Wednesday, May 2, 2012

မာသာထ၇ီဇာရဲ့  နိုဗယ်ဆု မိန့် ခွန်း (ကမ္ဘာ့ အမျိုးသမီးနေ့ ဂုဏ်ပြုဆောင်းပါး)



ကမ္ဘာ့ အမျိုးသမီးထုကြီးရဲ့ မီးရှူးတန်ဆောင် ၊    ပရဟိတ မိခင်ကြီး  မာသာထရီဇာ  ရဲ့  နိုဗယ်ဆု ရယူလက်ခံစဉ်  ပြောကြားခဲ့တဲ့ 
မိန့် ခွန်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။
မာသာထ၇ီဇာကို ယူဂိုစလားဗီးယားနိုင်ငံ ၊ စကော့ယီမြို့တွင်  ၁၉၁၀ ပြည့်နှစ် ၊သြဂုတ်လ ၂၇ရက် မှာမွေးဖွားခဲ့ပါတယ်။ မိဘနှစ်ပါးမှာအယ်လ်ဘေးနီးယား မျိုးနွယ်များဖြစ်ပါသည်။
မူလတန်းကျောင်းသူဘ၀တွင် မယ်တော်ထ၇ီ ၀တ်အသင်းတွင် ပါဝင်ခဲ့ သည်။ ၁၈နှစ်သမီးအရွယ်တွင် အိုင်ယာလန် နိုင်ငံ ၊ ဒဗလင်မြို့ တွင်ဖွင့်လှစ်ထားသော သီလရှင်ကျောင်းသို့ တက်ရောက်ခွင့် ရခဲ့သည်။ မကြာမီအိန္ဒိယနိုင်ငံ ဒါဂျီလင်မြို့သို့ ရောက်ရှိပြီး သီလရှင်ဘ၀ကူးပြောင်းသွားသည်။ ပရဟိတလုပ်ငန်းများကိုလုပ်ကိုင်သည်။
မာသာထရီဇာ၏ ဘ၀တလျှောက်လုံး လုပ်ဆောင်ခဲ့သော ပရဟိတ လုပ်ငန်းများအတွက် ၁၉၇၉ ခုနှစ်တွင် နိုဗယ်ငြိမ်းချမ်းရေး ဆုရခဲ့သည်။
၁၉၉၇ခုနှစ် စက်တင်ဘာ(၅)ရက် နေ့ တွင် မာသာထရီဇာကွယ်လွန်ခဲ့ပါသည်။
လူတစ်ယောက်ဟာဘ၀ကိုတကြိမ်သာဖြတ်သန်းခွင့်ရှိပါတယ်။
ဒီလိုဖြတ် သန်းရတဲ့ ဘ၀မှာ  အသားအရောင်မရွေး၊ လူမျိုးဘာသာမရွေးဘဲ  လူသားအားလုံးကို တသမတ်တည်း ချစိခင် စောင့်ရှောက်ရင်း သေဆုံးသွားတဲ့  မေတ္တာရှင် မာသာထရီဇာ ရဲ့  သမိုင်းကတော့ ကမ္တာတည်သေ၇ွ့ကျန်ရစ်မှာပါ။
အမျိုးသမီးတွေအားလုံးလဲ ကိုယ့်သမိုင်းကိုယ်လှပ ဂုဏ်တင့်အောင် ရေးနိုင်ကြပါစေလို့ဆုတောင်းရင်းနိုဗယ်ငြိမ်းချမ် ရေးဆု လက်ခံရယူ စဉ်မှာ မာသာထရီဇာ ပြောခဲ့တဲ့  မိန့်ခွန်းကို ဖေါ်ပြရေးသားပေးလိုက်ပါတယ်။

