Wednesday, May 2, 2012

ကိုသက်တန့် ချို ပေးတဲ့ ပိန်နည်းလေး ပါ


ကိုသက်တန့် ချို ပေးတဲ့ ပိန်နည်းလေး ပါ။သူပြောတဲ့အတိုင်း လိုက်နာမယ်ဆိုရင်လေ--
ဟောသည်လို Before   ကနေ After  ဖြစ်လာမှာတဲ့--
Before


After


တစ်လအတွင်း အမြန်ပိန်စေနည်း၏ လှို့ဝှက်ချက်များ
အောက်မှာဖော်ပြထားတဲ့အချက် ၁၀ ချက်ကို တိတိကျကျ တသွေမတိမ်းလိုက်နာဖို့ လိုပါတယ် ။
တစ်ခုခုကို မလိုက် နာပဲ ပျက်ကွက်ခဲ့ရင်တော့ သင့်ရဲ့အမြန်ပိန်စေရေး အိပ်မက်ဟာပျက်ပြယ်သွားမှာ အမှန်ပါပဲ ။ အချက် ၁၀ ချက် လို့ ခွဲထားပေမယ့် အဓိက ခွဲထွက်လာတာ ၃ ချက်ပဲရှိပါတယ် ။

၁ ။ အစားအသောက် အာဟာရပုံစံ

၂ ။ အပြုအမူအလေ့အကျင့် နေထိုင်မှုပုံစံ

၃ ။ ဆေးဝါးအကူအညီရယူခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ပိန်ချင်တဲ့သူအများစုကအထက်ပါ အုပ်စု ၃ ခုထဲက တစ်ခုခုကိုသာ ရရှဖို့ ကြိုးစားနေသူတွေများပါတယ် ။
ဥပမာ ပိန်သေးသောက်နေတဲ့သူဆိုရင် ငါပိန်ဆေးသောက်နေတာပဲ သူ့အလိုလိုပိန်လာမှာပေါ့ ကျန်တာမလိုပါဘူးဆိုပြီး အစားလည်းမလျော့ လေ့ကျင့်ခန်းလည်းမလုပ်ပဲနေလေ့ရှိတယ် ။
အဲဒီလိုနည်းလမ်းနဲ့ သိသိသာသာပိန်သွားတာ သင်တွေ့ဖူးပါသလား ။
တကယ်ပိန်ချင်ရင် သင်ဟာ တကယ်စိတ်အားထက်သန်နေဖို့လည်းလိုတယ် ။
အောက် မှာ ဖော်ပြထားတဲ့အချို့အချက်တွေကို သင့်အနေနဲ့သိပ်အရေးမပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ် ။ ဒါပေမယ့် အတကယ် အကျိုးထူးတဲ့အတွက် သင်တိတိကျကျလုပ်ဆောင်ပါ ။
အောက်ပါ ၁၀ချက်ကို လိုက်နာယုံနဲ့ 70 kg , 80 kg 100kg သမားတွေကို 50kg, 60 kg လောက်ထိ လျော့ချပေးနိုင်တယ်ဆိုတာ သင်အံ့သြဖွယ် ရာတွေ့လာပါလိမ့်မယ် ။
ကဲဘာတွေလုပ်သင့်သလဲ ဘာတွေလုပ်ရမှာလဲဆိုတာ လေ့လာကြည့်ကြရအောင် ။
၁ ။ ပထမဆုံး လုပ်ရမှာကတော့ သင့်ရေချိုးခန်း ၊ အလှကြည့်မှန် ၊ သနပ်ခါးစတဲ့ မှန်တွေရှိတဲ့နေရာ
မှန်သမျှမှာ “ ငါ သည် တစ်လအတွင်း မုချ ပိန်ကိုပိန်ရမယ် ” ဆိုတဲ့ စာကြောင်းကို ခပ်ထင်းထင်းဖြစ်အောင် ၊ ဆော့ပင် သို့မ ဟုတ် correction pen ဖြင့် ရေးရပါမည် ။
အသံထွက်၍လည်း ယုံကြည်မှုအပြည့်ဖြင့် ဖတ်ရပါမည် ။
၂ ။ ပုံမှန်အစားအသောက် စားတဲ့အလေ့အကျင့်ကို မွေးမြူရပါမယ် ။
ပိန်ချင်တယ်ဆိုရင် စားချင်တဲ့အချိန် စား လို့မ ရပါဘူး ။
အချိန်သတ်မှတ်ပါ ။ -မနက်စာစားချိန် ၊ နေ့လည်စာစားချိန် ၊ ညစာစားချိန် ( ဒီ ၃ နပ်ထက်မပိုရပါဘူး )
နေ့တိုင်း အချိန်အ တိအကျ တိုင်းအစားပါ ။ ဒါကို Regular Eating pattern လို့လည်းခေါ်တယ် ။

၃ ။ High Calorie Food လို့ခေါ်တဲ့ ကယ်လိုရီတက်စေတဲ့ အစာတွေလုံးဝမစားရပါဘူး ။
Snack လို့ခေါ်တဲ့ သရေစာတွေ ကိုတော့ လုံးဝမစားရပါဘူး ။
ရန်သူလို သဘောထားပါ ။ အကယ်၍ မဖြစ်မနေ စားဖို့ကြုံလာ ရင်လည်း ချင့်ချိန်ပြီးစားရပါမယ် ။ ကယ်လိုရီတက်စေတဲ့ အစားအစာတွေကတော့ ---
ဝက်သား - အဆီပါသောငါး - ရေခဲမုန့် -ချောကလက် -ဆီကြော်မုန့်နှင့်သရေစာအမျိုးမျိုး -
ချိုလွန်းသောသစ်သီးများ

