Thursday, May 3, 2012

စစ်မှန်တဲ့ခင်မင်မှု တည်ဆောက်မယ်ဆိုရင်



မိတ်ဆွေဖြစ်မှု ၊ခင်မင်ရင်းနှီးမှဟာ ဘ၀မှာပျော်ရွှင်မှုရဲ့ သော့ချက်တခုဖြစ်ပါတယ်။
ခိုင်မြဲစစ်မှန်တဲ့ ခင်မင်မှု ကို မလိုချင်သူမရှိပါဘူး၊အောက်မှာ ဖေါ်ပြထားတဲ့ အချက်လေးတွေက ခင်မင်မှုအစစ်အမှန်ကို ဘယ်လို တည်ဆောက် ထိမ်းသိမ်းနိုင်မလဲဆိုတာလေးတွေပါ။

၁။သတင်းဆိုးရှိနေချိန်မှာ ဖေးမပါ
 
 ဒါက မိတ်ဆွေတယောက်ရဲ့ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်ပါတယ်။

၂။သတင်းကောင်းရှိနေချိန်မှာလဲ အားပေးပါ
 

အခက်အခဲတွေ့ချိန်မှာ အားပေးရတာထက် ရာထူးတိုးလို့  ၊စေ့စပ်လို့  စတဲ့ကောင်းသတင်းတွေကြားရတဲ့အချိန်မှာ မိတ်ဆွေကို အားပေးရတာ နဲနဲတော့  ပရိယာယ် ဆန်ပါတယ်။ဒါပေမယ့်  ဒါဟာလုပ်သင့်တဲ့ အလုပ်တခုပါ။
၃။အတင်းမပြောပါနဲ့ 

ဒါလုံးဝမကောင်းပါဘူး။ဥပမာ-သူငယ်ချင်း A--ကို သူငယ်ချင်း-B-မကောင်းကြောင်း အတင်းအဖျင်းပြောတယ် ဆိုပါစို့ ၊သူငယ်ချင်း  A ရဲ့ စိတ်ထဲမှာ သင်ဟာ ယုံကြည်စိတ်ချရသူ တယောက်အဖြစ်ရှိမနေနိုင်တော့ပါဘူး။
သင်က B မကောင်းကြောင်းသူ့ကိုပြောရင် သူ့ မကောင်းကြောင်းကိုလဲ နောက်တယောက်ဆီကို ပြောမှာပဲ လို့ ခံစားရနိုင်ပါတယ်။ဒီအချက်ကိုသတိပြုသင့်ပါတယ်။
၎။လျှို့ ဝှက်ချက်ကို ထိမ်းသိမ်းပါ
တဦးနဲ့ တဦးခင်မင်မှုမှာတဦးရဲ့အတွင်းရေးကိုတဦးသိနေတာ ၊တယောက်နဲ့တယောက် ယုံကြည်လောက်တဲ့ ဆက်ဆံရေးရှိနေတာက ကျေနပ်စရာအကောင်းဆုံးအချက်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် အချင်းချင်း လျှို့ ဝှက်ချက်ကို မထိမ်းသိမ်းရင်တော့ ခင်မင်မှုကို ပျက်စီးစေပါလိမ့်မယ်။
၅။အကူအညီတွေ ဖလှယ်ပါ
 ရင်းနှီးမှုသက်တမ်းတလျှောက် တစ်ယောက်အကူအညီလိုရင် တစ်ယောက်ကူညီတာဟာကောင်းတဲ့အချက်တစ်ခုဖြစ်ရုံမက ပျော်ရွှင်မှုကိုမြှင့် တင်ရာလဲရောက်ပါတယ်။
၆။ကိုယ့်မိတ်ဆွေရဲ့ လက်တွဲဖော်ကိုမဝေဖန်ပါနဲ့ 
ဒါလဲအရေးတကြီးသတိပြုရမယ့်အချက်ထဲက တစ်ခုဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာကတော့ ကိုယ့်မိတ်ဆွေရဲ့ လက်တွဲဖော်ကို စိတ်ဝင်စားတဲ့အပြုအမူမျိုးလုံးဝမလုပ်ဖို့ ၊ကိုယ့် ကိုကိုယ် စောင့်ထိန်းဖို့ပဲဖြစိပါတယ်။
၇။ ပတ်သက်သူများကိုလည်းကြင်နာပါ
ကိုယ့်မိတ်ဆွေမှာ သားသမီးတွေရှိတယ်ဆိုရင် မိတ်ဆွေကို ခင်မင်၇ုံမက သူ့သားသမီးတွေကိုပါ ချစ်ခင်ကြင်နာရပါမယ်။
၈။သူငယ်ချင်းရဲ့ သူငယ်ချင်းတွေကိုလဲ ခင်မင်ပါ။
Friendshipဆိုတာအပြန်အလှန်ဆက်နွှယ်မှုနဲ့ ရှင်သန်တာမျိုးပါ။တက်ကြွစေမှု၊သက်တောင့်သက်သာစိတ်ချမ်းသာစေမှုတွေဟာ ခင်မင်မှုတညိဆောက်ရာမှာ သာမက လူမှုကွန်ယက်ကို ကျယ်ပြန့်အောင်တည်ဆောက်ရာ မှာလည်းလိုအပ်ပါတယ်။

