Thursday, May 3, 2012

လုပ်စရာမရှိဘူးဆိုတာ ရှိတာကိုမလုပ်ချင်ကြလို့ပါ


ခုခေတ်လူငယ်တွေကြားမှာ ကြားနေရတာက -အလုပ်မရှိဘူး--အလုပ်ရဖို့ခက်လိုက်တာ--အလုပ်တွေကလဲ မခေါ်ကြဘူး--စသဖြင့် 
ညီးညူပြောဆိုနေတာတွေကြားရပါတယ်-
သင်တန်းပေါင်းစုံကပေးတဲ့ လက်မှတ်ပေါင်းစုံအထပ်လိုက်နဲ့ CV Form ကိုင်ပြီး အလုပ်လိုက်လျှောက်နေကြတဲ့သူတွေ အများကြီးပါ--
ဒါပေမယ့်  ရေကများငါးလဲမတွေ့ပါ--ဆိုသလို သူတို့အလုပ်မရကြပါဘူး-
ဒါပေမယ့်  တဖက်မှာလဲ လုပ်ငန်းတွေ ၊ကုမ္မဏီတွေ ၊စက်ရုံတွေ ၊ဟိုတယ် တွေက ခေါ်လိုက်တဲ့ အလုပ်ခေါ်စာတွေ--
ပေးသူနဲ့ ယူသူ သဟဇာတ မဖြစ်ကြလို့သာ ဒီလို ပြသနာတွေ ဖြစ်နေရတယ်လို့ထင်ပါတယ်။
ဒီလို ဘာလို့ဖြစ်နေရတာလဲ--အရာရာတိုင်းမှာ အကြောင်းရှိလို့ အကျိုးဖြစ်တာပါ။
အလုပ်လျှောက်တဲ့လူတွေဘက်က လိုအပ်ချက်တွေလဲပြင်ကြရပါမယ်။
ပိုက်ဆံတမတ်နဲ့ ငါးကြင်းခေါင်း တက်ကိုင်--ဆိုတာလို ပဲ--ကိုယ်ကဖြင့် ဘာမတွေ့အကြုံမှမရှိဘဲ ခုမှအလုပ်လျှောက်ပြီး
 တက်ထားတဲ့ သင်တန်းတွေ အားကိုးနဲ ငါကတော့  ဘယ်ရာထူးရမှ--တို့  ၊ လစာ ကဘယ်လောက်ရမှ တို့ ၊   ဘယ်နေရာဆို မလုပ်ချင်ဘူး အောက်ကျတယ် --စသဖြင့်ဇီဇာကြောင်ပြီးအေ၇ွးလွန်နေရင်တော့  ဘယ်အလုပ်မှရမှာမဟုတ်ဘဲ   တဖြည်းဖြည်းအချိန်တွေကုန်ပြီး အသက်တွေကြီးလာပါလိမ့်မယ်။
လူတိုင်းကတော့  အကောင်းဆုံးအမြင့်ဆုံးဆိုတာ လိုချင်ကြတာပါပဲ-
ဒါပေမယ့် ကိုယ့်ကိုယ်ကို မလိမ်မညာဘဲ ကိုယ့်အရည်အချင်းကို သေချာ ပြန်ဆန်းစစ်ပါ-
လုပ်ငန်းခွင်မှာ ဒီတာဝန်ကို ယူဖို့ ကိုယ့်မှာ တကယ်ပဲ အ၇ည်အချင်းရှိပြီလား--
လုပ်ငန်းခွင် အတွေ့အကြုံရော ပြည့်စုံပြီလား--အလုပ်သဘောအရ လူတကာနဲ ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အချင်းရောရှိပြီလား-
လုပ်ငန်းခွင်ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အသိဥာဏ် ပြည့်စုံရင့်ကျက်နေပြီလား-
သေချာပြန်စစ်ပြီး ကိုယ့်ဘက်က လိုတာကိုဖြည့်ရပါမယ်--
နောက်ြ့ပီး ကိုယ်နေတဲ့ နိုင်ငံရဲ့ အခြေအနေ ကိုလဲ ပြန်သုံးသပ်ကြရပါမယ်--
မြန်မာနိုင်ငံမှာ လုပ်ပြီး အမေရိကားက ရပိုင်ခွင့်မျိုး ရာထူးမျိုးနဲ့  ချက်ချင်း အလုပ် တန်းဝင်ချင်နေရင်တော့ --ဘယ်တော့မှအလုပ်ရတော့မှာမဟုတ်ပါ-
ကိုယ်က မန်နေဂျာရာထူးလိုချင်ပေမယ့်  မရနိုင်သေးရင် သာမန် စာရေးရာထူးနဲ့ ဝင်ချင်လဲဝင်ရပါမယ်။
ကိုယ့်မှာအရည်အချင်းတကယ်ရှိရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့  လုပ်ကိုင်ရင်းသင်ယူလေ့လာပါ-
