Sunday, May 13, 2012
ပန်း ပေးပါတယ် အမေ
 အမေများနေ့ တဲ့ --အမေရယ်
အမေ လို့ ခေါ်ခွင့် ရှိသူတွေက အမေ့ ကို လက်ဆောင်ပေးဖို့   ၀ယ်နေကြပြီလေ။
သမီးရောက်နေတဲ့ ဂျပန်မှာလည်း  အမေများနေ့  母の日 , haha no hi ဆိုတာရှိတယ်။
သူများတွေ ပန်းလေးတွေ ပေးနေတာမြင်မှစဉ်းစားမိတယ်။  အမေ နဲ့ တစ်ဘ၀ စာ ခွဲခွာပြီးခဲ့ချိန်အထိ 
သမီးဟာအေ မ့ကို ဒီလို ပန်းလှလှ လေးတွေ တစ်ခါမှ မပေးဖူးဘူးနော်။
ခုတော့ အမေ့ကို သမီးလည်းပန်းလှလှလေးတွေပေးချင်လို့ ဒီနေ့  နာဂိုရာ မှာ ရှိတဲ့  ランの館 ,
အလှကြိုက်တဲ့ အမေ မြင်ရင် သိပ်သဘောကျမှာသမီးသိတယ်။အမေ့ ခေါင်းပေါ်မှာ ဒီသစ်ခွပန်းလှလှလေးတွေ ပန်ပေးချင်လိုက်တာ။
 ပန်းပေးပါတယ် အမေရယ် ၊ သမီး ပြုခဲ့သမျှ ခွင့်လွှတ်ကျေနပ်ပါနော်။
အပြင်ဘ၀မှာ အမေ မရှိတော့ပေမယ့်  သမီးရင် ထဲမှာရှိတဲ့  အမေ့ အတွက် သစ်ခွလှလှလေးတွေပေးရင်း   ရောက်နေရာ ဘုံဘ၀မှာ အမေ လန်းဆန်းမွှေးမြနေပါစေလို့ အမြဲဆုတောင်းပေးနေတဲ့  သမီးအသံကို အမေ ကြားနိုင်ပါစေ--လို့ တိုင်တည်ရင်း--
သမီးရောက်ခဲ့တဲ့ သစ်ခွကမ္ဘာ လေး အကြောင်း အေ မ့ကိုပြောပြမယ်နော်-
ဒါက ランの館 ရဲ့  အ၀င်ဝ ပါ
 အမေ့ ကို ဘာပန်းလေးပေးရင်ကောင်းမလဲ
သူများတွေကတော့ ၀ယ်နေလိုက်ကြတာ
အမေများနေ့ အတွက် ပန်းခြင်းလေးတွေလည်း အလှချင်းပြိုင်လို့ 
အမေ က ပန်းရောင်ကြိုက်တယ်--ဒါလေးတွေပေးရင် သဘောကျမှာ
ကြည့်ပါဥင်္ိးအမေရယ် အရောင်စုံ အသွေးစုံ လှလိုက်တဲ့  သစ်ခွခိုင်လေးတွေ  ၊ အမေဘယ်ပန်းကြိုက်လဲဟင်
မေတ္တာမွန်ဖြင့် 
ကြာဖြူနွယ်
1 comment:
  1. အစ်မ
    သစ်ခွလေးတွေအရမ်းလှတယ်
    ReplyDelete