၎ ။ နံနက်ခင်းစာကိုပုံမှန်စားနိုင်ပါတယ် ။ နေ့လည်စာကိုတော့ သင့်တင့်ယုံသာစားပါ ။
ညစာကိုတော့နေ့ လည် စာရဲ့ တစ်ဝက်ခန့်သာစားရပါမယ် ။
ညနေခင်းစားစားပြီးရင် လူသာ ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိပဲ အိပ်ယာ ၀င်လေ့ရှိတာကြောင့် calorie ပိုတတ်စေပါတယ် ။
စားသောက်တဲ့ ကယ်လိုရီကို ချေဖျက်နိုင်တဲ့ စွမ်းအင်သုံးစွဲမှု energy comsumption မရှိရင် overweight ကိုကျစေမှာမဟုတ်ပါဘူး ။
၅ ။ နေ့စဉ်ပုံမှန်အလေ့အကျင့်တွေကိုမွေးမြူရပါမယ် ။
သင်ဟာ အလွယ်တကူလုပ်နိုင်တဲ့အလုပ်တွေကို စက် ပစ္စည်းတွေ ချည်း အားကိုးနေတဲ့အကျင့်ကိုဖျောက်ပါ ။ - စက်ကလေးနဲ့ ဖုန်စုပ်မည့်အစား တံမြက်စည်းကို ပြောင်နေအောင်လှဲပါ ။ ဒါဟာ စွမ်းအင်သုံးစွဲနည်းပါ ။ - အလွယ်တကူလမ်းလျှောက်သွားနိုင်တဲ့နေရာကို သင် ဘတ်စ်ကားစီးသွားပါသလား ။ အဲဒီအကျင့်ကိုဖျောက်ပါ ။
လမ်းလျှောက်နိုင်တဲ့ နေရာဆို လမ်းလျှောက်သွားပါ ။
-အ၀တ်လျှော် ၊ ပန်းကန်ဆေး ဒါတွေကို စက်ကိုအားကိုးတဲ့အကျင့်ဖျောက်ပြီး သင်ကိုယ် တိုင် ချွေးထွက် လာ
တဲ့အ ထိ ကိုယ့်အားကိုယ်ကိုးပါ ။ သွေးလေလည်ပတ်မှုများပြီး အဆီကျစေပါတယ် ။

၆ ။ ဒီအပြုအမူတွေပြောင်းယုံနဲ့ မလုံလောက်သေးပါဘူး ။
ဒါဟာ weight ကို ထပ်မတက်အောင် maintain လုပ်တဲ့ အဆင့်ပဲရှိပါတယ် ။
လျော့ချဖို့ဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ် ။
သင်လုပ်နိုင်သမျှ အစွမ်း ကုန်ပြင်းပြင်းထန်ထန်လုပ်ဖို့လိုပါတယ် ။
- ရေကူးခြင်း - ပြေးခြင်း - ကြိုးခုန်ခြင်း - ယောဂလေ့ကျင့်ခန်းလုပ်ခြင်း - လမ်းလျှောက်ခြင်း

၇ ။ အချိန်အကြာကြီးထိုင်ရမယ့်အလုပ်ကို ရှောင်ပါ ။
ဥပမာ ရုပ်ရှင်ကြည့်ခြင်း ၊ စာအကြာကြီးထိုင်ရေးခြင်း ၊ သီချင်း အကြာကြီးနားထောင်ခြင်း ။
ဒီလို အကြာကြီးလုပ်ရမယ့်အလုပ်ကို မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်း ၄၅ မိနစ်ထက် မပိုပါစေနဲ့ ။
၁၅ မိနစ်လောက်ကိုယ်လက်လှုပ်ရှားပြီးမှပြန်လုပ်ပါ ။

၉ ။ သင်ဟာ ပိန်ဆေးတစ်ခုခုကိုလည်းသောက်ဖို့လိုပါတယ် ။
ဥပမာ Sibutramine , Orlistat ပါဝင်သော ဆေး တစ်မျိုးမျိုးကိုသောက်သုံးခြင်းကိုဆိုလိုပါတယ် ။
Sibutramine ဟာ FDA က approve လုပ်ထား တဲ့ အစာစား ချင်စိတ် ကိုထိမ်းချုပ်ပေးတဲ့ တစ်ခုတည်းသော ဆေးဖြစ်ပါတယ် ။
နေ့စဉ်ပုံ မှန်တိုင်းအတိ အကျသောက် ဖို့လိုပါတယ် ။ သောက်လိုက်မသောက်လိုက်ဆို ဘာအကျိုးမှမရှိပါဘူး ။ ဘေးထွက်ဆိုးကျိုးကို နားလည်တတ် ကျွမ်း သူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် ဘာဆိုးကျိုးတွေ
ရှိနိုင်သလဲဆိုတာ ဆန်းစစ်ပါ ။
၁၀ ။ နောက်ဆုံးအချက်ကတော့ ပုံမှန်ကိုယ်အလေးချိန်ချိန်ပေးရပါမယ် ။
ကိုယ်ဒီလိုတစ်နေ့ တာလုပ်တဲ့အ တွက်ဘယ်လောက်ထိကျသွားသလဲဆိုတာ အမြဲဆန်းစစ်နေရပါမယ် ။ တစ်ပတ်အတွင်းဘယ်လောက်ထိ ကိုယ်လုပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး တစ်လအတွင်း အံ့သြဖွယ် ရာ ကောင်းအောင် ကိုယ်အလေးချိန်ကို အထက်ပါနည်းလမ်းတွေနဲ့လျော့ချပစ်နိုင်ပါတယ် ။ မယုံမရှိနဲ့နော်း)
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................
.

No comments:

Post a Comment