ခုလုပ်နေတဲ့သာမန်စာရေးအလုပ်လေးကိုပဲတာဝန်ကျေလုပ်နေရင်ကိုယ်လိုချင်တဲ့ မန်နေဂျာရထူးကြီးက အလိုလိုရောက်လာမှာမဟုတ်ပါ။
အခွင့် အရေးဆိုတာ ကိုယ်ကဖန်တီးတာပါ--
သင်ယူလေ့လာဖို့ မပျင်းပါနဲ့ --အချိန်ကို တန်ဖိုးထားပါ-ကုန်ဆုံးသွားတဲ့ စက္ကန့်တိုင်းဟာပြန်မရတော့ပါဘူး--
လုပ်ငန်းခွင်က ၀န်ထမ်းအများစုဟာ ဒီလိုပဲ အလုပ်ကိုတာဝန်ကျေအောင်လုပ်ပြီးရင် --ငါတို့မှာ အလုပ်မရှိတော့ဘူးဆိုပြီး
ကိုယ်ရေးကိုယ်တာကိစ္စတွေလုပ်ကြ-သူများတကာရဲ့ အတင်းအဖျင်းတွေပြောကြ-သူဌေးမကောင်းကြောင်းပြောကြ၊
ရာထူးတက်သွားသူတွေ-လစာတိုးသွားသူတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ကဲ့ရဲ့ပြီး အပြစ်တင်ကြ--စပ်စုဝေဖန်ကြ၊
ဒီလိုအီးရောအီးရော ဘ၀ နဲ့ အသက်ကြီးသွားပြီး မထင်မရှားဘ၀နဲ့ ပဲ နေ၀င်ချိန်ကို ဖြတ်သန်းသွားကြသူတွေအများကြီးပါ။
ဒီလို မဖြစ်ချင်ဘူးဆိုရင်တော့ ၀ရိယစိုက်၊သည်းခြံ့ပီးကြိုးစားရပါမယ်-
လူတိုင်းသက်တောင့်သက်သာနေချင်တဲ့သူချည်းပါပဲ--ဘယ်သူမှ ပင်ပန်းတာမကြိုက်ကြပါဘူး-
ဒါပေမယ့်  ကိုယ်လိုချင်တာ ရဖို့အတွက် ထိုက်တန်တဲ့  အားစိုက်မှုတခုတော့ပေးရပါမယ်-
ဘယ်အလုပ်ခွင်မှာဖြစ်ဖြစ် ၀န်ထမ်းကောင်းကို တန်ဖိုးထားကြပါတယ်-
Take  and Give  မလုပ်ပါနဲ့ --  ပေးမှလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်က အောက်တန်းကျပါတယ်။ကျွန်စိတ်ပါ။
ဘာမှကိုယ့်လုပ်အားကိုမပေးဆပ်ရသေးဘဲ ရပိုင်ခွင့်တွေချည်းဘဲမလိုချင်ပါနဲ့ -
ကိုယ့်အရည်အချင်းကို ချပြပြီးမှ  ကိုယ်လိုချင်တာကို ရအောင်ယူပါ- Give and Take ကပိုမြင့်မြတ်ပါတယ်-သခင်စိတ်ပါ။
ငါကငါ့ တာဝန်ပြီးပြီပဲ--ဘာမှလုပ်စရာမှမရှိတာ --ဘာကိုလုပ်ရမှာလဲလို့ ဆင်ခြေမပေးပါနဲ့ --
ကိုယ့်အလုပ်ခွင် ၊ကိုယ့်ပတ်ဝန်းကျင် မှာကိုယ်မသိသေးတဲ့ သင်ယူ လေ့လာစရာတွေ အများကြီးပါ-
ကိုယ်နဲ့မဆိုင်ဘူးလို့တော့မထင်ပါနဲ့ --လောကမှာ မသင်ကောင်းတဲ့ အတတ်ပညာဆိုတာမရှိပါဘူး-တတ်ထားရင် တနေ့ နေ့ အသုံးချဖို့ 
လိုအပ်လာပါလိမ့်မယ်-
အမြဲတမ်း ဦးနှောင်တံခါးကိုဖွင့်ထားပြီးသင်ယူလေ့လာပါ--တနေ့မှာ လိုချင်တဲ့ ပန်းတိုင်ကိုရောက်လာပါလိမ့်မယ်--
ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို အဓိပါယ်မဲ့  မကုန်ဆုံးပါစေနဲ့ -အကျိုးရှိမယ့် တခုခုကိုလုပ်နေပါ-
လုပ်စရာမရှိဘူးဆိုတာ မ၇ှိပါဘူး--ရှိတာကို မလုပ်ချင်ကြတာပါ--
ကဲ---ခုကစပြီး ဒီနည်းလမ်းကိုကျင့်သုံးကြည့်လိုက်ပါ--
မင်းရဲ့အနာဂါတ်ကရွှေရောင်လွှမ်းလာတာကို မကြာမီ မင်း တအံ့တသြ မြင်ရပါလိမ့်မယ်

No comments:

Post a Comment