Wednesday, May 2, 2012

အသစ်ကြိုက်တဲ့ နီဟွန်း

Osukannon ဘုရားကျောင်းကအပြန်မှာ ဈေးဆိုင်တန်းကြီးတွေဆီ လျှောက်ကြည့်မိပါတယ်--
လိုချင်စရာအစုံစုံနဲ့  ဈေးဆိုင်တွေစုံလင်လှတဲ့ နေရာပါ..။
 အထူးသဖြင့်  အ၀တ်အစားနဲ့ ဖိနပ်ဆိုင်တွေမျာြး့ပီးလူငယ်တွေလာကြတာများပါတယ်
ဝယ်ချင်စရာပစ္စည်းလေးတွေကတော့ အစီအရီပါပဲ...။
ဂျပန်တွေကို သတိထားမိတာ သူတို့က အသစ်ပဲသုံးပါတယ် ။
ကျမ ဂျပန်မှာသွားလာနေတာ --ရထားပေါ်မှာရော-ကားပေါ်မှာရော--လမ်းမမှာရော တွေ့ နေရတာ ဘယ်သူဖြစ်ဖြစ်လှပသစ်လွင်တဲ့ အ၀တ်အစား ၊ ဖိနပ်၊အိတ် တွေ နဲ့ ချည်းပါပဲ။ကြည့်လိုက်ရင် ခုမှဆိုင်က ၀ယ်လာခါစ အတိုင်း ကိုသစ်နေတာပါ-

သူတို့က အထူးသဖြင့် အိတ်နဲ့  ဖိနပ် ကိုဦးစားပေးပါတယ်-
အိတ် ဆိုရင် တကယ့်အကောင်းစားBranded အိတ်တွေကိုမှသုံးတာပါ
ဖိနပ်ဆိုလဲ ပုံစံဆန်းဆန်း လှလှပပ နဲ့  ပွန်းရာပဲ့ရာတောင်မရှိတဲ့ဖိနပ်တွေနဲ့ ..။
တို့မြန်မာတွေလို အလှူမင်္ဂလာဆောင်တွေ-ပွဲလမ်းသဘင်တွေရှိလို့ အသစ်ကိုင်တာမျိုးမဟုတ်ပါဘူး-
နေ့စဉ် အလုပ်သွား ၊ဈေးသွားနေကြတဲ့သူတွေကိုက အသစ်တွေကိုင်တာပါ
ဘာလို့များသူတို့အသုံးအဆောင်တွေ ဒီလောက်သစ်နေရတာလဲလို့ စပ်စုကြည့်တော့မှ
အမယ် သူတို့က ရာသီအလိုက်ပဲဝတ်တာကိုး....။
နွေရာသီကုန်ရင် ဒီအ၀တ်အစားကသွားတော့--  လာခဲ့ ဒီနှစ်ရဲ့ ဆောင်းရာသီဖက်ရှင် ၀တ်ပစ်မယ်ပဲ--
TV တွေ ကော်မာရှယ်တွေကလဲ ဒီနှစ်ဘာဒီဇိုင်း ၊ဘာအရောင် ရေပန်းစားတယ် လူကြိုက်များ တယ်ပြောပြပြီးလမ်းညွှန်နေကြတာ....။
သူတို့ဟာ ရုပ်ဝတ္တုနောက် အရမ်းလိုက်ကြပါတယ်--
ကောင်မလေးတွေများဆိုရင် ဆံပင်ဖျားကနေ ဟိုးခြေထောက်ထိ သူတို့ဆင်ရတဲ့  အသုံးအဆောင်တွေရဲ့ တန်ဖိုးက ကြောက်စရာ...။ဒီတန်ဖိုးတွေ သုံးနိုင်အောင်တော့ သူတို့ ကြိုးစားရှာဖွေကြပါတယ်--ဒါပေမယ့် သူတို့ရှာတာဟာ သူတို့သုံးဖို့ ပါပဲ..။ကိုယ်စားမယ့်ထဲက ကိုယ်ဝတ်မယ့်ထဲက နေ ခြိုးခြံခြွေတာပြီး မိဘမောင်နှမ တွေ ကို အနစ်နာခံပေးကြတာနည်းပါတယ်-
ဒီနေရာမှာ ကျမတို့မြန်မာတွေရဲ့ ချစ်စရာစရိုက်လေးတွေ ကိုပြန်မြင်ယောင်လာပါတယ်...။
မြန်မာတွေအများစုဟာ မိဘမောင်နှမအတွက်၊ကိုယ့်မိသားစုအတွက်ဆို ကိုယ်အပင်ပန်းခံ ၊ အဆင်းရဲခံပြီးကိုလုပ်ကျွေးကြတာများပါတယ်
အရမ်းချမ်းသာနေတဲ့ အထက်တန်းစားအသိုင်းအ၀ိုင်း၊ ရေပေါ်ဆီတွေ ကလွဲလို့  သာမန်လူတန်းစားတွေဟာအ၀တ်အစားကိုခြွေတာဝတ်ကြပါတယ်--(၀မရှိဘဲ ၀ိထုတ်ချင်တဲ့ သူတွေကတော့ခြွင်းချက်ပေါ့ )
လစာနည်းနည်းလေးနဲ့  မိသားစုကိုပါ ထောက်ပံ့နေကြတဲ့ သူတွေဆိုရင် လတိုင်းအ၀တ်တစုံ-ဖိနပ်တရံ -အိတ်တလုံးဘယ်လိုလုပ်ဝယ်နိုင်ပါ့ မလဲ-- ဒါတောင် သာမန်ဈေးချိုတဲ့ ပစ္စည်းတွေကိုပြောတာနော်-တကယ့် Brandedတွေများဆို ဝေးမှဝေး-..။
ကျမဆို အိတ်အကောင်းစားကြီးတွေ မြင်ရင် ဈေးနှုန်းကြည့်ပြီးဒါဆိုဆန်ဘယ်နှအိတ်ရတယ်- -ဈေးဖိုးဘယ်နှလစာရတယ်ဆြို့ပီးအမြဲ တွက်ကြည့်တတ်ပါတယ်----ကျမ မိတ်ဆွေတော်တော်များများလဲ ဒီလိုပါပဲ--ဒါပေမယ့်လေ--ဒီလိုတွက်တတ်တဲ့မြန်မာတွေက အလှူအတန်းတော့ရက်ရောကြပါတယ်---
ကိုယ့်ချွေးနှဲစာလေးနဲ့ လှူတန်းရတာကိုက ပီတိဖြစ် ကုသိုလ် ပွားတတ်ကြပါတယ်
ဂျပန်မှာတော့ ဒီလို လုံးဝမရှိပါဘူး--အလှူအတန်း၊ပေးကမ်းထောက်ပံ့ခြင်းဆိုတာ သိပ်နားမလည်ပါဘူး-
သူတို့နားလည်တာ ကောင်းကောင်းနေချင်သုံးချင်ရင် ကောင်းကောင်းအလုပ်လုပ်၊ကိုယ်ကြိုးစားရင် ကိုယ်ဝင်ငွေများများရမယ် ၊များများသုံးရမယ်-ဒါပဲသိတဲ့ ရုပ်ဝါဒီသမားတွေပါ---

