Thursday, May 3, 2012

(Idea မဂ္ဂဇင်း က ကြိုက်မိတဲ့  ကဗျာလေးပါ)



“အဲဒီလှေမှာ ဓါး နာနာ ထစ်ခဲ့တာ ငါပဲ”

ငါ့ ခြေရင်းဗာဒံသီးပြုတ်ကျတဲ့ နေ့ ကစပြီး
ကမ္ဘာ အနှ့ံအပြား အပြောင်းအလဲတွေ တိုးတိုး လာတယ်
တချို့ ဝေလငါးနဲ့  ငါးသေတ္တာ စက်ရုံတည်ဖို့ စဉ်းစား
တချို့ လေကိုထုပ်ပိုးပြီး အရောင်းကုမ္မဏီ ဖွင့်လိုဖွင့် 
လကိုတောင် လူတစ်ယောက်က သူပိုင်တဲ့အကြောင်း မှတ်ပုံ တင်လိုတင်
လူမသိသူမသိ ဂြိုလ်တစ်လုံး နာဆာမှာ လျှောက်လွှာတင်ရမယ်
အလုပ်တွေသိပ်လုပ်ပြီးအလုပ်မဖြစ်တာက
ငြိမ်းချမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးပဲ
ခြွင်းချက်က လူသတ်မှုထက် သစ်ပင်ခုတ်တဲ့ အမှုက ပိုလေးနေတာ
နားကြားမြင်း ကတ်ရုံကလွဲ ဘာမှလဲ  မတတ်နိုင်
ခေတ်ကြီးက   အထူးကုဆေး၇ုံမှာမွေး
 အထူးဈေးကြီးကြီး ဆေးတွေသောက်
အထူးဆေး၇ုံမှာပဲ အသက်ထွက်
ငါ့ အိမ်နောက်ဆေးမှာ ကန်စွန်းပင်တွေ နွယ်လိုလို အယောင်ဆောင်နေတာ တောထ
မြို့ တိုင်းမှာ မီးသတ်ကားနဲ့ အမှိုက်ကားခေတ်မှီလာတာပဲ
ရွှေရည်စိမ် ငွေရည်စိမ် လုပ်ငန်းတွေလဲ နေ့ ချင်းညချင်း စီးပွားဖြစ်
ဒါပေမယ့်----ဘုရင်နဲ့ မိဘုရားအကြောင်းသိချင်ရင်
သမိုင်းစာအုပ်ထဲမှာပဲ ရှာဖတ်လိုက်တော့ 
ကတ္တီပါကော်ဇောပေါ် ခြေချရဲသူရဲ့ အရေပြားပါ ထုတ်ချင်းပေါက်မြင်ရမယ်
ထူးထူးခြားခြား အိမ်ရှင်မက ဆံပင်အရှည်ကို သိသိသာသာ တိုပစ်လိုက်တယ်
သားတော်မောင်က ဆံပင်အရှည်ထားမယ်လို့ သတင်းလွှင့် ထားတယ်
အိမ်ရှေ့ ဗာဒံပင် မိုးကြီးလေကြီး ကျတုန်းက ဗုန်းဗုန်းလဲသွားတယ်
ပန်းသီးတစ်လုံး ပြုတ်ကျတဲ့နေ့ကစပြီး
ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို နယူတန်က သိမ်းပိုက်သွားခဲ့ပေါ့ ။

နေစိမ့်  (Idea magazine  Jan,2012)

No comments:

Post a Comment