ဒီတစ်ခါ ကြက်သားထုတ်ထိုးကြော် နဲ့  ဖက်ထုပ်ကြော်လေး လုပ်စားကြမယ်။
ကြက်သား တုတ်ထိုးကြော်ကတော့  လွယ်ပါတယ်။
ကြက်သားတွေကို ဒီလို အတုံးသေးလေးတွေ တုံးပြီး တုတ်ထိုးပါ။
ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထည့်ကာ ဟိုဘက် ဒီဘက် လှိမ့် ပြီး ပန်းကန်ထဲဆယ်ထားပါ။
ဂျပန်ပဲငံပြာရည်ရှောရု ၂ ဆ ၊ ဂျပန်အရက် ၁ ဆ နဲ့ သကြားရောထားတဲ့  ဆော့ စ် ကို ဒယ်အိုးထဲ ထည့် မွှေပါ။
ခုန ကြော်ထားတဲ့ ကြက်သားကြော်ကို ဒယ်အိုးထဲထည့်ပြီး ဆော့စ် အရည်ဝင်အောင် နှစ်ပါ။
ပြီးသွားရင်တော့ စားချင်စရာ ကြက်သားတုတ်ထိုးလေးတွေ ရပါပြီ။
ဒယ်အိုးထဲက ဆော့စ် အရည် ကို ပန်းကန်ပြားလေးထဲထည့်ပြီး တုတ်ထိုးလေးနှစ်ပြီးစားလိုက်လိုက်ရင်လေ လျှာလည်သွားမယ်---
နောက်တမျိုးလာမယ်--
ဖက်ထုပ်လုပ်ဖို့ ဒါတွေလိုပါတယ်။
ဂေါ်ဖီ ၊ Nira (Nira မရှိရင်ကြက်သွန်မြိတ်)၊ဖက်ထုပ်ရွက်၊၀က်သားကြိတ်သား
ဝက်သားထဲကို ခြစ်ထားတဲ့ ကြက်သွန်ဖြူ၊ ရှောရု ၊ငရုတ်ကောင်း၊ ဆား ထည့်ပြီး နယ်ပါ။
လှီးထားတဲ့ ဂေါ်ဖီနဲ့  Nira ကို ထည့် နယ်ပါ။
နှမ်းဆီ နဲနဲ ထည့် ပါ။
ဖက်ထုပ်ရွက်ထဲ အစာ ထည့် ပြီး ပိတ်မယ်။
ဂျပန်ကြီးထုပ်တဲ့  ဖက်ထုပ်ကို ကြည့်ပြီး ကျမလည်း လိုက်ထုပ်ကြည့်ပါတယ်။
ဘယ်ဟာက ကျမ လုပ်ထားတာလို့ထင်လဲဟင် - 













ဆီပါလေရုံထည့် ထားတဲ့ ဒယ်အိုးထဲ ဖက်ထုပ်လေးတွေ စီ ထည့် ပြီးမီးအေးအေးနဲ့ ထားပါ။
တဖျစ်ဖျစ်မြည်လာရင်ရေနွေးနဲနဲလောင်းထည့် ပြီး အဖုံးအုပ်ထားပါ။
ရေခန်းပြီးအောက်ခြေ ကြွပ်လာရင် ဒယ်အိုးအဖုံးကို ဖွင့်  ပန်းကန်ပြားအုပ်ပြီး ဒယ်အိုးကို မှောက်ချလိုက်ပါ။
စားချင်စရာဖက်ထုပ်ကြွပ်ကြွပ်လေးတွေ ကို ကြိုက်နှစ်သက်ရာအချဉ်ရည်နဲ့ စားလို့ ရပါပြီရှင်။
အားရပါးရ သုံးဆောင်ကြပါနော်။
မေတ္တာမွန်ဖြင့် 
သန္တာအောင်
No comments:
Post a Comment