၉။ ပွဲ တွေလည်းသွားပါ
တခါတ၇ံမှာ သင့်မိတ်ဆွေက သင့်ကိုလက်ထပ်မင်္ဂလာပွဲ၊နှစ်သစ်ကူးပါတီပွဲတွေမှာ တွေ့ ဖို့ ၊သင်ရောက်လာဖို့မျှော်လင့်နေတတ်ပါတယ်။
ဒါကြောင့် မိတ်ဆွေတွေ ဆုံတတ်တဲ့ လူမှုအခမ်းအနားနဲ့ ပွဲတွေကို သတိတရရှိပါ။မလွတ်တမ်းသွားနိုင်ဖို့  ကြိုးစားပါ။
၁၀။တခြားအရာတွေ

မွေးနေ့ တွေကို သတိတရရှိပါ။မိတ်ဆွေတွေရဲ့  အိမ်မွေးတိရစ္ဆာန်တွေကိုလဲ ချစ်တတ်ပါ။

၁၁။မြင့်မြင့်တွေးဖြစိအောင်ကူညီပါ
မိတ်ဆွေရဲ့ တချို့ ရည်မှန်းချက်တွေအောင်မြင်အောင်၊လုပ်ဖြစ်အောင်အကောင်အထည်ဖော်ရာမှာအားပေးခြင်းထက်ကောင်းတာမရှိပါဘူး။
“မင်းဒါတော့လုပ်သင့်တယ်၊ ”
“မင်းစာအုပ်တအုပ်လောက်တော့ရေးသင့်တယ် ”
“မင်းအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတခုတော့စရင်ကောင်းမယ်”
“မင်းရုံးအတွက်ကြိုးစားလုပ်သင့်တယ်” -စတဲ့အားပေးတိုက်တွန်းမှုတွေဟာ သင့်မိတ်ဆွေအတွက် အများကြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။တစ်စုံတစ်ယောက်ရဲ့ အားပေးတဲ့ ထင်မြင်သုံးသပ်
မှတ်ချက်ပြုမှုတွေဟာ တခြားတစ်စုံတစ်ယောက်ရဲ့ဘ၀မှာ ထူးကဲသာလွန်တဲ့  သက်ရောက်မှုတွေ ဖြစ်စေတယ်ဆိုတာ အသေအချာပါပဲ။
 

ထွတ်မြတ်လင်းနိုင် ( Lifestyle  Nov,2011)
Ref:https//shine.yahoo.com


No comments:

Post a Comment