Tuesday, May 8, 2012

ဂျပန်စာလေးတွေ လုပ်စားကြရအောင် ( ၄ )

အလုပ်မအားတဲ့သူတွေအတွက် လွယ်ကူ့မြန်ဆန်တဲ့  ချာ့ ဟန် Chahan လို့ ခေါ်တဲ့ ဂျပန်ထမင်းကြော်
 နဲ့  ရာခိဆိုးဘ Yakisoba ဆိုတဲ့ ခေါက်ဆွဲကြော်ပါ။

 ချာ့ဟန် အတွက် ထမင်း၊၀က်အူချောင်း၊ကြက်ဥ၊ကြန်သွန်မြိတ် နဲ့ ဆားငရုတ်ကောင်း လိုပါတယ်။
   ဒါကသုံးယောက်စာ ပါ။ ကြော်ရင် တစ်ယောက်စာ စီ ခွဲကြော်ပါမယ်။

 
   တစ်ယောက်စာ ထမင်းကို အဆင်သင့် ပြင်ထားပါ။



 ပါးပါးလှီးထားတဲ့ ဝက်အူချောင်းလေးတွေကို ဆီ နဲနဲ ထည့် ပြီးကြော်ပါ။

     ကြက်ဥတစ်လုံး မွှေခေါက်ပြီး လောင်းထည့်ပါ။


         တစ်ယောက်စာထမင်း ထည့်ပါ။ဆားငရုတ်ကောင်း ထည့် ပါ။

          ဂျပန်ပဲငံပြာရည် ထည့်မွှေပြီး နောက်ဆုံးမှာ ကြက်သွန်မြိတ်ထည့်ပါ။

 မြန်မြန်ဆန်ဆန် နဲ့ ပြီးတဲ့  စားချင်စဖွယ် ဆီမရွှဲ တဲ့  ချာ့ဟန် ပါ။







 ရာခိဆိုးဘ  ကလည်း လွယ် မှလွယ်  မြန်မှမြန်ပါ။

ထည့်မယ့်ပစ္စည်းတွေ အဆင်သင့် ပြင်ထားပါ။



    ဒယ်အိုးထဲကို ဆီိ နည်းနည်းထည့် ပြီး ကြက်သားထည့်မွှေပါ။ ပြီးရင် ဂေါ်ဖီ ထည့်ပါ။

      ခေါက်ဆွဲ ထည့် ပါ။ငရုတ်ကောင်း ထည့် ပါ။



  Komi ဆိုတဲ့ ဂျပန်ဆော့  အရည် ထည့်ပါ။ မြန်မာ မှာဆို ပဲငံပြာရည် ထည့် ပြီး မွှေပါ။
   ပဲပင်ပေါက်ကို နောက်ဆုံးမှ ထည့်မွှေပြီး ရင် မီးဖိုပေါ်ကချပါ။




     ခေါက်ဆွဲကြော် ပူပူနွေးနွေး လေး သုံးဆောင်ကြပါဦးရှင်





       
    မေတ္တမွန်ဖြင့်   
    
သန္တာအောင်

No comments:

Post a Comment