တကယ်မမောပမ်းစေရန်ကိုကွယ်-ပြော ပြောပြမယ်--တကယ့်အလှနဲ့သစ္စာမှာကွယ်--သဘာဝအဆင်းဖြစ်တယ်---- --------- ------- ------------- --------------------- ---------
Momiji လို့ ဂျပန်လိုခေါ်တဲ့ မေပါယ်ရွက် လေးတွေ စွေးစွေးနီချိန် ,kooyoo ဆိုတဲ့ ဂျပန်ပြည်ရဲ့ ရွက်ကြွေချိန် ဟာဘာလို့များ ဒီလောက်တောင် လွမ်းမောဖွယ်ကောင်းရတာပါလိမ့်နော်--
တနေ့ထက်တနေ့ ပိုပိုတိုးလာတဲ့ အေးမြမှုနဲ့အတူ သည်ဆောင်းဟေမန်မှာအလှဆင်နေတဲ့ ပန်းယောင်ဆောင်ထားတဲ့ သစ်ရွက်လေးတွေက အလှချင်းပြိုင်နေလေ၇ဲ့--
တကယ်တော့ ဒီအချိန်ဟာ သူတို့လေးတွေရဲ့ နောက်ဆုံးချိန်ပါ--
မကြာခင် နှင်းခဲတွေထူသိပ်လာပြီး သုညဒီဂရီအောက်ရောက်အောင်အေးလာပြီဆိုရင် သူတို့တွေ မြေခ ကြွေကျ ၇တော့မှာပါ-
ဒါပေမယ့်လေ--သူတို့ကလေ နောက်ဆုံးအချိန်ရောက်နေတာတောင် အမိ ကမ္ဘာမြေကြီးကို လှပအောင် အစွမ်းကုန် အလှဆင်ပေးနေကြတယ်--
တာဝန်ကျေပါတယ် သစ်၇ွက်လေးတွေရယ်----
မင်းတို့တွေ နောင်တဖန် ရွက်သစ်လေးတွေပြန်ဝေရင်လဲ လှလှပပနဲ့ပင်ယံမှာမော်ကြွားနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်တယ်နော်--
ပန်းပွင့်လေးတွေလို့ ထင်ယောင်မှားရ တဲ့ လှပတဲ့ သစ် ရွက်လေးတွေကို ကြည့်ကြ၇အောင်နော်---
Momiji လေးတွေရဲ့ရောင်စုံဖြာနေတဲ့အလှတရားက ရင်သပ်ရှုမောဖွယ်ရာပါ--






Icho (အိချော) လို့ အသံထွက်တဲ့ သစ်ရွက်လေးကတော့ Kooyoo မှာ Momiji ရဲ့ပြိုင်ဘက်လေ--
သူ့အလှကိုလဲကြည့်ကြည့်ပါဦး--သူမာန်တက်တာမဆန်းပါဘူး--
ဒါက ဂျပန် နှစ်သစ်ကူးပွဲတော်မှာအလှဆင်တဲ့ Nantan လို့ခေါ်တဲ့ ချစ်စရာအသီးနီနီလေးတွေရဲ့ အရွက်တွေပေါ့ -
ဒါလေးကလဲ ကဗျာဆန်နေသလိုပဲ--
ရွက်ကြွေတောမှာလွမ်းမောဖွယ်ရာ--
ကဲ--ကြည့်ပါဦး-- သစ်ရွက်လေးတွေက သူတို့ရဲ့ နောက်ဆုံးအချိန်ထိ လောကကြီးကိုအလှဆင်ပေးရင်း ကြွေကျ ခြောက်သွေ့သွားတဲ့အခါ
ကမ္တာမြေကြီး ခွန်အားဖြစ်စေမယ့် အဖိုးတန်မြေဆီလွှာ အဖြစ် အသွင်ပြောင်းသွားကြတယ်လေ-
ဘယ်လောက်တာဝန်ကျေတဲ့သစ်ရွက်လေးတွေလဲနော်--
သက်ရှိ ပြီး အသိဥာဏ်ကြွယ်ဝတဲ့ တို့ လူသားတွေလဲ ဒီကမ္ဘာမြေကြီးအတွက် တတ်နိုင်သလောက် အကျိုးပြုရှင်သန်သွားကြစို့နော်--
No comments:
Post a Comment