သတင်းလေးတပုဒ်ဖတ်လိုက်ရပါတယ်------
iPhone 4S Elite Gold က ဒေါ်လာ ၉.၄ သန်း တန်ကြေးရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာ့ ဈေးအကြီးဆုံး ဖုန်း
တဲ့လေ--ဖုန်းလေးကလဲလှလိုက်တာ--လိုချင်စရာလေးနော်--

ယူကေအခြေစိုက် ဒီဇိုင်းပညာရှင် Stuart Hughesို ပြုလုပ်ခဲ့တဲ့ဒီ ဖုန်းမှာ အရည်အသွေးပြည့် စိန်ပွင့်ပေါင်း ၅၀၀ပါဝင်ပြီး
နောက်ကျော်ဘက် Apple အမှတ်တံဆိပ်တွင် စိန် ၅၃ ပွင့်
၂၄ ကာရက် ရှိသော ရွှေသားအတိ နောက်ဘက် အဖုံး
၈.၆ ကာရက်ရှိသော စိန်ပွင့်ကို အသုံးပြုထားသည့် ရွှေခလုတ်
အပါအဝင် လဲလှယ် တပ်ဆင်နိုင်ရန်အတွက် ၇.၄ ကာရက်ရှိသော ပန်းရောင်စိန်ခလုတ် တစ်ခုကိုပါ အပိုထည့်ပေးထားတယ်-တဲ့

ဒီ iPhone 4S Elite Gold ထည့်ရန်အတွက် ပလက်တီနမ် အတိပြီးသော ဘူးပေါ်တွင် အခြား အဖိုးတန် ကျောက်မျက်များ စီချယ်ထားသော သေတ္တာကိုလည်း Stuart Hughes မှပြုလုပ်ပေးထားသတဲ့ --

Stuart Hughes က ဒီတန်ကြေး ဒေါ်လာ ၉.၄ သန်းရှိသော iPhone 4S Elite Gold အား အလုံးရေ (၂)လုံးသာ ပြုလုပ်မည်လို့ရေးထားပါတယ်--
စဉ်းစားမိတာလေ--ဒီလောက်တန်ဖိုးကြီးတဲ့ီဖုန်းလေးနဲ့ဆက်ပြီး စကားပြောကြရင် ဘယ်လိုစကားတွေများပြောကြ မှာပါလိမ့် --
ပျော်ရွှင်စရာစကားလား--
ကြေကွဲစရာစကားလား--
ဝမ်းသာစရာစကားလား--
ဝမ်းနညိးစရာစကားလား--
မုဒိတာပွားတဲ့ စကားလား--
ဥပက္ခောပြုတဲ့စကားလား--
ပေါ့ပျက်ပျက်စကားလား-
လေးနက်တန်ဖိုးရှိတဲ့စကားလား--
လူ့လောကကြီးမှာလူတွေနဲ့ပေါင်းသင်းဆက်ဆံနေရသရွေ့ စကားဆိုတာ ပြောတော့ပြောနေရမှာပဲလေ--
ဒါပေမယ့် ကိုယ်ပြောတဲ့စကားက သူတပါး အကျိုးရှိမယ့်စကား ၊ စိတ်ချမ်းသာပျော်ရွှင်သွားစေမယ့်စကား--
ပြောပြီးရင် နောင်တမရစေနိုင်မယ့်စကားပဲဖြစ်သင့်တယ်လို့ထင်ပါတယ်--
တချို့ က တဖက်သား စိတ်ထိခိုက် နာကျင်စေမယ့်စကားတွေ လွယ်လွယ်ပြောထွက်ကြတတ်တယ်--
ကိုယ်အနိုင်ရ၇င် ပြီးရော တဘက်လူရဲ့ အားနဲချက်-ပျော့ ကွက် ဟာကွက် ကို နင်ြး့ပီး ပြောလိုက်တာပါပဲ-
ကိုယ့်ရဲ့ နုတ်ခမ်းတချက်အလှုပ်လေးက သူတပါးရဲ့ နှလုံးသားတွေ နာကျင်သွာံးအောင်နင်းခြေလိုက်နိုင်တယ်ဆိုတာလေးကိုတော့ သတိရှိကြစေချင်ပါတယ်--
တချို့ကျတော့လဲ အရေမရအဖတ်မရ ပေါ့ ပျက်ပျက် ပေါက်ပန်းဈေးစကားတွေပြောကြတယ်-
အချိန်တွေကုန်ပြီး တနေ့ လုံး ပြောတဲ့စကားတွေက အဓိပါယ်မရှိ ၊တန်ဖိုးမရှိ ဖြစ်နေတယ်ဆိုရင်တော့ ၀မ်းနည်းစရာပဲလေ--
ဒီိလိုဆိုတော့ တကယ့်ကို လေးလေးနက်နက် ဘုရားတရားတော်တွေကိုပဲ ရွတ်နေရမှာလားလို့ မေးချငိသူတွေရှိလိမ့်မယ်--
တို့တွေဟာ ပုထုဇဉ်လူသားတွေဆိုတော့ လောဘ ၊ဒေါသ၊မောဟ ပါတဲ့ စကားတွေပြောမိနေကြမှာ ဓမ္မတာပါပဲ--
ဒါပေမယ့် အသိတရားလေးနဲ့ ဆင်ခြင်ပြီး ပြောဆိုကြမယ်ဆိုရင်တော့ တဦးနဲ့ တဦး ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ရကြမှာပါ--
ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှ ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလဲတိုးတက်ပွင့်လန်းလာမှာပါပဲ-
အလုပ်ခွင်တွေမှာ တွေ့ဖူးနေတာလဲ ဒီလိုပဲ---သူကအလုပ်တော့တော်ပါရဲ့ --အပြောကမတတ်ဘူး -ရာထူးကြီးကြီးနေရာ-လူကြီးကိုလဲပြန်ပြော--ကိုယ့်လုပ်ဖော်ကိုင်ဘက်တွေလဲ ဘုတော-ဆိုတော့ 
ပေးလို့မဖြစ်ဘူး--ဆြို့ပီးချောင်ထိုးခံထားရသူတွေအများကြီးပါ--
နောက်ပြီးစကားလေးတခွန်းကြောင့်  မိသားစုတွေ ခိုက်ရန်ဖြစ်ကြတာ-
လင်နဲ့မယားအပြောမတတ်လို့ အိမ်ထောင်ပြိုကွဲကြတာတွေလဲ-ဒုနဲ့  ဒေးပါ-
ကြမ်းကျွံရင်နှုတ်လို့ရပေမယ့်  စကားကျွံသွားရင် တော့ ပြန်နှုတ်လို့်မရတော့ပါဘူး--
ဘ၀မှာဖြစ်ပြီးမှ နောင်တ ရ ရမယ် လုပ်ရပ်တွေကို ရှောင်ပါ-
ချစ်တဲ့ခင်တဲ့ လူတွေနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ စရာစကားတွေပြောဆိုပြီး လူ့ဘ၀ကြီးကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သမ်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်ကိုလွှတ်မပေးဘဲ အသိဥာဏ် နဲ့ထိန်းပြီး ကိုယ်လဲပြောရတာစိတ်ချမ်းသာ ၊သူတပါးလဲ ပျော်ရွှင်ချမ်းမြေ့ စေမယ့် စကားလုံးလေးတွေ ပြောကြပါလို့ --တိုက်တွန်းလိုက်ပါတယ်--
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုးပါးထဲက သုဂတော -ဆိုတဲ့ ဂုဏ်တော်ကို ကျင့်ကြံအားထုတ်နိုင်ကြပါစေ--

No comments:
Post a Comment