ဆုံဆည်းရာ အဖွဲ့ သူအဖွဲ့ သားများအားလုံး မင်္ဂလာပါရှင်
ဇူလိုင်လ အတွက် ဆုံဆည်းရာအကြိုက် ဘလော့ပို့ စ်အဖြစ် ရွေးချယ်ခံရသော
" ရွာတစ်ရွာတည်ရင်စုန်း ၇ ယောက်လိုတယ်တဲ့ "
ဘလော့ပိုစ် ကို ရေးသားပေးတော်မူသော
ဆရာတော် အရှင် စန္ဒကုမာရ ကို အွန်လိုင်းမှ တဆင့်  မေးမြန်းခဲ့တာလေးတွေကို ဖတ်ရှု ခံစားကြည့်ကြပါ။
အရှင်စန္ဒကုမာရ နှင့်တခဏတာ မေးမြန်းခဲ့ သမျှ ....................
နိုးနိုးး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဘုန်းဘုန်းရှင့်.....
အရှင်စန္ဒကုမာရး မင်္ဂလာပါ နိုးနိုးရေ….
အရှင်စန္ဒကုမာရး အရှင်စန္ဒကုမာရ …ပါ။
အရှင်စန္ဒကုမာရး ဖခမည်းတော်=ဦးသိန်းဆောင်
မယ်တော် =ဒေါ်မြရင်
် နေရပ် =မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ငဖဲမြို့နယ် ၊ နယ်ဇောကျေးရွာ။
် နေရပ် =မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ငဖဲမြို့နယ် ၊ နယ်ဇောကျေးရွာ။
နိုးနိုးး ဘုန်းဘုန်း ဆုံဆည်းရာ ကိုဘယ်လိုများသိပြီးရောက်ခဲ့တာလည်းဖြေပေးပါဦး ဘုန်းဘုန်း
အရှင်စန္ဒကုမာရး မကြာဖြူနွယ် ရဲ့ ဖိတ်ခေါ်မှုကြောင့် သိပြီး ရောက်ခဲ့တာပါ။
နိုးနိုးး ဘုန်းဘုန်းဆုံဆည်းရာကိုဝင်လာခဲ့တဲ့ရည်ရွှယ်ချက်ကလေးကိုသိပါရစေဘုန်းဘုန်း
အရှင်စန္ဒကုမာရး ဆုံဆည်းရာက စာတွေ ရေးသားပေးဖို့ ဖိတ်တယ်လေ။ဦးဇင်းကလည်း ကိုယ်က
အွန်လိုင်းပေါ်မှာ မြတ်ဗုဒ္ဓသာသနာကို သာသနာပြုတဲ့ အနေနဲ့ ဘလော့တွေရေးနေတာဆိုတော့
ဆိုဒ်တစ်ခု တိုးလာတာကိုဝမ်းသာတယ်။
ဆုံဆည်းရာမှာ စာတွေရေးမယ် ၊ စာတွေဖတ်မယ် ဆိုတဲ့ရည်ရွယ်ချက်လေးလေးနဲ့ပါ။
နိုးနိုးး ဆိုဒ်တစ်ခု တိုးလာတာကို ၀မ်းသာတယ်ဆိုတော့ အရင်က ဘုန်းဘုန်း ဘလော့တွေ ရေးခဲ့တဲ့ဆိုဒ်တွေ ရှိရင်လည်း ဖော်ပြပေးပါလားဘုန်းဘုန်း။
အရှင်စန္ဒကုမာရး အရင်က ဘုန်းဘုန်း ဘလော့တွေ ရေးခဲ့တဲ့ ဆိုဒ်လေးက မြန်မာချစ်သူ မိသားစု ဆိုဒ်ပါ။
အဲဒီမှာ ဘလော့တွေ စရေးဖြစ်တယ်ပေါ့နော်။
ဦးဇင်းရဲ့ ဘလော့ဂါ ဘ၀ကို စတင်ခဲ့တဲ့ ဆိုဒ်ဆိုရင်လည်း မမှားပါဘူး။
ဦးဇင်းရဲ့ ဘလော့ဂါ ဘ၀အတွက်တော့ ကျေးဇူးများတဲ့
ဆိုဒ်ပါ။ခုလည်းဆက်ပြီးရေးသားနေပါတယ်။
နိုးနိုးး ဆုံဆည်းရာမှာ ဘုန်းဘုန်းအနေနဲ့ဗဟုသုတ
ရတဲ့ဘလော့များစွာကိုတင်ထား တာတွေ့ ရပါတယ်...
ဘလော့လေးတွေတင်ဖြစ်တဲ့ရည်ရွယ်ချက်လေးကိုသိပါရစေဘုန်းဘုန်း ။
ဘလော့လေးတွေတင်ဖြစ်တဲ့ရည်ရွယ်ချက်လေးကိုသိပါရစေဘုန်းဘုန်း ။
အရှင်စန္ဒကုမာရး ဗဟုသုတ ရတဲ့ ဘလော့လေးတွေတင်ဖြစ်ပါတယ်။ လူတွေရဲ့ နေ့စဉ်ဘ၀နဲ့ တရားဓမ္မကြားမှာ
ကွာဟနေတာလေးတွေ ရှိတယ်လေ။ အဲဒီ ကွာဟချက်လေးတွေကိုတတ်နိုင်သလောက်
ကွက်လပ်ဖြည့်ပေးချင်တဲ့ရည်ရွယ်ချက်ကြောင့်ပါ။
နိုးနိုးး ဇူလိုင်လမှာဘုန်းဘုန်းတင်ထားတဲ့ ဘလော့တွေထဲမှာမှ ရွာတစ်ရွာတည်ရင်စုန်းခုနစ်ယောက်လိုတယ်
ဆိုတဲ့ဘလော့ကို ဆုံဆည်းရာကဘာကြောင့်ကြိုက်နှစ်သက်တာလို့ထင်ပါလည်းဘုန်းဘုန်း ဘုန်းဘုန်းရဲ့အထင်လေးကိုသိပါရစေရှင့်.........
