ခုတလော မနက်ပိုင်းမိုးရွာနေလို့ လမ်းမလျှောက်ဖြစ်တာကြာပေါ့ ၊
ဒီမနက်တော့ နေလေးပွင့်လာလို့ လမ်း လျှောက်ထွက် ဦးမှပဲ။
ကင်မရာလေး လည်းပါအောင်ယူရတယ်။အ၀တ်အစားလဲပြီး သပ်သပ်ယပ်ယပ်သွားဦးမှပါ။
တော်ကြာကုပ်ချောင်းချောင်းနဲ့ ဂျပန်မှာနေရာတကာ တဖြတ်ဖြတ် နဲ့  ဓါတ်ပုံလိုက်ရိုက်နေတာ
ဘယ်တော့  အအော်ခံရမလဲပဲ--
မတတ်နိုင်ဘူး--ကိုယ်ကလည်း အားလုံးကို မျှဝေချင်တာကိုးနော်-
ကဲ--အားလုံးပဲ လမ်းလျှောက်ထွက်ကြ ရအောင်--
ဒီနေ့  မသွားဖူးသေးတဲ့  ဟိုဘုရားကျောင်းလေးရှိတဲ့ဘက်က ကွေ့ သွားမယ်
ဘုရားကျောင်းရှေ့ က အိမ်လေးက ချစ်စရာလေး
ကျောင်းအ၀င်လမ်းမှာ ချယ်ရီပင်တွေက ရွက်သစ်လေးတွေ တဝေေ၀နဲ့ 
ဟယ်--ဒီဘုရားကျောင်းထဲမှာလည်း အုတ်ဂူတွေရှိတာပဲ
ခေါင်းလောင်းကြီး လည်းရှိတယ်။
ဘုရားကျောင်းဘေးလမ်းကနေ ကားလမ်းမဘက် ပြန်ဆင်းမယ်
လှေခါးထိပ်ကနေ ဟိုးအဝေးကို မျှော်ကြည့်လိုက်တဲ့အခါ
လှေခါးလေး အတိုင်းဆင်းလာတော့ ဘေးတောအုပ်လေးက ငှက်သံလေးတွေကြားနေရတယ်။
လမ်းတလျှောက် သစ်ရွက်ကြွေတွေကလွဲရင် အမှိုက် တစက်တောင် မရှိဘူး။
ဘယ်နားကြည့်ကြည့် သပ်ရပ် သန့်ရှင်း နေတာပါပဲလား--
ဒီလောက် သန့်ရှင်းနေတာ နေဦး--တနေရာရာတော့ ညစ်ပတ်နေတာ ရှိကို ရှိရမယ် ။
လမ်းအတိုင်း မသွားဘဲ ဒီလမ်းကြားကျဉ်းကျဉ်းလေးကနေ လျှောက်သွားပြီး အမှိုက် လိုက်ရှာကြည့်ဦးမယ်။ ခွေးတော့ လိုက်မဆွဲနိုင်လောက်ပါဘူး --
အံ့ ရောဟယ်--တကယ် သန့် နေတာပဲ ၊ လက်ဖျားခါအောင် ချီးကျူးပါရဲ့  နီဟွန်းရယ်--
အိမ်လေးတွေကလည်း ကားလမ်းနဲ့ ကပ်နေတာများ သူခိုးကျော်ဝင်ချင်စရာပဲ-
ကားတွေ ကိုလည်း ဒီအတိုင်း ထားကြတာပဲ
ပန်းရောင်စုံလေးတွေ
ဒီဘက်မှာလည်း နတ်ဘုရားကျောင်းဆောင်လေးပါလား-
ဒီအိမ်လေးကလည်း သာယာတယ်
မောလာပြီ--ဒီလမ်းလေးအတိုင်း ပြန်တော့မယ်နော်
အပြန်လမ်းတစ်လျှောက်မှာလေ ဆုတောင်းမိပါရဲ့ --
နောင်များမှာ တို့မြန်မာပြည်က မြို့တိုင်းရွာတိုင်းလည်း ဒီလို လမ်းမျိုးတွေ ဖြစ်ပေါ်လာပါစေလို့ ။
သန္တာအောင်
No comments:
Post a Comment