Sunday, May 6, 2012

သူ့ အရပ်နဲ့ သူ့ ဇာတ်

တနေ့ က Shiohimatsuri လိုခေါ့်တဲ့ ပွဲတော်ကျင်းပတဲ့  Kamezakiမြို့ ကို သွားကြပါတယ်။
ကျမ တို့ နေတဲ့ Takahama မြို့ကနေ စက်ဘီးနဲ့ ၁၅ မိနစ်လောက်နင်းသွားရင် 
 ရောက်တဲ့ ပင်လယ်ကမ်းစပ်နားက ဘုရားကျောင်းရှေ့ ကွင်းပြင်မှာ လုပ်တာပါ။
ကျမကြည့်ရတာတော့   နှစ်ထပ်ကျောင်းဆောင်လှည်းကြီးတွေကို  ကွင်းပြင်မှာ ကြိုးနဲ့ လှည့်ပတ်ဆွဲ ကြတဲ့ ပွဲတော်ပါပဲ။
တစ်နှစ်တစ်ခါ လုပ်ကြတယ်တဲ့ ။ သူတို့ အယူအဆ က တော့ ဂျပန်ရဲ့ ပထမဆုံးဧကရာဇ် မင်းဟာ 
စစ်အောင်ပြီး ဒီပင်လမ်ကမ်းခြေက ပြန်လာတာကို ကြိုဆိုတဲ့ သဘော တဲ့။
 အမယ်-တို့မြန်မာတွေကိုသာ ပွဲကြိုက်ကြတယ် ပြောတာ၊သူတို့ ဂျပန်တွေလည်း ပွဲကြိုက်တယ် သိလား
ဘာမှသာမဟုတ်တာနော်---ဒီပွဲလေးကို လာကြည့်ကြတာကြိတ်ကြိတ်တိုးပါပဲ။
သေချာ အလှပြင်ပြီး ၀တ်ကောင်းစားလှ တွေနဲ့ ကို လာကြတာ။
အော်--သူ့အရပ်နဲ့ သူ့ ဇာတ်တော့ ဟုတ်နေတာပဲနော်--လို့ ကျမစိတ်ထဲကတွေးမိပါတယ်။ 

ကဲ--ပုံလေးတွေ ကြည့်ရအောင်နော်-

   ပွဲလာကြည့်ကြသူတွေ
  ကျောင်းဆောင်ပေါ်က ကလေး တွေ

ဒီလိုမျိုး လူအများကြီး တပျော်တပါး ဟိုဘက်ကားလမ်းရောက်အောင်ကြိုးနဲ့ ဆွဲကြတယ်




ဟိုဘက်လမ်းကနေ ဒီဘက်လမ်းကူးသွာတော့  ကြည့်ချင်တဲ့သူတွေလိုက်ကြတာလည်းမြန်မာအတိုင်းပဲ။
ကားကြည့်ပေးရတာ ရဲတွေခမျာ အလုပ်ကိုရှုပ်နေတာပဲ--


ကျောင်းဆောင်ကြီးတွေကို တခုပြီးတခု ဟိုဘက် ကွင်းရောက်အောင် တပျော်တပါးဆွဲနေကြတာများ


ပုလွေမှုတ်တဲ့သူကမှုတ်



နေရာမရှိလို့  အပြင် အုတ်တံတိုင်းကနေ ကြည့်ကြရတယ်
 သူတို့  လှည်းတွေက တစီးပြီးတစီး မပြီးနိုင်ဘူးနော်၊ မောလည်း မမောနိုင်ကြဘူး

 တော်ပြီ ပွဲဈေးလျှောက်ပြီး ပြန်တော့မယ်ဟယ်-

 ပွဲဈေးတန်းလေးကလည်းစည်လိုက်တာ--ရောင်းတဲ့ဆိုင်လေးတွေကအများကြီးပဲ




ချစ်စရာလေးတွေ ဟယ် --ဘာပါလိမ့်  -၂ ခုမှ ယန်း  ၃၀၀ တဲ့ - တန်တယ်

အော် --၀ယ်စားကြည့်မှ သိတယ်-ငှက်ပျောသီးကို ချောကလက်နဲ့  ငုံ ထားတာကိုး 

 ဒါက ရိုးရာဆိုင်လေးလေ
စီးကြမလား--အရင်ခေတ်က ဂျပန်တွေစီးတဲ့ ဖိနပ်တဲ့ 
အရက်စည်ပိုင်းက အလှူပေးတာတဲ့--သောက်ချင်တဲ့သူသောက်ကြပေါ့ နော်-
ဒါပေမယ့် သူတို့ကသောက်သာသောက်တာနော်--မူးပြီး အော်ဟစ်သောင်းကျန်းနေတဲ့သူ မရှိဘူး
 ကလေးတို့အကြိုက် ဆိုင်လေးတွေ


ကျမတို့  ပွဲဈေးတန်းလေးဆုံးတော့ စက်ဘီးနဲ့ ပြန်လာတဲ့အထိ လူတွေက တဖွဲဖွဲ လာနေတုန်းပါပဲ။
သူတို့ လည်းပျော်ချင်ကြတာပေါ့ နော်--

တကယ်တော့  ဘယ်နိုင်ငံ ၊ဘယ်နေရာမှာနေနေ လူသားတွေ ဆိုတာ အတူတူပါပဲ။

ပျော်ပွဲရွှင်ပွဲလေးတွေ သွားချင်တယ်၊ လူစည်စည်ကားကားဆိုတိုးဝှေ့ ကြည့်ချင်တယ်။
မိသားစုနဲ့ ၊ ချစ်သူရည်းစားနဲ့  ၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့  လျှောက်လည်လျှောက်စားချင်တယ်။
 ဒါမှလည်း လူ့ ဘ၀ နေရတာ ပျော်ရွှင်မှာပေါ့ --လူဆိုတာ စက်ရုပ် မှ မဟုတ်တာလေ နော့ ၊

သူတို့ဂျပန်လူမျိုးတွေရဲ့ ကောင်းတဲ့အကျင့်က -ဒီလိုပျော်ပါးတဲ့အချိန် ပျော်ပြီး အလုပ်လုပ်တဲ့ အချိန်လည်း 
အလုပ်ခွင်ထဲမှာ မပျင်းမရိ မခိုမကတ် တက်ကြွစွာနဲ့  ကိုယ့်တာဝန်ကျေအောင် အလုပ်ကြိုးစားလုပ်ပြီး ဘ၀အာမခံချက် ရှိအောင် ကြိုးစားပြီး ရှာကြပါတယ်။ အတုယူစရာလေးပါ။

သူ့ အရပ်နဲ့  သူ့ ဇာတ် ပေါ့နော်--


မေတ္တာမွန်ဖြင့် 

ကြာဖြူနွယ်


No comments:

Post a Comment