အရှင်စန္ဒကုမာရး ဘာကြောင့်ကြိုက်လဲဆိုတော့ အဲဒီဘလော့လေးက တော်တော်စုံတယ်လေ ။
စုံတယ်ဆိုတာက လောကကော ဓမ္မကောပေါ့။
ပြီးတော့လူတွေ အမှတ်မှားပြီး အရိုးစွဲအောင်ယူဆနေတဲ့ ကိစ္စတစ်ခုကို ဦးဇင်းက
လောက အမြင် ဓမ္မအမြင်နဲ့ ရေးထားတာပါ။
ပြီးတော့ စုန်းဆိုတာနဲ့ပတ်သက်ပြီး တကယ်သိသင့်တဲ့ဗဟုသုတတွေ
ပြီးတော့ စုန်းဆိုတာနဲ့ပတ်သက်ပြီး တကယ်သိသင့်တဲ့ဗဟုသုတတွေ
ကိုပါဠိစာပေကပြထားတယ်။
အဲဒါကို ချပြတယ်။
ပြီးတော့ ပါဠိစာပေရဲ့ ယူဆချက်ကို ခုခေတ်မှာ အတုယူသင့်လောက်အောင်
ဖော်ပြထားတယ်လေ။
အဲဒီလို အသိအမြင် ဗဟုသုတနဲ့တင်ပြတဲ့နေရာမှာ တကယ်ကောင်းလို့ ၊
လူတွေအတွက် တကယ် လည်း သိသင့်တဲ့ စာမို့လို
့ ရွေးတယ်လို့ပဲ ထင်ပါတယ်။
နိုးနိုးး ဆုံဆည်းရာတလပြည့်မှာ ဆုံဆည်းရာအကြိုက်ဆုံးအဖြစ်ရွှေးချယ်ခဲ့တဲ့
ရွာတစ်ရွာတည်ရင်စုန်းခုနစ်ယောက်လိုတယ်
ဘလော့ကို ဘုန်းဘုန်းဘယ်လိုအကြောင်းကြောင့်ရေးသားဖြစ်ခဲ့လည်းသိပါရစေရှင့်...
ဘလော့ကို ဘုန်းဘုန်းဘယ်လိုအကြောင်းကြောင့်ရေးသားဖြစ်ခဲ့လည်းသိပါရစေရှင့်...
အရှင်စန္ဒကုမာရး ရွာတစ်ရွာတည်ရင်စုန်းခုနစ်ယောက်လိုတယ် ..ဆိုတဲ့ ဘလော့ကိုဘာကြောင့်ရေးဖြစ်
သလဲဆိုတော့
သစ်ထူးလွင် သတင်း ဆိုဒ်မှာ ကျွန်းစုမြို့နယ် ၊ ပထောကျေးရွာမှာ စုန်းဟုယိုးကာ
ပယောဂဆရာရိုက်နှက်ကုသမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း MP 4 ဖိုင်နဲ့တကွ ဖတ်လိုက်ရတဲ့အတွက်စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။

ပြီးတော့ ဒီပို့စ်ကို ရေးချင်နေတာလည်း
ကြာနေပြီ ။ ကျမ်းညွှန်း အတိအကျမသိသေးတော့ ငြိမ်နေတာ။ခုတော့ ငြိမ်မနေနိုင်တော့ဘူးလေ။
ကျမ်းညွှန်းအတိအကျမသိပေမယ့် ကျမ်းစာရဲ့ ဆိုလိုချက်ကို သိနေတယ်လေ။
ကြာနေပြီ ။ ကျမ်းညွှန်း အတိအကျမသိသေးတော့ ငြိမ်နေတာ။ခုတော့ ငြိမ်မနေနိုင်တော့ဘူးလေ။
ကျမ်းညွှန်းအတိအကျမသိပေမယ့် ကျမ်းစာရဲ့ ဆိုလိုချက်ကို သိနေတယ်လေ။
ဒါကြောင့် ၀န်ခံချက်လေးထည့်ပြီးတော့ ရေးမယ်ပေါ့နော်။ခုတော့ သိလောက်ရုံပဲရေးမယ်။
နောက်မှ အကျယ်ချဲ့ပြီး ရေးမယ်ဆိုပြီး ရေးခဲ့တာပါ။
ဘုန်းဘုန်းရဲ့ ခံစားချက်လေးသိပါရစေ ။
အရှင်စန္ဒကုမာရး ပျော်တာပေါ့ ။သိပ်ပျော်တာ။ အွန်လိုင်းစာပေနဲ့ ပတ်သက်ပြီး ပထမဆုံး ပျော်ရွှင်မှုကိုရတာပါ။
အွန်လိုင်းပေါ်မှာ မြတ်ဗုဒ္ဓသာသနာကို ဆက်လက် သာသနာပြုနိုင်ဖို့အားတွေလည်းပြည့်လာပါတယ်။
အွန်လိုင်းပေါ်မှာ မြတ်ဗုဒ္ဓသာသနာကို ဆက်လက် သာသနာပြုနိုင်ဖို့အားတွေလည်းပြည့်လာပါတယ်။
နိုးနိုးး ဒီဘလော့မှာပါဝင်တဲ့အဓိကပြောချင်တဲ့အကြောင်းအရာက
ဘာများဖြစ်မလည်း ဘုန်းဘုန်း
အရှင်စန္ဒကုမာရး ပြောချင်တဲ့ အကြောင်းကတော့ စုန်း ဆိုတာနဲ့ပတ်သက်ပြီး လူတွေပြောပြောနေကြတယ်။
ဦးဇင်းတို့လည်း ပြောနေကြတယ်။ သူတစ်ပါးကို ယိုးစွပ်ပြီးပြောနေတာလေ။
