး တက္ကသိုလ်ရောက်တော့လည်းမေဂျာတူ ယူကာ
သုံးယောက်ပေါင်း လောင်းကျော်ခဲ့ကြတဲ့  သူငယ်ချင်းတွေပါ….။ကျောင်းပြီးတော့
လုပ်ငန်းခွင်တွေ ထဲ ရောက်သွားကြရာ မှ တဖြည်းဖြည်း ဝေးကွာသွားကြ ရ တာဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။
ဒီလို သုံးယောက် အတူ
ဆုံပြီး လျှောက်လည်ဖို့ လွန်ခဲ့တဲ့  နှစ်ဝက်လောက် ကတည်းက သူတို့  အစီအစဉ် ဆွဲခဲ့ကြပေမယ်
့ မအားလပ်နိုင်တဲ့ နိစဓူဝတွေကြောင့်  တွေ့ ဆုံဖို့ ရာ တော်တော်နဲ
့ဖြစ်မလာခဲ့ပါဘူး။
ဒီနေ့ တော့ သူတို့ ဆန္ဒတွေ
ကို မနက်ကတည်းက အကောင်အထည်ဖော်ခဲ့ကြတာပါ။ မိုးလင်းကတည်းက သုံးယောက်သား
အလှဆုံး ပြင်ဆင်ကာအိမ်ကထွက်ပြီး ရန်ကုန် မှာရှိတဲ့  Super Market တွေ
အကုန်စုံအောင်ဈေးဝယ်ထွက်ခဲ့ကြပါတယ်။
နေ့ ခင်း
တရုတ်တန်းဘက်သွားပြီး လမ်းလျှောက်ရင်း တွေ့ သမျှ ၀ယ်စားကြရင်း လူတွေ များလှ တဲ
့ ပလက်ဖောင်း မှာသူငယ်ချင်း သုံးယောက်လက်တွဲ ယှဉ်ဘောင်တန်း လျှောက် ကာ
ဆယ်ကျော် သက် ကောင်မလေး တွေလိုစကားတွေ ဖောင်ဖွဲ့ ပြောရတာ ပျော်လိုက်တာ..။ ဘေးက
ဖြတ်သွားသူတွေ
ကတောင် ၀ယ်ထားတဲ့ ပစ္စည်းထုပ်တွေ မနိုင်မနင်း ဆွဲပြီး
ဗြုတ်စဗြင်းတောင်း ဖြစ်နေတဲ့  သူတို့  ကိုကြည့်ပြီးရယ်သွားကြတာလည်း သူတို
့မသိပါဘူး။
ဘယ်သွားသွား
ကားထည်လဲ စီးတတ်တဲ့  ဒေါ်လီက လည်း ကားကိုထားခဲ့ ပြီး လိုင်းပေါင်းစုံ မော်တော် ယဉ်
တွေ စီးချင်တယ်ဆိုလို့  သုံးယောက်သား တွေ့ ရာ နံပါတ် တွေလိုက်စီးပြီး ရောက်ရာနေရာ က
ပြန် ပြောင်း စီးကြရတာလဲ ပျော်စရာ။ဒီလို နဲ့  ညနေစောင်းလာတော့ မောလည်းမော ပြီး
ဆာလည်း ဆာ လာကြတော့မှ ဒီဆိုင်လေးကို လာခဲ့ကြတာပါ။
ခုမှ သူတို့ တွေ
့ဆုံရခြင်း ရဲ့  အဓိက အကြောင်းအရာ ကိုရောက်လာပါပြီ။တစ်နေကုန် စိတ်လွတ်လက် လွတ်
ပျော်ခဲ့ကြသမျှ ခုလို တစ်ယောက်တစ်လဲ ကိုယ့် ခံစားချက်တွေ ရင်ဖွင့် ကြရမယ်
ဆိုတော့ဆွ့ံ အ နုတ်ဆိတ်သွားကြပါတယ်။
အတော်လေးကြာမှ ဖွေးဥနေတဲ
့အသားအရည်နဲ့ လိုက်ဖက်လှတဲ့ ရွှေ ရောင် လှိုင်းတွန့် ဆံပင်လေးတွေ ရှိပြီး အရုပ်လေးလို
လှနေတဲ့ ဒေါ်လီက စတင်ပြီး….
“ ကဲ ငါ ပဲ စပြောမယ်….၊ ကျောင်းပြီးကတည်းက ငါ ဒယ်ဒီ
ရှိတဲ့ နိုင်ငံ ကို ထွက် သွားပြီး ကျောင်း သွား တက်တာ နင်တို့ အသိပဲ။အဲဒီမှာ
လူတစ်ယောက်နဲ့ တွေ့ ခဲ့တယ်။ သူ နဲ့ ဆုံရမှ ငါ ဟာ အချစ်ဆိုတဲ့ အရာကို ခံစားတတ်လာတယ်….။နင်တို့ သိတဲ့အတိုင်းပဲလေ
ငါ က ကျောင်းမှာကတည်းက Queen ဆိုပြီးကောင်လေးတွေ
ဝိုင်းဝိုင်း လည်နေပေမယ့် ဘယ်သူမှ ပြန်မကြိုက်ခဲ့တာမဟုတ်ဘူး ”
သူတို့ မှတ်မိပါတယ်။
ကျောင်းမှာ စာသင်နေရင် ဒေါ်လီ့ ဆီ လာတဲ့ စက္ကူမြှားတွေကြောင့်  သူတို့ အမြဲ စိတ်တိုခဲ့ရတယ်။
သွယ်သွယ်မြင့်မြင့် နဲ့ 
စမတ်ကျကျ ၀တ်ဆင်တတ်တဲ့  ဒေါ်လီ့  အလှက အမြဲတောက် ပ ၀ံ့ ကြွားနေတာ
ပါ … ။မြန်မာပြည်မှာ
လက်ချိုးရေလို့ရတဲ့ သူဌေး စာရင်းထဲမှာ ပါလောက် အောင် ကျိကျိတက် ချမ်းသာ တဲ့ 
လုပ်ငန်းရှင် ကြီး ရဲ့  တစ်ဦးတည်းသောသမီးချောလေး ဒေါ်လီ မှာ ချူချင်သူ
တွေကလည်း များလှပါတယ်။
ဒါပေမယ့်  ဘယ်သူတွေ
ဘယ်လို ကြိုက်တယ်ပြောပေမယ့်  ကျောင်းသာပြီးသွားတယ် ဒေါ်လီ
ကတော့ တစ်ယောက်တည်းပါ။လာကြိုက်သမျှ ကောင်လေးတွေကို ဘေးက အမရာနဲ့ သလင်း တို့  က
ဝိုင်းရွေးပေး ခဲ့ကြပေမယ့်  အလကားပါပဲ….။
“ နင်ကလည်းဟယ်၊
နောက်ဆုံးနှစ်ရောက်နေပြီ ။ငါတို့  လက်ရွေးစင်ရွေးပေးထား တဲ့ တစ်ယောက် ကို
ပြန်ကြိုက်လိုက်ပါလား ”
“ အာ….မကြိုက်ပါဘူး၊
နင်တို့ ပြောတဲ့သူက ငါ့ ဒယ် ဒီ နဲ့ သိတယ်။ သူ့ မိဘတွေက အလည်တွေ ၊ ဒက်ဒီ နဲ
့ပူးပေါင်းချင်လို့ သူ့ သားကို အားပေးနေတာ။ သူက ငါ့ ကို တကယ်ကြိုက်တာ လုံးဝ
မဖြစ်နိုင်ဘူး”
“ ဒါဆို … နင့် ကို နေ
့တိုင်း ကဗျာဆန်ဆန် ပန်းလေးတွေ ပေးနေတဲ့  အကိုကြီးရော”
“ သူလည်းမဖြစ်ပါဘူး။ ငါ
သူနဲ့ စကားခဏပြောကြည့်ပါတယ်။ငါ လှတာချည်းပဲ ဖွဲ့ နွဲ့ ပြနေတာ နားကလောတယ်။ ငါ့ ကို
သူချစ်တာ အလှအပကြောင့်ပါဟယ်…တစ်ကယ်လို့  ငါသာ အလှပျက်ပြီး ရင့်ရော်အိုမင်းသွားရင်
တကယ်ချစ်တော့မယ့်ပုံမရပါဘူး ”
“ နင်ကလည်းဟယ်…မဖြစ်သေးတာကြိုတွေးပြီ
ပူနေလိုက်တာ၊ ဒါဆိုလည်း နင့် ကိုညီမလေး လို့ ခေါ်တတ်တဲ့ နင့် အစ်ကို သူငယ်ချင်း ရော
ဘယ်လိုလဲ၊ နင့်ကို သိပ်အလိုလိုက်တာပဲလေ ”
“ အမလေး …အဲဒီလူကြီးများ အမြင်ကပ်လွန်းလို
့ပါဟယ် ၊ သူက ကိုကို နဲ့ အိမ်လိုက် လာပြီး
ငါ့ လာရောနေတာ။လူတွေ့ ရင် သူ့ မျက်လုံးကကြည့်တာ များ ကြောက်စရာ သိပ် ကောင်း တယ်။ မီးတောက်နေတာပဲ။ဒီလိုလူမျိုးက
မိန်းမကိစ္စ ၀ါသနာပါပြီးပွေမယ့် ရှုပ်မယ့်ပုံ ရတယ် ”
“ တော်ပါပြီ မမဒေါ်လီရယ်၊
နင်ဒီလောက်ဇီဇာကြောင်ပြီးကြေးများနေရင် ဒီတစ် သက် ယောင်္ကျား ရတော့မယ်မထင်… ”
“ မရလည်းနေပါစေတော့ဟယ် ၊
ငါလိုချင်တာကလေ နူးညံ့ သိမ်မွေ့ တဲ့ အချစ်ပါ…ငါ့ ကို ဘာအဆောင် အယောင် မှမပါဘဲ ငါ …. အနေနဲ့ 
ပဲထာဝရချစ်ခင် စောင့်ရှောက်မယ့်  ချစ်သူ ကိုလိုချင်တာပါ ”
ဒီလို စိတ်ကူးယဉ်ဆန်လှတဲ
့အလှဘုရင်မလေးဒေါ်လီက ရေခြားမြေခြားမှာ မှ ချစ်ရသူတွေ့ သတဲ့ လေ….
