Wednesday, May 2, 2012

ကောင်းတဲ့ အတုတော့ ခိုးစေချင်

ဂျပန်  နာဂိုရာမြို့ က နာမည်ကြီး Osukannon ဘုရားကျောင်းကိုရောက်သွားတော့ ရေးချင်တာလေးတွေ ပေါ်လာတယ်--
ဂျပန်ပြည်ဟာ ကမ္ဘာမှာနာမည်ကျော်ခြင်းရဲ့ အဓိက အကြောင်းအရင်းက လှပသန်းရှင်းမှုနဲ့  စည်းကမ်းရှိမှုတို့ကြောင့်ပါ--
သူတို့ဟာ တကယ်လဲ နာမည်ကြီးတဲ့အတိုင်း လူတဦးချင်းစီမှာ ကိုယ်ပိုင် အသိစိတ်ဓါတ်တွေရှိတာ ချီးကျူးစရာပါ--
သူတို့ရဲ့ အိမ်၊သူတို့ရဲ့လမ်း၊သူတို့ရဲ့ မြို့ ၊သူတို့ရဲ့ နိုင်ငံ  ကို သူတို့အမြဲတမ်း လှပသပ်ယပ်ပြီး စည်းစနစ်တကျရှိအောင်ထိမ်းသိမ်းနိုင်ကြတယ်-သူတို့ဟာ ချမှတ်ထားတဲ့  ဥပဒေ စည်းကမ်းတွေ ၊ကျင့်ဝတ်တွေကို တသွေမတိမ်း အားလုံးလိုက်နာကြတယ်--
သူတို့ဆီ လာလည်တဲ့ သူတွေ အားကျအတုယူချင်စရာကောင်းလောက်အောင် သူတို့လုပ်ပြနိုင်တယ်--
ဒါ ငါတို့ပြည် လို့ ဂုဏ်ယူစွာနဲ့  နေရာတိုင်းကို သူတို့  ချပြရဲကြတယ်--
ဒီလိုပြောနေတာ  ကျမက ဂျပန်ပြည်ကို ချစ်လို့-အားကျအထင်ကြီးလို့ပြောနေတာမဟုတ်ပါဘူး---
ကိုယ့်မြန်မာပြည်က မြန်မာတွေကိုလဲ ဒီလို  တဦးချင်းတယောက်ချင်း  ကိုယ်ပိုင်အသိနဲ့ စည်းကမ်းရှိစေချင်လို့ပါ--
ကြီးကြီးကျယ်ကျယ်တွေ ဥပမာမပေးချင်ပါဘူး--
ခုရောက်ခဲ့တဲ့ Osukannon ဘုရားကျောင်းက ပုံလေးတွေ နဲပြောပြမယ်နော်--

ဘုရားကျောင်းကြီးရဲ့ မျကိနှာစာ


ဘုရားကျောင်းဆောင်

ဘုရားရှင်ကိုပူဇော်ဖို့  ဖယောင်းတိုင် အမွှေးတိုင်တွေဝယ်ရအောင်--
ဟယ် ဘယ်သူမှလဲမရှိပါလား--အော -စာရေးထားတာပဲ--ကျသင့်ငွေထည့်ပြီးယူရုံပဲကိုး--
သစ်သားပုံးလေးထဲကို ပိုက်ဆံ ယန်းတစ်ရာထည့်ပြီးရင် ကိုယ်ပူဇော်ချင်သလောက် ယူလို့ရတယ်-
(အင်း--လာတဲ့သူတွေထဲမှာ --အိမ်မှာမီးထွန်းဖို့ယူသွားမယ့်သူတွေ မပါလောက်ပါဘူးနော်-)


အမွှေးတိုင်လေးတွေကလဲ ယန်းတစ်ရာထည့်ပြီးရင် လိုသလောက် မီးပူဇော်လို့ ရပါသတဲ့ --
ပိုက်ဆံထည့်မထည့် စောင့်ကြည့်နေတဲ့  ဂေါပက လူကြီးလဲမရှိပါဘူး--
 
ဘယ်နေရာမှာ ဘာလုပ်ရင်  ဘယ်လောက်ထညိ့ပါဆိုတာ  --နေရာတိုင်းမှာစာလေးတွေကပ်ထားလိုက်ရုံပဲ--အင်း--အော်ဟစ်ဆူညံပြီးဆုတောင်းပေးမယ့်သူမရှိ--အလှူခံဖို့အတင်းတိုက်တွန်းမယ့်သူမရှိ--အေးချမ်းတိတ်ဆိတ်စွာ
ဘုရားဖူးလို့တော့ပြီးသွားပြီ---ဘုရားကျောင်းအောက်ပြန်ဆင်းတော့မယ်--