ဦးဇင်းတို့လည်း ပြောနေကြတယ်။ သူတစ်ပါးကို ယိုးစွပ်ပြီးပြောနေတာလေ။
ဒါပေမယ့် အဲဒီစုန်းတိုင်းက လူတွေပြောသလိုမဟုတ်ဘူးဆိုတာ။
ပြီးတော့ ရွာတစ်ရွာတည်ရင် စုန်းခုနစ်ယောက်လိုတယ်ဆိုတဲ့ အယူအဆ။
ပြီးတော့ ရွာတစ်ရွာတည်ရင် စုန်းခုနစ်ယောက်လိုတယ်ဆိုတဲ့ အယူအဆ။
အဲဒီအယူအဆက တကယ်မမှန်ဘူးဆိုတာ ပြောချင်တယ်။
ပြီးတော့ စာပေမှာလည်း စုန်းနဲ့ပတ်သက်ပြီး ပြောထားတာရှိတယ်။
ဋီကာစာပေကပြောတာပါ။ရှားရှားပါးပါးပြောထားတာ။အဲဒီပြောထားတာကလဲ
ပြီးတော့ စာပေမှာလည်း စုန်းနဲ့ပတ်သက်ပြီး ပြောထားတာရှိတယ်။
ဋီကာစာပေကပြောတာပါ။ရှားရှားပါးပါးပြောထားတာ။အဲဒီပြောထားတာကလဲ
လူတွေယူဆထားတဲ့ယူ ဆချက်နဲ့ လွဲနေတယ်။
စာပေရဲ့ယူဆချက်က ဘက်ပေါင်းစုံကနေ ဘယ်လိုတွေးတွေး လက်ခံနိုင်တဲ့၊
အတုယူသင့်တဲ့ ယူဆချက်ဖြစ်တယ်ဆိုတာကိုပြောပြချင်တာပါ။
ချုံးလိုက်ရင်တော့လေ….လူတွေ အသိမှန် အမြင်မှန်ရပြီး အမြင်ရှင်း ၊ အကျင့်ရှင်း ၊
စာပေရဲ့ယူဆချက်က ဘက်ပေါင်းစုံကနေ ဘယ်လိုတွေးတွေး လက်ခံနိုင်တဲ့၊
အတုယူသင့်တဲ့ ယူဆချက်ဖြစ်တယ်ဆိုတာကိုပြောပြချင်တာပါ။
ချုံးလိုက်ရင်တော့လေ….လူတွေ အသိမှန် အမြင်မှန်ရပြီး အမြင်ရှင်း ၊ အကျင့်ရှင်း ၊
အယူအဆရှင်းရှင်းနဲ့ တကယ့် အမှန်တရားကို ရသွားစေချင်တာပါပဲ။
နိုးနိုးး နောက်များမှာလည်းဆုံဆည်းရာအတွက်ဘယ်လိုအကျိုးရှိတဲ့ဘလော့တွေထပ်ပြီးရေးသားပေးဖို့
ရှိပါသေးသလည်း သိပါရစေဘုန်းဘုန်း
အရှင်စန္ဒကုမာရး အများကြီး
ရှိနေပါတယ်။အစုံပါပဲ။ အတွေးပေါက်ရင်ပေါက်သလို ရေးမယ့်စာတွေရှိသလို။
အဖြစ်အပျက်နဲ့
တိုက်ဆိုင်တဲ့ စာမျိုးတွေလည်း လာမှာပါ။
ပြီးတော့ ဓမ္မစာပေမှာလာတဲ့ လူတွေသိသင့်တဲ့မသိသေးတဲ့ စာမျိုးတွေကို လူတွေ သိအောင်
သဘောပေါက်အောင် ရေးမယ်။ ၂၀၀၆ ခုနှစ်ကစပြီး ယနေ့ထိ ဦးဇင်းလုပ်လာတဲ့
သာသနာပြုလုပ်ငန်းတွေရှိတယ်။ဓာတ်ပုံတွေရောလေ။
အဲဒါတွေကိုလူတွေသိအောင် ချပြမယ် ၊ ဆောင်းပါးတွေရေးမယ်လေ။
ရသပိုင်းကိုလည်း ရေးဖို့ စိတ်အားထက်သန်နေတယ်။ရေးဖြစ်ရင်တော့ ဖတ်ရမှာပါ။
အရှင်စန္ဒကုမာရး ဦးဇင်းရေးခဲ့တဲ့ ဘလော့တွေနဲ့ပတ်သက်ပြီး ဦးဇင်းရဲ့ ခံယူချက်က -လောကလည်း
မဖျင်းအောင်ဓမ္မလည်း မယွင်းအောင် ကျင့်ပါ-ဆိုတဲ့ ဦးဇင်းတို့သာသနာ့တက္ကသိုလ်တက်စဉ်က
ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ ပြောတဲ့ စကားအတိုင်း လိုက်နာပြီးတော့
လောကနဲ့ ဓမ္မ ညှိပြီးရေးပေးပါတယ်။
ပြီးတော့ လူတွေကြားက ခံစားချက်တွေကို ဓမ္မနဲ့ တိုက်ဆိုင် ပြီး မြင်တတ်အောင် ၊
ပြီးတော့ လူတွေကြားက ခံစားချက်တွေကို ဓမ္မနဲ့ တိုက်ဆိုင် ပြီး မြင်တတ်အောင် ၊
ဘ၀နဲ့ ဓမ္မကြားမှာ ကွက်လပ်တွေရှိနေတယ်။
အဲဒီကွက်လပ်တွေကို ဖြည့်ပေးချင်တယ်။ဦးဇင်းရဲ့ စာတစ်ပုဒ်ကို ဖတ်လိုက်တဲ့
စာဖတ်သူအတွက် အော်ဒီလိုပါလား ဆိုတာ ပေးနိုင်ရင်ကျေနပ်ပါတယ်။