အမရာနဲ့ သလင်းတို
့နှစ်ယောက်ဒေါ်လီဆက်ပြောပြမှာကို စိတ်ဝင်တစားနားစွင့်နေမိပါတယ်။
“သူ က ဖေဖေ့အလုပ် က
ဝန်ထမ်းပါ။ နိုင်ငံခြားမှာ နေပေမယ့်  မြန်မာဆန်ပြီးယဉ်ကျေးတယ်။
စကားပြောတာလည်း သိမ်မွေ
့တယ်။ ဒယ်ဒီက သူ့ ကိုတော်တော် အားကိုးပါတယ်…
ငါ့ကိုလည်း ဒက်ဒီက
သင်တန်းအားတဲ့အချိန် သူ့ ဆီ မှာ အလုပ်သင်ခိုင်းတယ်၊ သူကလည်း
စိတ်ရှည် လက်ရှည်သင်ပေးပါတယ်….။ငါ့ ကို သူက ညီမလေး လို့ ခေါ်ပြီးအကိုတစ်ယောက် လိုဆုံးမတတ် တယ်။ အမြဲဖျတ်လတ်
တက်ကြွနေပြီးကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့  လုပ်ကိုင်နေတဲ့ သူ့ ရှေ
့ရောက်ရင် ငါဟာ ကလေးလေးတစ်ယောက်လို ဖြစ်ပြီး သူ့ ကိုပဲ အားကိုးချင်၊ဆိုးနွဲ
့ချင်မိတယ်။
ဒီလိုနဲ့  နှစ်ချီလာတော့
ငါတို့  တဖြေးဖြေးသံယောဇဉ်တွယ်လာပြီးချစ်သူတွေဖြစ်သွားကြ တယ်…။
ငါတို့ နှစ်ယောက်
အခြေအနေ ကိုသိသွားတဲ့  ဒက်ဒီက ငါ့ ကို တစ်နေ့ သေချာ သတိပေး လာ တယ်။
“ ဒေါ်လီ ၊သမီး … သူနဲ
့ဆို သေချာ စဉ်းစားပါ။ ဒက်ဒီက သူ့ ကို ၀န်ထမ်းလိုပဲ သဘောထား နိုင်တယ်။ သားမက်မတော်ချင်ဘူး။
သမီး ကိုဒက်ဒီ့ မိတ်ဆွေ သားနဲ့  နေရာချပေးဖို့  စီစဉ်နေတယ် ”
ဒက်ဒီ ပြောမှ သူနဲ
့ခွဲရမှာ ကြောက်သွားမိတယ်ဟယ်။သူ့  ကို ပဲ ငါ့ ဘ၀ ခရီးဖော် အဖြစ် ရွေးချယ်ချင် တယ်။သူဟာ
ငါ့ ကို တစ်သက်လုံးကြင်နာစောင့်ရှောက်မယ့် သူလို့ ငါ ယုံကြည် တယ်။ဒါကြောင့် 
ငါသူ
့ကို အကြောင်းစုံ ဖွင့်ပြောပြီး တိုင်ပင်တယ်။အဲဒီအချိန်မှာ မထင်မှတ်ထားတာ
တွေဖြစ်လာတယ်။
“ ဒေါ်လီတို
့နှစ်ယောက် ဒယ်ဒီ့ အရိပ် ကရုန်းထွက်ကြရအောင်နော်”
“ ဘယ်ဖြစ်မလဲ
ညီမလေးရယ် ၊ ကိုကို တို့ အခြေ ပျက်သွားမှာပေါ့ ”
“ ကိုကို ကလည်း ဒေါ်လီ နဲ
့ကိုကို က ဒီနိုင်ငံ မှာလည်း ကိုယ့်ဘာသာရပ်တည်နိုင်ပါပြီ၊
တကယ်လို့ 
မြန်မာပြည်ပြန်ပြီး နှစ်ယောက်ကြိုးစားလိုက်ရင်လည်း ပြေလည်မှာပါ ”
“ ဒီလောက်အဆင်ပြေ
နေရာကျနေတာကို အစက ပြန်စပြီးရုန်းကန်ရမှာ မဟုတ်သေးပါ ဘူးကွာ”
ငါ ဘယ်လိုပြောပြော သူ
ကလက်မခံဘူး။ ဒီလိုနဲ့  အချိန်တွေကုန်လာပြီး ငါ တက်နေ တဲ့ စီးပွားရေး ဒီပလို မာ
သင်တန်းပြီးသွားတော့ ဒက်ဒီက ရန်ကုန်ရုံးခွဲ မှာ ငါ့ ကို ကိုယ်စားလှယ် ထားဖို
့စီစဉ်တယ်။ သူနဲ့ ငါ့ ကို ခွဲ ချင်တာလည်းပါတာပေါ့ ဟယ်..ဒီလို အခြေအနေ အထိ သူက
အင်းမလှုပ် အဲမလှုပ်ဖြစ်နေတော့ ငါ သူ့ ကို ပြောရတော့တယ်။အခြေအတင် ပြောကြ ၊
ငြင်းခုန်ကြရင်း သူ့ စကားတွေကြမ်းလာတယ် …။
“ မဟုတ်သေးပါဘူး
ဒေါ်လီရယ်၊ ဘာလို့ ဒီလို အတွေးတွေ တွေးရတာလဲ ၊လက်ရှိကို လက်မဲ
့ဖြစ်အောင် မလုပ်ပါနဲ့ ”
“ ရှင် ...ကိုကို ဘာကို
ဆိုလိုတာလဲ”
“ မင်းနဲ့ မင်းအကိုနှစ်ယောက်ပဲ
မိဘ အမွေ တွေ ဆက်ခံရမှာလေ ၊ မင်းက ဒီအတိုင်း အားလုံးကို ထားသွားရမှာ မနှမြောဘူးလား”
“ မနှမြော ပါဘူး ၊ ကိုကို
နဲ့  နှစ်ယောက် ဆို ဒေါ်လီ ဘ၀ခရီးကို ရင်ဆိုင်ဖြတ်ရဲတယ်”
“ မမိုက်ချင်ပါနဲ
့ညီမလေးရယ် ၊ တကယ့်လက်တွေ့ ဘ၀ဆိုတာ မင်းထင်သလောက် မလွယ်ဘူး”
“ ဒါဆို၊ ကိုကို က ဒေါ်လီ
သူများရင်ခွင်ထဲရောက်သွားလည်းကြည့်နေမှာလား”
“ ဒါတော့ မင်းအပေါ်
မူတည်တာပဲ ဒေါ်လီ ၊ မင်းဒက်ဒီက ဘာလို့  မင်း ကို ငါနဲ့  သဘော မတူရတာလဲ၊
မင်း
ရအောင်မပြောနိုင်ဘူးလား…မပြောနိုင်ရင်တော့ မတတ်နိုင်ဘူး… မင်းကိုချစ်ခဲ
့ရတာမတန်ဘူး…
မင်း နဲ့ ယူရင် မင်းဒက်ဒီ က ငါ့ ကို အလုပ်ထုတ်မှာလား
ဒီလိုတော့မရဘူးလေ….မင်းတို့ ကုမ္မဏီ မှာ
ငါ ဒီလောက် လုပ်ပေးလာတာ… ခုမှ လက်မဲ့  အဖြစ်
နဲ့  မစွန့် ခွာနိုင်ဘူး…မင်း နဲ့ အလုပ် … တစ်ခုခုကို ရွေးပါဆိုရင် ငါ့ အလုပ်ကို ပဲ
ငါ ရွေးရ မယ်”
ပြတ်သားလိုက်တဲ့စကားတွေဟယ်
၊မျက်လုံးတွေကလည်းအေးစက်မာကြောနေတာပဲ။
သူ့ ကို ငါ
ကြည့်ပြီးကြောက်သွားတယ်..။ အဲဒီ့ အချိန်မှပဲ သူ့ ရဲ့ အတ္တ ကို ငါ
သေချာမြင်လိုက် ရတယ် ။နောက်နေ့ စပြီး သူက သူ့ အလုပ်ကိုတော့ သူသေချာ လုပ်နေပေမယ့် ငါ
့ကို ဘာမှ မဆိုင် တဲ့ သူစိမ်းတစ်ယောက်လို ဆက်ဆံပြလာတယ်… သူ့ သဘောက
ငါ့ကို ချစ်ရတာ မတန်လို့  သူမချစ်တော့ဘူးပေါ့ လေ …. လွယ်လိုက်တာနော်။
ငါ လေ ဒီလောက်ဖြစ်နေတာတောင်
