ပြောရရင် အလုပ်ကိစ္စနဲ့  ခဏလာခဲ့ပေမယ့်  ဂျပန်မှာ လနဲ့ချီပြီးကြာလာတော့ ကျမ က မြန်မာပြည်ကို လွမ်းနေပါပြီ။
အစားမက်တဲ့သူမို့  နန်းကြီးသုတ်၊ အုန်းနိုခေါ့က်ဆွဲ၊ပဲအီကြာ -- စတဲ့  မြန်မာစာ လေးတွေကို လွမ်းနေပြီလေ--
အလုပ်ကိစ္စကတော်တော်နဲ့ မပြီးပြတ်လို့ ကျမလည်းဂျပန်မှာနှစ်လကျော်သောင်တင်နေပါတယ်။
ကျမပြန်ချင်နေမှန်းသိတဲ့  အိမ်ရှင်ဂျပန်ကြီးက ကျမအထူးအဆန်းဖြစ်အောင် ဂျပန်စာလေးတွေ လုပ်ကျွေးပါတယ်။
သူလုပ်ကျွေးတာလေးတွေက လွယ်လွယ်ကူကူ လုပ်လို့ရပြီး စားလို့လည်းကောင်းပါတယ်။
စိတ်ဝင်စားမယ်ဆိုရင် လုပ်စားလို့ ရအောင် ပြောပြမယ်နော်--
ဂျပန်ပီဇာ လုပ်နည်း
Okonomiyaki လို့ ခေါ်တဲ့ ဂျပန်ပီဇာလုပ်ဖို့  ဂျုံမှုန့်၊ ကြက်ဥ၊ပေါင်မှုန့်အကာသား၊ ဂေါ်ဖီ နဲ့ ၀က်သားလိုပါတယ်။
ပထမဆုံး ဂျုံမှုန့် ကိုအရေဖျော်ပြီး လှီးထားတဲ့ ဂေါ်ဖီနဲ့ နယ်ပါ
ဒယ်အိုးထဲကိုဂေါ်ဖီထည့်ြ့ပီး အပေါ်က ပေါင်မှုန့် အကာဖြူးပြီး ကြက်ဥတင်ပါ
ပူတုန်းလေး စားလိုက်နော်--





















နောက်တမျိုးက ဂျပန်က စပါ့ ဂတ်တီ ခေါက်ဆွဲပါ။
ပထမဆုံး စပါ့ ဂတ်တီ ခေါက်ဆွဲကိုပြုတ်ပါမယ်။ အပျော့အမာကတော့ ကိုယ်ကြိုက်သလိုပြုတ်ပါ။
ဝက်အူချောင်း လေးတွေကို ထက်ခြမ်းခွဲ ကြော်ပြီး ဆယ် ထားပါ။


















ကဲ--နောက်တမျိုးကျွေးဦးမယ်နော်-
Kushikasu လို့ခေါ်တဲ့  ၀က်သားတုတ်ထိုး ကြော်ပါ။
ဝက်သားကို ဒီလိုအတုံးလေးတွေတုံးပြီး ဆားနဲ့ငရုတ်ကောင်းမှုန့် သင့်တော်သလို နယ်ပြီးရင် သီတံ ထိုးပါ။
ဂျပန်ပဲငံပြာရည် Shoyu လေးဆမ်း ၊ ဂေါ်ဖီလေးပါ ထည့်ပြီးစားလိုက်ရင် ကောင်းမှကောင်း-








ကဲ--တော်တ်ာလေးတော့ ဗိုက်ပြည့်သွားပြီမှတ်လား--
ထပ်စားနိုင်သေးရင်တော့  ဒါလေးတွေ ထပ်ကျွေးမယ်-
Chashu လိုခေါ့်တဲ့ ဝက်သားပြား ပါ
နူးအိချိုစိမ့်နေပြီး စားလိုက်ရင် ဆွေမျိုးမေ့ သွားမယ်--














ဒီတခေါက်တော့ တော်လောက်ပြီထင်တယ်နော်-နောက် ဂျပန်စာလေးတွေလုပ်စားဖြစ်ရင် ထပ် တင်ပေးမယ်နော်--



















No comments:
Post a Comment