စာဖတ်သူအတွက် အော်ဒီလိုပါလား ဆိုတာ ပေးနိုင်ရင်ကျေနပ်ပါတယ်။
အဲဒီခံယူချက်နဲ့ရေးနေပါတယ်။
နိုးနိုးး ခုဆိုရင် ဘုန်းဘုန်းအနေနဲ့ ဆုံဆည်းရာ ရဲ့ အကြံပေးအဖြစ်ကူညီဆောင်ရွက်နေတယ်လို့
သိရပါတယ်ဘုန်းဘုန်း အဲ့ဒီအပေါ်ခံစားရတဲ့ခံစားချက်ကလေးကိုသိပါရစေဘုန်းဘုန်း
သိရပါတယ်ဘုန်းဘုန်း အဲ့ဒီအပေါ်ခံစားရတဲ့ခံစားချက်ကလေးကိုသိပါရစေဘုန်းဘုန်း
အရှင်စန္ဒကုမာရး ကူညီဆောင်ရွက်ပေးရလို့ ခံစားရတဲ့ ခံစားချက်ကိုပြောရမယ်ဆိုရင်………
အွန်လိုင်းကနေ မြတ်ဗုဒ္ဓသာသနာတော်အတွက်ပြုလုပ်ဆောင်ရွက်ရမယ့်ခြေလှမ်းတွေ
အွန်လိုင်းကနေ မြတ်ဗုဒ္ဓသာသနာတော်အတွက်ပြုလုပ်ဆောင်ရွက်ရမယ့်ခြေလှမ်းတွေ
အသက်ဝင်လာပြီလို့ ခံစားရပါတယ်။ နှစ်သက်ကျေနပ်မှုလည်း ဖြစ်ရပါတယ်။
အရှင်စန္ဒကုမာရး အဆင်ပြေမှုရှိပါတယ်။
ဒါပေမယ့် ကိုယ်က နည်းပညာ သိပ်နားမလည်တော့ ကူညီရတာ
ဒါပေမယ့် ကိုယ်က နည်းပညာ သိပ်နားမလည်တော့ ကူညီရတာ
အားမလိုအားမရတော့ ဖြစ်မိတယ်။
နိုးနိုးး လသားအရွယ်သာရှိသေးတဲ့ ဆုံဆည်းရာကို ဘုန်းဘုန်းရဲ့အမြင်လေးပြောပြပေးပါအုန်းဘုန်းဘုန်း
အရှင်စန္ဒကုမာရး လသားအရွယ် သားသားလေး ဆုံဆည်းရာဟာ ငယ်ပေမယ့် ရည်ရွယ်ချက်တွေကြီးပါတယ်။
စာပေနဲ့ပတ်သက်လာရင် တခြားသော ညီအစ်ကို မောင်နှမဆိုဒ်တွေလို အောင်မြင်အောင်
စာပေနဲ့ပတ်သက်လာရင် တခြားသော ညီအစ်ကို မောင်နှမဆိုဒ်တွေလို အောင်မြင်အောင်
ကြိုးစားဖို့ခြေလှမ်းတွေ စလှမ်းနေပါပြီ။
ခြေလှမ်းလေး ဟိုယိုင်သည်ယိုင်နဲ့ စလှမ်းနေတဲ့  ဆုံဆည်းရာကို အားလုံး
ကူညီထိန်းမတ်ပေးဖို့လိုပါတယ်။
မန်ဘာများအားလုံးကလည်း ဆုံဆည်းရာကို စာပေရဲ့ မျိုးဆက်သစ်
ကလေးပေါက်စလေးတစ်ယောက်လို ချစ်ပေးကြပါ။
ဟိုယိုင်သည်ယိုင်ခြေလှမ်းတွေ နဲ့ ဆုံဆည်းရာကို လဲကျမသွားအောင်
ကြိုဆိုထိန်းမတ်ပေးကြရအောင်နော်။
ပြီးတော့ ဆုံဆည်းရာ ဆိုဒ်ပိုင်ရှင်များဆိုရင် စာပေကောင်းများ ကို ဖြန့်ဝေရေးဆိုတဲ့
ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လုပ်နေတဲ့အတွက်
စာပေကောင်းများ များများရေးပြီး ဆုံဆည်းရာကြီးပြင်းလားအောင် ပြုစုပေးကြပါ။
နောက်ဆုံးအနေနဲ့ နုနုနယ်နယ် ဆုံဆည်းရာလေးကို ဒဏ်ရာတွေ
အများကြီးဖြစ်မသွားအောင် ၀ိုင်းဝန်းကူညီိဖို့လည်း လိုပါတယ်။
ဦးဇင်းကစလို့ ဆုံဆည်းရာ အဖွဲ့တော်သားများကလည်း ငါတို့ အများအတွက်လုပ်နေတယ်။
ဒီလိုလုပ်ရပ်ဟာ ဘုရားစတဲ့ သူတော်ကောင်းများ ချီးမွန်းတဲ့အလုပ် ဆိုတာ
နှလုံးသွင်းပြီးအားကြိုးမာန်တက်နဲ့ ဆုံဆည်းရာအတွက် လုပ်ပေးကြရမယ်လို့ မြင်ပါတယ်။
ခံယူချက်လေးသိပါရစေ ဘုန်းဘုန်း
အရှင်စန္ဒကုမာရး တစ်ချို့လူတွေပြောနေကြပါတယ်။ဘုန်းကြီးနဲ့ အွန်လိုင်းမဆိုင်ဘူးတဲ့။
အွန်လိုင်းဆိုတာ လူတွေအတွက်သက်သက်ပဲဖြစ်ပါတယ်လို့ ပြောထားတာလဲမရှိပါဘူး။