သူ့ အခြေအနေ ကိုစောင့်ကြည့်မျှော်လင့်  မိနေ သေးပါတယ်။ ဒါပေမယ့်  ငါ မြန်မာပြည်
ပြန်လာရတော့မယ့် အချိန်အထိ သူ က ပုံစံ မပြောင်းဘူး။ဒယ်ဒီ့ ရှေ့ မှာ သူ နဲ့  ငါဟာ
ဘာမှ မဆိုင်တော့သလို ပဲနေပြတာမြင်ရတော့ ငါ့ထဲမှာ ဘလောင်ဆူနေတာပဲ…။
ငါ တစ်သက်လုံးမျှော်လင်
့ချက်ကြီးကြီးနဲ့ စိတ်ကူးယဉ်ခဲ့လေသမျှ ငါကြုံတွေ့ ခဲ့ရတာက အတ္တကြီးတဲ့ ချစ်သူဖြစ်နေတော
့ ရင်တွေ ကွဲထွက်မတတ် ခံစားခဲ့ရတယ်။
ဒီလိုနဲ
့မြန်မာပြည်ပြန်ရောက်တော့ ငါ ဒက်ဒီ့ ကို ပြတ်ပြတ်သားသားရင်ဆိုင်ပြီး ဒက်ဒီ သဘောတူတဲ
့သူနဲ့  မယူနိုင်ဘူးလို့ ငြင်းတော့တာပေါ့ ။
ဒီတော့မှ ဒက်ဒီ က ငါ့ 
စိတ်မကောင်းသလို ကြည့်ပြီးရှင်းပြတယ်။
“ သမီးကို ဒက်ဒီ
ဘယ်သူ နဲ့ မှ သဘောမတူထားပါဘူးဒေါ်လီ ၊ နှလုံသားရေးရာကိုဒက်ဒီ
အတင်းအကြပ် မလုပ်ချင်ဘူး”
“ အို … ဒက်ဒီ ရယ် ၊
ဒါဆို ဘာလို့  သူ နဲ့ ဒေါ်လီ့ကို သဘောမတူဘူးလို့ ပြောခဲ့တာလဲ”
“ အဲဒါ… သူ့ စိတ်ကို
ဒက်ဒီ စမ်းသပ်လိုက်တာပါ။သူက အလုပ်တော်ပေမယ့်  အတ္တကြီးပြီး တကိုယ်ကောင်း ဆန်တတ်တာ ဒက်ဒီ
ရိပ်မိလို့  ဒေါ်လီ့ အတွက် စိုးရိမ်မိတယ်။ဒက်ဒီ့  သမီးလေးစိတ်ကူးထားသလို
ဘာ
အဆောင်အယောင်မှ မရှိလည်း ဒေါ်လီ့ ကို ချစ်ခင် စောင့်ရှောက်မယ့် သူ
မျိုးဟုတ်မဟုတ် သိချင် လို့ ဒက်ဒီ ဟန်ဆောင်တင်းပြနေပေရပေမယ့်  ဒေါ်လီ ကံကောင်းဖို
့ဆုတောင်းပေးရင်း သူ့ အရိပ် အကဲကို စောင့်ကြည့်ခဲ့တယ်။ဒါပေမယ့် 
ဒက်ဒီ့ ဆုတောင်းတွေမပြည့်ခဲ့ဘူး။
ငါ့သမီးလေး ထက် သူ့ ဘ၀ ရပ်တည်မှုကို သူရွေးချယ် သွားတယ်။
ဒေါ်လီ နဲ့ နှစ်ယောက်သား
ဒက်ဒီ့ အရိပ် အောက်ကထွက်ပြီး ရုန်းကန်ဖို့ ကိုသူသတ္တိမရှိခဲ့ဘူး။ ဒီလို ကိုယ့်အတွက်ပဲ
ကြည့်ပြီး ချစ်သူ ကိုမစောင့်ရှောက်တဲ့ သူမျိုးကို ဒက်ဒီ့ သမီးကို မပေးစား နိုင်ဘူး။ခုမှဒက်ဒီ
သူ့ကိုတကယ်ငြင်းလိုက်တာဒေါ်လီ”
ဒက်ဒီ့ စကားတွေ
နားထောင်ရင်း ငါ့ ရင်ထဲမှာ တဆစ်ဆစ် နဲ့ နာလိုက်တာဟယ်…။
ဒက်ဒီ မှန်ပါတယ်။
ဒက်ဒီ အမြော်အမြင် ကြီးလို့ သာ ငါဟာ သူ့ စိတ်ရင်းကိုသိလိုက်ရတာပါ။
အဲဒီကတည်းက ငါလည်း
ခံစားရသမျှ ကြိုးစားမေ့ ပစ်ပြီး အလုပ်ထဲမှာပဲ စိတ်နှစ်ထား လိုက်တယ်။
နောက် ၂ နှစ်လောက်ကြာတော့
သူ ဟိုနိုင်ငံမှာပဲ စီးပွားရေးသမားတစ်ယောက်ရဲ့  သမီးနဲ့ လက်ထပ် သွားပြီးဒက်ဒီ
့အလုပ်ကနေထွက်သွားတယ်ကြားပါတယ်။
ဖြစ်ဖြစ်ချင်း တော့ သူ
့ကို စိတ်ဆိုးနာကြည်းပေမယ့်  တဖြည်းဖြည်း နဲ့ အချိန်ကြာပြီး
လူတွေအကြောင်း သိလာတော့ငါ သူ့ ကိုနားလည်ပေးနိုင်လာတယ်။
သူ့ ကို အတ္တကြီးတယ်လို
ပြောခဲ့တဲ့  ငါ ကမှ အတ္တ ပိုကြီးနေတာလေ။
ငါ့ကို ပဲချစ်စေချင်ခဲ
့တယ်။
ငါ့ကိုပဲစောင့်ရှောက်စေချင်ခဲ
့တယ်။
ငါ့အတွက် သူ အနစ်နာ ခံ
စေချင်ခဲ့ တယ်။
သေချာတွေးကြည့်လေ ငါ့ အတ္တ
ကိုမြင်လာလေ ပဲ…။
ဒီလို အတ္တတွေ ကြီးနေတဲ
့ဒေါ်လီ ငါ မဖြစ်ချင်တော့ဘူး။ ဒီအတ္တ တွေကို ပယ်ဖို့ နည်းလမ်းရှာ တဲ့ အခါ
ငါ ပရဟိတ အလုပ်တွေ ကို သွား တွေ့ တယ်။ငါ့ ကုမ္မဏီ က အမြတ်ရှယ်ယာတွေနဲ့  မိဘမဲ
့ဂေဟာက ကလေးတွေ နဲ့ ဆင်းရဲပြီးစာဆက် သင်မပေးနိုင်တဲ့ မိဘ တွေရဲ့ ကလေးတွေ ကို
စာသင်စရိတ်ထောက် ပ့ံ ပေးတဲ့  ပညာဒါန ဖောင်ဒေးရှင်းလေးတစ်ခု တည်ထောင်ခဲ့တယ်။ခုဆို
ဒီဖောင်ဒေးရှင်းလေး ရဲ့  အထောက်အပံ့ နဲ့ကျောင်းပြီးသွားလို့  ဘ၀ရပ်တည်မှု ရရှိသွားကြ
တဲ့ ကလေးတွေကို ကြည့်ပြီး ငါသိပ်ကြည်နူးတယ်။
အတ္တ ပါတဲ့ချစ်ခြင်းတွေဟာ
လူကိုပူလောင်စေပါတယ်။အထူးသဖြင့် ထောင့်ငါးရာ အချစ်တွေ ပေါ့ နော်။တကယ်တမ်း ကျတော့
ရယူလိုမှုမပါတဲ့ဖြူစင်တဲ့မေတ္တာ တရားကမှ ရင်ကို အေးမြစေ တယ်ဆိုတာ အချိန်ကြာလေ
ငါပိုသိလာလေပဲ ….။အဲဒါကြောင့်  ငါ အပူတော ထဲထပ်မတိုးချင်တော့ဘူး…။ ငါ့ အလုပ်ရယ်
၊ ငါ့ မိဘ နှစ်ပါးရယ် ၊ ငါ့ရဲ့ ပရဟိတလုပ်ငန်းတွေ နဲ
့ဘ၀ကိုနေထိုင်ဖြတ်သန်း သွားမယ်လို့  စိတ်ကူးလိုက်ပြီ…”
ကဲ… ငါ့  သဘောထား ကတော့
ဒါပါပဲ။
ဒေါ်လီပြောသမျှ
နားထောင်အပြီးမှာ အခန်းလေးဟာ ခဏတိတ်ဆိတ်သွားပါတယ်။
ခဏအကြာမှ အမရာ ရဲ့ 
ဖျော့တော့ ညင်သာ တဲ့အသံ ထွက်လာပါတယ်။
“ ဒီတစ်ခါ ငါ
ပြောမယ်နော်”
ချည်ထည် ၀မ်းဆက်လေးနဲ့ 
အမရာ ဟာ အရင်တုန်းကလို ညိုညိုသွယ်သွယ် လေးပါပဲ။
