Wednesday, May 2, 2012

Before လား After လား

ဒီတခေါက် ပြောပြချင်တဲ့အကြောင်းလေးက သွားခဲ့ဖူးတဲ့  နာဂိုရာ က Takasu Clinic အကြောင်းပါ--
ဒီဆေးခန်းလေးက Tokyo ,Yokohama,Osaka,Nagoya ဆိုတဲ့ ဂျပန်ကမြို့ တ်ာကြီး ၃ မြို့ တော်မှာ ဆေးခန်းတွေခွဲဖွင့်ထားပြီး ဂျပန်တနိုင်ငံလုံးမှာ နာမည်ကြီး ပြီးလူကြိုက်များလှတဲ့ ဆေးခန်းလေးပေါ့--
ဆေးခန်းကိုလူကြိုက်များတယ်ဆိုလို့ လဲ  လန့်မသွားနဲ့နော်---ဒီဆေးခန်းက ရောဂါဝေဒနာတွေကုတဲ့ဆေးခန်းမဟုတ်ပါဘူး--
လှချင်ကြတဲ့ သူတွေ အားလုံးကို ဆံစ ကနေ ခြေဖျား အထိ ပြစ်မျိုးမှဲ့မထင် အလှဝင် အောင် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ လှရိပ်မြုံလေးပါ-
လူဆိုတာကလဲ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် မလှချင်တဲ့ သူရယ်လို့တော့မရှိဘူးပေါ့ -
သဘာဝတရားကြီးက ဖန်ဆင်းပြီး  မိခင်မွေး ပေးလိုက်တဲ့ ရုပ်ရည် ကို အားမရနိုင်ဘဲ လှသထက်လှအောင်ပြင်ချင်ကြတာလေ--
စကားပုံတောင်ရှိပါသေးရဲ့-ဘာတဲ့--မရှိခိုးနိုး မလှစုန်းရိုး --ဆိုတာ
အထူးသဖြင့်  အချင်းထက် အဆင်းကို  ဦးစားပေးကြတဲ့ ဒီခေတ်ကြီးမှာ  အလှအပ ဟာ လူတိုင်းရဲ့ကိုးကွယ်ရာပေါ့ ----
အလုပ်ခွင်ဝင်မယ့် လူငယ်တွေကြားမှာကြားနေရတာလဲ  -ရုပ်သန့်မှ အလုပ်ခန့်  လို့ လှချင်သတဲ့ --
အိမ်ရှင်မတွေကလဲ ကိုယ့်ယောင်္ကျား ခြေငြိမ်အောင်  ၊အချစ်မပျက်အောင်  လှချင်သတဲ့--
အပျိုကြီးမမတွေကလဲ ကိုယ့်ကို ရှိရင်းစွဲထက် ၁၀နှစ်လောက်ပိုငယ်တယ်ထင်အောင် နုပျိုလှပချင်ပါသတဲ့----
လုပ်ငန်းရှင်သူဌေးတွေကလဲ လူအထင်ကြီးအောင် ဥပတိရုပ်ခန့် ညားချင်ပါသတဲ့ --
အိုမင်းလာတဲ့ လူတွေကလဲ ဇရာကို အံတုပြီးသေမင်းကို မျက်စိလည်အောင်လှည့်စားချင်ပါသတဲ့--
ကဲ--ဒီလိုအင်တွေကိုဖြည့်ပေးမယ့် Takasu နဲ့မိတ်ဆက်ပေးမယ်နော်---

နာဂိုရာဘူတာကြီးရဲ့  မျက်နှာချင်းဆိုင်ဘက် က ဒီအဆောက်အဦကြီးရဲ့ 8 ထပ်မှာ Takasu Clinic ရှိပါတယ်--




ဒါကဆေးခန်းအ၀င်လေးပေါ့ -(ဆိုင်းဘုတ်လေးက Takasu Clinic လို့ ဂျပန်လိုရေးထားတာပါ)


