တွေးလိုက်တာနဲ့  ရင်ထဲ တသိမ့် သိမ့်  ခံစားရတယ်
အိပ်မက်တွေထဲ အမြဲရောက်လာတတ်တယ်
စိတ်ညစ်တဲ့ အခါ ကိုယ်ခံစားရတာတွေ ပြောပြချင်တယ်
ဝမ်းနည်းလာရင် ရင်ခွင်ထဲခေါင်းတိုး ငိုချင်တယ်
ဒေါသ ဖြစ်လာရင် မဲပြီး ရန်လုပ်ချင်တယ်
ကောင်းတာလေး စားရရင် သတိရပြီး စားစေချင်တယ်
အဝေးမှာနေရင် အမြဲစိုးရိမ်ပူပင်နေရတယ်
ပျော်စရာတွေ့ ရင် ၀မ်းသားအားရ မျှဝေ ပြောပြချင်တယ်
ငိုစရာတွေ့ ရင် တိတ်တိတ်လေး မသိအောင်နေမယ်
ထာဝရ စိတ်ချမ်းသာပျော်ရွှင် စေချင်တယ်
တစ်ယောက်တည်းရှိတဲ့ အချိန်ဆို အမြဲ သတိရတယ်
မစဉ်းစားလည်း အာရုံထဲမှာ အမြဲရောက်နေတယ်
အဆင်ပြေပါ့မလား အမြဲစိတ်ပူတယ်
တောင့် တတဲ့  ဆန္ဒတွေကို ပြည့်ဝစေချင်တယ်
အောင်မြင်ပျော်ရွှင်စေချင်တယ်
မျှော်လင့်ချက်တွေကို ကူညီဖြည့်ဆည်းပေးချင်တယ်
မျှော်လင့်ချက်တွေကို ကူညီဖြည့်ဆည်းပေးချင်တယ်
သောကမြုမှုန် လွင့်စင်ကင်းပျောက်စေချင်တယ်
အလိုလိုနေရင်း သနားလာတတ်တယ်
ဘ၀ရဲ့ နေ့ ရက်တိုင်းကို အတူတူ ဖြတ်သန်းချင်တယ်
တခါတလေ သတိရလွန်းပြီး ငိုချင်လာတယ်
တခါတလေ သိပ်လွမ်းလို့  မျက်ရည်ကျမိတယ်
တခါတလေ စိတ်တိုလို့  သတ်ပစ်ချင်တယ်
တခါတလေ စိတ်နှလုံးသားချင်း နီးကပ်ထိစပ်နေသလိုပဲ
တခါတလေ ကမ္ဘာ့အပြင်ဘက်ချင်းလို ဝေးကွာနေတတ်ပြန်တယ်
ဆုံဆည်းခွင့်ပေးတဲ့  ကံကြမ္မာကို ကျေးဇူးတင်တယ်
ခွဲခွာရမလားတွေးမိရင် နှလုံးသားဟာ တဆစ်ဆစ် နာကျင်လာတယ်
ဘ၀ရဲ့ ရှင်သန် မှု တွေ ပိုလှပသက်ဝင်စေတယ်
နှလုံးအိမ်ထဲက ထုတ်လိုက်ရင် လစ်ဟာသွားမယ်
ငိုရပစေ ရယ်ရပစေ ပျော်ရပစေ ၀မ်းနည်းနာကျင်ရပစေ လုံးဝ လိုအပ်တယ်
( အတွေးစ လေး တစ် ခု ပါ )
ခံစားနားလည်နိုင်ပါစေ
သန္တာအောင်
ဟားးးးးးတို့ ညီမ မှာလဲ ဒီလိုမျိုးရှိသေးတယ်ပေါ့။ဒါပေါ့လေ ပုထုဇဉ် မှန်ရင်
ReplyDeleteခံစားချက်တော့ ဘယ်ကင်းပါ့မလဲနော့။အကိုတော့ခံစားနားလည်ပေးသွားပြီနော်။
ရည်ရွယ်သူ သိနိုင်ပါစေဗျာ။အဟဲ -
ဟုတ်ပ ။မှန်ပ ။ကိုကြီးအေးမင်းထွန်းရေ ။
ReplyDeleteဒီအရွယ်မှ ........မပေါက်ရင် ဘာဖြစ်မယ်ဆိုလားပဲ ။
တို့အမက ငယ်ကချစ်တဲ့ ငယ်ချစ်ဦးကိုပဲ တမ်းတနေတာလာမသိ။
အဟဲ အမှားပါရင်စိတ်ဆိုး၇ဘူးနော်။ခင်လို့ စတာ ကိုယ်အမကို ။