ဒါပေမယ့် 
ဟိုးကျောင်းသူဘ၀တုန်းက အမရာရဲ့ ကျော်ကြားလှတဲ့  အလှတပါးဖြစ် တဲ့  ဖြောင်
့စင်း နက်မှောင်ပြီး ကျောလယ်ထိ ဖြာဆင်းနေတဲ့  ပိတုန်းရောင်ကေသာတွေ
နေရာ မှာဂုတ်ထောက်ရုံ ဆံပင် လှိုင်းတွန့်လေး ပဲရှိပါတော့တယ်… ။
“ နင်တို့  က
ငါ့ ဆံပင်တွေ ကြည့်ပြီးနှမြောနေတာလား…ငါကတော့ ဘ၀မှာ ဆုံးရှုံးခဲ့ရ တာတွေ များလို့ 
ဒီဆံပင်လောက်ကိုစာ မဖွဲ့ တော့ပါဘူး။ကျောင်းပြီးလို့  နင်တို့ နဲ့ ကွဲကွာ သွားကတည်းက
ငါ့ ဘ၀ မှာ ပျော်ရွှင်ကြည်နူးခြင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
နင်တို့  သိတဲ့အတိုင်း ငါ
က မိဘတွေ မရှိလို့ အဒေါ်အိမ်မှာ ကပ်နေခဲ့ရတာပါ။ကျောင်းတက် တုန်းကလည်း
ပြေလည်ပေမယ့် ကပ်စေးနှဲတဲ့ ငါ့ အဒေါ်က့ ငါ့ ကို မုန့်ဖိုးနည်းနည်းပဲပေးလို့  ငွေရေးကြေးရေးကိစ္စတွေ
နင်တို့ပဲ အကုန်ခံခဲ့တာ ငါ ဘယ်တော့မှမမေ့ ဘူး။ငါ့ အတွက် နင်တို
့နှစ်ယောက်ဟာ အားကိုးစရာ ညီအမတွေလိုပဲ။ဘာမဆို အစစအရာရာ တိုင်ပင်လို့ ရတဲ့  ဒီလို
ညီအမ နှစ်ယောက်နဲ့ ဝေးကွာသွားရတာ ငါ့ အတွက် ကံဆိုးခဲ့တယ်။
ကျောင်းပြီးတော့ အဒေါ်က ငါ
့ကို ၀န်ထမ်းမလုပ်ခိုင်း ဘဲ ဘုရင့်နောင်က သူတို့ ပွဲရုံမှာ ၀င်လုပ်ခိုင်း တယ်။ ဒါပေမယ်
့ လစာ ဆိုပြီး သတ်သတ်မှတ်မှတ် မပေးဘဲ မုန့်ဖိုးသဘောမျိုး
သူတို့စိတ်လိုသလောက် ပဲပေး တယ်။ ငါဟာ အလုပ်ဘယ်လောက်ကြိုးစားလုပ်လုပ် ငါ့ ကို ငါ
့အဒေါ် က လစာမပေးတော့ စိတ်ဓါတ် ကျ လာတယ်။လုပ်ရတာလည်းမပျော်တော့ဘဲ ကိုယ့်ဘ၀ကို
စိတ်နာလာတယ်။
ဒီလိုအချိန်မှာ ငါ
့ကို ကြိုက် တဲ့  သူ တစ်ယောက် ပေါ်လာတယ်။
အဲဒီလူက ငါတို
့ပွဲရုံ နဲ့မျက်စောင်းထိုး ပွဲရုံက သူဌေးသားပါ။လူပုံက ပိန်ပိန်ပါးပါး နဲ့  ခပ်နွဲ
့နွဲ့ ပါ။ သူဌေးသားဆို တဲ့အတိုင်း သူ့ အဖေ သူဌေး လုပ်တာကို ထိုင်စား နေတဲ့  သူဌေးသားပါ။သူ
့အဖေ က အရမ်းတော် ပြီးအလုပ်ကိုလည်း ဖိဖိစီးစီး ကြိုးစား လုပ်တယ်။ သူကတော့ အဖေ
ခိုင်းတာလောက်ပဲလုပ်ပြီး တနေကုန် ထိုင်နေရတဲ့ သူဆိုတော့  ငါ့ကိုမြင်ပြီး
ကြိုက်ချင်တဲ့ ပုံပြလာတယ်။ရီမောနောက်ပြောင်လာ တယ်။
ဒါကိုသူ့ အဖေ ကရိပ်မိတယ်။
ငါ အလုပ်လုပ်တာကိုလည်းသူ့ အဖေ က သိတယ်လေ။အဲဒီ အထိ ငါ သူ့ ကို
စိတ်လည်းမ၀င်စားဘူး၊ဘယ်လိုမှလည်းမနေဘူး။ သူ့ ကို ရှိတယ်လို့တောင် သဘောမထားမိဘူး။ငါ
့ဘာသာ အဒေါ့် ကိုမကျေနပ်စိတ် နဲ့  ဒီဘ၀ က ဘယ်လို ရုန်းထွက် ရမလဲစဉ်းစားနေတာပါ။
ဒါပေမယ့်  သူ့ အဖေ က
ခြေလှမ်းသွက်လာပြီး ငါ့ ကို သူ့ သားနဲ့ ပေးစားဖို့  ငါ့ အဒေါ်ဆီ
လာတောင်း ပါလေရော။အဲဒီမှာ ငါ့ အဒေါ်က လည်း ငါ မရှိရင် သူ့ ပွဲရုံ အလုပ်တွေ
လုပ်မယ့်သူ မရှိမှာစိုးလို့  သဘောမတူချင်ဘဲ အင်တင်တင်ဖြစ်နေတယ်…။ငါ သူ့ ကို
မကြိုက်မှန်းလည်း သိတော့ မယူဘဲ သူတို့ အလုပ် ပဲဆက်လုပ်ခိုင်းနေတော့ ငါ့ စိတ် ထဲ
မခံချင်စိတ်က ၀င်လာတယ်။ငါ့ ကို တန်ဖိုးထားပြီး
လာတင်တောင်းမယ့်သူရှိသားနဲ့  အဒေါ်ဟာ ငါ့ ကိုခိုင်းချင်တာနဲ့  မပေးစားဘူးလို
့စိတ်နာလာတယ်။ဒါနဲ့ 
ငါ သူ့ ကိုလက်ထပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ငါ့  အဒေါ် က
ငါ့ ကိုအဲဒီတုန်းကတားခဲ့တယ်။
“ အမရာရေ
၊ညည်းသေချာစဉ်းစားနော် ၊ ဟိုကောင်လေးက လက်ကြောတင်းတာမဟုတ်ဘူး။
သူ့ အဖေ ပဲ
အကုန်လုပ်နေရတာ ၊ သူက ပျော်ပါးသောက်စားနေတာ နော် ။
ညည်းဒုက္ခရောက် မယ်။ ညည်းမကြိုက်ရင် မယူပါနဲ့လားအေ ၊ အိမ်ထောင်ပြုတယ်ဆိုတာ
ကလေးကစားတာမဟုတ်ဘူးနော်… ခုလိုပဲ အဒေါ် တို့ နဲ့  ၀ိုင်းလုပ်ဝိုင်းစားပြီး
အေးအေး ချမ်းချမ်းနေသွားပါလား။
အဒေါ်တို့ မှာ ရှိတဲ
့ သားတစ်ယောက်ကလည်း အမေရိကားမှာ အပြီးသွားနေပြီဆိုတော့  ငါတို့ မရှိတော့ရင်
ဒီပွဲရုံ ကို ညည်းကိုပဲ လွှဲပေးခဲ့ရမှာ ”
ငါ့ အဒေါ် က
ဘယ်လောက်နားချချ ငါလက်မခံခဲ့ဘူး။ ဒီလောက် ကပ်စေးနှဲပြီး လစာတောင်
မှန်မှန် မပေးချင်တဲ့ သူကငါ့ ကို ပွဲရုံလွှဲပေးမယ်ဆိုတာလည်း ငါမယုံပါဘူး။ဒါနဲ့ ပဲ
အချစ်ဆိုတာ ကို ခံစားနား လည်ချိန်မရလိုက်ဘဲ ဇွတ်မှိတ်ပြီး သူစိမ်းတစ်ယောက်ကို
ငါ လက်ထပ်လိုက်တယ်။
အိမ်ထောင်ကျပြီးမှ
