Wednesday, May 2, 2012

ဂျပန်စာလေးတွေ လုပ်စားကြရအောင် (၂ )

အရင်တစ်ခါ ဂျပန်စာ လုပ်စားတဲ့ပုံလေးတွေ  တင်တာ စိတ်ဝင်စားတယ်ဆိုလို့  နောက်ထပ်
လုပ်စားဖြစ်တာလေးတွေပြောပြမယ်နော်--
အရင်ဆုံး ပြောချင်တာက စားစရာကုန်ကြမ်းတွေ က ဂျပန်အတိုင်းမရ၇င်  မြန်မာမှာ အလွယ်တကူရတာတွေကို
အစားထိုးသုံးပါ။လုပ်ပုံလုပ်နည်းကိုပဲ သေချာ ပြောပြတာပါ။
ဒီပုံထဲကအတိုင်း တသွေမတိမ်း အမျိုးအစားမတူလည်းရပါတယ်။ကိုယ် စား လို့အဆင်ပြေရင်ပြီးတာပါပဲ။
ကဲ--ဒီတခါ Reishabu ရဲအိရှာဘူလို့ ခေါ်တဲ့ ဝက်သားလွှာပြုတ် နဲ့  Poporomaka  Sarada ပိုပိုရိုးမာကာ ဆလာ့ဒါ့ 
လို့ ခေါ်တဲ့  အသုတ်လေး အတူတွဲစားမယ်။
ဒါကPoporomaka မုန့်ဖတ်ခြောက်ပါ။ဒီ ပစ္စည်းက ရန်ကုန်မှာလည်း ၀ယ်လို့ရပါတယ်
အထုပ် တ၀က်လောက်ကို ရေနွေးနဲ့  ၄ မိနစ်လောက် ပြုတ်ရပါမယ်။  အပျော့အမာ ကိုယ်ကြိုက်တဲ့ အနေအထားပြုတ်ပါ။
ပြုတ်ပြီးသွားရင် ကြက်သွန်နီ၊မုန်လာဥနီ၊ကြက်ဥပြုတ်၂လုံး  ပါးပါးလှီးပြီးထည့် ပါ။
ဆား ငရုတ်ကောင်းမှုန့် ဖြူးပါ။
ဟောဒါကဂျပန်မှာ သုံးတဲ့  ဆားငရုတ်ကောင်း မှုန့် ဘူးပါ။

ဟောဒီဝက်သားပြားကို ပါးပါးလှီးပါ
လှီးပြီးသားတွေ နဲ့   မရောနိစ် ကို ပေါင်း ထည့်ပါ။
အားလုံးရောသမမွှေ လိုက်တဲ့အခါ Poporomaka   ဆလာ့ဒါ့   ရပါပြီ
ကဲ--တစ်ခုပြီးသွားတော့  အတူတွဲစားဖို့  ---
Reishabu ရဲအိရှာဘူ  လို့ ခေါ်တဲ့  စားစရာလေး လုပ်မယ်။
ပထမဆုံး ၀က်သားကို ပြုတ်ပါမယ်။ ဆား၊ သကြား စတာတွေ ဘာမှမထည့်ဘဲ ဒီအတိုင်းပြုတ်ပါတယ်



ဂေါ်ဖီကို အရွယ်တော်လေးတွေ ဖြတ်ပြီးပြုတ်ပါ။



ပြုတ်ပြီးသားကို လက်နဲ့  ဖျစ်ညှစ်ပြီး ပန်းကန် ထဲ ထည့် ပါ။

ဝက်သားပြုတ်ကို ပန်းကန်ထဲထည့်ပါ



ဝက်သားပြုတ်နဲ့ တွဲ ဖက်စားမယ့်  Ponzu  ပွန်းဇု  ဆိုတဲ့ အချဉ်ရေပါ။နဲနဲ ချဉ်ပြီးအရသာ လေးပါတယ်။
Shabubu ,ရှာဘူရှာဘူ လို့ခေါ်တဲ့  ဂျပန်အမဲသားလွှာဟော့ပေါ့  ၊ Gyoza,ဂရော်ဇာ လို့ခေါ်တဲ့ ဖက်ထုပ်တွေ စားတဲ့အခါ ဒီအချဉ်ရေထဲမှာနှစ်ပြီး စားပါတယ်။



တစ်ယောက်စာ ပန်းကန်လေးတွေထဲ ကို ခွဲပြီးထည့်ပြီး စားမယ်
ကဲ--စားဖို့ ပြင်ဆင်မယ်
ဝက်သားပြားလွှာကို ဒီလို အချဉ်ရေနှစ်ပြီးစားရတယ်လေ
ဝက်သားပြားလေး အချဉ်ရည် နှစ်ပြီးစားလိုက်၊ ဂေါ်ဖီ လေး အချဉ်ရေတို့ပြီး စားလိုက်၊ ဆလာ့ဒါ့  အသုတ်လေး တူနဲ့ကော်စားလိုက်နဲ့ 
တော်တော်လေး ကောင်းပါတယ်။သူ့ အရပ် နဲ့  သူ့ ဇာတ်ပေါ့ နော်။ဆီ မပါ၊အချိုမှုန့် မပါတဲ့ တဲ့အစားအစာလေးပေါ့ ။
မြန်မာပြည်မှာ လုပ်စားမယ်ဆိုရင်တော့  ပွန်းဇု အစား အလွယ်တကူ ရမယ့် ကိုယ်ကြိုက်တဲ့ အချဉ်ရေ တမျိုးမျိုးနဲ့ စားပါ။
နောက်တမျိုးကတော့  Yakiniku လို့ခေါ်တဲ့  အမဲသားကင်ပါ
ဂျပန်အမဲသားကခဏလေး ကင်ရုံ နဲ့  ကျက် ပါတယ် ။  နူးညံ့ ပြီးစားလို့လည်း ကောင်းပါတယ်။
အဆီ ပါတာမို့ လို့ အမဲသားက အဆီဖတ်လေးတွေ ဖယ်ပြီး အ၇ွယ်တော်လေးတွေ တုံးပါ

အကင်စက်ထဲက သံဇကာလေးပေါ် အလူမီနီယမ်စက္ကူလေးအုပ်ပြီး အမဲသားတွေ စီတင်ပြီးကင်မယ်

တဖျစ်ဖျစ် နဲ့အသံ မြည်လာရင် ထုတ်ပြီး တဘက်လှန်ပေးပါ
ကျက်သွားတဲ့ အမဲသားကင်ကိုဂျပန်ပဲငံပြာရည်  ရှောရုထဲ နှစ်ပြီးစားလိုက်ရတာ အရသာရှိလိုက်တာနော်။
ကြိုက်တတ်ရင်ဓါတ်ပုံထဲကလို  ကြက်သွန်ဖြူကြော်လေးနဲ့ တွဲစားပါ။

ဒီနေ့ တော့ ဒီလောက်ပဲနော်--ကျွေးထားတာတွေ ကုန်မှ ပြန်ရမယ်နော်--

No comments:

Post a Comment