လှပသန့်ရှင်းတဲ့ ဆေးခန်းထဲဝင်လာပြီးရင်ဟောဒီ ကောင်တာမှာ စာရင်းပေးပါ-








ဒေါက်တာကိုကိုရယ်--မီးမီး ဘယ်လိုပြင်ရင်လှမလဲဆိုတာ သေချာကြည့်ပေးပါဦး-
Tkasu မှာဘယ်သူတွေဘယ်လိုပြင်ကြသလဲ ကြည့်ရအောင်---

ဒါက ခွဲစိတ်ပြုပြင်ပေးမယ့်ဒေါက်တာလေ---မျက်လုံး မျက်ခုံး နှာတံ အသားအရည် အပြစ်ပြောစရာမရှိအောင်ချောနေလွန်းတော့--
တခုခုပဲနော်----------သူလဲ Before လား  After လား--
                                                                                
 ကဲ --အလှပြင်မယ် ကုတင်ပေါ်တက်


ခွဲစိတ်ခန်းကထွက်လာတဲ့ အခါ  ဘယ်လိုပြောင်းလဲသွားလဲကြည့်ရအောင် --

      Before          နှာခေါင်းပြားပြားလေးက                     After       နှာတံ ထင်းထင်းလေး ဖြစ်သွာြး့ပီ











Before   ကနေ After ပြောင်းလိုက်သောအခါ ---အသက်ဆယ်နှစ်လောက် ငယ်သွားသလို---



ကဲကြည့်ကြပါဦး အရပ်ကတို့ရေ--- Before ဒီရုပ်ကနေ             After  ဒီလောက်လှသွားသတဲ့ 


  

Before မှာသူက မေးစေ့ မရှိပါလား-
မပူနဲ့ --ခွဲစိတ်ပြီး ဆီလီကွန် ထည့်ပေးလိုက်မယ်-----After မှာ လှ မှ လှ ဖြစ်သွားရော-


 








 