ဘုန်းကြီးသုံးတတ်ရင် ဘုန်းကြီးနဲ့ ဆိုင်သလို၊လူတွေသုံးတတ်ရင် လူတွေနဲ့ ဆိုင်ပါတယ်။
ဘယ်သူနဲ့မဆို ဆိုင်ပါတယ်။
ဒါပေမယ့် သူတို့ အဲဒီလို ဘာလို့ပြောကြတာလဲဆိုတာ စဉ်းစားရပါမယ်။
ဦးဇင်းတို့ လူငယ် ရဟန်းတော်များ၊ ကိုရင်များဟာ
ခုခေတ်မှာ အွန်လိုင်းကို တော်တော် သုံးတတ်နေပါပြီ။
ဒါပေမယ့် သုံးတဲ့နေရာမှာ ရည်ရွယ်ချက်ကောင်းဖို့လိုပါတယ်။
ဦးဇင်းတို့ဘက်ကရည်ရွယ်ချက်မကောင်းခဲ့ကြလို့ အွန်လိုင်းနဲ့ ဘုန်းကြီး မဆိုင်ဘူးဆိုတဲ့ အပြောအဆိုတွေပေါ်လာတယ်လို့ယူဆပါတယ်။
ခုနက အပေါ်မှာ ပြောခဲ့ပါတယ်။သုံးတတ်ဖို့ဆိုတဲ့စကားပါ။
သုံးတတ်ဖို့ဆိုတာ အကျိုးရှိတာကိုသုံးမှ သုံးတတ်တယ်လို့ ယူဆရမှာပါ။
တစ်နေကုန် အွန်လိုင်းထိုင်ပြီး ဘာမှ အကြိုးမရှိတဲ့ စကားတွေပြောနေမယ်။
တစ်ဖက်က လူကိုလည်း လောဘမီးလောင်၊ကိုယ်ကိုယ်တိုင်လည်း လောဘမီးလောင်စေတဲ့
တစ်ဖက်က လူကိုလည်း လောဘမီးလောင်၊ကိုယ်ကိုယ်တိုင်လည်း လောဘမီးလောင်စေတဲ့
ပုံစံမျိုးနဲ့ သုံးမယ်ဆိုရင် မသုံးတတ်ဘူးလို့ ယူဆပါတယ်။
ခု ဦးဇင်းက အွန်လိုင်းနဲ့ ဘုန်းကြီးမဆိုင်ဘူး ဆိုတဲ့ ပြောဆိုချက်ကို ပြန်ပြီးမတုန့်ပြန်ပါဘူး။
ဒါပေမယ့် ဦးဇင်းကိုယ်တိုင်က အွန်လိုင်းမှာ အကျိုးရှိတာတွေလုပ်ပြနေတယ်။
အွန်လိုင်းကို သုံးတတ်အောင်သုံးပြနေတယ်
ဒါဆို အွန်လိုင်းနဲ့ ဦးဇင်းဟာ အမြဲသက်ဆိုင်နေမှာပါ။ ခုဆို အွန်လိုင်းပေါ်မတက်ရရင်
မနေနိုင်လောက်အောင် ကို အွန်လိုင်းနဲ့ ဦးဇင်းက သက်ဆိုင်နေပါပြီ။
မနေနိုင်လောက်အောင် ကို အွန်လိုင်းနဲ့ ဦးဇင်းက သက်ဆိုင်နေပါပြီ။
ခုဆို အွန်လိုင်းပေါ်မှာ ရဟန်းတော်တွေ တော်တော်များများ
အကျိုးပြုနေတာတွေ
များလာပါပြီ။
ဒါကြောင့် အွန်လိုင်းနဲ့ ဘုန်းကြီးသက်ဆိုင်တယ်ဆိုတာ ပြနေသလိုပါပဲ။
ဒါနဲ့ပတ်သက်ပြီး အွန်လိုင်းစောင့်နတ်ရဲ့မေတ္တာစာဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးဇင်း စာတွေရေးနေပါတယ်။
ဘုန်းဘုန်းရဲ့အမြင်ကိုသိပါရစေ ဘုန်းဘုန်း
အရှင်စန္ဒကုမာရး အွန်လိုင်းပေါ်မှာ သာသနာရေးလုပ်ဆောင်ချက်တွေ ထိရောက်မှု ရှိမရှိဆိုတာနဲ့
ပတ်သက်ပြီး ဦးဇင်းရဲ့ အမြင်ကိုပြောပြရရင်…
အွန်လိုင်းပေါ်မှာ တကယ် စစ်စစ်မှန်မှန် သာသနာပြုနေတယ်ဆိုရင်တကယ်အောင်မြင်ပါတယ်။
ဥပမာ ပြရရင်-ဦးဇင်းရဲ့နောင်တော် အရှင်ဓမ္မိက (လောင်းလုံ)ဆိုရင်သူသနာပြုခဲ့တဲ့
ပုံတွေကို စာကလေးတွေ ရေးပြီး Facebook ပေါ်တင်တယ်။
သာသနာပြုရည်ရွယ်ချက်တွေ၊လုပ်ဆောင်ချက်တွေ ၊ အခက်အခဲတွေ စသည်ဖြင့် သာသနာနဲ့
ပတ်သက်တဲ့စစ်မှန်တဲ့ လုပ်ဆောင်
ချက်တွေကိုတင်တာ ဖြစ်လေသောကြောင့် အဲဒီတောင်ပေါ်ဒေသမှာ
ချက်တွေကိုတင်တာ ဖြစ်လေသောကြောင့် အဲဒီတောင်ပေါ်ဒေသမှာ
လှူချင်လို့ဆိုပြီး တစ်နေ့ကို မိတ်ဆက်လာတဲ့ ဒကာဒကာမတွေ Facebook ပေါ်
မှာတစ်ရာကျော်လောက်ရှိပါတယ်။ဒါနေ့တိုင်းနော်။
