Wednesday, May 2, 2012

အိုအိရှိ တဲ့  အိုခါ့ ရှိ


 ဂျပန်လို အရသာရှိတယ်--လို့ပြောတဲ့  အိုအိရှိ ဆိုတဲ့ စကားလုံးလေးကတော့ မြန်မာတွေ ရင်းနှီးပြီးသားပါ။
အိုခါ့ရှိ  ဆိုတာကတော့ မုန့် ကိုပြောတာပါ-
ဂျပန်မုန့်လေးတွေက အပြင်ပန်းကြည့်ရင်လဲလှတယ်၊စားကြည့်ရင်လဲ အရသာရှိတယ် လေ။
သူတိုလူမျိုးက ပါးစပ်ထဲထည့်တဲ့အရာမှန်သမျှ အရမ်းသတိထားတယ်။
အစားအသောက်တင် မက သွားပွတ်တံ၊သွားတိုက်ဆေးကအစ ၊တူ၊ သွားကြားထိုးတံ--အဆုံးပေါ့ ။
ဒီလို ဂရုစိုက်နေလို့လဲ ဂျပန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးစာရင်းဝင်နေတာပေါ့ ။
သူတို့အစားအသောက်ထုတ်လုပ်ပုံ၊ ပြင်ဆင်ပုံတွေက သိပ်အတုယူဖို့ ကောင်းတယ်ဆိုတာနောက်တော့ သပ်သပ်ရေးပြပါ့မယ်-
မြန်မာမုန့်တွေလဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီတွေ၊ စားသောက်ကုန်ကြမ်းတွေ နဲ့ သေချာလုပ်သင့်ပါပြီ။
ကဲ--ဂျပန်ကမုန့်ဆိုင်လေးတွေနဲ့  မုန့်လှလှလေးတွေကို ကြည့်ကြရအောင်နော်--












No comments:

Post a Comment