သိလိုက်ရတာ သူဟာ ငါ သဘောကျ နှစ်သက်လာနိုင်မယ့် သူ မဟုတ်ဘူး ဆိုတာပါပဲ။
အတူပေါင်းကြည့်မှ
တကယ်ကို လက်ကြောမတင်းဘဲ အလုပ်မလုပ်ချင်တဲ့ သူမှန်း သိလာတယ်။
ဒါပေမယ့်  ဒါဟာ ငါ
ရွေးချယ်ခဲ့တဲ့လမ်းမို့  ငါ ဆက်လျှောက်ရမှာပဲလို့ အားတင်းပြီး ငါ့ ယောက္ခမ နဲ့အတူ
ငါပဲအလုပ်တွေ ကြိုးစားလုပ်ပါတယ်။ အရင် က အဒေါ့် ဆီမှာ ပွဲရုံ အလုပ်တွေ ခိုင်းလို
့မကျေနပ်ခဲ့ တဲ့  ငါက ယောက္ခမ အိမ်မှာ ပွဲရုံအလုပ်ရောအိမ်ရှင်မတစ်ယောက်အလုပ်ရော
အကုန်လုပ်ရတယ်။
သူက လည်း ငါ့ကို
အစပိုင်းက ဂရုစိုက်ချစ်ခင် ရိပ် ပြခဲ့ပေမယ့်  သားလေးရ လာပြီးနောက်ပိုင်း သူ
့စရိုက်ပြန်ပေါ်လာပြီး အိမ်မကပ်ဘဲအပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါးနေတာ
များ လာတယ်။အတူနေတဲ့  သူ့ အမ လင်မယားကလည်း သူ့ ကိုမကြည်ဘဲ ငါ့ ကိုပါ နှိမ်သလို
စောင်းမြောင်းပြောလာတယ်…။
ညတိုင်း အရက်မူးပြီး ညဉ်
့နက်မှပြန်လာတဲ့  ယောင်္ကျားကို ကြည့်ပြီး ငါဟာ စိတ်ပျက်မိပေ မယ့်  သားလေးရှေ
့ရေးတွေးပြီး မာန်တင်းအလုပ်လုပ်ခဲ့တယ်…။သူ့ ကိုလည်း အကျုင့်တွေ ပြင် လာအောင်တတ် နိုင်သလောက်ချော့ပြောကြည့်ပေမယ်
့ မထူးဘူး။
သားလေး
သုံးနှစ်သားမှာ သူ သွေးကြောထဲ ကို ဆေးထိုးအပ်နဲ့ မူးယစ်ဆေး ထိုးထည့်ရင်းတန်းလန်း
နဲ့ ဆုံးသွားတော့ငါ ဘယ်လို မှမခံစားရတော့ဘူး။ ငါ့ ယောက္ခမတွေ ကလည်း ငါ
့ကိုသမီးတစ်ယောက်လို ချစ်ခင် အားကိုးပြီးသူတို့ မြေးလေးကိုလည်းချစ်တော့ သူတို
့သားဆုံးသွားပေမယ့်  သူတို့ နဲ့ပဲ အတူ ငါ့ကိုနေခိုင်းတယ်..။ငါလည်း သူတို့ ကို
မိဘအရင်းလိုကို လေးစားပြီးချစ်ပါတယ်။ သူတို့ ကစိတ်ကောင်းရှိကြပါတယ်။
ဒါပေမယ့်  ပြသနာက ငါ
့ယောင်းမ လင်မယားပဲ…
ငါ့ ကို ငါ့ ယောက္ခမတွေက
ချစ်ခင်ဦးစားပေးပြီး ပွဲရုံလုပ်ငန်းတွေ လက်လွှဲထားတာကို မလိုလားဘဲ
အမျိုးမျိုးပြောဆိုငြူစူနေတော့ ငါစိတ်ဆင်းရဲလာတယ်။
ညဘက်ဆို
ဘာမှမသိဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သားလေးမျက်နှာလေးကြည့်ပြီး ငါ ဟာ
မျက်ရည်ကျရတယ်။ဒီအဖြစ်တွေအားလုံးဟာ ငါ့ ရဲ့ ရွေးချယ်မှုအမှားကြီးက ဖြစ်လာ တာပါ။မွေးကတည်း က
ကျွေးမွေးလာတဲ့ အဒေါ် ကို ပုန်ကန်ပြီး အာခံချင်တဲ့  အကျိုးဆက်တွေ ပေါ
့။ကျေးဇူးရှင် ကို ငြူစူ ကျေးဇူးကန်း ခဲ့လို့  ဖြစ်ပေါ်လာရတဲ့ ဆင်းရဲခြင်းတွေကို
ငါခံရတာ ကိစ္စမရှိပေမယ့်  အပြစ်မဲ့ တဲ့ ငါ့ သားလေး ကိုမခံစားစေချင်ဘူး။
ဒီလို ပဲ
စိတ်ဆင်းရဲစွာနဲ့နေထိုင်လာတာ သားလေး ပထမတန်းတက်တဲ့အချိန်မှာ ငါ့ အဒေါ် ယောင်္ကျားဆုံးတယ်။ငါ
့အဒေါ်တစ်ယောက်တည်း အလုပ်တွေမနိုင်မနင်းဖြစ်နေလို့  ငါ့ ကို ပြန်လာခေါ်တဲ့အခါ ငါ
့ယောက္ခမတွေ တားနေတဲ့ ကြားက ငါ ဆင်းခဲ့တယ်။ ဆက်နေရင်လည်း ငါ့ ယောင်းမနဲ့ ငါ
ပြသနာဖြစ်ကြမှာပဲလေ။
ခုတော့ သားလေးလည်း
အလယ်တန်းရောက်နေပါပြီ …။
ငါ လည်း ပွဲရုံ အလုပ်တွေ
က တဖက် ၊သားလေးကျောင်းကိစ္စတွေကတစ်ဖက် ၊ ငါ့ အဒေါ် ကို ပြုစုရတာ နဲ့ တစ်နေ့ တစ်နေ
့ခြာခြာကို လည်နေတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ ကတော့
ခုချိန်မှာ ငါ့ ကျေးဇူးရှင် အဒေါ် ကို ပြစ်မှားမိသမျှကျေအောင်ပြုစုလုပ်
ကိုင်ပေးရင်း ငါ့သားလေးဘ၀ကိုပြုစုပျိုးထောင်ပေးရင်း ဘဝ
ကိုဖြတ်သန်းသွားတော့မယ် လို့ ဆုံးဖြတ်ထားတယ်….. ”
စကားအများကြီးပြောလိုက်ရလို့မောသွားတဲ
့ အမရာက ရှေ့ ဖန်ခွက် ထဲမှာရှိတဲ့ ရေကို တစ်ကျိုက်တည်းသောက်ချလိုက်ပါတယ်။
ကျန်တဲ့မိန်းမနှစ်ယောက်ဟာ
အမရာ့ ကို သနားကြင်နာ တဲ့ မျက်ဝန်းတွေ နဲ့ငေးကြည့်မိန်းမော နေရင်း အခန်းလေး
ကပြန်လည်ငြိမ်သက် သွားပြန်တယ်။
သလင်း
နောက်ဆုံးပြောဖို့ ကျန်တဲ
့ သလင်းကပဲ တိတ်ဆိတ်ခြင်းကို
ဖြိုခွင်းလိုက်ပါတယ်။
“ နင်တို့ အကြောင်းတွေ
နားထောင်ရင်း ငါ့ အကြောင်းပြောရမှာတောင်ရှက်မိတယ်။နင်တို့  သိတဲ့အတိုင်း ငါက
ကျောင်းမှာကတည်းက အချစ်ရေးလည်းစိတ်မ၀င်စားဘဲ ကိုယ့်ဘဝ
တိုးတက်ချင်စိတ်ပဲရှိတာပါ ”
နောက်တွဲဆံထုံးရော့ရော
့လေးထုံးပြီး ကုတ်အင်္ကျီ အပြာရောင်လေးဝတ်ထား တဲ့ သလင်းမျက်နှာလေး က
ကြွေရောင်တောက်ကာ တင့်တယ်လှပနေပါတယ်။
သူတို
