Wednesday, May 2, 2012

အပြန်အပြန် အပြန်လားကွယ့် --- အသွားအသွား အသွားပါကွယ့် 

ဂျပန်က အဲခိ ,Eki လို့ခေါ်တဲ့ ဘူတာ မှာ ဒန်းရှ ,Densha ဆိုတဲ့ ရထား စီးနေကြသူတွေကို မြင်ရတာ
မမနီနီဝင်းရွှေ ဆိုခဲ့ဖူးတဲ့ သီချင်းလေး စိတ်ထဲက ဆိုမိတယ်။
♪ ♫ ♫ အပြန်အပြန် အပြန်လားကွယ့်  ♪ ♫ ♫ အသွားအသွား  အသွားပါကွယ့် ♪ ♫ ♫
ဥဒဟို သွားလာနေကြတာများ ပျားပန်းခပ်နေတာပဲလေ--
 သူတို့  ခရီးသွားကြတာကလည်း အစအစအရာအရာ အဆင်ပြေတယ်။
အထူးသဖြင့်  ရထားလိုင်းတွေ က ဘယ်နေရာဖြစ်ဖြစ် အလွယ်တကူ သွားနိုင်အောင်စီစဉ်ထားတယ်။
Norikae နိုရိ ခါ့ အဲ  လို့ခေါ်တဲ့  တဆင့် ပြောင်းစီးတွေ ရှိရင်လည်း တဖက်ရထားနဲ့  တဖက်ရထားက အချိန်ကိုက်
ထားပြီးသား။ ဒီရထားပေါ်ကဆင်းပြီး နောက်ရထားပေါ်တက်စီးလိုက်ရုံပဲ။
ဖောက်ထားတဲ့ရထားလမ်းတွေက မြေပေါ်ရော--မြေအောက်ရော----တထပ်ပြီးတထပ်--
ရထားဆိုက်ချိန် --ရထားထွက်ချိန်ကမှန်မှမှန်--တမိနစ်မှမလွဲဘူး။
ကိုယ်စီးမယ့်ရထားချိန် တွက်ပြီး ချိန်ကိုက် လာလို့ရတယ်။
ကဲ--သူတို့ ဂျပန်မှာ ရထားဘယ်လို စီးရတယ်ဆိုတာသိအောင် -- ပုံလေးတွေ တင်ပေးမယ်နော်--

ကြည့်ပါဦး သွားလာနေကြတာ

လေဆိပ်သွားချင်ရင် ဒီဘက်ကိုလာ
အမယ်--ဒီ မမတွေက အေးဆေးပါပဲလား--
နေမကောင်းရင်  Mask တွေတပ်ပြီး သွားကြတယ်
မျက်မမြင်တွေ လည်း တစ်ယောက်တည်း သွားလို့ ရအောင် ဒီလို အ၀ါရောင် လမ်းတွေရှိတယ်
လက်မှတ်စစ် တွေ လည်းမရှိပါလား

်မြေပုံတွေ ကြည့်ပြီး ကိုယ်သွားချင်တဲ့ နေရာ ဘယ်လောက်ကျလဲကြည့် ပြီးလက်မှတ်ယူပါ


မြှားပြထားတဲ့ အပေါက်ကနေ  လက်မှတ်လေးကိုထည့် ပြီး ဖြတ်သွားပါ။တဖက်က ပြန်ထွက်လာတဲ့လက်မှတ်လေး ယူပြီးကိုယ်ဆင်းတဲ့ဘူတာဂိတ်မှာလက်မှတ်ထည်ြ့ပီး တစ်ခါပြန်ဖြတ်ရပါမယ်
မလုပ်တတ်ရင်လည်းမပူနဲ့ နော်--
ဘူတာဝန်ထမ်းတွေ က စိတ်ရှည်လက်ရှည် ရှင်းပြနေပါတယ်

မြေအောက်ရထားစီးမယ်ဆိုရင်တော့  အောက်ထိဆင်းပါ--
( ဒီပုံက မြေအောက် သုံးထပ်ကဘူတာ--ကြွက်မရှိ-မြွေမ၇ှိပါ-)

 ရထားစောင့် ရင်း ရသလောက်အချိန်လေးမှာ စာဖတ်ကြတဲ့ ဂျပန်လူမျိုးတွေ

ကဲ--ဒီလောက်ဆိုရင် ဂျပန်မှာ ရထားစီးတတ်ပြီထင်ပါရဲ့နော်
တခုတော့ သတိထား--လက်မှတ်ခိုးစီးလို့ မရဘူးနော်-

No comments:

Post a Comment