Saturday, May 5, 2012

သံဃာကို ဘုန်းကြီးကွယ်တယ် ... ဆိုတာ

                                
                                    သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားကလည်း အနုဿတိဆယ်ပါးက
သံဃနုဿတိကို ရည်ညွှန်းတဲ့ စကားပါပဲကွယ် ...
သံဃနုဿတိ- သံဃဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့နေရမယ် ဆိုသော်လည်း
ဝါ၀ါဝတ်ထားသော ဘုန်းကြီးအပေါင်းကို ဆိုလိုသည်မဟုတ် ...
ထိုဘုန်းကြီးအပေါင်းရဲ့ သန္တာန်မှာ တည်ရှိတဲ့
"သုပ္ပဋိပန္နအစ ပုညက္ခေတ္တံအဆုံး" ရှိတဲ့
ဂုဏ်တော်ကို ဆင်ခြင်ပွားများရမှာဖြစ်တယ် ...
အတွင်းက ဂုဏ်တော်ကို မမြင်ဘဲ အပြင်အပ သဏ္ဍာန်မျှကိုသာ မြင်နေလျှင်
ဂုဏ်တော်ကို ပုဂ္ဂိုလ်က ဖုံးနေလို့
သံဃာကို ဘုန်းကြီးကွယ်တယ်လို့ ဆိုကြတာပဲ ...
သို့သော်လည်း သည်အဓိပ္ပာယ်ကို သည်လိုမကောက်ယူဘဲ
ဘုန်းကြီးတွေဟာ သံဃာမဟုတ်ဘူး ...
ဘုန်းကြီးတွေ ရှိနေသမျှ သံဃာအစစ်ကို မတွေ့ဘူးလို့ ယူဆခဲ့လျှင်
အယူအဆတွေ ချွတ်ချော်ပြီး
"ဘုန်းကြီးမပါ၊ သံဃာဆွမ်းကျွေး" ဆိုတဲ့ဂိုဏ်းထဲ ပါသွားတတ်တာပေါ့ကွယ် ...
(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
                                                 ရှာဖွေတင်ပြသူ-မာလာထွေး

No comments:

Post a Comment