နိုဗယ် ငြိမ်းချမ်းရေးဆု လက်ခံမိန့်ခွန်း


နိုဗယ် ငြိမ်းချမ်းရေးဆုအတွက် ဘုရားသခင်ကိုကျေးဇူးစကားဆိုဖို့  ဒီနေရာမှာ စုဝေးရောက်ရှိကြတဲ့အတွက်စိန့်ဖရန်စစ်ရဲ့  ဆုတောင်းစာကို ရွတ်ဆိုဆုတေင်းကြရင် လှပလိမ့်မယ်ထင်ပါတယ်။
ဒိဆုတောင်းစာဟာကျမကို အမြဲပဲအင်မတန်အံ့အးသင့်စေပါတယ်။ဒီဆုတောင်းစာကို ကျမတို့နေ့ စဉ် စုံညီဝတ်ပြုအပြီးမှာ ရွတ်ဆိုဆုတောင်းကြပါတယ်။ဘာလို့လဲဆိုတော့ ဒီဆုတောင်းစာဟာ ကျမတို့တဦးချင်းအတွက် အင်မတန်သင့်လျှော်လို့ပါ။ြ့ပီးတော့  ကျမအမြဲပဲ သိချင်မိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းလေးငါး  -ငါးရာကတည်း က  စိန့်ဖရန်စစ်ဟာ ဒီဆုတောင်းစာကို သီကုံးသွားတဲ့အတွက် ကျမတို့ ကြုံတွေ့နေရတဲ့   အခက်အခဲမျိုး၊ သူတို့လဲကြုံ တွေ့ ခဲ့ရလားလို့ကျမသိချင်မိတယ်။
ရှင်တို့ထဲကတချို့ အဲဒီဆုတောင်းစာကိုရပြီသားဖြစိလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ကျမတို့အတူတကွ ဆုတောင်းကြပါမယ်။
ကျမတို့အနေနဲ့  ဘုရားသခင်ကိုချစ်မြတ်နိုးတယ်လို့  ပြောရုံနဲ့ မလုံလောက်ပါဘူး။
ကျမတို့ရဲ့ အိမ်နီးချင်းကိုလည်းချစ်ရပါမယ်။ဘုရားသခင်ကိုချစ်တယ်လို့ပြောပြီး ကိုယ့်အိမ်နီးချင်းကိုမချစ်ရင် လူလိမ်ပဲလို့စိန့်ဂျွန်းကပြောခဲ့ ပါတယ်။    
ကိုယ်မြင်ရတဲ့ ၊ကိုယ်ထိတွေ့ နေရတဲ့၊ကိုယ်နဲ့အတူနေတဲ့ကိုယ့်အိမ်နီးချင်းကိုမချစ်ရင် ကိုယ်မမြင်ရတဲ့ဘုရားသခင်ကို ဘယ်လိုချစ်နိုင်ပါ့မလဲ။။
အိမ်တအိမ်ကို သွားလည်တုန်းက ကြုံရတဲံအတွေ အကြုံကိုကျမဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။
သားသမီးတွေရဲ့ မိအိုဖအိုတွေကို ထားတဲ့နေရာ အိမ်ဂေဟာပါ။
 သားတွေသမီးတွေက မိအို ဖအိုတွေကို အဲဒီအဆောက်အဦးမှာ ထားပြီးမေ့  မေ့ ပျောက်ပျောက်ဖြစ်နေကြပုံရပါတယ်။
အဲဒီဂေဟာမှာသက်ကြီးရွယ်အိုတွေဟာ အားလုံးပြည့်ပြည့်စုံစုံရှိကြပါတယ်။
ကေင်းမွန်တဲ့ အစားအသောက်၊သက်တောင့်သက်သာရှိတဲ့နေရာ၊ TVအားလုံးရှိပါတယ်။
ဒါပေမယ့်လူတိုင်းဟာတံခါးဝကိုပဲကြည့်နေကြတယ်။ရယ်ရယ်ပြုံးပြုံးဖြစ်နေတဲ့သူလဲတယောက်မှမမြင်ခဲ့ရဘူး။ကျမက သီလရှင် စစ္စတာဘက်ကိုလှည့်ပြီး  ဒီလူတွေအားလုံးသက်တောင့် သက်သာ ရှိပေမယ့်ဘာဖြစ်လို့ တံခါးကိုပဲကြည့်နေကြတာလဲ၊  ဘာဖြစ်လို့မပြုံးကြတာလဲလို့ မေးလိုက်တယ်။
သီလရှင်ကဖြေတယ်--“ သူတို့မျှော်နေကြတာပါ။ သား ဒါမှမဟုတ် သမီး သူတို့ဆီအလည်လာဖို့ သူတို့မျှောလင့်နေကြတာပါ။အမေ့ လျှော့ ခံနေကြရတော့ သူတို့စိတ်ထိခိုက်နေကြပါတယ်-”-တဲ့။
တွေ့ လား၊ချစ်ဖို့မေ့လျှော့ပျက်ကွက်မှုဟာ စိတ်ဓါတ်ရေးရာ ဆင်းရဲချို့တဲ့မှုကိုဆောင်ကြဉ်းလာပါတယ်။
ကျမတို့၇ဲ့မိသားစုမှာ အထီးကျန်ခံစားနေရတဲ့လူ၊ နာဖျားမကျန်းရှိတဲ့သူ၊ စိုးရိမ်သောကရောက်နေရတဲ့သူတွေရှိနိုင်ပါတယ်။
ကျမတို့တွေ အဲဒီမှာရှိကြရဲံလား။ဒါမှမဟုတ် ကိုယ့်ကိစ္စကိုယ့်အကျိုးကိုပဲေ၇ှ့တန်းတင်နေကြသလား။