့သိပါတယ်။သလင်းဟာ သူတို့ လို မဟုတ်ဘဲ စိတ်ဓါတ်ကြံ့ ခိုင်ကာ ဘ၀တိုးတက်ရေး ပဲတွေး တတ်တာ ကျောင်းကတည်းကပါ….။ ဖခင် ဆရာဝန်ကြီးနဲ
့မိခင်ကျောင်းဆရာမ ရဲ့ အုပ်ချုပ်မှုအောက်က တစ်ဦးတည်းသော သမီးလေး သလင်းက
စည်းကမ်းတကျ နေထိုင်လုပ်ကိုင်တတ်သူပါ။
“ ငါ လေ
ကျောင်းပြီးတော့  ဒေါ်လီကလည်း နိုင်ငံခြားသွား ၊ အမရာကလည်း အဒေါ့် ပွဲရုံ အလုပ်တွေ
နဲ့ မအားတော့တစ်ယောက်တည်း ပဲဖြစ်နေတယ်….ဒါနဲ့ ကုမ္မဏီတစ်ခု မှာ အလုပ်စ၀င်ပြီး
အလုပ်အတွက် အထောက်အကူပြုမယ့် သင်တန်းတွေ တက်ခဲ့တယ်။
ငါတို့ ကုမ္မဏီ က သွင်းကုန်ပို့ကုန်လုပ်ငန်းတွေ
အများကြီးရှိပြီး ကျယ်ပြန့်တယ်။
ပစ္စည်းကွန်တင်နာတွေ
ဝင်တဲ့နေ့ မျိုးဆို အလုပ်ရှိရင်ရှိသလို ငါတို့ တွေ နိုက်ဂျူတီ ပါ
ဆင်းပြီး လုပ်ပေးရတယ်။အလုပ်ပင်ပန်းပေမယ့်  ထိုက်တန်တဲ့လစာ နဲ့ ခံစားခွင့်တွေ
ပေးလို့  လုပ်ရကျိုးနပ်ပြီး ငါပျော်ပါတယ်။
ဒီလိုနဲ ကြိုးစားလာတာ
ရုံးမှာ ငါ တဖြည်းဖြည်းနေရာ ရလာပြီး အထွေထွေမန်နေဂျာ ဖြစ်လာ တယ်။ သူဌေးက ငါ
့ကို အားကိုးရမှန်းသိတော့  ကုမ္မဏီကိစ္စတွေ ငါ့ကို အကုန်လွှဲလာတယ်။
ငါလည်း ကိုယ့်ကုမ္မဏီ လို
သဘောထားပြီး နေ့ ရောညပါ အလုပ်လုပ်ပေးပါတယ်။ သွင်းကုန် တွေ ရောက်လာရင် ငါ ညဘက်
ရုံးမှာပဲ အိပ်ရတာများတယ်။ငါတို့ ရုံးက ကွန်ဒို တိုက်ခန်း လေးမို့  ကျယ်ဝန်းပြီး
အိပ်စရာအခန်းတွေရှိပါတယ်။
ဒီလို ညဘက်တွေ ဆင်းပြီး
လုပ်လာတော့မှ သူဌေး ဟာအိမ်သိပ်မပြန်ဘဲ ရုံးက သူ့ အခန်းမှာ အမြဲလိုလို အိပ်တာ
သိလာတယ်။
အသားဖြူဖြူ
ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်သန့်တဲ့ သူဌေးက အသက်လေးဆယ်ကျော် လောက်
ပဲရှိပါသေးတယ်။အမြဲတမ်း ပြုံးနေတတ်ပြီး ၀န်ထမ်းတွေ အပေါ်လည်း ကောင်းပါ တယ်။ဒါပေမယ်
့ သူဌေးကတော် လာချိန်ဆို သူ့ မျက်နှာ မကြည်တတ်ဘူး။သူဌေးကတော် ကလည်း လာတာနဲ
့ ၀န်ထမ်းတွေ ကို ဟိန်းဟောက် ၊ အပြစ်ရှာတတ်တယ်။ သူဌေး ရုံးခန်းထဲဝင်သွားပြီးခဏနေရင်
လင်မယားနှစ်ယောက် ရန်ဖြစ်သံတွေ ကြားရတော့ တာပဲ။အဲလို နေ့ မျိုးဆို သူဌေးက
အိမ်မပြန်ဘဲ ရုံးမှာပဲအိပ်တတ်တယ်။
ငါ လည်း
သူဌေးကြည့်ရတာ စိတ်ဆင်းရဲ လို့  ငါ့ထက် အရင်အလုပ်ဝင်တဲ့အမကြီးကို
မေးကြည့်ပါတယ်။
“ မမအေး ရယ် ၊ သူဌေးက
ဒီလို နေနေတာ သူဌေးကတော် က ဘာမှမပြောဘူးလား”
“ သူတို့ လင်မယားက
ဒီလိုပဲ တစိကျက်ကျက် နဲ့  နေလာတာ ကြာပြီ။
အမအလုပ် စ၀င်ခါစကတော
့လုပ်ငန်းလည်း ဒီလောက်မကြီးသေးဘူး။ လင်မယား နှစ်ယောက်လည်း တည့်ပါသေးတယ်။သူတို့ 
မှာ သားလေးတစ်ယောက် သမီးလေး တစ်ယောက်ရှိတယ်လေ…မိသားစုလိုက် သွားကြ လာကြ နဲ့  ကြည့်ရတာပျော်စရာပါ။
နောက်ပိုင်း သဌေးက
လည်းလုပ်ငန်းတွေ များလာ ပြီး သဌေးကတော်ကလည်း တခြား စီးပွားရေးတွေ
ထပ်လုပ်လာတယ်။အဲဒီနောက်တော့ ခုမြင်တဲ့အတိုင်းပဲ တကျက်ကျက်ဖြစ် နေတယ်။
အဓိက က သူဌေး နဲ
့သူဌေးကတော် မာနပြိုင်နေကြတယ်ထင်တာပဲ။နှစ်ယောက်စလုံးက ထက်တော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီးငြင်းကြရင်
ဘယ်သူမှ အလျှော့မပေးဘူးလေ။သူ့ စီးပွား ၊ ကိုယ့်စီးပွား ပြိုင်လုပ် ရင်း သဘောထားတွေ
မတိုက်ဆိုင်ကြတော့တာနေမယ် ”
“ ဘာပဲဖြစ်ဖြစ်
ဝန်ထမ်းတွေ ရှေ့ တော့  အဲလို မျိုးကိုယ့်ယောင်္ကျားကို မအော်သင့် ဘူးပေါ့နော်”
“ ဟုတ်တော့ဟုတ်ပါတယ်။
သူဌေးကတော်က နည်းနည်းစိတ် ကြမ်းတယ်။ ဒါပေမယ့်  သူ့ ယောင်္ကျား ကိုတော့ ချစ်ပါတယ်”
မမအေးကသာချစ်တယ်ပြောပေမယ်
့ သူဌေးကတော်ကို ငါ မကျေနပ်ဘူး။
သူဌေးကိုလည်းသနားပြီး
အရင်ထက် ပိုဂရုစိုက်ပေးမိတယ်။ဒါကို သိလာတဲ့သူဌေးကလည်း ငါ့ ကို
ပိုခင်တွယ်လာတယ်။ညဘက် ဆင်းရမယ့်ကိစ္စတွေဆို ငါ့ ကို ခိုင်းတာများပြီး သူလည်း
အိမ်မပြန်ဘဲ အလုပ်ပြီးရင် ငါတို့ အလုပ်လုပ်တဲ့နေရာလာပြီး စကားတွေလာပြောနေ တတ်တယ်။
သူ့ မိန်းမ နဲ
့ရန်ဖြစ်လို့ မျက်နှာညှိးနေတဲ့ နေ့ တွေဆို ငါလည်း သူ့ကိုသနားလို့  ဘေးကနေ
အရိပ်တကြည့်ကြည့်နဲ့ လိုတာလုပ်ပေးမိတယ်။ငါ့ စိတ်ထဲမှာ သူ့ ကို ငါ
့အကိုတစ်ယောက် လို သဘောထားပြီး ဖေးမနှစ်သိမ့်ချင်စိတ်တွေဝင်လာမိတယ်။ဒီလောက်စိတ်သဘောထားကောင်းတဲ
့ သူ့ ကိုရထားရက်နဲ့  မကြင်နာတဲ့ သူဌေးကတော် ကိုတောင် အပြစ်တင်မိတယ်။သူ ကလည်း ငါ