နတ်ရေကန်ထဲ ဆင်းစရာမလိုပါ--Takasu ကဒေါက်တာတွေ တာဝန်ယူလိမ့်မယ်--





ပြစ်မျိုးမှဲ့မထင် ဒီလိုလှပအောင် လုပ်လို့ရတယ်နော်--

အလှပြင်လို့ရတာတွေသိပြီဆိုတော့ ခွဲစိတ်ခလေးတွေပြောပြမယ်နော်---
ဒီလိုလှပနုပျိုပြီး အရေးအကြောင်းကင်းအောင် ဘိုတောက်ဆေးရည် ထိုးမယ်ဆိုရင် သုံးလတခါ သုံးကြိမ်ထိုးရပါမယ်--
ဆေးတခါထိုးရင်  ဂျပန်ယန်း JPY-   157,500 ပါ--
မျက်ရစ်ဖော်မယ်ဆိုရင်  တဘက် တည်းဆို -- JPY - 131,250   ၊  နှစ်ဖက်လုံးဆို  262,500 ပါ--
နှာတံလေးမြင့်ချင်လို့ စီလီကွန် ထညိ့ချင်ရင်--JPY - 367,500 ပါ်-
နှာအိုးပွလို့ လှအောင်ပြန်ခွဲစိတ်ပုံဖော်ချင်ရင် --JPY  -367,500ပါ--
မျက်နှာတပြင်လုံးပြင်ချင်ရင် အကြမ်းဖျဉ်း JPY 2,000,000လောက်ကျပါမယ်--
မြန်မာငွေနဲံ ဂျပန်ယန်းက ၁၀ ဆ ကျော်ကွာတော့ ဒီဈေးတွေကိုမြန်မာငွေနဲ့  ပြန်တွက်ကြည့်ပါ--
ကဲ--ဘယ်လိုလဲ ပြင်ကြမလား--
ဒီလောက် ငွေကုန်ကြေးကျခံပြီး လှသထက်လှအောင် လုပ်တော့ရော  ကိုယ့်ရဲ့ ဒီရုပ်ရည်က ဘယ်အချိန်ဘယ်ကာလထိတည်မြဲမှာလဲ-
မြတ်စွာဘုရားရှင်လက်ထက်က ခေမာ မိဖုရား ဆိုတာ အပ်ဖျားတထောက်စာတောင် အပြစ်ပြောစရာမရှိလောက်အောင် သိပ်လှသတဲ့-
သိပ်လှလွန်းတော့လဲ မာန်တက်ပြီပေါ့ --
သူက သူလှတော့ အဲဒီ အလှတရား ကိုပျက်စီးရာပျက်စီးကြောင်းပြောတဲ့ သူက သူ့ ရန်သူပဲလေ-
မြတ်စွာဘုရားရှင်ရဲ့ ဇာတိ ဇရာ ဗျာတိ မဏရ ဆိုပြီး မမြဲတဲ့ အနိစ္စတရားတော် ကိုမကြားချင်မနာချင်လို့
မြတ်စွာဘုရားကျောင်းတော်ကိုဝေးဝေးရှောင်ပါသတဲ့ --
သူ့ အလှက အမြဲ တည်တံ့ မယ်ပေါ့ --
ဒါကိုသိတော်မူတဲ့ မြတ်စွာဘုရားက အလှအပကြိုက်တဲ့  ခေမာမိဖုရားကြီးဆီ ကျောင်းတော်ကြီးရဲ့သာယာလှပပုံ အကြောင်းတွေ အရောက်ပို့တာပေါ့ --
ဒီတော့အလှကြိုက်လွန်းတဲ့ မိဖုရားလဲမနေနိုင်တော့ဘဲ ကျောင်းတော်ကြီးသာယာလှပတာသွားကြည့်မယ်ဆိုပြီး
ထွက်လာပါလေရော--
ကျောင်းတော်ရောက်တော့ မြတ်စွာဘုရားဘေးမှာသူ့ ထက် ပိုလှပိုချောတဲ့ ပိုပြီး ငယ်ရွယ်ပျိုမြစ်တဲ့ မိန်းကလေးတယောက်က မြတ်စွာဘုရားကို ယပ်ခပ်ပေးနေတာမြင်ရတော့  လောကကြီးမှာ ငါ့ ထက်လှတဲ့ သူ ရှိသေးပါလားဆိုပြီး
သူ အရမ်းအံ့သြသွားပြီး သေချာကြည့်နေတာပေါ့ -
အဲဒီလိုသူ ကြည့်နေရင်းမှာပဲ အဲဒီမိန်းကလေးက ငယ်ရာမှာကြီး--ကြီးရာမှ အိုမင်းရင့်ရော် တဲ့အဖွားကြီးဖြစ်--
နောက်ဆုံးတော့ အရိုးအရည်ခန်းခြောက်ပျက်စီးသွားတာကို မြင်ရပြီး သင်္ခါရ တရားကိုလက်ခံသိရှိသွားသတဲ့--
ပြောချင်တာက အရေပြားတထောက်စာလေးအတွက်  ဘာလို့များငွေကုန်ကြေးကျခံပြီး ပြင်နေကြမှာလဲ-
လူလှဖို့ ထက် စိတ်လှဖို့  က ပိုအရေးကြီးပါတယ်
သူများအပေါ် ကိုယ်ချင်းစာညှာတာပြီး စိတ်ချမ်းသာအောင်လုပ်ပေးရင် --မနာလိုစိတ်ကင်းစင်မယ်နေမယ်ဆိုရင် မျက်နှာလေးက ကြည်လင်သန့် စင်နေပြီး အလိုလိုလှလာမှာပါ--
ီအလှပြင်ရာမှာ သုံးမယ့်  များပြားလှတဲ့ ဒီ ငွေတွေကို -
-မိဘမဲ့ ဂေဟာတွေကိုလှူလို့ရပါတယ်-
-ဆင်းရဲလို့ ပညာမသင်နိုင်တဲ့ ကလေးတွေကို ထောက်ပံ့ လို့ ရပါတယ်--
-တရားစခန်းရိပ်သာတွေ တည်ထောင်ပေးလို့ရပါတယ်-
-သာသနာပြုနေတဲ့  ရဟန်းတော်တွေ အတွက် လှူဒါန်း ကုသိုလ် ယူလို့ ရပါတယ်-
ကဲ-- Before လား    After လား  --ဘာကိုရွေးချယ်မလဲဆိုတာတော့ ကိုယ့်ဘာသာ စဉ်းစားကြပါနော်--

No comments:

Post a Comment