Wednesday, May 2, 2012

" 40 လေးဆယ် ၄၀"

အရမ်းကြိုက်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။
အသက်၄၀ မပြည့် သေးတဲ့သူတွေရော ၊ပြည့်တော့မယ့်သူတွေရော၊ ပြည့်ပြီးတဲ့သူတွေရော အားလုံးအတွက် ----
ကိုယ်ဖြတ်သန်းလာခဲ့ပြီးတဲ့ နှစ်တွေ ကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ဖို့ပါ။

“40 လေးဆယ် ၄၀ ”

သူငယ်ချင်း
အသက်လေးဆယ်ဆိုတာ
ဟိုနိုင်ငံတွေမှာသာ ဘ၀အစဆိုပေမယ့် 
မြန်မာပြည်မှာတော့  ကြာဆံတွေ ခေါင်းပေါ်တင်လို့ 
အိုမင်းခြင်းကိုစလက်ခံရတဲ့အရွယ်ပါဘဲ။

သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
ကလေးဘ၀က ဆရာမကိုအဖြေလွှာ ပြသလို
အမှန်ခြစ်လေးရတာနဲ့  ပျော်ပြရမှာမဟုတ်သလို
ိုကြက်ခြေခတ်လေးတွေ့ တာနဲ့ ဝမ်းနည်းပြရမယ့် အရွယ်လဲမဟုတ်ပေါင်ကွယ်။

သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
ဟို မျက်မှန်နဲ့ ကောင်လေးမေးသလို
“အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ”
ဆိုတာ သဘာဝမကျ။
ဒီအရွယ်ရောက်မှတော့အမြီးတော့ပေါက်သင့်သပေါ့ ။

သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
လာမြှေက်ပေးရင် ဖောပေးလိုက်
လာခြောက်ရင်လဲ ကောပေးလိုက်
မြှောက်တတ်သွားအောင်လဲမြှောက်မပေးနဲ့ 
အောက်စိုက်သွားအောင်လဲ ဆောင့်မကန်လိုက်နဲ့ 
စလိုးအင်စတယ်ဒီ ဆိုတဲ့ဘိုစကား မေ့ထားလို့မရတဲ့ အရွယ်လေကွယ်။

သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
လက်နဲ့ရွယ်တာနဲ့  မျက်ရည်ကျချင်လို့တော့မရဘူး။
လက်နဲ့တို့တာနဲ့ မျက်ရည်စို့ ရမယ့် အရွယ်လဲလွန်ခဲ့ကြာပေါ့ ။
သစ်ပင်တွေ အပွေးတက်သလို
ိုရင့်သထက်ရင့်ကျက်လာအောင်
ချက်ရမယ့် အရွယ်လေကွယ်။

သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
တကယ်တော့ မသိခြင်းတရားရဲ့ ဆယ်နှစ်
နည်းနည်လေးသိသလိုလိုနဲ့  ဆယ်နှစ်
တော်တော်လေးသိသလိုလိုနဲ့ ဆယ်နှစ်
သေချာပြန်စစ်မှ ဘာမှမသိသေးတာဆယ်နှစ်
ဒီလိုနဲ့ပဲ အနှစ်လေးဆယ်
မွန်းအောင်သီချင်းလေးငှားသုံးရင်
် “ကုန်လွယ်လွန်းလိုက်တာ”ပါဘဲ။

ကဲ သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
တကယ်တော့  ကုန်လွန်ခဲ့တဲ့
့ အနှစ်လေးဆယ် ဒီထက်ဘာမှမပိုတာ
အသေချာကြီးပါကွယ်။

ကိုပေါက်လက်ဆောင်အတွေးစဉ် (18-3-2012)

No comments:

Post a Comment