သူ့ ကို ဂရုစိုက်မှန်းသိတော့ အားရင် ငါ့ ကို သူ့အကြောင်းတွေ ရင်ဖွင့်လာတယ်။
ဒီလိုနဲ့  ငါ နဲ့ သူ
ရဲ့ ဆက်ဆံရေးဟာ အလုပ်သဘောလောက်မဟုတ်ဘဲနက်ရှိုင်းလာတယ်။ ဒါပေမယ့်  ငါတို
့နှစ်ယောက်ဟာ မရိုးမသားစကားတွေ မပြောကြပါဘူး။သူဌေးကလည်း ငါ့ ကို ပေါက်ကရ
စကားမပြောသလို ငါကလည်းသူဌေးကို ဘာမှမမြူဆွယ် ခဲ့ဘူး….။ငါ သိတာ က
အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ညစ်နေတဲ့ သူဌေးကို ငါ တတ်နိုင် သလောက်ဖေးမနှစ်သိမ်
့ပေးချင်တဲ့ စိတ်စေတနာ ပဲရှိတယ်။ ဒီလို လုပ်ပေးတာလည်း အပြစ်ကင်းတယ် ထင်ခဲ့တယ်။
ဒါပေမယ့် 
ပတ်ဝန်းကျင်ဆိုတာကြီး က ငါတို့ နှစ်ယောက် ကိုစောင့် ကြည့်ဝေဖန်နေတာ ငါ
မသိခဲ့ဘူး။အစကတည်းက အလုပ်တော်လို့ နေရာပေးခံရတဲ့  ငါ့ကို မနာလိုတဲ့ တစ်ယောက် က
သူဌေးကတော် ကို ဘယ်လို အပိုစကားတွေ နဲ့  လုပ်ကြံလီဆယ် ပြောလိုက်လဲမသိဘူး။
တနေ့  ငါ့ အိမ် ကို
သူဌေးကတော် လိုက်လာတယ်….။
အဲဒီအချိန် ဖေဖေ ဆေးရုံ
မှာ ဂျူတီ ကျ နေလို့  ငါ့ အတွက် ကံကောင်းသွားတာ…။ သူဌေးကတော် က မေမေ့ ရှေ့ တင် ငါ
့ကို သူ့ ယောင်္ကျားနဲ့  မပတ်သက်ဖို့ တွေ ပြောလာတယ်။ ငါလေ ရှက်လဲရှက် ပြီး
ခံပြင်းလွန်းလို့  ငါနဲ့ သူဌေး ဘာမှမဖြစ်တာ ပြန်ပြောလိုက်တယ်။
“ ဘာမှ
မဖြစ်ဘူးဟုတ်လား။ဒီစကားကို နားရှိလို့ သာ ကြားလိုက်ရတယ်ကွယ်… မင်းကသာ
ဘာမှမဖြစ် ဘူးပြောတာ ခု ငါ့ ယောင်္ကျားက မင်းနဲ့ ယူဖို့ ငါ့ ကို ကွာတော့မယ် …သိလား ”
သူဌေးကတော်ဟာ
ပြောရင်းဆိုရင်း ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။
ငါဟာ အံ့ သြလွန်းလို
့သူဌေးကတော် ပြန်သွားတဲ့အထိထိုင်ခုံမှာကျောက်ရုပ်လို ထိုင်နေမိတယ်။မေမေ က ငါ
့အရိပ်အကဲကိုစောင့်ကြည့်ပြီးပြောလာတယ်…။
“ သမီးကို မေမေ ဘာမှ
အပြစ်တင်စကားမပြောချင်ဘူး။ သမီးဘာသာ သေချာစဉ်းစားပါ။ ကိုယ့်ကြောင့် 
သူများအိမ်ထောင် တစ်ခုပြိုကွဲ ရမယ့်  လူမဆန်တဲ့ အလုပ်ကို သမီး မလုပ်ဘူးလို
့မေမေယုံကြည်တယ်”
မေမေ ပြောမှ ငါ
ပိုပြီးဝမ်းနည်းသွားတယ်။ အခြေအနေ တွေ ဒီလောက်တောင်ဖြစ်သွားတာကို
နားမလည်နိုင်တော့ဘူး…။ဒါနဲ့  ငါ သူဌေးဆီဖုန်းဆက်ပြီး စကားပြောဖို့ ချိန်းလိုက်တယ်။
ငါတို့ တွေ့ တဲ့အချိန်မှာ
သူဌေးက ပြောလိုက်တဲ့ စကားတွေက ငါ့ကို ပိုအရှက်ရစေတယ်။
“ ဒီအခြေအနေ ရောက်မှ
ကိုယ်မညာချင်တော့ဘူးသလင်း၊ မသာယာ တဲ့အိမ်ထောင်ရေးထဲ မှာ ကိုယ့်ကို နားမလည်တဲ
့ မိန်းမ နဲ့အတူမနေနိုင်တော့ဘူး။ သူ့ ကို ကွာရှင်းဖို့ ကိုယ် စပြောလိုက်တာပါ …ကလေးတွေ
နဲ့  သူတို့ ကို ကျန်တဲ့ ပစ္စည်ေးတွ ပေးခဲ့ ပြီး ဒီအလုပ် နဲ့ ကွန်ဒို ပဲ
ကိုယ်ယူထားမယ်..သလင်း နဲ့အတူတူ ကိုယ်တို့  ပျော်ပျော်ရွှင်ရွှင် နေကြ တာ ပေါ့ နော် ”
ဘုရား ၊ဘုရား….
သူဌေးပြောတဲ့ စကားတွေ
နားထောင်ပြီး ငါ ဟာ ဘယ်ဘ၀ရောက်သွားပြီလဲလို့  တွေးမိတယ်။ ငါသူ့ ကို ဂရုစိုက်ပေးခဲ့တာ
တွေ ကို သူဌေးက ငါသူ့ ကိုယူ မယ်လို့  အပိုင်တွက်လိုက်တာကိုး။
ငါဟာ ကိုယ့် ကျေးဇူးရှင်
အလုပ်ရှင်မို့  သူဌေး စိတ်ညစ်ခံစားနေရတာ အားပေးနှစ်သိမ့်ချင် စိတ် ဖြစ် ခဲ့ပေ မယ့် သူများယောင်္ကျား
ကို ပစ်မှားချင်စိတ်လုံးဝ မရှိခဲ့ဘူးဆိုတာ ကျိန်ဆိုရဲပါတယ်။ ငါ့မေတ္တာ စေတနာ က
အဖြူရောင်ပါ။
ဒါပေမယ့်  ခု ငါနှစ်သိမ်
့ပေးခဲ့တဲ့  သူဌေးကိုယ်တိုင်က ငါ့  ကို အရောင်ဆိုးလိုက်ပြီ။
ငါ ရှက်လိုက်တာဟယ်…သူဌေး
ရှေ့ မှာ နေရင်း ရှက်တဲ့စိတ် နဲ့  ငါ အငွေ့ ပျံ လွင့် ထွက် သွားချ င် စိတ်
ဖြစ်မိတယ်။ငါ လေးစား အားကိုးရတဲ့  သူဌေး ဟာလည်း သာမန် ပုထုဇဉ် ယောင်္ကျား
တစ်ယောက်ပဲဆိုတာ ငါမေ့ထားတာကိုး။
အရောင်တောက်ပတဲ့မျက်လုံးတွေ
နဲ့  ငါ့ဆီက အဖြေ ကိုမျှော်နေတဲ့ သူဌေး စိတ်ထဲမှာ သားနဲ့ သမီး လေး မရှိဘူးလား…ဒီဘ၀ရောက်လာအောင်
ဒိုးတူပေါင်ဖက် ရုန်းကန်လာတဲ့  မိန်းမ မရှိဘူးလား။
ငါ သူဌေး ရှေ့ မှာ ဆက်
မနေချင်တော့လို့  ၊မနေရဲတော့လို့ နောက်နေ့ မှ သေချာ ဆုံးဖြတ်ပြီး ဖြေပေးမယ် လို
့ပြောခဲ့ ပြီးအိမ်ပြန်ခဲ့တယ်။ အဲဒီညတစ်ညလုံး ငါအိပ်မပျော်ဘဲ သူဌေးကတော် ဆီ
စာရေးတယ်။
……………….