ဦးဇင်းတို့ သာသနာပြုခဲ့ကြတယ်။ခက်ခဲပင်ပန်းခဲ့တယ်။ဘယ်သူသိလဲ။ အတူနေတဲ့လူပဲသိတာလေ။
ဘွဲ့ယူတော့ သာသနာပြုလုပ်ဆောင်ချက်တွေဖတ်ပြတယ်။ဖတ်ပြီးတော့ ပြီးသွားတာပါပဲ။
နောက်ထပ်ဘာမှ ဖြစ်မလာဘူး။
ခု Facebook ပေါ်မှာ တင်လိုက်တော့ တစ်ကမ္ဘာလုံး ပြန့်နှံ့သွားတာ။
ခုမှ သာသနာပြုဌာနလေးအတွက် တကယ် အားရစရာကောင်းနေတာလေ။
လက်တွေ့ဖြစ်လာဖို့တော့ဆက်လက် လုပ်ပေးနိုင်ဖို့တော့ လိုတာပေါ့။
ဦးဇင်းဆိုရင် အွန်လိုင်းပေါ်မှာ ဘလော့တွေရေးနေတယ်။
ဆိုဒ်တစ်ခုထဲ ရောက်သွားတယ်ဆိုရင်ပဲ ကောင်းရင်ကောင်းသလို ထပ်ဆင်းကူယူသွားတာလေ။
ဆိုဒ်တစ်ခုထဲ ရောက်သွားတယ်ဆိုရင်ပဲ ကောင်းရင်ကောင်းသလို ထပ်ဆင်းကူယူသွားတာလေ။
ပြီးတော့ အွန်လိုင်းပေါ်မှာက ပြန့်လွယ်တယ်ဆိုတာ…
အိမ်တစ်အိမ်မှာ အွန်လိုင်းသုံးတတ်တဲ့ လူတစ်ယောက်ရှိတယ်ဆိုရင်အဲဒီလူက
ကျန်တဲ့မိသားစုတွေကို ပြောပြလို့ရတယ်။ဒါမှမဟုတ် အွန်လိုင်းပေါ်မှာပဲ ချက်ချင်းဖြန့်လို့ရတယ်လေ။
ဒါကြောင့် အွန်လိုင်းပေါ်မှာသာသနာရေးလုပ်ဆောင်ရတာလည်း
သူ့အတိုင်းအတာနဲ့သူ ထိရောက်မှုရှိနေပါတယ်။ (တော်တော်ရှည်သွားပြီ
နိုးနိုးကတော့
မျက်လုံးပြူးနေမလားမသိဘူးနော်)
နိုးနိုးး ဘုန်းဘုန်းအနေနဲ့ ဆုံဆည်းရာမှာဘယ်လောက်ထိကြာအောင် ဘလော့များရေးသားပေးနေမလဲ ဆိုတာလေးလည်းသိပါရစေဘုန်းဘုန်း
အရှင်စန္ဒကုမာရး ဦးဇင်းအနေနဲ့ကတော့ အွန်လိုင်းတွေ ရှိနေတဲ့နေရာမှာ နေရမယ်၊ သုံးခွင့်လည်းရတယ် ၊ ရေး
လည်းရေးနိုင်သေးတယ်ဆိုရင် အဲဒီရေးနေနိုင်တဲ့အထိ ရေးနေမှာပါ။
လည်းရေးနိုင်သေးတယ်ဆိုရင် အဲဒီရေးနေနိုင်တဲ့အထိ ရေးနေမှာပါ။
နဲ့မြန်မာနိုင်ငံရဲ့သာသနာရေးကွာဟချက်ရှိမရှိလည်း
ဆုံဆည်းရာချစ်သူများ သိရှိအောင်ဖြေကြားပေးစေချင်ပါတယ် ဘုန်းဘုန်း
အရှင်စန္ဒကုမာရး အိန္ဒိယ နိုင်ငံဆိုတာ ဘာသာအားလုံးရဲ့ ဆုံဆည်းရာပါပဲ။
မြန်မာနဲ့ အိန္ဒိယ သာသနာရေးကွာဟချက်ကိုပြောရမယ်ဆိုရင်……
ဦးဇင်းတို့ မြန်မာနိုင်ငံမှာနေတုန်းက ထေရ၀ါဒ စတိုင်သန့်သန့်ကိုပဲ မြင်တွေ့နေရတာလေ။ အမြင်တစ်ခုပဲရှိခဲ့တာပါ။
ဦးဇင်းတို့ မြန်မာနိုင်ငံမှာနေတုန်းက ထေရ၀ါဒ စတိုင်သန့်သန့်ကိုပဲ မြင်တွေ့နေရတာလေ။ အမြင်တစ်ခုပဲရှိခဲ့တာပါ။
ခု အိန္ဒိယမှာကဘာသာရေး အမြင် မျိုးစုံတယ်။အကျင့်မျိုးစုံကို တွေ့နေရတယ်။
ယူတတ်မှ ရမယ်။
မြန်မာနိုင်ငံမှာက ထေရ၀ါဒတစ်ခုတည်းဆိုတော့ ကောင်းမှန်းမသိဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာက ဒကာဒကာမတွေက လှူဒါန်းနေရတဲ့ ရှေးသူတော်ကောင်းတို့ရဲ့
အကျင့်ကိုခုထိကျင့်သုံးနေကြတယ်။
အိန္ဒိယမှာက ကိုယ်ကိုယ်တိုင်ချက်ပြုတ် စားသောက်ရတာပါ။
ဟိုတုန်းက အိန္ဒိယက သာသနာဟာ ခုမြန်မာနိုင်ငံမှာ ခိုင်မာနေတာလေ။
ခု အိန္ဒိယမှာတော့ သမိုင်းပြယုဂ်တွေကလွဲရင် ကျန်တဲ့ အနှစ်သာရ သိပ်မကျန်တော့ပါဘူး။
