Wednesday, May 2, 2012

လမ်းခွဲကြတဲ့အခါ -----


အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး  ဆိုတဲ့  ဒီသုံးချက်ဟာပြုလုပ်ပြီးရင်  ပြန်ဖျက်ရခက် တယ်လို့   ရှေးလူကြီးတွေ ဘယ်လောက်ပဲ ဆိုဆုံးမခဲ့ပေမယ့်  ဒီခေတ်ကြီးမှာ ကွာရှင်းပြတ်စဲကြတဲ့ လင်မယားတွေ အများကြီးပါပဲ။
ချစ် စခင်စ အချိန်တုန်းက ကမ္ဘာကြီးပေါ်မှာ နှစ်ယောက်တည်းရှိသလို ပျော်မဆုံး မော်မဆုံး၊ သည်းသည်းလှုပ်       ချစ်ခင်ကြင်နာ ခဲ့ ကြတဲ့  ဒီ လင်မယား နှစ်ယောက် ဟာ ကွာရှင်းကြပြီလဲဆိုရောတကယ့် ရန်သူကြီးတွေလို ဖြစ်သွားကြတာများပါတယ်။
ပစ္စည်းဥစ္စာ ပြည့် စုံ တဲ့အိမ်ထောင်မျိုးဆိုရင်တော့ ပိုဆိုးပေါ့ ။
ဒီတိုက်က ငါ ဆောက်ထားတာ၊ ဒီကားက ငါဝယ်ထားတာ၊ ဒီပစ္စည်းက ဘယ်သူ့ကြောင့်ရခဲ့တာနဲ့  ငြင်းကြ
ခုန်ကြ ရှေ့ နေငှားကြ တရားရုံးအထိ ရောက်ကုန်တာတွေ တွေ့ရမြင်ရတော့  စိတ်မကောင်းဘူး။
စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့  အတူတူနေလို့  မရတော့လို့ ခွဲခွာကြရင်တောင် မေတ္တာမပျက် အမုန်းမဖက်ဘဲ ခွဲကြရရင် ပိုမကောင်းဘူးလား၊
ဘာပဲဖြစ်ဖြစ် တမိုးအောက်မှာ ဖူးစာဆုံလို့  ကြုံဆုံ ပေါင်းဖက်ခဲ့ရသူ ကို အရင်လို ပူလောင်တပ်မက်တဲ့ ၁၅၀၀ အချစ်မျိုးနဲ့မချစ်တော့ရင်တောင်  ၅၂၈ မေတ္တာလေးနဲ့ ခင်မင်ကြင်နာစွာဆက်ဆံပြောဆိုရင်း    အပြုံးမပျက် နှုတ်ဆက်ကြတာပိုမကောင်းဘူးလား--လို့တွေးမိရင်း ရှေးခေတ်က လမ်းခွဲကြတဲ့  အကြောင်းစပ်ထားတဲ့ ကဗျာ လေးကို ဖေါ်ပြလိုက်ပါတယ်။ ဖတ်ကြည့် ရင် ဒီကဗျာလေးထဲက မေတ္တာ စေတနာကိုတွေ့ မှာပါ။

ပြတ်စဲခြင်း


ကဲ--ရှင်မ  နားထောင်
အိမ်ရှိ တောင်း၊ပလုံး၊ နှီး၊ ဖျာ
ညည်းက အကုန်ယူ
ငါက နှီး ဖြာတတ်သူ။

အိမ်ရှိ အထည်အလိပ်၊ ခေါင်းအုံး ၊မွေ့ယာ
ငါက အကုန်ယူ
ညည်းက ယက်ကန်းတတ်သူ။

ဘူးစင်အောက်က နွားတရှဉ်း
ညည်းကြိုက်တာ ရွေးယူ။

အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ငါ ပြတ်စဲစေ။

ရှေးကဗျာ(အမည်မသိ စာဆို)

No comments:

Post a Comment