ဟယ်--ခိုလေးတွေက ချစ်စရာ--



ခိုစာကျွေးတော့မယ်--အော--ဒီမှာလဲ စာရေးတာတာပဲ-- ခိုစာဖိုးက  ယန်း ၅၀ တဲ့ --မှန်တံခါးလေးဖွင့် ပြီး ပိုက်ဆံထည့် ပြီး ခိုစာယူပေါ့ --(ပိုက်ဆံ မထည့် ဘဲ ခိုစာယူကျွေးရင်ေ၇ာ---ဘယ်သူသိတာမှတ်လို့--)

 ဒီမြှားပြထားတဲ့ အပေါက်လေးထဲ ကို ကျသင့်ငွေကိုထည့်ပါ-

အစာကျွေးလိုက်တဲ့အခါ ကျောင်းတပတ် ၀ဲပျံပြနေတဲ့  ခိုလေးတွေ---


အော--သူတို့မောသွာြး့ပီ --ဘုရားကျောင်းထိပ်မှာ ခဏနားနေကြ့ပီ--


အစာကျွေးရကျိုးနပ်အောင် လုပ်ပြကြရတာလေ---သူများကျွေးတာကို အလကားမစားဘဲ ဖြေဖျော်ပေးတဲ့ သဘောပါ--
ဲ့ ငှက်ကလေးတွေကတော့ ဒီလို လုပ်ပြဖို့ စိတ်ကူးပေါ်မယ်မထင်ဘူး--အသိဥာဏ်ရှိတဲ့ လူတွေရဲ့ သွန်သင်ပြသမှူပဲဖြစ်ရမယ်-
ဘာပဲဖြစ်ဖြစ် ဒီလိုလေး ပျံပြတော့  ခိုစာကျွေးတဲ့သူတွေလဲ စိတ်ချမ်းသြာ့ပီး သဒ္ဒါစိတ် ပေါက်တာပေါ့ -ကျွေးချင်တဲ့သူတွေများတန်းစီလို့-
 
ကဲ--တို့လဲ ဘုရားကျာင်းအထွက်နားက လူရုပ်လေးကိုဓါတ်ပုံရိုက်ပြီး ပြန်တော့မယ်--

ိတိတ်ဆိတ်အေးချမ်းတဲ့ ဘုရားကျောင်းထဲက ထွက်လာတော့လဲ ရင်ထဲမှာ ကြည်နူးအေးချမ်းခြင်းနဲ့အတူ တို့မြန်မာပြည်က ဘုရားတွေကိုလဲ ဒီလို တိတ်ဆိတ်အေးချမ်းစွာ ဖူးချင်တယ်--
ဘုရားလာဖူးတဲ့သူတွေ  အနှောင့်အယှက် ဖြစ်စေမယ့် တစာတစာ အော်ဟစ်ဆူညံနေတဲ့ ဈေးရောင်းသံတွေ--
ဘုရားလာဖူးတဲ့သူတွေ ပိုက်ဆံပါမှန်း မပါမှန်းမသိ  နိဗာန်ရောက်အောင် လှူ တန်းခိုင်းနေတဲ့ တိုက်တွန်းသံတွေ --
အဲဒါတွေကိုလဲပျောက်ပျက်စေချင်ပါတယ်--
ကမ္ဘာမှာ မြန်မာပြည်ဆိုတာ  ဘုရားကျောင်းကန်တွေပေါများလှပါတယ်ဆိုပြီး သတင်းမွှေးနေတဲ့ နိုင်ငံပါ--
 ခေတ်အခြေအနေကောင်းရင် မြန်မာပြည်က  ဘုရားတွေကို သွားဖူးကြမယ်ဟဲ့  ဆိုပြီး အားခဲထားကြတဲ့ 
ကမ္ဘာလှညိ့ ခရီးသည်တွေအများကြီးရှိပါတယ်--
ခုချိန်ကစပြီး လာကြတော့မှာပါ။
သူတို့လာချင်လောက်အောင် တို့မြန်မာပြည်မှာလဲ အစစအရာရာ စည်းကမ်းရှိစေချင်တယ်--
လာတဲ့ သူတွေ စိတ်မပျက်သွားရအောင်---အထင်မသေးသွားရအောင်  -တို့မြန်မာပြည်ဟာ ဒီလိုပဲဟေ့ လို့  ဂုဏ်ယူစွာ ချပြချင်ပါတယ်--
သူများနိုင်ငံတွေကို ခရီးသည်တွေ ဘာကြောင့်အသွားများလဲ--ဘာကြောင့်ကြိုက်ကြလဲ --သူတို့မှာ ဘာအားသာချက်ရှိလဲ--
ကောင်းတဲ့အတုတွေ ယူကြပါစို့လားး
တို့မြန်မာပြည်ကြီးကို  ကမ္တာက ချီးကျူးလေးစားအားကျလာရအောင်  တို့တွေ အတူကြိုစား ထိမ်းသိမ်းစောင့်ရှောက်ကြပါစို့ နော်----

No comments:

Post a Comment