မရှိသလောက်ပါပဲ။
အိန္ဒိယမှာ ကောင်းတာလေးတစ်ခုကသူက တော့ မဟာယာနဖြစ်လို့
၊ငါကထေရ၀ါဒဖြစ်လို့
ဆိုတဲ့အမြင်တွေပျောက်သွားပြီးတော့ ဘာသာရေးမှာ သူလုပ်ရင် သူရမယ်။
ကိုယ်လုပ်ရင် ကိုယ်ရမယ်ဆိုတဲ့ လွတ်လပ်တဲ့ အမြင်တွေ၊ဘာသာရေးလွတ်လပ်ခွင့်တွေကို
ခံစားလာရတယ်။ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံက
ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကိုတော့ ဒီနေ့ထိချစ်နေတုန်းပဲလေ။
အဲဒါကတော့ အိန္ဒိယနဲ့မြန်မာက သာသနာရေးကွာဟချက်လို့ပဲ ယူဆရမှာပေါ့နော်။
နိုးနိုးး ပြည်ပ သာသနာပြုလုပ်ငန်းတွေပြီးလို့မြန်မာပြည်ပြန်လာတဲ့အခါ ဘုန်းဘုန်းအနေနဲ့ ဘာတွေကိုလုပ်ဆောင်ဖို့ရှိသလည်းဆိုတာ
လည်းသိပါရစေဘုန်းဘုန်း
အရှင်စန္ဒကုမာရး မြန်မာပြည်ပြန်ရောက်တဲ့အခါ
ဘာတွေလုပ်မလဲဆိုတော့ ပရဟိတ လုပ်ငန်းတွေ
များများလုပ်ချင်တယ်။
နယ်စပ်မှာ လိုအပ်နေတဲ့ နေရာမှာ သာသနာပြုမယ်လို့ ဆုံးဖြတ်ထားတယ်။
ပရဟိတ ကိုတော့ ဆုံဆည်းရာနဲ့ လက်တွဲလုပ်ဖြစ်မယ်ထင်တယ်။
နယ်စပ်မှာတော့ ယဉ်ကျေးလိမ္မာနဲ့
အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းတွေ ၊ တရားပွဲတွေ လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။
တစ်ခါတစ်ရံ ဖြစ်ချင်တာ မဖြစ်တဲ့လောက ဆိုတော့ ဖြစ်လာတဲ့အရာကို
အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
နိုးနိုးး နောက်ဆုံးအနေနဲ့ ဆုံဆည်းရာက ဒကာ ဒကာမတွေကို
မှာကြားချက်လေးမိန့်ကြားပေးတော်မူပါဘုန်းဘုန်း
မှာကြားချက်လေးမိန့်ကြားပေးတော်မူပါဘုန်းဘုန်း
အရှင်စန္ဒကုမာရး ဆုံဆည်းရာက ဒကာဒကာမတွေကို ဘာမှာချင်တာလဲဆိုတော့…………….
ဆုံဆည်းရာကနေ ..အမျိုး၊ဘာသာ၊သာသနာအတွက်၊ မြန်မာနိုင်ငံအတွက်
ဆုံဆည်းရာကနေ ..အမျိုး၊ဘာသာ၊သာသနာအတွက်၊ မြန်မာနိုင်ငံအတွက်
အကောင်းဆုံးတွေကိုပေးဆပ်နိုင်ဖို့….
အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းစည်းလုံးလုံး လုပ်ကြမယ်။
တစ်ယောက်နဲ့ တစ်ယောက်တိုင်ပင်ဆွေးနွေးကြမယ်။ နားလည်မှု ၊ ခွင့်လွှတ်မှု ၊ သည်းခံမှု ၊
ချစ်ခင်မြတ်နိုးမှုတွေနဲ့ ရည်ရွယ်ချက်ကို
ရောက်အောင် လက်တွဲပြီး သွားကြမယ်လို့ ပြောချင် ၊ မှာချင်ပါတယ်။
ပြီးတော့ ဦးဇင်းမတတ်တာတွေကိုလည်း သင်ပေးကြပါ။ ဦးဇင်းသိထားတာတွေကို
ရောက်အောင် လက်တွဲပြီး သွားကြမယ်လို့ ပြောချင် ၊ မှာချင်ပါတယ်။
ပြီးတော့ ဦးဇင်းမတတ်တာတွေကိုလည်း သင်ပေးကြပါ။ ဦးဇင်းသိထားတာတွေကို
လည်း ပြန်သင်ပေးပါ့မယ်နော်။
နိုးနိုးး ဘုန်းဘုန်း အခု ဖြေဆိုနေတဲ့ စာမေးပွဲက ဘာစာမေးပွဲဆိုတာ သိပါရစေရှင့်
အရှင်စန္ဒကုမာရး ခုဖြေနေတာက MA(Previous)စာမေးပွဲပါ။
အရှင်စန္ဒကုမာရး ရွှေတြိဂံ လောနိုင်ငံဘက်ခြမ်းမှာ ဗုဒ္ဓဘာသာမြန်မာရဟန်းတော်တစ်ပါး
အနေနဲ့သာသနာပြုဖြစ်ခဲ့တာက ဒီလိုပါ….