ဒါတွေဟာ ကျမတို့ကိုယ့်ကိုကိုယ်မေး၇မယ့်မေးခွန်းတွေပါ။
ကျမတို့မှတ်ထားရမှာက ချစ်ချင်းမေတ္တာဆိုတာ အိမ် မှာစပါတယ်။
လူသား၇ဲ့ အနာဂါတ်ဟာလဲ မိသားစုကတဆင့် သွားရတာပါ။
အနောက်နိုင်ငံမှာလူငယ်ကောင်လေးတွေ၊ကောင်မလေးတွေ  အများအပြားမူးယစ်ဆေးစွဲနေတာကိုတွေ့ လို့ အံ့သြရပါတယ်။ ဘာဖြစ်လို့ မူးယစ်ဆေး သုံးနေကြတာလဲဆိုတာကို ဖော်ထုတ်ဖို့ ကျမကြိုးစားပါတယ်။
အာ၇ှထက်ရုပ်ဝတ္တုပစ္စည်းတွေ အများအပြားပိုရှိရက်သားနဲ့ဘာလို့ဒီလိုဖြစ်ရတာလဲ။
အဖြေက မိသားစုမှာ သူတို့ကိုလက်ခံမယ့် လူ ဘယ်သူမှ မရှိလို့ပါတဲ့။
ကျမတို့ရဲ့ ကလေးတွေဟာ  ကျမတို့ အပေါ် အခါခပ်သိမ်း မှီခိုနေရတာပါ။
ကျန်းမာရေး၊အဟာရ၊ လုံခြုံရေး   -ဒါတွေအားလုံးအတွက် သူတို့ဟာ ကျမတို့ကို ယုံကြည်မှု ၊ မျှော်လင့်မှုတွေနဲ့  အားကိုးတကြီးရှိကြပါတယ်။ ဒါပေမယ့်  အဖေနဲ့အမေ ဟာ အလုပ်တွေများလွန်းလို့ ကလေးတွေအတွက်    အချိန်မပေးနိုင်ဖြစ်ကြရပါတယ်။
ဒါကြောင့်  ကလေးတွေ လမ်းပေါ် ရောက်ကြရပါတယ်။
မူးယစ်ဆေး ဒါမှမဟုတ် တခြားအရာတွေနဲ့  ပတ်သက်ကြပါတော့တယ်။
ကျမမှာ ဟိန္ဒူမိသားစုတစုရဲ့ အိမ်နီးချင်းပေါ် မေတ္တာထားနိုင်တဲ့  အထူးခြားဆုံး အတွေ့အကြုံတခုရှိပါတယ်။
လူကြီးလူကောင်းတယောက်ဟာ ကျမတို့ အိမ်ကိုရောက်လာပြီးပြောပါတယ်။
မာသာထရီဇာ-အစာမစားရတာကြာလှပြီဖြစ်တဲ့ မိသားစုတစုရှိပါတယ်။တခုခုဆောင်၇ွက်ပေးပါ-တဲ့
ဒါနဲ့ ကျမ ဆန်နည်းနည်း ယူပြီး အဲဒီကိုချက်ချင်းသွားပါတယ်။ ကလေးတွေဟာ ဆာလောင်မှုနဲ မျက်လုံးတွေအရောင်တောက်လာတာကိုတွေ့ ရပါတယ်။ (ဆာလောင်မွတ်သိပ်တာကို ရှင်တို့ တွေ့ဖူးသလားတော့မသိဘူး။ကျမကတော့မကြာခဏတွေ့ဖူးပါတယ်။
မိသားစုမှာအမေဖြစ်သူက ကျမပေးလိုက်တဲ့ဆန်တွေကိုယြူ့ပီး အပြင်ထွက်သွားပါတယ်။ သူပြန်လာတော့ကျမကဘယ်သွားတာလဲ၊ ဘာသွားလုပ်တာလဲလို့မေးလိုက်တယ်။
သူမက အင်မတန်ရိုးစင်းတဲ့အဖြေက်ုပေးပါတယ်။
“သူတို့ လဲဆာနေကြတယ်တဲ့”
 “သူတို့ဆိုတာဘယ်သူတွေလဲ”
“ မူစလင်မိသားစုတစ်စုပါ”
အဲဒီညနေမှာ ကျမ နောက်ထပ်ဆန်မယူလာခဲ့တော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူတို့  (ဟိန္ဒူနဲ့မွတ်စလင်) တွေမျှဝေရမယ့် သုခ ကို ခံစားစေချင်လို့ပါ။
ဘုရားသခင်က ကျမတို့ကိုချစ်ခင်တယ်ဆိုတာ  သိရင် ၊ဘုရားသခင် က ကျမတို့ကိုချစ်ခင်သလို  ကျမတို့ကလဲ တခြားလူတွေကို    ချစ်ခင်နိုင်တယ်ဆိုတာ ကို သိရင် နော်ဝေနိုင်ငံဟာ မေတ္တာအသိုက်အမြုံဖြစ်လာနိုင်ပါတယ်။
သင်တို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ရဲ့ တောက်လောင်နေတဲ့  အလင်းရောင်ဖြစ်ရင်  နိုဗယ် ငြိမ်းချမ်းရေးဆုဟာတကယ်ပဲ နော်ဝေ   ပြည်သူတို့ရဲ့  လက်ဆောင်ဖြစ်ပါတယ်။ ရှင်တို့က်ုဘုရားသခင်ကောင်းချီးပေးပါစေ။

(  ဆရာ မင်းကျော်စွာ ၏ ကမ္ဘာကျော်မိန့်ခွန်းများ  စာအုပ်မှ ကောက်နုတ် တင်ပြပါသည်။ )

No comments:

Post a Comment