ယဉ်ကျေးမှုချင်းက ကွာခြားတော့လဲ ဒါကိုအပြစ်ကြီးရယ်လို့ သူတို့ကို သွားပြောလို့တော့မရပါဘူး-
ဂျပန်နဲ့ မြန်မာ ကွာခြားချက်လေးတွေပါ--
ဒီအချက်တွေကတော မေတ္တာစေတနာကြီးမားတဲ့ တို့ မြန်မာလူမျိုးတွေကသာပါတယ်--
ကိုယ့်လူမျိုးရဲ့ ကောင်းတဲ့ အားသာချက်လေးတွေကို ဆက်လက်ထိန်းသိမ်းထားကြရအောင်နော်--
ကဲ--ပုံလေးတွေကြည့်ကြရအောင်--

ဈေးတန်းကြီးကို စ၀င်ရအာင် --

ဆိုင်တွေကလဲများလှချည်လား--
လူငယ်တွေအတွက်  ဖက်ရှင် အလန်းလေးတွေ --

ကြည့်ပါဦး--မထိရက်စရာ  မွှေးပွသားလေးတွေက မွရွနေတာပဲ--
 
 
 ကီမိုနိုစ လေးတွေကလှလိုက်တာ--



ဒီလိုပုံစံလေးတွေ ချုပ်ဝတ်ချင်လိုက်တာ---
ဒါပေမယ့် ဈေးနှုန်းကို ကြည့်လိုက်တဲ့အခါ--

နီဟွန်းရဲ့ ချစ်စရာလက်ဆောင်လေးတွေပါ--
ပိုက်ဆံအိတ်လေးတွေကလဲအသားကောင်းပြီး ပုံစံအဆန်းပဲ-
ဖိနပ်တန်းက ရောက်လာပြန်ပေါ့ ---များပြား စုံလင်လှတဲ့ ဖိနပ်တွေ--
ကြည့်ကြပါ ဦး--ဒီလောက် ခွာအမြင့်ကြီးတွေ စီးပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာကြတော့မယ်--
ရှူးဖိနပ်လေးတွေကမိုက်လှချည်လား--အမျိုးအစားကလဲကောင်း--ဈေးကလဲကောင်း-
Heavy Rock ပါလား--
Discout ချပြီးရောင်းနေတဲ့ လမ်းဘေးဆိုင်လေး--
ပြန်တော့မယ်ဟာ----ဒီလောက်ဈေးတန်းအရှည်ကြီးကို စိတ်ကြိုက်တခုမှမတွေ့ လို့ မ၀ယ်တော့ဘူး--
(အော်--ဆိုလိုတာက-၀ယ်ချင်တဲ့ စိတ်ကြိုက်ဈေးနှူန်းကိုပြောတာနော်)

No comments:

Post a Comment