ဦးဇင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဖြတ်မြို့မှာ သာသနာပြုတာဝန်ထမ်းဆောင်ဖူးပါတယ်။
၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိပေါ့နော်။ခုလည်း နှစ်တိုင်း နွေရာသီဆိုရင် ရောက်ဖြစ်နေပါတယ်။
ဘာကြောင့်ရောက်ဖြစ်နေတာလဲဆိုတော့ …ဦးဇင်းသာသနာပြု တာဝန်ထမ်းတောင်တဲ့ နှစ်ကစလို့ ယခုအချိန်တိုင်အောင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်ပေးဖြစ်လို့ပါပဲ။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က တတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းကို နွေရာသီမှာ သွားပြီး ဖွင့်ပါတယ်။

ဦးဇင်းသွားတဲ့ အချိန်မှာ ဦးဇင်းကို သိက္ခာထပ်ပြီး ရဟန်းဒကာ
တာဝန်ယူထားတဲ့ဒကာတွေက
ရွှေတြိဂံလောနိုင်ငံဘက်ခြမ်းမှာ ရောက်နေကြပါတယ်။
သင်္ကြန်ကာလ သင်တန်းတွေပြီးတော့ လောနိုင်ငံဘက်ကိုကြွလာပေးဖို့ တောင်းပန်လျှောက်
ထားတဲ့အတွက်ကြောင့် ရွှေတြိဂံ လောနိုင်ငံဘက်ခြမ်းကို ကြွဖြစ်တယ်ပေါ့နော်။
ထားတဲ့အတွက်ကြောင့် ရွှေတြိဂံ လောနိုင်ငံဘက်ခြမ်းကို ကြွဖြစ်တယ်ပေါ့နော်။
အဲဒီစပြီး သာသနာပြုဖြစ်သွားတာပါပဲ ။သာသနာပြုလုပ်ဆောင်ချက်တွေအနေနဲ့ကတော့…
(၁)-သင်္ကြန်အတွင်းမှာ တရားပွဲ ငါးည ကျင်းပပေးပါတယ်။
(၂)-မြန်မာရဟန်းတော်များကြွလာရင် ခေတ္တ သီတင်းသုံးဖို့ ကျောင်းလေးဖြစ်ပေါ်လာအောင်
ဆောင်ရွက်ပြီးတော့ ကျောင်းလေး ဆောက်ထားပါတယ်။
ဆောင်ရွက်ပြီးတော့ ကျောင်းလေး ဆောက်ထားပါတယ်။
(၃)-အရင်က ရဟန်းသံဃာများ သာရေးနာရေးရှိလို့ ကြွရင်တောင်မှ ခက်ခဲစွာနဲ့ကြွရတာပါ။
ခု အဲဒီအခက်အခဲကို ဖြေရှင်းဖို့ စကားပြန်(ဂေါပက နှင့် ရပ်ရွာလူကြီး)အဖွဲ့ကို ဖွဲ့ပေးခဲ့ပါတယ်။
ဒါကြောင့် ခု ရဟန်းတော်များကြွလာရင် လောနိုင်ငံ ရဲစခန်းကို အကြောင်းကြားစရာ
ခု အဲဒီအခက်အခဲကို ဖြေရှင်းဖို့ စကားပြန်(ဂေါပက နှင့် ရပ်ရွာလူကြီး)အဖွဲ့ကို ဖွဲ့ပေးခဲ့ပါတယ်။
ဒါကြောင့် ခု ရဟန်းတော်များကြွလာရင် လောနိုင်ငံ ရဲစခန်းကို အကြောင်းကြားစရာ
သွားစရာမလိုတော့ဘဲ စကားပြန်လူကြီးမှတဆင့်
ဆောင်ရွက်ပေးလို့တော်တော်လေး အဆင်ပြေပါတယ်။
(၄)-အရင်က လူအိုများ၊လူမမာများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ကလေးငယ်များအတွက်
ကူညီဆောင်ရွက်ပေးမယ့်သူ ဘယ်သူမှ မရှိကြပါဘူး။ဖြစ်လာရင် အားလုံးဒုက္ခရောက်ကြရပါတယ်။
ခု အဲဒီဒုက္ခကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးမယ့် ပရဟိတ အဖွဲ့လေး ဖွဲ့ပေးထားပါတယ်။ (၅)-အရင်က လောနိုင်ဘက်က မြန်မာရွာကို ၀င်လိုက်တာနဲ့ ကာရာအိုကေသံတွေညံနေပြီးတော့

ဖြစ်ချင်သလို
နေချင်သလို နေကြတဲ့တဲ့ မြန်မာတွေဟာခုဆို ဦးဇင်းတို့က တရားပွဲတွေ အခါအားလျော်စွာကျင်းပပေးခြင်း၊
တရားခွေများ လှူဒါန်းပေးခြင်း၊ကုသိုလ်တရားကို မေ့မထားပဲမြန်မာပြည်မှာတုန်းကလို
အလျဉ်းသင့်သလိုလုပ်ပေးဖို့…
စသည်ဖြင့် ဟောပြောပေးတဲ့အတွက်ကြောင့်ကာရာအိုကေသံတွေရဲ့နေရာမှာ
တရားသံတွေက အစားထိုးလို့ ၀င်ရောက်နေကြပါပြီ။
(၆)-ခုဆိုရင် အခါအားလျော်စွာ ကုသိုလ်ပွဲတွေ လုပ်ခွင့်ရနေကြပါပြီ။
ခု ၂၀၁၂ ထဲမှာပဲ လောနိုင်ငံဘက်က မြန်မာရွာမှာ ကြီးကျယ်တဲ့ အလှူပွဲကြီး နှစ်ပွဲကို
မြန်မာပြည်မှာ ဆင်နွှဲသလို ဆင်နွှဲ လှူဒါန်းနိုင်ခဲ့ပါပြီ။
အဲဒါတွေကတော့ ရွှေတြိဂံဒေသက လောနိုင်ဘက်ခြမ်း မြန်မာရွာမှာ ဦးဇင်းသာသနာပြုခဲ့တဲ့ပုံရိပ်တွေပါပဲ။
နိုးနိုးး ခုလိုမအားလပ်တဲ့ကြားကာအချိန်ယူဖြေကြားပေးတဲ့ ဘုန်းဘုန်းကို တပည့်တော်မ ကဆုံဆည်းရာကိုယ်စား လေးစားစွာ
ရှိခိုးပူဇော်လိုက်ပါတယ် ဘုရား အမှားများပါရှိရင်လည်းခွင့်လွှတ်ပေးပါ ဘုန်းဘုန်း ။
ဦးဇင်းကလည်း ဆုံဆည်းရာ
အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုံဆည်းရာ အဖွဲ့သားတွေနဲ့ နွေးထွေးစွာ
ရင်းနှီးခွင့်ရတာကို လည်း ပျော်ရွှင်မိပါတယ်။
ဘုန်းဘုန်းအရှင်ဆန္ဒကုမာရ ၏ ဆုံဆည်းရာမှ အိမ်ကလေးကိုလည်း
သွားရောက်လည်ပတ်နိုင်ပါတယ်
ဆုံဆည်းရာမှ အဖွဲ့ ဝင်များအားလုံးကို
အစဉ်လေးစားခင်မင်လျှက်
နိုးနိုး
No comments:
Post a Comment