Wednesday, May 2, 2012

လွမ်းလိုက်ရတာ ဖူဂျီရယ်



ဂျပန်ကိုရောက်တိုင်း ပြင်းပျတဲ့ဆန္ဒတခုက ဖူဂျီတောင်ကြီးကိုမြင်ချင်တာပါ။
ဒါပေမယ့် အလုပ်ကိစ္စနဲ့ လာရတဲ့ ကုမ္မဏီထမ်းဘ၀က  သူများတွေလို  ကိုယ့်စိတ်ကိုယ့်သဘောနဲ့ နေရာအနှံ့လျှောက်လည်ပြီး၊
ဓါတ်ပုံ လှလှလေးတွေ ရိုက်၊  စားချင်တာစားသွားချင်တဲ့နေရာသွား ပျော်၇ွှင် မြူးကြွနေလို့မရဘူးလေ။
တာဝန်ဝတ္တရားတွေအများကြီးနဲ့  အလုပ်ကိစ္စအတွက် တမြို့ပြီးတမြို့  အထုပ်ဆွဲပြီး ကူးနေရတဲ့ဘ၀ မှာ
 ကိုယ်သွားနေရတဲ့နေရာတွေက ဖူဂျီတောင်ကြီးနဲ့  တခြားစီပဲလေ-
အော်--ဒီတခေါက်မတွေ့ရ၇င် နောက်တခေါက်တော့ ဖူဂျီတောင်ကြီးမြင်ရတဲ့နေရာ ရောက်နိုင်လောက်ပါရဲ့ --
နောက်တခေါက်ကျတော့လဲ နောက်ထပ်တခေါက်တော့ တွေ့နိုင်ကောင်းပါ၇ဲ့ ----နဲ့ ပဲအကြိမ်ကြိမ် လာခဲ့တဲ့ ဂျပန်ခရီးစဉ်တွေမှာ
ဖူဂျီယာမ ဆိုတာ  ကိုယ့်အတွက်တော့ ဝေးမြဲဝေးနေဆဲပါ။
ဒါပေမယ့်ဒီတခေါက်တော့  ကံကြမ္မာက မျက်နှာသာပေးလိုက်ပါရဲ့ --
အလုပ်ကိစ္စတခုနဲ့  တိုကျိုကနေ  ရှိစုအိုက  ဘက်ကို မနက်အစောကြီး ကားနဲ့ သွားကြတော့ အချိန်ကြာတဲ့  လမ်းခရီးမှာ  ငိုက်မြည်းစွာလိုက်လာရင်း
“ သန္တာရေ--ကြည့်လိုက်ပါဦး--တို့ ဖူဂျီတောင်ကြီး လှလား-”-  မိတ်ဆွေဂျပန်လေးရဲ့ စကားအဆုံးမှာ ဘွားခနဲ တွေ့လိုက်၇တာကတော့ နှင်းဖုံးနေတဲ့  လှပတဲ့တောင်ကြီး--
အို--ဒါလားကွယ့်ဖူဂျီ--ကမ္ဘာကျော်တဲ့ သူ့ အလှကို ခုတော့ဖြင့်  လက်တကမ်းမှာ မြင်ရပြီပေါ့ -
ဘေးနားကသူဌေးကလဲအိပ်နေတော့ ကင်မရာလေးအသာဖြေးဖြေးဖွင့်ပြီး ဖူဂျီတောင်ကြီးကို မြင်ရသလောက်
ကားပေါ်ကနေ ဓ်ါတ်ပုံတွေ ရိုက်နေမိတယ်-
ကားလမ်းလေးတလျှောက် ဖူဂျီတောင်ကြီးကို  ပေါ်တခါ ပျောက်တလှည့် နဲ့ ကြည့်ရတာ ရင်ခုန်စရာကောင်းလိုက်တာ-
တွေ့ချင်ဇောနဲ့ လွမ်းလိုက်ရတာ ဖူဂျီတောင်ကြီးရေ--မင်းကိုမြင်ရတာ တို့ရင်ထဲ ကြည်နူးမိပါတယ်။

နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဖူဂျီတောင်ကြီးကို ငေးကြည့်ရင်း ရင်ထဲမှာဆွတ်ပျံ့ကြည်နူးခြင်းတွေနဲ့အတူ ကဗျာလေးတပုဒ် အလိုလို ရွတ်ဆိုမိတယ်-
နှင်းဖုံးလွှမ်းစ ဖူဂျီယာမ
အေးအေးမြမြ လှပလေစွ၊
ကြည့်ရင်းကြည့်ရင်း ကြည့်လို့မဝ
မြင်ရသူရင် ကြည်နူးလှ
သာစွ သာစွ ဖူဂျီယာမ။

ဖူဂျီတောင်ကြီးရဲ့  တနှစ်ပတ်လုံးလှပနေတဲ့ ပုံတွေကိုကြည့်ရှုခံစားကြပါနော်--


No comments:

Post a Comment