သူဌေး က သူဌေးကတော်
ကိုသိပ်ချစ်တာ ငါတို့ တစ်ရုံးလုံးသိတဲ့အကြောင်း…
သူ့ ကို သူဌေးကတော် က
အရင်လို ကြင်ကြင်နာနာမဆက်ဆံတော့လို့  ၀မ်းနည်းတာ ၀န်ထမ်းတွေကိုပြောဖူးကြောင်း….
ခုလည်း သူဌေးကတော် ရဲ
့စိတ် ကို စမ်းချင်လို့  တမင် ငါနဲ့  အထင်လွဲအောင်လုပ် လိုက်တဲ့ အကြောင်း…
ဒါကြောင့်  သူဌေးကတော်
အနေနဲ့  သူဌေး နဲ့ ငါ့ကို အထင်မလွဲစေချုတဲ့အကြောင်းနဲ့အတူ ငါ သင်တန်းတစ်ခု တက်ရမှာမို
့အချိန် မလောက်လို့  အလုပ်ထွက် မယ့်အကြောင်းပါသေချာ ရေးလိုက်တယ်။
------------
မနက် ကျတော့ သူဌေးကတော်ဆီ
လည်းဒီစာ ကို ပို့ တယ်။
နောက် …
သူဌေးဆီ ကိုလည်း ဒီစာ ကော်ပီ နဲ့ အတူ အလုပ်ထွက်စာပါ ပို့ လိုက်တယ်။
နောက် တစ်ပတ်လောက်ကြာတော့
သူဌေး ကရော သူဌေးကတော် ကပါ ငါ့ကိုကျေးဇူးတင်တဲ့ အကြောင်း ဖုန်းဆက်ကြတယ်…။
အဲဒီတော့မှ ငါဟာ
ပြသနာကြီးတစ်ခု ပြေလည်သွားပြီလို့ တွေးရင်း ဟင်းချမိတယ်။မေမေ ကလည်း ငါ့လုပ်ရပ်ကို
မှန်တယ် လို့ ချီးကျူးပါတယ်။
ဒါပေမယ့်  ငါ ဟာ ငါ
့လိပ်ပြာ ငါသိပ်ရှက်မိတယ်။ချစ်သူရည်းစားတောင် မထားဘဲ ငါ့ဘ၀ကို အပြစ်ကင်းအောင်နေပြီးထက်မြက်ထူးချွန်အောင်ကြိုးစားနေတဲ့အချိန်မှာ
ငါ့အတွက် ဒီအဖြစ် အပျက်ဟာ အမဲစက်ကြီးစွန်းသွားသလိုပဲ….။
အိမ်ထောင်သည်
ယောင်္ကျားတစ်ယောက်ကိုဘယ်လို ပုံစံ ၊ ဘယ်လိုစိတ်သဘောထားနဲ့  မှ သနားကြင်နာ တာတွေ
မပြရဘူးဆိုတာ ကို ကောင်းကောင်းကြီး သင်ခန်းစာရသွားတယ်။
နောက်ပြီး
သာယာမှုနောက်လိုက်တတ်တဲ့  ယောင်္ကျားတွေ ရဲ့ စိတ်သဘောထားကိုလည်း
နားလည်ပြီးကြောက်သွားတယ်။
အဲဒီအလုပ် ကထွက်ပြီး
နောက် နိုင်ငံခြားကုမ္မဏီတစ်ခု မှာ ငါ ရာထူးကြီးကြီး နေရာတစ်ခု နဲ့ 
အလုပ်ဝင်ခဲ့ တာခုဆို ရုံးမှာ နိုင်ငံခြားသား ပြီးရင် ငါ အကြီးဆုံးပဲ။
အလုပ်တာဝန်တွေ က လည်းများတယ်…ငါ့  ကို ရုံးက၀န်းထမ်းတွေက
သိပ်စည်းကမ်းကြီးတဲ့ အပျိုကြီး ၊ ယောင်္ကျား တွေ နဲ့  စကားပြောရင်
သိပ်အပေါက် ဆိုးတဲ့ အပျိုကြီး ဆိုပြီးကွယ်ရာမှာ ငါ့ ကို ကဲ့ ရဲ့ တတ်ကြတယ်။ပြောချင်တာပြောကြပစေ ၊
ငါဂရုမစိုက်တော့ဘူး…ဒီတစ်ချက်လေးပဲ သူတို့ ငါ့ အတင်း ပြောတတ်ပေမယ့်  ငါ့ ကို
ချစ်ကြောက်ရိုသေ ဆက်ဆံကြတာ ငါသဘောကျတယ်။
လက်ရှိ အချိန်မှာ ငါဟာသူများတကာလေးစားအားကျရလောက်
တဲ့ ထူးချွန်သူ တစ်ယောက် အနေနဲ့  ဘ၀မှာရပ်တည်နိုင်ပြီ။ဒီဘ၀ ကိုယ် ငါ
ကိုယ်တိုင်ရွေးချယ်ခဲ့တာမို့  ငါကျေနပ်တယ်။
ဒါပေမယ့်  တချိန်လုံး
မျက်နှာထားချီပြီး နေနေရတာကြာလို့ ဒီနေ့ လို မျိုးနင်တို့  နဲ့တွေ့ ပြီး လျှောက်လည် ရတာလေးကငါ
့ကို သိပ်ကြည်နူးပျော်ရွှင်စေတယ်။ စိတ်ကိုပေါ့ ပါးလွတ် လပ်စေတယ်။နောင်လည်း တို့ တွေ
တတ်နိုင်သလောက် ဒီလို ဆုံတွေ့ နိုင်မယ့် နေ့ မျိုး ဖန်တီးယူကြရအောင်လေ….နော်”
သလင်း ပြောစကားကို
ဒေါ်လီနဲ့ အမရာ တို့ နှစ်ယောက်က ထောက်ခံသလို ပြုံုးပြရင်း… သူတို့  ရဲ့ လက်တွေကို
ဆုပ်ကိုင်တွဲထားလိုက်ရင်းအိမ်ပြန်ဖို့  ဆိုင်လေးထဲက ထွက်လာကြ ပါတယ်။
မြုံနေတဲ့ အနာဟောင်းတစ်ခု
ကိုဖောက်ထုတ်လိုက်ရသလို ရင်ထဲကခံစားရသမျှ ဖွင့် အန် ပြောပြီး သွားကြလို့  သူတို့ ရဲ
့နှလုံးအိမ်ဟာ ရှင်းလင်းကာ ကြည်နူး ကြည်မွေ့ နေပါတယ်။
သေချာတာတစ်ခုကတော့ ဒီညမှာသူတို
့ဟာကောင်းမွန်ပျော်ရွှင်စွာ အိပ်စက်နိုင်ပြီး မနက်ဖြန်မှာ ဘ၀ရဲ့ တာဝန်ဝတ္တရားတွေကို
ခွန်အားရှိရှိ ဆက်လက်လုပ်ကိုင်နိုင် မယ့်အင်အား တွေ က ထို မိန်းမ သုံးယောက်
တွဲဆုပ်ကိုင်ထားတဲ့ လက်တွေ ထဲကနေ တဆင့်  အပြန်အလှန် စီးဆင်းနေပါတော့တယ်…..။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
ရင်စူးမြားရသစုံဝတ္တုတိုများ အမှတ်(၁)
မှတ်သားစရာလေးတွေ ပါလို့ သဘောကျတယ် အမ။
ReplyDeleteခုလိုဖတ်ပေးတာကျေးဇူးပါ..ဒါခုထွက်နေတဲ့ ရင်စူးမြား စာအုပ်မှာပါပါတယ်
ReplyDelete